HighLight News

Powered by Drupal

ညောင်တုန်းမြို့နယ် ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၌ ဆေးဆိုင်များအား လိုင်စင်ရှိ/ မရှိ စစ်ဆေးခြင်းနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချနေမှုရှိ/ မရှိ စစ်ဆေးခြင်း၊  သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချမှုရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ၅.၁၀.၂၀၂၅ ရက်နေ့နံနက်(၁၀း၀၀)နာရီအချိန်တွင် ဆေးဝါးရောင်းချသည့်ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။   

        ဆေးဝါးရောင်းချနေသည့် ဆေးဆိုင်များအား စစ်ဆေးဆောင်ရွက်ရာတွင် ဆေးဆိုင်များ လိုင်စင်ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်း၊ ဆေးဝါးရောင်ချသည့် လိုင်စင်ကို ဆိုင်အပြင်ဘက်တွင် ချိတ်ဆွဲထားရှိမှုရှိ/ မရှိ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ/ မရှိ စစ်ဆေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) ထုတ်ပြန်ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းများကို ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်လွင် စစ်ဆေးရေးအရာရှိတို့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           အဆိုပါ ဆေးဝါးရောင်းချသည့် ဈေးဆိုင်များအား စစ်ဆေးဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတိုင်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့တို့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဓနုဖြူမြို့နယ် ဆေးဆိုင်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      (၅.၁၁.၂၀၂၀)ရက်နေ့ ‌နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီတို့ပူးပေါင်း၍ ဓနုဖြူမြို့နယ်၊ မြို့ပေါ်ရှိဆေးဆိုင်များအား ဆေးဝါးရောင်းချခွင့်လိုင်စင်မရှိဘဲ ရောင်းချနေခြင်းရှိ/ မရှိစစ်ဆေးခြင်းနှင့် ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          စစ်ဆေးဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများက လိုက်ပါဆောင်ရွက်ခဲ့ပြီး  စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) ထုတ်ပြန်ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ ဆေးထုတ်လုပ်ရောင်းချမှုကို စစ်ဆေးခြင်း၊ တားမြစ်ချက် ပုဒ်မ ၆၇  စီးပွားရေးလုပ်ငန်းရှင်သည် ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် (က) ပုဒ်မ (၄၁)အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် အချက်အလက်များနှင့် ကိုက်ညီမှု/ မရှိသော ကုန်စည်များကို ရောင်းချမှုမပြုရန် အသိပေးပြောကြားခဲ့ပြီး၊  အများပြည်သူများအား လုံခြုံစိတ်ချရသော ဆေးဝါးများရရှိနိုင်ရန် သက်တမ်းလွန်ဆေးဝါးများ၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်မရှိသောဆေးဝါးများ မရောင်းချစေရန်နှင့် ကောင်းမွန်သောဆေးဝါးထားသိုမှုနှင့်ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ် (GPP)နှင့်အညီ ရောင်းချစေရန် ကြီးကြပ်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဇလွန်မြို့ သံလွင်ကွင်းကျေးရွာရှိ ပြည်သူများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဆီဖြန့်ဖြူးမှုအားမြေပြင် ကွင်းဆင်းစိစစ်ခြင်း

         စားသုံးသူရေးရာဦးစီးဌာန ဇလွန်မြို့နယ်တာဝန်ခံသည်(၅.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ သံလွင်ကွင်းကျေးရွာရှိ  စားအုန်းဆီ လက်ကား၊ လက်လီ ရောင်းချသည့် အရောင်းဆိုင်များမှ စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့် ရာနှုန်းပြည့်မီအောင် ရောင်းချပေးစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန်ပြည့်ဝစွာ ရောင်းချမှုရှိ/ မရှိနှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုများအား ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့နယ် စားအုန်းဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်(၂၂.၁၀.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြန်အောင်မြို့ပေါ် ရပ်ကွက်များနှင့် မြို့မတဲကြီးကုန်းရပ်ရှိ အိမ်ထောင်စုများအားစားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် လက်လီဆိုင်များမှရောင်းချမှုရှိ/ မရှိ၊ ဈေးနှုန်းမှန်ကန်မှုရှိ/ မရှိ၊ လစဉ်ဆီရရှိမှုအကြိမ်ရေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ပူးပေါင်းအဖွဲ့သည် မြန်အောင်ခရိုင် ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှတစ်ဆင့် ခွဲတမ်းရရှိသော ဆီများအား လက်လီကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီ ကုန်စုံဆိုင်များမှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး၊ ထိုသို့ရောင်းချရာတွင်လည်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေးအပေါ်တွင် အဆင့်အလိုက်(၂)% အမြတ်ထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည် ညွှန်းဈေးဖြင့်သာရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပြီး အိမ်ထောင်စုများအား ဆီဖြန့်ဖြူးမှု အကြိမ်များအား စိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည်  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၂)ရက်၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆန်စက်လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးမြလင်းအောင်နှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဆွေးနွေးရာတွင် မြန်အောင်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် MyRo Website တွင် မှတ်ပုံတင်သက်တမ်းတိုးရန်နှင့် လစဉ်ဆန်စပါးလက်ကျန်များရေးသွင်းနိုငရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အသင်းအနေဖြင့် စပါးဆန်များ အရည်အသွေးပြည့်မီစွာဖြင့် ပြည်ပသို့တင်ပို့ရောင်းချနိုင်‌ရေးနှင့် သင့်တင့်သော ဈေးနှုန်းဈေးကွက်များ ဖြစ်ပေါ်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများအနေဖြင့်လည်း အရည်အသွေးပြည့်မီသောစပါးများစိုက်ပျိုးမှသာ ကောာင်းမွန်ပြည့်စုံသော ဆန်များရရှိပြီး သင့်တင့်သောဈေးနှုန်းများ ရရှိနိုင်မည်ဖြစ် အရည်အသွေးးပြည့်မီသော စပါးများကို စိုက်ပျိုးကြပါရန် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

အင်္ဂပူမြို့နယ်၊ နန္ဒဝန်လမ်းရှိ MPT (Internet Service) သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ နန္ဒဝန်လမ်းရှိ MPT (Internet Service) သို့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ၌ အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေရန်၊ စားသုံးသူများစိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်ရန်၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ကြိုတင်အသိပေးချက်များရှိ/ မရှိ၊ တိုင်ကြားမှုများအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် စားသုံးသူအခွင့်အရေး ပြည့်ဝစွာရရှိစေရန်ရည်ရွယ်၍ စစ်ဆေးခဲ့ကြောင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွင် စားသုံးသူအပေါ် အရည်အသွေးပြည့်မီသော ကွန်ယက်ချိတ်ဆက်မှုများ ဆောင်ရွက်ထားလျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာန ထောက်ခံချက်များရှိကြောင်း၊ တာဝန်ခံလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကြံခင်းမြို့ပေါ်ရပ်ကွက်ရှိ Online Sale ဖြင့် ရောင်းချသောလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၅.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ကြံခင်းမြို့ပေါ်ရပ်ကွက်ရှိ Online စနစ်ဖြင့် ရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                                            

        ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းမှ Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ် တည်ရှိရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင်ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား အကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း စသည်တို့ကိုလည်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့ စားသုံးဆီလက်လီ/ လက္ကားအရောင်းဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၅.၁၁.၂၀၂၅) ရက်နေ့ နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် မြန်အောင်မြို့နယ် သပြေကုန်းအုပ်စု၊ အမှတ်(၃)ရပ်ကွက်ရှိ ဆီလုပ်ငန်းရှင် ဦးမျိုးတင့်နေအိမ်၌ စားသုံးဆီ လက်လီ/ လက္ကားအရောင်းဆိုင် လုပ်ငန်းရှင်များအား ကျေးရွာ လက်လီအရောင်းဆိုင်ရှင်များနှင့် ပြည်သူသို့ ဆီအရောင်းစာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချရေး အရေအတွက် အချင်အတွယ်မှန်ကန်စွာ ရောင်းချပေးရေး အသိပေးဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ခွဲတမ်းရစားသုံးဆီများ ရောင်းချရာတွင် ထားရှိရမည့် စာရင်းဇယားများ၊ ရောင်းချမှုမှတ်တမ်းဓါတ်ပုံများ ပြည့်စုံစွာထားရှိရန်၊ သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိစေရေးရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဆောင်ရွက်ရန်၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ တွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရအရေးယူဆောင်ရွက်နိုင်သည့်အကြောင်း၊ ဆီအရောင်းစာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချရေး၊ အရေအတွက် အချင်အတွယ် မှန်ကန်စွာရောင်းချပေးရေး ဆွေးနွေးခဲ့ပြီး ဆီလုပ်ငန်းရှင်ဘက်မှလည်း သိလိုသည်များ မေးမြန်း၍အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဇလွန်မြို့နယ်၊ လမ်းမတော်(မ)ရပ်ကွက်ရှိ Mytel Mini Wifi သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဇလွန်မြို့၊ လမ်းမတော်(မ)ရပ်ကွက်ရှိ  “Mytel Mini Wifi” သို့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ၌ အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေရန်၊ စားသုံးသူများစိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်ရန်၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ကြိုတင်အသိပေးချက်များရှိ/မရှိ၊ တိုင်ကြားမှုများအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် စားသုံးသူအခွင့်အရေး ပြည့်ဝစွာရရှိစေရန် ရည်ရွယ်၍ စစ်ဆေးခဲ့ကြောင်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတွင် စားသုံးသူအပေါ် အရည်အသွေးပြည့်မီသောကွန်ယက် ချိတ်ဆက်မှုများ ဆောင်ရွက်ထား လျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာန ထောက်ခံချက်များရှိကြောင်း၊ တာဝန်ခံလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတမြို့နယ် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံခြင်းအကြောင်း အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်တာဝန်ခံရုံးမှအငယ်တန်းစာရေးသည်(၅.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၄၅) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံခြင်းအကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါအစီအစဉ်တွင် အငယ်တန်းစာရေး ဦးချမ်းငြိမ်းဇော်က ၂၀၁၉ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင်  ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက် ပေးရာတွင် စီးပွားရေးလုပ်ငန်းရှင်သည် ရောင်းချသည့် ကုန်စည်တွင် သာမန်အားဖြင့် မမြင်နိုင်သော သဘာဝပြောင်းလဲနိုင်မှုနှင့် စပ်လျဉ်းသည့် အချက်အလက်များကို စားသုံးသူအား ထင်ရှားစွာဖော်ပြ၍ အသိပေးရာတွင် စားသုံးသူက လက်ခံသုံးစွဲနိုင်သော ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ် ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိဝန်‌ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် မှန်ကန်သော သတင်းအချက်အလက်များကို စားသုံးသူသိရှိစေရန် ကြိုတင်အသိပေးခြင်း၊ စားသုံးသူ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိခြင်း၊ အာမခံထားသော အချိန်ကာလအတွင်း ပြီးမြောက်အောင်ဆောင်ရွက်ပေးခြင်း၊ စားသုံးသူနှင့် သဘောတူညီထားသည့် ဝန်ဆောင်မှု တန်ဖိုးအတိုင်းပေးအပ်စေခြင်း စသည်တို့ကို အကျယ်တဝင့်  ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News