သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်ထိုမြို့နယ်တွင် စားသုံးသူ ကာကွယ်ရေး ဥပဒေနှင့်ကုန်ညွှန်းအမှတ်အသားအကြောင်းသိကောင်းစရာ (Talk Show) ဆွေးနွေးပွဲ ပြုလုပ်

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျိုက်ထိုခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၂၀) ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကုန်ညွှန်းအမှတ်အသားအကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အသိပညာပေး Talk Show အစီအစဉ် ပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန၏ အသစ်ထပ်မံပြောင်းလဲလိုက်သည့် ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် လုပ်ကိုင်ဆောင်ရွက်နေမှုအခြေအနေ၊ ကွင်းဆင်းစစ်ဆေးရာတွင် အဓိကထားစစ်ဆေးသည့် ထုတ်ကုန်များအကြောင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းအခြေအနေ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းတို့နှင့်ပတ်သက်၍ သိကောင်းစရာများ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)

   

ကျိုက်ထိုမြို့နယ်တွင် စားသောက်ကုန်အရောင်းအဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကျိုက်ထိုမြို့ရှိ စားသောက်ကုန်ရောင်းချသောဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထို့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသောက်ကုန်အရောင်းဆိုင်(၆)ဆိုင်အား ဈေးကွက်စောင့်ကြည့်ခဲ့ပြီး အဆိုပါဆိုင်များတွင် COFFEE SHOP (Very Good) တံဆိပ်ပါ ကော်ဖီကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခဲ့ရာ အဆိုပါကော်ဖီများရောင်းချခြင်းမရှိကြောင်းတွေ့ရှိရပါသည်။

     ထို့နောက် ဆိုင်ရှင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိသောကုန်ပစ္စည်းများကိုရောင်းချရန် ပညာပေး ဆွေးနွေးခဲ့ပါသည်။ထို့နောက်း ကုန်အညွှန်းအမှတ်အသာ ဖော်ပြချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသောညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ဖော်ပြပါရှိသော လက်ကမ်းစာစောင်အားဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မွန်)

ကျိုက်ထိုမြို့နယ်တွင် တရားမဝင်ဆေးဝါးရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

      ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၀ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကျိုက်ထိုမြို့ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထို့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျိုက်ထိုမြို့ပေါ်ရှိ ဆေးဆိုင်(၈)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး အဆိုပါ ဆေးဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆေးဝါးများအား ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ တရားမဝင်ဆေးများ ရောင်းချခြင်းမရှိကြောင်းတွေ့ရှိရပါသည်။

     ထို့နောက် ဆေးဆိုင်ပိုင်ရှင်များအား မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများကို ရောင်းချခြင်းမပြုရန်၊ သက်တမ်းလွန်သောဆေးဝါးများကို ရောင်းချခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မပါရှိသောဆေးဝါးများကို ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၂4.၁.202၃ရက်နေ့နံနက်11:00နာရီအချိန်တွင် မိုးညှင်းမြို့၊နောင်စွန်းရပ်ကွက်ရှိ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချနေသောကုန်စုံဆိုင်(၃)ဆိုင်အားကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်နှင့်ကိုက်ညီမှု ရှိ မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Carabaoအမှတ်တံဆိပ်ပါ ခွန်အားဖြည့်အချိုရည်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ  မြန်မာဘာသာဖြင့်  သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊အရွယ်အစား၊အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက် စသည့်အချက်များ ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်းရှိမရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

ဘီးလင်းမြို့၊ ရပ်ကွက်များရှိ စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၃-၁-၂၀၂၃ ရက်နေ့တွင် ဘီးလင်းမြို့၊ ရပ်ကွက်များရှိ အခြေခံလူသုံးကုန်၊ စားသောက်ကုန်များ ရောင်းချလျက်ရှိသော စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ဆောင်ရွက်ရာတွင် COFFEE SHOP (very good) ကော်ဖီကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ တရားမဝင် ရောင်းဝယ်ဖောက်ကားမှုရှိ/မရှိစစ်ဆေးခဲ့ရာ အဆိုပါကော်ဖီများ ရောင်းချမှုမရှိကြောင်းသိရှိရပါသည်။ ထို့နောက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းသည့် သိကောင်းစရာများကို ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့ အ - မ - က(ဘုရားကြီးကုန်း)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပဆောင်ရွက်ခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ် ဇန်နဝါရီ လ ၂၄ ရက်နေ့၊ နံနက် ၉:၃၀ နာရီအချိန်တွင် ချောင်းဆုံမြို့ အခြေခံပညာမူလတန်းကျောင်း (ဘုရားကြီးကုန်း)၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ  ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

      အဆိုပါဟောပြောပွဲ၌ ချောင်းဆုံမြို့၊ အမက(ဘုရားကြီးကုန်း)ကျောင်းအုပ်ဆရာမကြီးက  အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ အကြီးတန်း စာရေး ဒေါ်ထက်ထက်နွေဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများဟောပြောခြင်း၊  ကျောင်းနေအရွယ်ကလေးများ  စားသုံးသူကာကွယ်ရေးအသိပညာရရှိစေရေးနှင့် စားသုံးသူတို့သိသင့်သည့်အကြောင်းအရာများ၊ လုပ်ငန်းဆောင်ရွက်မှုများ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူများနစ်နာမှုဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်သူနှင့် တိုင်ကြားရမည့်နေရာနှင့်လိပ်စာများပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များပေးအပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း ၃၅၇ ဦးတက်ရောက်ခဲ့ပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့ အ - မ - က (မူလွန်) ကွမ်သဲကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲကျင်းပ

     စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့၊ နေ့လယ် ၁:၀၀ နာရီအချိန်တွင် ချောင်းဆုံမြို့ အမက(မူလွန်)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ  ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

   အဆိုပါဟောပြောပွဲ၌ ချောင်းဆုံမြို့နယ်၊ အ - ထ - က(ခွဲ) ကရင်ဝင်းစိန်ကျောင်း၌ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း၊ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်ခင်မြတ်ကျော်(ဦးစီးအရာရှိ)နှင့် ဒေါ်ခင်ကြည်(ဒု-ဦးစီးမှူး)တို့က စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးခဲ့ကြောင်း၊ ဟောပြောသည့်အကြောင်းအရာများမှာ ဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များနှင့် စားသုံးသူများနစ်နာမှုဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်သူနှင့် တိုင်ကြားရမည့်နေရာနှင့်လိပ်စာများ (ရုံးတည်နေရာ၊ ရုံးဖုန်းနံပါတ်၊ website www. doca. gov. mm နှင့် Doca Call Center 1535)တွင်လည်းကောင်း ပြန်လည်ကုစားနိုင်သည့် အခွင့်အရေးများကို ရယူနိုင်မည်ဖြစ်ကြောင်းနှင့် ကျောင်းသား/သူများသည် ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်တို့ကို သိရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသားပါမှသာလျှင် စားသုံးသူများမှာ စိတ်ချယုံကြည်စားသုံးနိုင်မည်ဖြစ်ကြောင်းဟောပြောခဲ့ပါသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးထံသို့ စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များကို ပေးအပ်ခဲ့ကြောင်း၊ တက်ရောက်သူများက သိလိုသည်များ မေးမြန်းခြင်းတို့ကို ပြန်လည်ဖြေကြားခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့  ဆရာ/ဆရာမများနှင့်အတူ Grade-5 ကျောင်းသား/သူများ၊ စုစုပေါင်း လူဦးရေ ၈၀ ဦး တက်ရောက်ခဲ့ပါသည်။

DOCA(မွန်ပြည်နယ်)

မြောက်ဦးမြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူး ဦးလှမောင်သိန်း (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၂၃-၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြောက်ဦးမြို့ပေါ်ရှိ ဆေးဆိုင်များတွင် တရားမဝင် တိုင်းရင်းဆေးဝါးများ ရောင်းချမှုပပျောက်ရေး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ဆေးဝါးများရောင်းချကြစေရေးအတွက် ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။

       မြောက်ဦးမြို့ပေါ်ရှိ ဆေးအမျိုးမျိုးရောင်းချနေသော ဆေးဆိုင်(၁၂)ဆိုင်အား စစ်ဆေးရာ ကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့် ကုန်စည်များကို ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တားမြစ်ထားသော ဆေးဝါးများ၊ မှတ်ပုံတင်မဲ့ဆေးဝါးများ ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် ဆေးဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ဆေးဝါးများကို မရောင်းချကြရန်၊ သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော ကုန်စည်များကိုလည်း မရောင်းချကြရန်နှင့် သတ်မှတ်ချက်စည်းကမ်းများနှင့် ကိုက်ညီမှုမရှိသော ကုန်စည်များအား ရောင်းချခြင်း စစ်ဆေးတွေ့ရှိရပါက အရေးယူဆောင်ရွက်ခြင်းပြစ်မှု၊ ပြစ်ဒဏ်များခံရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအား ရှင်းလင်းဆွေးနွေး၍ အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)

ချောင်းဆုံမြို့ အ - ထ - က (ခွဲ) ကရင်ဝင်းစိန်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

        စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် ချောင်းဆုံမြို့ အ - ထ - က(ခွဲ) ကရင်ဝင်းစိန် ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ  ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

        အဆိုပါဟောပြောပွဲ၌ ချောင်းဆုံမြို့နယ်၊ အ - ထ - က(ခွဲ) ကရင်ဝင်းစိန်ကျောင်း၌ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း၊ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်ခင်ကြည် ဒု-ဦးစီးမှူးက စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောရာတွင် ဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူများနစ်နာမှုဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်သူနှင့် တိုင်ကြားရမည့် နေရာနှင့်လိပ်စာများ(ရုံးတည်နေရာ၊ ရုံးဖုန်းနံပါတ်၊ website www. doca. gov. mm နှင့် Doca Call Center 1535)တို့တွင်လည်းကောင်း ပြန်လည်ကုစားနိုင်သည့် အခွင့်အရေးများကို ရယူနိုင်မည်ဖြစ်ကြောင်းနှင့် မကြာမီကျရောက်မည့် မတ်လ (၁၅)ရက်နေ့တွင် ကျင်းပမည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်းတို့ကို ဟောပြောခဲ့ကြောင်း၊ ထို့နောက် ကျောင်းအုပ်ဆရာမကြီးထံသို့ စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များကို ပေးအပ်ခဲ့ကြောင်းနှင့် တက်ရောက်သူများက သိလိုသည်များကို မေးမြန်းခြင်းကို ပြန်လည်ဖြေကြားခဲ့ပါသည်။အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့်အတူ Grade-9 ကျောင်းသား/သူများ၊ စုစုပေါင်းလူဦးရေ ၇၀ ဦးတက်ရောက်ခဲ့ပါသည်။

DOCA(မွန်)

အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၂၀-၁-၂၀၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်၌ ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်ရှိ အမှတ်(၂‌)အခြေခံပညာအထက်တန်းကျောင်း၊ မြညီလာခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် ဒေါ်နှောင်းနှောင်းဝင်း (ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေ၏ အဓိပ္ပါယ်ဖော်ပြချက်များမှ စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးခြင်း၊ စားသုံးသူနှင့် စီးပွား‌ရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသောလုပ်ငန်းစဉ်ဖြစ်ကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူများအတွက်သော်လည်းကောင်း းရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်း၊ ကျောင်းသူ/ကျောင်းသားများအား အသင့်စားမုန့်အမျိုးမျိုးတို့ကို ဝယ်ယူသုံးစွဲရာတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို အဓိကထားဖတ်ရှုရမည်ဖြစ်ကြောင်း နမူနာပစ္စည်းများဖြင့်ပြသကာ ရှင်းလင်း‌‌ဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမ (၁၀)ဦးနှင့် ကျောင်းသူ/ကျောင်းသား(၂၅၆)ဦး၊ စုစုပေါင်း(၂၆၆)ဦးတက်ရောက်ခဲ့ပါသည်။

DOCA(ကချင်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ