သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ကော့မှူးမြို့နယ်၊ စားအုန်းဆီလက်လီ/လက်ကားအရောင်းဆိုင်များ၌ စားအုန်းဆီရောင်းချမှုအားကွင်းဆင်းစစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်‌ကျေးရွာများတွင် လက်လီ/လက်ကားရောင်းချလျက်ရှိသော စားအုန်းဆီကိုယ်စားလှယ်ဆိုင်များ၊ ကုန်ခြောက်ဆိုင်များ၌ လက်လီဖြန့်ဖြူးရောင်းချနေသည့် စားအုန်းဆီဆိုင်များကို ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများ အလွယ်တကူရရှိနိုင်ရန် ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ ၂၀၂၄ခုနှစ်၊ မတ်လ(၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကော့မှူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ခေတ္တမြို့နယ်မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ မြို့မစည်ပင်တာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့က စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်၌ စားအုန်းဆီ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချနေမှုအခြေအနေ၊ ပြည်တော်သာရပ်ကွက်၊ စားအုန်းဆီကိုယ်စားလှယ်ဆိုင်နှင့် ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်၊ ဘုရားလမ်းရပ်ကွက်၊ လက်ခိုက် ကျေးရွာ၊ ဆပုဂံကျေးရွာရှိ လက်လီ/ လက်ကား စားအုန်းဆီကိုယ်စားလှယ်ဆိုင်များတွင် စားအုန်းဆီရောင်းချနေမှုအခြေအနေနှင့် ကော့မှူးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဈေးနှုန်းမှန်ကန်စွာ စားအုန်းဆီများကို အခက်အခဲမရှိဘဲ ဝယ်ယူစားသုံးနိုင်ရေးအတွက် လက်လီ/ လက်ကားရောင်းချသည့်ဆိုင်များအား သတ်မှတ်ခွဲတမ်းများခွဲဝေချထားပြီးဖြစ်၍ ရရှိသည့်ခွဲတမ်းအလိုက် အခြေခံလက်ကားရည်ညွှန်းဈေးအား မိမိတို့ဒေသအရောက် ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်း အမှန်တကယ်ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိနှင့် စားအုန်းဆီဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့က ကုမ္ပဏီအလိုက်ရောင်းချပေးသည့် လက်လီ/ လက်ကားဆိုင်အမည်စာရင်းကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပြီး စားအုန်းဆီလက်ကားရည်ညွှန်ဈေးတို့ကိုလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အပတ်စဉ် တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“တွံတေးမြို့နယ်၊ ကမာတကောကျေးရွာအုပ်စု၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း ”

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တာဝန်ခံ ဦးသန်းနိုင်သည် ၂၀၂၄ခုနှစ်၊ မတ်လ(၂၁)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တွံတေးမြို့နယ်၊ ကမာတကောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာသူ/သားများအား ကျေးရွာစာကြည့်တိုက်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ဟောပြောဆွေနွေးရာတွင် ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေနှင့်စပ်လျဉ်း၍ စားသုံးသူအများပြည်သူတို့၏ စားသုံးသူအခွင့်အရေးများဆုံးရှုံးမှုမရှိစေရန်အတွက် ၂၀၁၉ခုနှစ်တွင် စားသုံးသူကာကွယ်ရေးဥပဒေတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၉/၂၀၁၉)၊ မတ်လ(၁၅)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ကြောင်း၊ ၎င်းစားသုံးသူကာကွယ်ရေးဥပဒေတွင် ဦးစီးဌာန၏လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ၎င်းကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းဆိုင်ရာ အချက်အလက်များဖြစ်သော ကုန်စည်၏အမျိုးမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများနှင့် ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူအများပြည်သူတို့အား ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူအများပြည်သူတို့အား အမှန်တကယ်နစ်နာဆုံးရှုံးမှုများ ရှိလာပါက စားသုံးသူသတင်းအချက်အလက်နှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားကြောင်း အသိပညာပေးရှင်းလင်းဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ တွံတေးမြို့နယ်တွင် ဆောင်းသီးနှံ၊ နွေစပါးစိုက်ပျိုးပြီးစီးမှုနှင့် စတင်ရိတ်သိမ်းခြွေလှေ့နိုင်မည့် အခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတးမြို့နယ်တွင် ဆောင်းသီးနှံ၊ နွေစပါးစိုက်ပျိုးဖြစ်ထွန်းအောင်မြင်စွာစိုက်ပျိုးပြီးစီးမှုအခြေအနေအား ၂၀၂၄ခုနှစ်၊ မတ်လ(၂၃)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် တွံတေး-ဒလကားလမ်းမကြီး၏ ဘေးဝဲယာနှင့် လှိုင်သာယာ-တွံတေး ကားလမ်းမကြီး ဘေးဝဲယာရှိကျေးရွာများမှ နွေစပါးစိုက်ပျိုးလျက်ရှိသော  တောင်သူများစိုက်ပျိုးဖြစ်ထွန်းမှုအခြေအနေနှင့် စတင်ရိတ်သိမ်းခြွေလှေ့နိုင်မည့် အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့ ဆောင်းသီးနှံ၊ နွေစပါးစိုက်ပျိုးပြီးစီးမှုနှင့် စတင်ရိတ်သိမ်းခြွေလှေ့နိုင်မည့်အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် နွေစပါးစိုက်ပျိုးရာကျေးရွာအုပ်စု၊ တိုက်နယ်များဖြစ်သော ခတ္တိယ၊ တက်သစ်၊ ခလောက်ချိုက်၊ တမံကြီး၊ သဝန်းတော၊ မြို့မ၊ ပြသတိုက်၊ ဘုရားကြီး၊ ရန်ကုန်ပေါက် စသည့်ကျေးရွာများတွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) အသုံးပြုစိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိသော လယ်ယာမြေများ၊ မိရိုးဖလာမျိုးစပါးကြဲပက်စိုက်ပျိုးခြင်း၊ ရိုးရိုးမျိုးထောင်စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး တွံတေးမြို့နယ်၏ ဆောင်းသီးနှံ နွေစပါးစိုက်ဧကစုစုပေါင်း(၄၀၂၆၅)ဧကဖြစ်ထွန်းအောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှသိရှိခဲ့ရပြီး ယခုလာမည့် မတ်လ နောက်ဆုံးပတ်တွင် စတင်ရိတ်သိမ်းမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

စားအုန်းဆီဆိုင်များအား အသိပညာပေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှ့ပိုင်းခရီုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၃-၃-၂၀၂၄) ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန)၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ ဈေးကွက်အတွင်းရောင်းချနေသော စားအုန်းဆီများနှင့်ပတ်သ၍ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ သတ်မှတ်ဈေးနှုန်းအတိုင်းသာရောင်းချရန်၊ ပြင်ပသို့မှောင်ခိုရောင်းချခြင်းမပြုလုပ်ရန်၊ ရောင်းဝယ်ခွင့်ရရှိထားသည့် ဆီပိဿာချိန်အရေအတွက်ပြည့်ဝစွာရောင်းချစေရေးတို့ကို ဒဂုံမြို့သစ်ခရိုင်၊ တောင်ဒဂုံမြို့နယ်၊ ဆီလုပ်ငန်းရှင် ဦးညီညီထွေးမှတစ်ဆင့် ပြန်လည်ခွဲဝေဖြန့်ဖြူးရောင်းချပေးသော ဆီအရောင်းဆိုင်မှ ဆီဆိုင်ရှင်များအား ခေါ်ယူမှာကြားခဲ့ပြီး မှာကြားချက်များကိုလိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုများဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း  အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။ 

DOCA(ရန်ကုန်)        

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၂၀-၃-၂၀၂၄)ရက်နေ့ ၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ စားသုံးသူ အသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

      ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်(၄)ချက်နှင့် ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် ဥပဒေတားမြစ်ချက်များကို လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များကိုသိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www. doca. gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ် ပြန်/ဆက် ဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အစီအစဉ်ကျင်းပဆောင်ရွက်ခြင်း

    ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ပြန်/ဆက်ဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့တွင် ပြန်/ဆက် ဦးစီးဌာန၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ အသိပညာပေး Talk Show အစီအစဉ်တွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၉) ပုဒ်မ (၁၉ )ဖြင့် ဖော်ပြထားသည့် စားသုံးသူအခွင့်အရေးများကို အသိပညာပေး ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် အခြေအနေများကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ကျိုက်လတ်မြို့နယ် တာဝန်ခံရုံးတွင် ကုန်မျိုးစုံဆိုင် လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်ရှိ မြို့နယ်တာဝန်ခံရုံးတွင် ၂၀၂၄ ခုနှစ်၊ မတ်လ(၂၀) ရက်နေ့၊ နေ့လယ် (၁၅:၃၀) နာရီအချိန်တွင် မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းများသည် ကုန်မျိုးစုံ လုပ်ငန်းရှင် (၂၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

     အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊တားမြစ်ချက်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးမှု ၊ ကုန်စည်အပေါ် တာဝန်ရှိမှု၊ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ၊ သက်ဆိုင်ရာကုန်စည် သတင်းအချက်အလက်များ၊ တံဆိပ် အမှတ်အသားပေါ်တွင် ဖော်ပြထားသော အခြေအနေ၊ အာမခံချက်၊ ထူးခြားချက်၊ အကျိုးသက်ရောက်မှု၊ အသားတင်အလေးချိန်၊ အရည်အသွေး အဆင့်အတန်းစသည်တို့ ပါဝင်ရန်လိုအပ်ကြောင်း၊ ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာပါဝင်သော ကုန်ပစ္စည်းများကိုသာ ဝယ်ယူရောင်းချရန် လိုအပ်ကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့နယ် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် အင်္ဂပူမြို့နယ် အောက်ရွာကြီးအုပ်စုရှိ ရှမ်းတောဘုန်းကြီးကျောင်း၌ စားသုံးသူပြည်သူ(၇၈)ဦးအား (၁၈.၃.၂၀၂၄)နေ့၊ နေ့လယ် (၁၂:၃၀) တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ် ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသား များအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေ ကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက် လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ် ပဲခြမ်းကြော်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၁၈.၃.၂၀၂၄) ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် အမှတ်(၁)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်၌ ပဲခြမ်းကြော် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ် ဖော်ပြချက်ကို အကျယ်တဝင့်ပြောကြားခဲ့ပြီး၊ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ တားမြစ်ချက်များအကြောင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း၊ စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး လုပ်ငန်းရှင်များဘက်မှလည်း သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့နယ် ရွာသစ်ရပ်ရှိ မုန့်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန ကြံခင်းမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍  ကြံခင်းမြို့နယ် ၊ ရွာသစ်ရပ်ရှိ မုန့်မျိုးစုံဆိုင်များအား (၁၉.၃.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ် အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ မုန့်မျိုးစုံဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ