သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

၁၇.၉.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၁၇.၉.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

တရုတ်နိုင်ငံသို့ မြန်မာ့ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်ရေး တင်ပို့မည့် ကုမ္ပဏီများ၏ ဆန်စက်နှင့်သိုလှောင်ရုံများ စိစစ်ရွေးချယ်နိုင်ရန်အတွက် Technical Working Group အစည်းအဝေးကျင်းပ

         တရုတ်နိုင်ငံသို့ မြန်မာ့ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်ရေး တင်ပို့မည့် ကုမ္ပဏီများ၏ ဆန်စက်နှင့်သိုလှောင်ရုံများ ရွေးချယ်နိုင်ရန်အတွက် Technical Working Group အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ (ကြာသပတေးနေ့)၊ နံနက် ၁၀:၀၀ နာရီတွင် Virtual meeting ဖြင့်ကျင်းပပြုလုပ်ရာ Technical Working Group အဖွဲ့ ခေါင်းဆောင်ဖြစ်သည့် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသူရစိုး က အဖွင့်အမှာစကား ပြောကြားရာ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ The General Administration of Quality Supervision, Inspection and Quarantine (AQSIQ) (ယခု the General Administration of Customs of the People's Republic of China- GACC)တို့အကြား မြန်မာနိုင်ငံမှ ဆန်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ရန် စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေးသဘောတူစာချုပ်ကို ၂၀၁၄ ခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဆန်ကွဲပါတင်ပို့နိုင်ရေးအတွက် ပြန်လည်ပြင်ဆင်လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ တရုတ်နိုင်ငံ သို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် အဆိုပြုမည့် ကုမ္ပဏီများ၏ ပြုပြင်ကြိတ်ခွဲခြင်း၊ သိုလှောင်ခြင်း၊ တင်ပို့ခြင်း လုပ်ငန်းများကို စာချုပ်ပါအချက်များနှင့်အညီစစ်ဆေးရန် စိုက်ပျိုးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့အကြား သဘောတူညီချက် ကို ၂၀၁၉ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ယခင်နှစ်က စစ်ဆေးတွေ့ရှိချက်စာရင်းများကို သီးနှံကာကွယ်ရေး ဌာနခွဲ၏ TBT Format အတွင်း Registered Number များဖြင့် ထည့်သွင်းပေးထားပါကြောင်း၊ ကုမ္ပဏီများ၏ ဆန်စက်များ အနေဖြင့် စစ်ဆေးမှုခံယူနေစဉ်အတွင်း ပြင်ဆင်ဆောင်ရွက်ခြင်းသာမက အမြဲလိုက်နာကျင့်သုံးဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ Exporter များအနေဖြင့် နိုင်ငံတကာသို့ မြန်မာဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်ရေးအတွက် ဆန်စက် အဆင့်အတန်းနှင့် ဆန်၏ အရည်အသွေး ပိုင်းပြည့်မီရန် လိုအပ်သည့်အပြင် Hygiene ပိုင်းကိုလည်း မဖြစ်မနေလိုက်နာရန် လိုအပ်သည့်အတွက် အထူးအလေးပေး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က ယခုနှစ်တွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် စိတ်ဝင်စားမှု အဆိုပြုလွှာ (EOI) ခေါ်ယူခဲ့ရာ MRF(စီမံခန့်ခွဲရေး ကော်မတီ)မှ သတ်မှတ်ချက် နှင့်အညီ ကုမ္ပဏီ ၇၇ ခု၊ ဆန်စက် ၁၀၄ စက်တို့အား ကနဦး စိစစ်ရွေးချယ်ပြီး ၎င်းတို့အား SPS Protocol နှင့် အညီ စစ်ဆေး ဆောင်ရွက်ပေးရန် စားသုံးသူရေးရာဦးစီးဌာနသို့ တင်ပြလာပါကြောင်း၊ မိမိတို့ဦးစီးဌာနအနေဖြင့် ဆန်စက်များ၏ အဆင့်အတန်းသတ်မှတ် ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ MITS မှ ကုန်ကြမ်းနှင့်ကုန်ချောသိုလှောင်ရုံများနှင့် လုပ်သားများကျန်းမာရေးနှင့် တကိုယ်ရည်သန့်ရှင်းရေး (Hygiene) ပိုင်းတို့ကို စစ်ဆေးဆောင်ရွက်ပေးခဲ့ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

       ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းမြင့်က အဆိုပြုထားသော ကုမ္ပဏီများ ၏ ဆန်စက်နှင့်သိုလှောင်ရုံများအား စစ်ဆေးပြီးစီးမှုနှင့် စစ်ဆေးတွေ့ရှိရမှုအခြေအနေများ၊ အစည်းအဝေးတွင် ဆုံးဖြတ်ပေးရန် အချက်များဖြစ်သည့် SPS Protocol ပါ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ကုမ္ပဏီများ၊ ဆန်စက်များနှင့် သိုလှောင်ရုံများ အား မှတ်တမ်းတင်ထားရှိရေးနှင့် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့သို့ အမှာစာဖြင့်ပြုစုတင်ပြနိုင်ရေး၊ ပထမအကြိမ်စစ်ဆေး ရာတွင် noncompliance ဖြစ်ခဲ့ပြီး ဒုတိယအကြိမ် ပြန်လည်စစ်ဆေးမှုခံယူခြင်းမရှိသည့် ကုမ္ပဏီနှင့်ဆန်စက်တို့အား မှတ်တမ်းတင်ထားရှိနိုင်ရေး၊ စစ်ဆေးချက်မှတ်တမ်း(မူရင်း)များအား စိုက်ပျိုးရေးဦးစီးဌာနသို့ပေးပို့နိုင်ရေး၊ လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရန် အမှာစာဖြင့် ပြုစုတင်ပြနိုင်ရေး ကိစ္စများကို ဆွေးနွေးတင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများက အကြံပြုဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ Technical Working Group အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နံနက် ၁၁:၃၀ နာရီတွင် အစည်းအဝေး ကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ITQM

၁၆.၉.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၁၆.၉.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၁၅.၉.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၁၅.၉.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆန်စက် လုပ်ငန်းရှင်များတွေ့ဆုံပွဲ အစည်းအဝေးကျင်းပ

       ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးလည်ပတ်စီးဆင်းမှု အဆင်ပြေစေရန် ရည်ရွယ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိက ဘဏ်လုပ်ငန်းများမှ တာဝန်ရှိသူများ၊ ဆန်စက်လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို (၈.၉.၂၀၂၁) ရက်နေ့ နေ့လည် ၂ : ၀၀ နာရီတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် ၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန ၊ မြန်မာ့စီးပွားရေးဘဏ်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ ပုဂ္ဂလိကဘဏ်လုပ်ငန်းများမှ တာဝန်ရှိသူများ (၁၁)ဦး ၊ဆန်စက်လုပ်ငန်းရှင် (၁၁)ဦး ၊ စုစုပေါင်း (၂၂)ဦး တက်ရောက်ခဲ့ပါသည်။

       အဆိုပါဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပဲခူးတိုင်းဒေသကြီးအတွင်း ဆန်စပါးထွက်ရှိမှုအခြေအနေ ၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ဆန်စက်လုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်မှု အဆင်ပြေစေရန် ငွေကြေး စီးဆင်းမှု လွယ်ကူမြန်ဆန်စေရေး အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ၎င်းတို့ ဌာနမှ လုပ်ဆောင်ပေးရသည့် စီးပွားရေးနှင့်ပတ်သက်သည့် သတင်းအချက်အလက်အခြေအနေများကို ရှင်းလင်းဆွေးနွေးခြင်း၊ ပဲခူးတိုင်းဒေသကြီး မြန်မာ့စီးပွားရေးဘဏ် ၊ တိုင်းဒေသကြီးဦးစီးမှူးက မြန်မာ့စီးပွားရေးဘဏ်အား တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ဘဏ်ခွဲပေါင်း (၃၀၀) ကျော်ဖြင့် ရပ်တည်လျက်ရှိကြောင်း ၊ ဘဏ်များ၌ အပ်နှံထားသည့် ငွေများအား ထုတ်ယူရန်လိုအပ်သည့် ဆန်စက်ပိုင်ရှင်များ၏ ထုတ်ယူလိုသည့် လနှင့် ငွေကြေးပမာဏများကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ တင်ပြပါက အဆင်ပြေနိုင်မည်ဖြစ်ပါကြောင်း အကြံပြုပြောကြားခြင်း၊ ပဲခူးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးက မိမိတို့ဌာနအနေဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများ ၊ဆန်စက် လုပ်ငန်းရှင်များအနေဖြင့် ဘဏ်များမှ ငွေထုတ် ၊ ငွေယူ၊ ချေးငွေ လုပ်ငန်းများဆောင်ရွက်ရာတွင် စက်မှုကြီးကြပ်၏ ထောက်ခံစာလိုအပ်ပါက ဌာနမှ ချက်ချင်းစိစစ်၍ ထောက်ခံပေးလျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးက နောက်လ စပါးလှိုင်လှိုင်ပေါမည့်အချိန်တွင် ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် စပါးဝယ်ယူနိုင်ရေးအတွက် ဘဏ်များ၌ အပ်နှံထားသည့် မိမိတို့၏ငွေများအား ပြန်လည်ထုတ်ယူရာတွင် လွယ်ကူလျှင်မြန်စေရန်ရည်ရွယ်၍ ယခု အစည်းအဝေးကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် စိစစ်သုံးသပ်၍ ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသော ပုဂ္ဂလိက ဘဏ်လုပ်ငန်းများမှ တာဝန်ရှိ သူများက ဘဏ်လုပ်ငန်းလည်ပတ်နေရသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး ဆန်စက်လုပ်ငန်းရှင်များမှ စပါးပေါ်ချိန်တွင် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း၊ ယခုကာလတွင် ငွေထုတ်ယူခွင့်မရသည့် ပြဿနာသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း ၊ စပါးသိုလှောင်မှုနှင့် ပတ်သက်၍ တွေ့ကြုံနေရသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ သက်ဆိုင်ရာ အစိုးရဌာနများမှ ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပါသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးက ဒေသအကျိုးအတွက် လုပ်နိုင်သ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပြောင်းလဲဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေများ ၊ လတ်တလောကျ‌ရောက်လာသော ကျန်းမာရေးအခြေအနေများကြောင့် ယိမ်းယိုင်လာသည့် စီးပွားရေး အခြေအနေများကြောင့် လူမှုစီးပွားရေးတွင် ထိခိုက်မှုများစွာ ကြုံတွေ့နေရကြောင်း၊ စိုက်ပျိုးနည်းစနစ်များ ပိုမိုတိုးတက်စေရန် ၊ငွေကြေးလည်ပတ်စီးဆင်းမှုအဆင်‌ပြေမှသာ စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့ လာမည်ဖြစ်ပါကြောင်း ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် (Recovery) စနစ်ကို ကျင့်သုံးမည်ဖြစ်ပြီး ကိုဗစ် ၁၉ ကာလတွင် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းရှင်များအတွက် ဘဏ်စနစ်များ၊ သွင်းအားစုအခက်အခဲများ၊ စီးပွားရေးနှင့် ပတ်သက်၍ ဝန်ထုပ်ဝန်ပိုးအခက်အခဲများကို နည်းလမ်းတကျ လျှော့ချနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဖြေရှင်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး(DOCA)

၁၄.၉.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၁၄.၉.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၁၃.၉.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၁၃.၉.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၁၀.၉.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၁၀.၉.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၉.၉.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၉.၉.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၈.၉.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၈.၉.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ