သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည်နယ်ဦးစီးမှူးမှ ဌာနခွဲတာဝန်ခံများ၊ မြို့နယ်တာဝန်ခံများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

    ၁၉.၅.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ ဌာနခွဲတာဝန်ခံများ၊ မြို့နယ်တာဝန်ခံများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။

   အစည်းအဝေးတွင် ပြည်နယ်ဦးစီးမှူးက မြို့နယ်တာဝန်ခံများနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို (၆) လတစ်ကြိမ်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်တာဝန်ခံများ  ကမိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြရမည် ဖြစ်ကြောင်း၊ လျာထားချက်များကို ပြည့်မီကျော်လွန်အောင် ဆောင်ရွက်ကြရန်၊ သတင်းများ ကိုလည်းရေးသားကြရန် ဆွေးနွေးခဲ့ပါသည်။

    ဒုတိယပြည်နယ်ဦးစီးမှူးက စားသုံးသူရေးရာကော်မတီအစည်းအဝေးကို (၃) လ တစ်ကြိမ်မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခရိုင်စားသုံးသူရေးရာကော်မတီကိုလည်း ဖွဲ့စည်းရမည် ဖြစ်ကြောင်း၊ ပြည်နယ်အဆင့်ကော်မတီအစည်းအဝေးသို့ ခရိုင်မှူးများပါ တက်ရောက်ကြရန် ဆွေးနွေးခဲ့သည်။

    ထို့နောက် တက်ရောက်လာသည့် ဌာနခွဲတာဝန်ခံများ၊ မြို့နယ်တာဝန်ခံများမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (မွန်)

လုပ်ငန်းအသစ်ထူထောင်သည့် ကုမ္ပဏီအား မြေပြင်ကွင်းဆင်းစစ်ဆေး

    (၁၇.၅.၂၀၂၅) ရက်နေ့ ​နံနက် (၁၀:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသော မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျောက်တန်းစက်မှုဇုန်ရှိ Wu Wei Wang Co,Ltd ၏ ကုမ္ပဏီသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသည့် မြန်မာကုမ္ပဏီတစ်ခုဖြစ်သော Wu Wei Wang Co,Ltd ၏ ကုမ္ပဏီ တည်ထောင်ထားမှုနှင့် ပတ်သက်၍ ကုမ္ပဏီရုံးခန်း လိပ်စာတွင် အမှန်တကယ် ဖွင့်လှစ်ထားခြင်း ရှိ/မရှိ၊ အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှု ရှိ/မရှိ၊ ကုန်သွယ်ရေးဦးစီးဌာနမှ သတ်မှတ် ထားသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိ ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ညောင်လေးပင်မြို့၊ မဟာတိလောကသယမ္ဘူ ကျောက်တော်ကြီး ဘုရားကြီးဝန်းအတွင်း၌ ကဆုန်ညောင်ရေသွန်းပွဲတော်ကျင်းပ

   ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့ရှိ “မဟာတိလောကသယမ္ဘူ” ကျောက်တော်ကြီး ဘုရားကြီးဝန်းတွင် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ၁၆.၅.၂၀၂၅ ရက်နေ့၌ ကျင်းပပူဇော်ခဲ့ရာ အခမ်းအနားသို့ ညောင်လေးပင်ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး နှင့်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

   ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ အထွတ်အမြတ်ထားရာဖြစ်သော ကဆုန်လတွင် မြန်မာလူမျိုးတို့သည် တရားဘာဝနာ‌ဆောက်တည်ခြင်း၊ ငါးပါးသီလစောင့်တည်ခြင်း၊ ညောင်ရေသွန်းလောင်းခြင်း၊ ငါးလွှတ်ခြင်း စသည့်ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြပါသည်။ ရှေးကတည်းက အစဉ်အလာမပျက် ကျင်းပပူဇော်ခဲ့သည့် ညောင်လေးပင်မြို့ရှိ “မဟာတိလောကသယမ္ဘူ” ကျောက်တော်ကြီး ဘုရားဝန်းအတွင်း၌ ညောင်လေးပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ရုံးဝန်ထမ်းများသည် ရဟန်းသံဃာတော်များနှင့် သီလရှင်အပါး ၂၉၁ပါးအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထူအစုစုတို့အား ကပ်လှူပူဇော်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့နယ်၊ ဖအောင်းကျေးရွာရှိ “အားမာန်သစ်” ကိတ်နှင့်မုန့်မျိုးစုံ လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေး

   ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ၁၆.၅.၂၀၂၅ ရက်နေ့တွင် “အားမာန်သစ်” ကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

   ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်၊ ဌာနခွဲစာရေး ဒေါ်ကြည်ကြည် ထွန်းတို့သည် ညောင်လေးပင်မြို့နယ် ဖအောင်းကျေးရွာရှိ “အားမာန်သစ်” ကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ခရိုင်ဦးစီးမှူးက ကိတ်နှင့်မုန့်ထုပ်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများအား ပြည့်စုံဖော်ပြထားရန်၊ ကိတ်နှင့်မုန့်မျိုးစုံတို့အား စနစ်တကျ ထုပ်ပိုးရန်၊ သန့်ရှင်းမှုကို အလေးထားရန်နှင့် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းကို ဟောပြောရှင်းပြခဲ့ကြောင်း သိရှိရပါသည်။ “အားမာန်သစ်” ကိတ်နှင့် မုန့်မျိုးစုံ ထုတ်လုပ်သည့် လုပ်ငန်းတွင် ကုန်ကြမ်းများအဖြစ် ဂျုံ၊ သကြား၊ ဆီ၊ ပွဆေးနှင့် ကိတ်နုဆေးတို့ကို အသုံးပြုကြောင်း၊ ကိတ်နှင့် မုန့်မျိုးစုံတို့ကို ညောင်လေးပင်၊ ဒိုက်ဦး၊ ပဲခူး၊ ပြွန်တန်ဆာမြို့များသို့ ရောင်းချကြကြောင်း၊ မိသားစုတစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းဖြစ်ကာ လျှပ်စစ်မီးအခက်အခဲရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ကျောက်တံခါးမြို့နယ်အတွင်းရှိ အွန်လိုင်းဖြင့် ရောင်းချသော လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး

   ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင် လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိတို့ကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ  ၁၆.၅.၂၀၂၅ ရက်နေ့၌ ကျောက်တံခါးမြို့ရှိ  အွန်လိုင်းလုပ်ငန်းတစ်ခုအား သွားရောက်စစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

   ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်၊ အငယ်တန်းစာရေး ဦးနေမျိုးဝင်း နှင့် ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းတို့သည် “သီတာ” အွန်လိုင်းအမည်ဖြင့် စားသောက်ကုန်၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများကို မှတ်ပုံတင်ထားရှိမှုအား မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက ကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားရန်၊ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့်လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိရမည်ဖြစ်ကြောင်း၊ ရောင်းချရန်တင်ပြထားသော ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုအမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချရန်၊ လျှောက်လွှာတွင် ဖြည့်သွင်းထားသည်များနှင့် မကိုက်ညီလျှင် စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း တို့ကို အကျယ်တဝင့် ဟောပြောရှင်းပြခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

၂၀၂၅ ခုနှစ်၊ ဧပြီလ စတုထ္ထပတ် ကျွန်းလှမြို့တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းအခြေအနေ

  မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေ ဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် သတ် မှတ်ထုတ်ပြန် ပေးလျက်ရှိပါသည်။

     စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်(၃)ဆိုင် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိကာ စက်သုံးဆီ ပြတ်လတ်မှုမရှဘဲ (PPRD) စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်း အတိုင်း ရောင်းချပြီး အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်စွာရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ယခု ဧပြီလ စတုထ္ထအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင် (၂၉၂၉) ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၂၉၈၆)ကျပ် ၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင် (၂၅၇၈) ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSD တစ်လီတာလျှင်(၃၁၄၈)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန် ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေ ရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဧပြီ (၂၃)ရက်နေ့ နံနက် (၀၉;၃၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များအား ကျွန်းလှမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများဖြင့် ပူးပေါင်းကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်သည့် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက် အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အသင့်သောက်အချိုရည်အမျိုးမျိုး နှင့် အခြားကုန်ပစ္စည်းများတွင် ကုန် အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြား ချက်အမှတ်(/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသား ဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များအတိုင်း ပြည့်စုံစွာထည့်သွင် ဖော်ပြထားခြင်း ရှိ/မရှိ နှင့် သက်တမ်း လွန်ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ တို့အား လစဉ် လျာထားချက်များ သတ်မှတ်ထားသည် ထက် ကျော်လွန်အောင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း၊ ကုန်မျိုးစုံရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ လိုက်နာဆောင်ရွက်ရမည့် တာဝန်များကို သိရှိနားလည်ထားရန်လိုကြောင်း ၊ ထုန်ကုန်လုံခြုံ စိတ်ချရမှုရှိပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ပါရှိသော ကုန် စည်များကိုသာ ရောင်းချရန် အသိပညာပေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြား ချက် အမှတ် (/၂၀၁၉) ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များပါရှိသော လက်ကမ်း စာစောင် များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျောက်တံခါးမြို့နယ်အတွင်း၌ ရောင်းချလျက်ရှိသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ၁၆.၅.၂၀၂၅ ရက်နေ့၌ ကျောက်တံခါးမြို့နယ်အတွင်း ရောင်းချလျက်ရှိသော စားသုံးဆီအရောင်းဆိုင်များအား  သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာတွင် ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် တာဝန်ခံ ဒေါ်တင်တင်စန်းသည် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးနှင့်အတူ ကျောက်တံခါးမြို့နယ်အတွင်းရှိ ကုန်စုံဆိုင် များတွင် ရောင်းချလျက်ရှိသော အသင့်ထုတ်ပိုးထားပြီးသည့် စားသုံးဆီဘူးအမျိုးမျိုး တို့အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ မြို့နယ်တာဝန်ခံသည် စားသုံးဆီဘူးများတွင် မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ ပါဝင်ပစ္စည်းများနှင့် သုံးစွဲပုံ အညွှန်း၊ထားသိုပုံတို့ကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ ကုန်အညွှန်း အမှတ်အသားမပြည့်စုံသော ကုန်ပစ္စည်းများအား ရောင်းချခြင်းမပြုရန်၊ ရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး အသိပညာပေး/ကွင်းဆင်းဆောင်ရွက်လျက်ရှိ

              အထက်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည်   နန္ဒဝန်ဈေး စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်း ဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျှက်ရှိရာ (၁၉.၅.၂၀၂၅) ရက်နေ့တွင် ဈေးအတွင်းရှိ ဆန်လက်လီရောင်းချနေသော ဆန်ဆိုင်(၇)ဆိုင်တို့အား  သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်း အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

              ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည် ရက် (၉၀)၊ ဆင်းသုခ၊ မနောသုခ၊ တောင်ပျံ၊ ကြားပျံ ရွှေဘိုပေါ်ဆန်း၊ မြောင်းမြပေါ်ဆန်း၊ ပုသိမ်ပေါ်ဆန်း၊ ဖျာပုံကြားပျံ၊ ဖျာပုံတောင်ပျံဆန်များကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ နိုဝင်ဘာလအတွက်သတ်မှတ်ထားသော ရည်ညွှန်းဈေးများအတိုင်းရောင်း ချနေသည်ကို စစ် ဆေးတွေ့ရှိခဲ့ရာ ဆန်ရောင်းချမှုမှာလည်း ပုံမှန်အတိုင်းရှိပြီး ဆန်သိုလှောင်မှု အိတ်အရေအတွက် များစွာမရှိပဲ ပုံမှန်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန်  လိုက်နာမှုမရှိပါက ဥပဒေ အရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေးအတွင်းရှိ စားအုန်းဆီလက်လီ/ လက်ကား ရောင်းချနေသော ကုန်စုံဆိုင်များအားစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာရေး) နှင့် ဝန်ထမ်း(၃)ဦးတို့ သည်  (၂၀.၅.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် တောင်ဥက္ကလာ ပမြို့နယ်၊ နန္ဒဝန်ဈေးအတွင်းရှိ စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအား ဈေးစည်ပင်အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချ လျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေး၊ အမိန့်၊ ညွှန်ကြား ချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးခြင်းရှိ/မရှိ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်း မျဉ်း/ စည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ အချိန်အတွယ်မှန်ကန်စွာ ရောင်းချကြရန်နှင့် ခွဲတမ်းရရှိသည့် ဆိုင်များ အနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် Vinyl ချိတ်ဆွဲ ထားရှိရန် အသိပညာပေးပြော ကြားခဲ့ပြီး ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ