သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့အတွင်း ပြည်သူများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်ရွက်နှင့် ကုန်မျိုးစုံအား သက်သာသော ဈေးနှုန်းဖြင့် (၆၄)ရက်မြောက်နေ့အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ရှိ ဆန်/ဆီကုန်သည်များက ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ပြည်သူများသို့ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်းရွက်နှင့် ကုန်မျိုးစုံအားသက်သာသောဈေးနှုန်းဖြင့်( ၆၄ )ရက်မြောက်နေ့ အဖြစ် ရောင်းချပေးလျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ဇွန်လ ၂၄ ရက်နေ့အထိ 6S / 3038၊ 8A/ 8484၊ 4S/ 2246၊ 7N/ 9803 ဈေးကား(၄) စီးဖြင့် နံနက်ပိုင်း တွင်( ၁) ကြိမ်၊ မွန်းလွဲပိုင်းတွင် (၁)ကြိမ် ရောင်းချပေးခဲ့ရာ ယနေ့ ၂၄.၆.၂၀၂၅ ရက်နေ့တွင် ဆန် (၄၈) ပြည်၊ ဆီ (၇၅)ပိဿာ၊ ဆား(၅)ပိဿာ၊ ကုလားပဲ(၁၀)ဘူး၊ ငါးပိ(၃)ပိဿာ၊ ငါးခြောက် (၁)ပိဿာ၊ ပုဇွန်ခြောက်(၃၀) ကျပ်သား၊ ကြက်ဥ (၇၃)လုံး၊ ဘဲဥ(၂၅)လုံး၊ ကြက်သွန်နီ (၇) ပိဿာနှင့် အသားတု(၁)ပိဿာတို့ကို ရောင်းချပေးခဲ့ပြီး ယနေ့အထိ ရောင်းချမှုများမှာ ဆန်(၁၀၀၆၅)ပြည်၊ ဆီ (၇၃၉၃) ပိဿာ ၊ ဆား(၂၀၄) ပိဿာ၊ ကုလားပဲ(၇၂၈)ဘူး၊ ငါးပိ(၈၃)ပိဿာ၊ ငါးခြောက် (၅၇)ပိဿာ၊ ပုဇွန်ခြောက်(၁၈)ပိဿာ၊ ကြက်သွန်နီ (၇၈၅) ပိဿာ၊ အသားတု( ၈၀) ပိဿာ၊ ကြက်ဥ (၈၅၆၉) လုံး၊ ဘဲဥ (၁၀၆၄)လုံး တို့နှင့် ရေသန့် ၁ လီတာဘူး (၂၀၀) ကဒ်တို့ကို ဖြစ်ကြောင်း သိရသည်။ ယနေ့ ရောင်းချရာတွင် ငလျင်ဘေးဒဏ်သင့် ပြည်သူများရှိသည့် စစ်ကိုင်းမြို့ရှိ သာစည်ရပ်ကွက်တွင် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ DOCA (စစ်ကိုင်း)

လက်ပံတန်းမြို့ကုန်မျိုးစုံရောင်းဝယ််ရေးဆိုင်များသို့ “Singnal” သွားတိုက်ဆေးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

မိုးညိုမြို့ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း

မိုးညိုမြို့ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Singnal အမှတ်တံဆိပ် သွားတိုက်ဆေးများ ဈေးကွက်စောင့်ကြည့်စစ်ဆေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေး ရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၂၀.၆.၂၀၂၅)ရက်နေ့၊ နံနက် (၁၂:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ဦးအောင်မြင့်(ကုန်မျိုးစုံရောင်းဝယ်ရေး)ဆိုင် ဦးတိုး(ကုန်စုံဆိုင်)နှင့် မမော်မော်(ကုန်မျိုးစုံရောင်းဝယ်ရေး)ဆိုင်တို့တွင် Singnalသွားတိုက်ဆေးအတုများ ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါဆိုင်များ၌ Singnalသွားတိုက်ဆေးအတုများ ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဒု-ခရိုင်ဦးစီးမှူးက ဌာနအနေဖြင့် ထုတ်ကုန်များ လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်ရောက်ပြီးကုန်စည်များအပြင် ဈေးကွက်မရောက်မီကုန်စည်များ ကိုလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ အမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုသို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ် ကြောင်း၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ် မေးမြန်းနိုင်သည့်အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။ DOCA( စစ်ကိုင်း)

ပြည်ခရိုင်၊ ပြည်မြို့နယ် အောင်ဆန်း အ.ထ.က ကျောင်းတွင် စားသုံးသူအသိပညာပေးခြင်းနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများပြုလုပ်

ကွမ်းစားဆေးအမျိုးမျိုးနှင့် ဆေးလိပ်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ် ၊ ဇွန်လ ၂၃ ရက် နံနက် ၀၉:၃၀ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေး တို့သည့် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား ကွမ်းစားဆေးအမျိုးမျိုးနှင့်ဆေး လိပ်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ မြို့နယ်တာဝန်ခံက ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကွမ်းစားဆေးအမျိုးမျိုးနှင့် ဆေးလိပ်အမျိုးမျိုးအားတွင် ကုန်အညွှန်းအမှတ်အသားများကို သက်ဆိုင်ရာဌာနများ၏ ညွှန်ကြား ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များ နေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိနားလည်းထားရန်နှင့် လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် သွားတိုက်ဆေးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ နံနက် ၀၉:၀၀ အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးသည် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော သွားတိုက်ဆေးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံက စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက် အတွင်းရောင်းချနေသည့် သွားတိုက်ဆေးအမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသားများကို (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိနှင့် အတုပပစ္စည်းများရောင်းချခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေးခဲ့ပြီး တရားမဝင်တင်သွင်းလာသောကုန်စည်များနှင့် သက်တမ်းလွန် ကုန်စည်များကို ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။ DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ