သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိကွင်းဆင်း စစ်ဆေးခြင်း ”

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အမှတ်(၁၄)၊ ကံကော်လမ်း၊ မြို့ဟောင်းအလယ်ရပ်ကွက်ရှိ အလှကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လုပ်ငန်းအား ဈေးကွက်မရောက်မီ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ သိရှိစစ်ဆေးနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်နှင့် ဝန်ထမ်းများသည် နိုဝင်ဘာလ(၆)ရက်နေ့၊ နေ့လယ်(၁၂:၃၀) နာရီအချိန်တွင် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

         ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါလုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းသည့် အလှကုန်ပစ္စည်းများပေါ်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)အတိုင်း ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိပါက ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန်နှင့် ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပြီးမှသာ ရောင်းချခြင်းပြုလုပ်ကြရန်နှင့် လုပ်ငန်းရှင်များ လိုက်နာရမည့် အချက်အလက်များအား ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ဈေးကွက်အတွင်း ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ ရောင်းချမှုအားကွင်းဆင်းစစ်ဆေးခြင်း ”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာဈေးအတွင်းနှင့် ဈေးပြင်ပဆိုင်များတွင် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ ရောင်းချနေမှုအခြေအနေအား စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံတို့နှင့် ပူးပေါင်း၍ နိုဝင်ဘာလ(၇)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ထိုင်းနိုင်ငံထုတ်ကုန်လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်၊ အိမ်သုံးကုန်ပစ္စည်းများ ရောင်းချသော စည်ပင်သာယာဈေးအတွင်းရှိ ဆိုင်ခန်းများနှင့် ဈေးပြင်ပစတိုးဆိုင်တွင် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ အခြေအနေနှင့် ယခင်ပတ်ရောင်းချဈေးနှုန်း ယခုပတ်ရောင်းချဈေးနှုန်းစာရင်းများအား ကောက်ယူစစ်ဆေးခဲ့ရာတွင် ထိုင်းနိုင်ငံထုတ်ကုန် ပစ္စည်းအများစုမှ ပစ္စည်းပြတ်လပ်မှုများရှိနေပြီး ဆိုင်များတွင် ကျန်ရှိနေသော လက်ကျန်ပစ္စည်း အနည်းငယ်ကိုသာ ရောင်းချလျက်ရှိပြီး ဈေးနှုန်းများမှာ ယခင်ပတ်နှင့် ယခုပတ်ဈေးနှုန်းများ ကွာ ခြားမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ကွမ်းခြံကုန်းမြို့နယ် ဈေးကွက်အတွင်းရောင်းချနေသော အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကုန်စည်အမျိုးအစားအလိုက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ လစဉ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ(၆)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ရပ်ကွက်အတွင်းဆိုင်များသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် ဈေးပိုင်းရပ်ကွက်ရှိ စိတ်တိုင်းကျ အချိုရည်နှင့်ကုန်မျိုးစုံရောင်းဝယ်ရေး၊ အောင်ချမ်းသာ အချိုရည်နှင့်အဖျော်ယမကာရောင်းဝယ်ရေးဆိုင်များမှ Royal D(သီးစုံ ဓာတ်ဆားအားဖြည့်ဖျော်ရည်)၊ Speed အားဖြည့်အချိုရည်၊ VeVe လိုင်ချီအချိုရည်၊ SHARK အားဖြည့်အချိုရည်၊ Sunkist လိမ္မော်အရသာအချိုရည်တို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှုရှိ/ မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

         ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက အသင့်သောက်အချိုရည်များသည် ကလေးများ အရွယ်စုံလူတန်းစားမရွေးကြိုက်နှစ်သက်ကြသဖြင့် ဘေးအန္တရာယ်ကင်းစေရန်နှင့် လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားပြည့်စုံသောအချိုရည်များကို ရွေးချယ်ဝယ်ယူရောင်းချကြရန် ရောင်းချသူလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ သုံးခွမြို့နယ်တွင် အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စပ်လျဉ်း၍ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ”

        ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အသင့်သောက်အချိုရည်အမျိုးမျိုး ရောင်းချသောဆိုင်နှင့် မုန့်မျိုးစုံဆိုင်များသို့ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းအား နိုဝင်ဘာလ(၆)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ချမ်းသာပါစေ မုန့်ဆိုင်၊ ဦးဝင်းအောင်ကျော် အချိုရည်အမျိုးမျိုးဆိုင်၊ ဦးငွေလှိုင်ဌေး အချိုရည်အမျိုးမျိုးဆိုင်၊ ကြက်တံဆိပ် မုန့်မျိုးစုံဆိုင်နှင့် ရွှေငါး မုန့်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် အသင့်သောက် အချိုရည်အမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး အဆိုပါ လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် အသင့်သောက်အချိုရည်အမျိုးမျိုးအပါအဝင် အခြားကုန်စည်များကိုလည်း ရောင်းချခြင်းမပြုလုပ်ကြရန် ထိုသို့ပြုလုပ်ပါက စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်) 

“ သုံးခွမြို့နယ်အမက(၄)ကျောင်းတွင် အသိပညာပေးဟောပြောခြင်း”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်တင်မေလွင်သည် နိုဝင်ဘာလ(၆)ရက်နေ့၊ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် အမှတ်(၇)ရပ်ကွက်ရှိ အမက(၄) မူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

         အဆိုပါ အသိပညာပေး ဟောပြောပွဲအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အရုပ်ပြပွဲတွင် အမက(၄) မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဝင်းနှင့် ကျောင်းသားကျောင်းသူများအား စားသုံးသူရေးရာဦးစီးဌာန၊ အကြီးတန်းစာရေး ဒေါ်တင်မေလွင်မှ စားသုံးသူကာကွယ်ရေး အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူနှင့်လုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ ရှင်းလင်းခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေစတင်အာဏာတည်သည့်နေ့နှင့် စားသုံးသူအခွင့်အရေးများအကြောင်း၊ စားသုံးသူနစ်နာဆုံး ရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ မဖြစ်မနေဖော်ပြရမည့်အချက်များအား ရှင်းလင်းအသိပညာပေးခြင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များအား ဝယ်ယူခြင်းမပြုလုပ်ကြရန်နှင့် ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန် ရွေးချယ်ဝယ်ယူတတ်စေရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ အသိပညာပေး ဟောပြောပွဲတွင် ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူ (၁၁၇)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ညောင်လေးပင်မြို့နယ်ရှိ ဆန်စပါး သိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ My Ro ကိစ္စများ ကွင်းဆင်းဆောင်ရွက်

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင် ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း ကိစ္စရပ်များနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကိစ္စရပ်များကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိရာ ၂၃.၁၀.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေး ဦးခွန်ကျော်ဝင်းထွန်းတို့သည် ညောင်လေးပင်မြို့နယ်ရှိ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ My Ro ကိစ္စ ရပ်များအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

      ခရိုင်ဦးစီးမှူးနှင့် အဖွဲ့သည် ညောင်လေးပင်မြို့ပေါ်ရှိ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များ နှင့် တွေ့ဆုံကာ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ ကြပါသည်။ ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်း တည်ငြိမ်မှန်ကန်စေ ရေးနှင့် ဆန်စပါးသိုလှောင်မှု အခြေအနေများကို စနစ်တကျ စာရင်းပြုစု မှတ်ပုံတင် ပြုစုထားနိုင် ရေးတို့အတွက် ပြည်တွင်း၌ စီးပွားဖြစ် ဆန်စပါးသိုလှောင်ထားသူများအနေဖြင့် ဆန်စပါး သိုလှောင် ရုံများကို မှတ်ပုံတင်ထားရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ပြီးတစ်နှစ်ကြာလျှင် သိုလှောင်ရုံအား သက် တမ်းတိုးရမည် ဖြစ်ကြောင်း၊ မှတ်ပုံတင်ပြီး ဆန်စပါးသိုလှောင်ရုံများတွင် လစဉ်လတိုင်း ဆန်စပါး အသွင်း၊ အထုတ်၊ လက်ကျန်စာရင်းများကို ထည့်သွင်းပေးရမည်ဖြစ်ကြောင်း၊ ထိုလုပ်ငန်းစဉ်များကို မလုပ်ဆောင်ပါက  သိုလှောင်ရုံပိတ်သိမ်းခံရမည်ဖြစ်ကြောင်းတို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

“ သန်လျင်မြို့နယ်ရှိတိုင်းရင်းဆေးဝါး၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်ရှိ တိုင်းရင်းဆေးဝါးများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းသို့ ကုန်စည်များအပေါ်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်နှင့်ဝန်ထမ်းများသည် နိုဝင်ဘာလ(၅)ရက်နေ့၊ နေ့လယ်(၁၃:၃၀) နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

         မြေပြင်ကွင်းဆင်းစစ်ဆေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်က တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံကာ ၎င်းထုတ်လုပ်ရောင်းချနေသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပါကြောင်း ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်လည်း မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ တစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပြီးမှသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသွားရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပဲနွယ်ကုန်းမြို့ရှိ “ ရွှေတိုးလှိုင် ” (စာကလေးခွေ) စားသောက်ကုန်ထုတ်လုပ်သူ လုပ်ငန်းရှင်နှင့် တွေ့ဆုံ ဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အားတက်တရော ဆောင်ရွက် လျက်ရှိရာ ၂၃.၁၀.၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ရှိ “ ရွှေတိုးလှိုင် ” (စာကလေးခွေ) စားသောက်ကုန်ထုတ်လုပ်သော လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ လုပ်ငန်းအခြေအနေများအား မေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

          မြို့နယ်တာဝန်ခံနှင့် ဒုဦးစီးမှူးတို့သည် “ ရွှေတိုးလှိုင် ” (စာကလေးခွေ)  ထုတ်လုပ်သော လုပ်ငန်းရှင် ဦးရွှေလှိုင်အား လုပ်ငန်းအခြေအနေများ မေးမြန်းခဲ့ရာ ဦးရွှေလှိုင်က လုပ်ငန်းလုပ်ကိုင် ရာတွင် တွေ့ကြုံရသော အခက်အခဲများ နှင့် စိန်ခေါ်မှုများကို တင်ပြရာ ခရိုင်ဦးစီးက မှတ်တမ်းတင် ထားကာ တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် လုပ်ငန်းခွင်အား လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ စစ်ဆေးမှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး၊ လိမ်းဆေးအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို ကြိုးစားပမ်းစား ဆောင်ရွက်လျက်ရှိရာ ၁၅.၁၀.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဒေါ်ကြည်ကြည်ထွန်းနှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ညောင်လေးပင်မြို့ပေါ်ရှိ ဆေး ဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး၊ လိမ်းဆေးအမျိုးမျိုးတို့အား ကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

     ဌာနခွဲစာရေး ဒေါ်ကြည်ကြည်ထွန်းနှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည်  ညောင် လေးပင်မြို့ပေါ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ဈေးကွက်ထဲ၌ ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး၊ လိမ်းဆေးအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ သက်တမ်းကျော်လွန်သော ဆေးဝါးများ ရောင်းချခြင်း ရှိ/ မရှိတို့ကို  စစ်ဆေးခဲ့ပါသည်။  စစ်ဆေးချက်များအရ ညောင်လေးပင်မြို့တွင်းရှိ ဆေးဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိကာ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိ ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပဲခူးမြို့တောင်သူစုကျေးရွာ၊အခြေခံပညာအလယ်တန်းကျောင်းခွဲသို့စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

    ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၃၀.၁၀.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပဲခူးမြို့တောင်သူစုကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲသို့ သွားရောက်၍  စားသုံးသူကာကွယ်ပေးရေးဆိုင်ရာအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဟောပြောပွဲသို့ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ရွှေစင်လှိုင် (အငယ်တန်းစာရေး)မှ  စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ ဥပဒေပေါ်ပေါက်လာပုံ သိကောင်းစရာ အကြောင်းများကို ‌ဟောပြောခဲ့သည်။ ဆက်လက်၍ ဦးသန်းဇော်(ဒုကြီးကြပ်ရေးမှူး)မှ စားသုံးသူ အခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်၊ ကုန်အညွှန်းအမှတ်အသား၊ ကုန်စည်နှင့်ဝန်ဆောင်မှု၊ Online-shopအသုံးပြုခြင်းနှင့် ဝယ်ယူရောင်းချခြင်းများအား အသိပညာပေးဆောင်ရွက်ခဲ့ပြီး စားသုံး သူကာကွယ်ပေးရေးနှင့် ပတ်သတ်သည့်အကြောင်းအရာများကို ကျောင်းသား/ကျောင်းသူ များအား ပြန်လည်မေးမြန်းခြင်းများ ပြုလုပ်ခဲ့ပြီး ဆုရကျောင်းသား/ကျောင်းသူများအား ဆုပေး ခြင်းများ ဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ(၁၄)ဦး ကျောင်းသား/ ကျောင်းသူ (၃၀၀)ဦးတို့ တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ