သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်ထိုမြို့နယ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

      မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၅-၄-၂၀၂၄) ရက်နေ့တွင် စားသုံးသူကာကွယ်​​ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

    ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာ‌ဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးဇော်ဦးက စားသုံးကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်ရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် စားသုံးသူနစ်နာမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်‌။

DOCA(မွန်)

စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်နိုင်ရေး အသက်မွေးပညာသင်တန်းကျောင်းသို့ အသိပညာပေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများသည် (၄-၄-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် အသေးစားစက်မှုလက်မှုဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့သွားရောက်၍ ဆရာ၊ ဆရာမ(၁၀)ဦး၊ သင်တန်းသူ/ သင်တန်းသား (၂၂)ဦး၊ စုစုပေါင်း (၃၂)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ပေးခဲ့ပါသည်။

       ထိုသို့ဟောပြောဆွေးနွေးရာတွင် ဒုတိယခရိုင်ဦးစီးမှူးက ဌာန၏သမိုင်းကြောင်းနှင့်  လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ စားသုံးသူပြည်သူများအတွက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားရှိမှုကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူထိခိုက်နစ်နာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားခြင်းနှင့် ကုစားပေးခဲ့မှုများအကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာကိစ္စရပ်များကို စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅) ကိုဖွင့်လှစ်ထားကြောင်းနှင့် ၎င်းနောက် တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းကိုလည်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    ဆက်လက်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက လူတော်များဖြစ်ရန်အတွက် အတတ်ပညာများလိုအပ်ပြီး လူကောင်းများဖြစ်ရန်အတွက်မှု အသိပညာများစွာသိရှိရမည်ဖြစ်ကြောင်း၊ လူတော်လူကောင်းဖြစ်ရန်အတွက် အတတ်ပညာရောအသိပညာပါ နှစ်မျိုးလုံးသိရှိရန်လိုအပ်ကြောင်း၊ စားသုံးသူများတွင် စားသုံးသူအခွင့်အရေးများရှိ၍ ၎င်းအခွင့်အရေးများကိုသိရှိရန်လိုအပ်ကြောင်း၊ အခွင့်အရေးကိုရယူနိုင်မှသာလျှင် နစ်နာဆုံးရှုံးမှုများမရှိဘဲ နောင်အနာဂတ်၌ ပတ်ဝန်းကျင်ကောင်းတွင် နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ ကုန်စည်များကိုဝယ်ယူသုံးစွဲရာတွင် သတင်းအချက်အလက်များပြည့်စုံစွာရယူနိုင်မှ သာလျှင် ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်၍ စိတ်ကျေနပ်မှုများရရှိမည်ဖြစ်ကြောင်း၊ အမှန်တကယ်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက မှန်ကန်ပြည့်စုံသော အထောက်အထားများနှင့်အတူ မိမိတို့ဌာနသို့ တိုင်ကြားစေခြင်းဖြင့် ကုစားခွင့်များရရှိမည်ဖြစ်ကြောင်း၊ တာဝန်များကိုလည်း လိုက်နာရန်လိုအပ်ကြောင်း၊ စားသုံးသူများအား ကုန်စည်များဝယ်ယူသုံးစွဲခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် မှန်ကန်စွာရွေးချယ်တတ်ခြင်းဖြင့် လုံခြုံစိတ်ချရမှုရှိပြီး ဘေးအန္တရာယ်ကင်းရှင်းမည်ဖြစ်ကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များအား အသိတရား၊ သတိထား၍ ဝယ်ယူသုံးစွဲစေလိုကြောင်း၊ တချို့ကုန်စည်များတွင် ထုပ်ပိုးမှုသာလှပပြီး စားသုံးရန်မသင့်သည့်အစားအစာများကို သတိလက်လွတ်ဝယ်ယူသုံးစွဲမှုမပြုစေရန်နှင့် သေချာစွာစိစစ်ရွေးချယ်ပြီးမှသာ သုံးစွဲစေလိုကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး အမှတ်တရလက်ဆောင်ပေးအပ်ခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

စားသုံးသူအခွင့်အရေးရရှိဖို့ မီးသတ်ဦးစီးဌာနသို့ သွားရောက်အသိပညာပေးကြပါစို့

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်၊ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၃-၄-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မီးသတ်ဦးစီးဌာနသို့ ခရိုင်/မြို့နယ်ဦးစီးမှူး၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုစုစုပေါင်း (၅၅)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

    ထိုသို့အသိပညာပေးဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက  ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ ဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စားသုံးသူရေးရာကိစ္စများကိုစုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅) ကိုဖွင့်လှစ်ထားကြောင်း၊ စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိကောင်းစရာများကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

       ဆက်လက်၍ ခရိုင်ဦးစီးမှူးက  စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သော စားသုံးသူအခွင့်အရေးဦးစားပေးရန်မှာ အလွန်အရေးကြီးသောကြောင့် ယခုကဲ့သို့ လာရောက်အသိပညာပေးခြင်းဖြစ်ကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရရှိရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်(၈)ချက်ကို သတိပြုဝယ်ယူစားသုံးကြရန်နှင့် ဌာနမှဝန်ထမ်းများကလည်း လုပ်ငန်းရှင်များဆီသို့သွားရောက်၍ အသိပညာပေးလျက်ရှိပြီး ဈေးကွက်အတွင်း၌ စဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း၊  သတင်းအချက်အလက်များကို ပြည့်စုံစွာရရှိစေလိုကြောင်း၊ စိတ်ကြိုက်ရွေးချယ်ဝယ်ယူခွင့်လည်းရှိကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရယူအသုံးပြုရာတွင် စိတ်ကျေနပ်မှုမရှိလျှင် ဌာနသို့ လာရောက် တိုင်ကြားလာမှသာ ကုစားခွင့်များရရှိမည်ဖြစ်ကြောင်း၊ ယခုဟောပြောဆွေးနွေးပွဲမှရရှိသော အသိပညာဗဟုသုတများကို မိမိတို့ကိုယ်တိုင်လိုက်နာကျင့်သုံး၍ အများအကျိုးအတွက်လည်း ပြန်လည်မျှဝေစေလိုကြောင်း၊ သို့မှသာ နောင်အနာဂတ်တွင် သာယာပျော်ရွှင်သော အနာဂတ်ဘဝများသို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ကျန်းမာပျော်ရွှင်နိုင်ပါစေကြောင်း ဆုမွန်ခြွေကာ အမှတ်တရလက်ဆောင်ပေးအပ်ခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့ပေါ်ရှိ စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့်ဝန်ထမ်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၃-၄-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်းရှိ စားသုံးဆီရောင်းဝယ်ရေးဆိုင်များသို့ရောက်ရှိပြီး စားသုံးဆီများကြိတ်ခွဲထုတ်လုပ်ရောင်းချဖြန့်ဖြူးလျက်ရှိသော ဆီစက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံက စားသုံးဆီများကြိတ်ခွဲထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေး(၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးဆီထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းရှင်များအနေဖြင့် ဆီဆိုင်များ၌ ကြိတ်ခွဲထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်စွာကြိတ်ခွဲထုတ်လုပ်ဆောင်ရွက်ရေး အသိပညာပေးပြောကြားခဲ့ပြီး ပဲဆီ၊ နှမ်းဆီများကို ရောစပ်မှုဆီအမျိုးအစားအလိုက် စားသုံးသူများမြင်သာအောင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာရေးသားဖော်ပြပြီးရောင်းချသွားရန်နှင့် အချင်အတွယ်မှန်ကန်စေရေးနှင့် စားသုံးသူများ ဝယ်ယူသုံးစွဲရာတွင် နစ်နာမှုမရှိစေရေး အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းမရှိသော စားသုံးဆီများ ဈေးကွက်အတွင်းရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြီးနောက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်ရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာပေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုတို့ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လိုက်ပါပူးပေါင်း ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီး (၄-၄-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၅)ရပ်ကွက်၌ ထုတ်လုပ်လျက်ရှိသော “ စွယ်တော် " ပုန်းရည်ကြီးလုပ်ငန်း၊ “ရှိုင်းထက်” ငံပြာရည်လုပ်ငန်းရှင်တို့နှင့်တွေ့ဆုံ၍  ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြနိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

      ထိုသို့ဆွေးနွေးရာတွင် ဒုတိယခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈) တွင်ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းတွင်ပါဝင်သော အချက်အလက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြပြီးလျှင် မိမိတို့ကုန်ပစ္စည်းများမှာ လုံခြုံစိတ်ချရမည်ဖြစ်ပြီး စားသုံးသူများကလည်း ကုန်အညွှန်းအမှတ်အသားမပြည်စုံသည့် ကုန်စည်နှင့်နှိုင်းယှဉ်၍ ရွေးချယ်သုံးစွဲမည်ဆိုပါက လုံခြုံစိတ်ချရမှုရှိသော ကုန်စည်ကိုသာရွေးချယ်သုံးစွဲမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းကို ချပြရှင်းလင်းခဲ့ပြီးနောက် ကုန်အမှတ်တံဆိပ်များကို ပြည့်စုံစွာထည့်သွင်းပြီးလျှင် စားသုံးသူရေးရာဦးစီးဌာနသို့လာရောက်၍ စိစစ်ခွင့်ပြုချက်လျှောက်ထားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်ရှိ ပဲကြော်လုပ်ငန်းများ၌ စက်မှုကုန်ကြမ်းဆီသုံးစွဲမှုအား ကွင်းဆင်းစစ်ဆေးခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ တိုင်းဒေသကြီးဦးစီးမှူးလမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့် ဝန်ထမ်းများသည် (၃-၄-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ဓူဝံပဲကြော်လုပ်ငန်း၊ အောင်မြင့်ထွန်းပဲကြော်လုပ်ငန်း၊ ကျော်မြင့်ထွန်းပဲကြော်လုပ်ငန်းများသို့သွားရောက်၍ လုပ်ငန်းလည်ပတ်မှုနှင့် စက်မှုကုန်ကြမ်းဆီသုံးစွဲမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် ဓူဝံပဲကြော်လုပ်ငန်း၊ အောင်မြင့်ထွန်းပဲကြော်လုပ်ငန်း၊ ကျော်မြင့်ထွန်းပဲကြော်လုပ်ငန်းများ၌ အသုံးပြုသောပဲအမျိုးအစားများမှာ ပဲကြီး၊ ပဲဇီးကွက်၊ တရုတ်ပဲ၊ စားတော်ပဲ၊ မြေပဲဆံတို့ကိုအသုံးပြုပြီး၊ ဆီသုံးစွဲမှုအနေဖြင့် လုပ်ငန်းအမျိုးအစားပေါ်မူတည်၍ (၁)ရက်လျှင် ဆီပေပါ(၄)လုံးမှ (၆)လုံးအထိသုံးစွဲရကြောင်းနှင့် လုပ်သားအခြေအနေများမှာ ပဲကြော်လုပ်သား (၆)ဦးမှ (၁၂)ဦး၊ ပဲချွတ်လုပ်သားဦးရေမှာ (၅၀မှ ၃၀၀)အထိရှိကြောင်း လုပ်ငန်းရှင်များထံမှသိရှိရပါသည်။ လုပ်သားခများမှာ အမျိုးသားလုပ်သားခ (၁)ဦးလျှင် ကျပ်(၁၀၀၀၀မှ ၁၃၀၀၀)၊ အမျိုးသမီးပဲချွတ်ခမှာ (၁) ပိဿာလျှင် ကျပ်(၂၀၀မှ ၂၅၀) ရရှိကြောင်း၊ (၁)ရက်လျှင် ပဲကြော် (၃၀)ပိဿာပါအိတ်ရေ (၅၀မှ ၆၀)အထိကြော်ရပြီး၊ ကုန်ချောထွက်ရှိမှုမှာ ပိဿာ(၁၅၀၀မှ ၁၈၀၀)ထွက်ရှိပြီး၊ ပဲကြော် တစ်ပိဿာလျှင်  ပဲကြော်အမျိုးအစားကိုလိုက်၍  နှစ်ပြန်ကြော်တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ရိုးရိုးပဲကြော်တစ်ပိဿာလျှင် ကျပ်(၈၅၀၀)ဖြင့်ရောင်းချနေကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံရွာ၊ တောင်ကြီး၊ ကလေးဝမြို့များသို့တင်ပို့နေရကြောင်း လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(မကွေး)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ  ဦးကျော်မိုးလွင်(ရုံးအုပ်)သည် ၈.၄.၂၀၂၄ ရက်နေ့တွင် မိုးညှင်းမြို့၊ ရွာသစ်ကုန်းရပ်ကွက်ရှိ ရွှေသစ္စာ (ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက် များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ 3Plus အမှတ်တံဆိပ်ပါ (နို့ပြောင်းဖူး ခရင်(မ်)ကွတ်ကီး)  အသင့်စားမုန့်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာ ဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံ မှန်ကန်မှုမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန်နှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသော စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အား အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ထားဝယ်မြို့တွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များသို့ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်မြို့မှ ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ် ၊ ဧပြီလ ၈ ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် ထားဝယ်မြို့တွင်းရှိ ဘိလပ်မြေ အရောင်းဆိုင် များ၌ ဆိုင်ရှင်များနှင့်တွေ့ဆုံ၍ ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိနှင့် စျေးနှုန်း/စျေးကွက် အခြေနေများနှင့် ပတ်သက်၍  သွားရောက်စစ်ဆေး မေးမြန်းခဲ့ပါသည်။ ထိုသို့စစ်ဆေးမေးမြန်းခဲ့ရာ ကုန်ကြမ်းပစ္စည်းပြတ်လပ်မှု မရှိပါ‌ကြောင်းနှင့် ဈေးနှုန်း/ဈေးကွက် အခြေအနေများ ပြောင်းလဲမှု မရှိပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ပခုက္ကူမြို့ပေါ်၌ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လိုက်ပါပူးပေါင်းဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီး (၃-၄-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ “မြသိန်းသန်း” ကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းရှင်၊ “ရွှေစင်အိ” မုန့်ကျိုးလိမ်လုပ်ငန်းရှင်တို့နှင့်တွေ့ဆုံကာ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြနိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

      ဆွေးနွေးပွဲတွင် ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈) တွင်ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းသည့် အချက်များကို ကုန်စည်များတွင် စားသုံးသူများမြင်သာအောင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ရေးသားဖော်ပြပြီးမှသာရောင်းချရန်၊ စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းများကိုဝယ်ယူသုံးစွဲရာတွင် နစ်နာမှုမရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း၊ ၎င်းနောက် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သောကုန်စည်သည် ဘေးကင်းပြီးလုံခြုံစိတ်ချရမှုရှိမှသာ ဈေးကွက်တွင်နေရာရရှိမည်ဖြစ်ပြီး စားသုံးသူများကလည်း ယုံကြည်စိတ်ချစွာရွေးချယ်ဝယ်ယူသုံးစွဲကြမည်ဖြစ်ကြောင်း၊ ထုတ်လုပ်သောကုန်စည်တွင် ကုန်အမှတ်တံဆိပ်များကိုပြည့်စုံစွာထည့်သွင်းပြီးလျှင် စားသုံးသူရေးရာဦးစီးဌာနသို့ ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်ကို လာရောက်လျှောက်ထားနိုင်ကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို လုပ်ငန်းရှင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ဘီးလင်းမြို့တွင်းရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချနေသော ဆိုင်များတွင် ဈေးနှုန်းတည်ငြိမ်မှု ရှိ/မရှိ ကွင်းဆင်းစုံစမ်းစစ်ဆေး

    ၅.၄.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဘီးလင်းမြို့ အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချနေသော ဆိုင်များသို့ သွားရောက်၍ ဆေးနှင့် ဆေးပစ္စည်းဈေးနှုန်း တည်ငြိမ်မှုရှိ/မရှိအခြေအနေအား ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဘီးလင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင်ရောင်းချ လျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းခဲ့ရာ ယခုအချိန်တွင် ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပြီး ထိုသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ စက်သုံးဆီဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် လည်းကောင်း၊ ဝယ်လိုအားနှင့်ရောင်းလိုအား မမျှတခြင်းကြောင့်လည်းကောင်း၊ ကုန်ပစ္စည်း အချို့ပြတ်လပ်ခြင်းကြောင့်လည်းကောင်း ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများ အနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ