သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မိတ္ထီလာမြို့၊ ဈေးခေါင်းကြီးရုံး၌ စားသုံးသူကာကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲ

        မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်မိတ္ထီလာမြို့၊ ဈေးခေါင်းကြီးရုံးတွင်  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံဒေါ်သိမ့်သူဇာမောင်(ဒု-ဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ လုပ်ငန်းများနှင့် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများအတွက် ညှိနှိုင်းဖြေရှင်းမှုများလုပ် ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများအားလည်းကောင်း စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများအတွက် ဖြေရှင်းပေးမှုမျာအား အကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကို ဝယ်ယူသုံးစွဲရာတွင်  မိမိတို့ကိုယ်တိုင် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေးနစ်နာ ဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင် ပါကြောင်း၊  DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov. mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်ကြောင်း ၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြောပွဲတွင် (၁၅)ဦးခန့်တက်ရောက်ခဲ့ပါသည်။ လက်ကမ်းစာစောင်များလည်းဖြန့်ဝေခဲ့ပြီး ဟောပြောပွဲကို နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။      

DOCA(မန္တလေး)

မြို့မဈေးအတွင်းရှိဈေးဆိုင်များတွင် အသင့်စားမုန့်အမျိုးမျိုး ရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့် ဝန်ဆောင်မှုများသုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပြဌာန်းချက်များနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များလျော့နည်းပပျောက်သွားစေရေးတို့အတွက် နေရာစုံ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀   ရက်နေ့တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ချောစုထွေး (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့်ပူးပေါင်း၍ မိတ္ထီလာ၊ မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်တွင် အသင့်စားမုန့်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်တွင် ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်း ရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများမှ ကန့်သတ်တားမြစ် ထားသည့်မုန့်များ ရောင်းချခြင်း ရှိ/ မရှိနှင့်  စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်များရောင်းချခြင်း ရှိ/ မရှိတို့အေားစစ်ဆေးခဲ့ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်အမှတ်အသားပြည့်စုံစွာ ဖော်ပြဆောင်ရွက်မှုရှိ/မရှိအား ဌာနမှစျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံ စွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများအား‌ ရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး၊ သတ်မှတ်စံချိန် စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသောသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော အသင့်စားမုန့်အမျိုးမျိုးကိုသာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တ‌လေး)

ကန်ကြီးထောင့်မြို့နယ်၊အ.လ.က မဂူကျွန်းကျောင်းတွင် ကျောင်းသူ/ကျောင်းသားများအား အသိပညာပေးဟောပြောခြင်း

 ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အ.လ.က မဂူကျွန်းကျောင်းတွင် (၂၇.၁.၂၀၂၆) ရက်နေ့၊ နံနက် (၉း00) နာရီအချိန်တွင် အားကစားဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနသို့ ပူပေါင်း၍ ကျောင်း သား/ကျောင်းသူ (၂၄၂) အားအသိပညာပေးဟောပြောခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ကန်ကြီးထောင့်မြို့နယ်မှ ဒု-ဦးစီးမှူးဦးလေးလွင်သည် ကျောင်းသား/ ကျောင်းသူများအား အခန်း (၉) ၊ ပုဒ်မ (၁၉) စားသုံးသူအခွင့်အရေး (၈) ချက်၊ အခန်း (၁၈) ၊ ပုဒ်မ (၄) ကုန်အညွှန်းအမှတ်အသား (၈) ချက်အပြင် စားသုံးသူရေးရာဦးစီးဌာန သိမှတ်စရာများ လုပ်ဆောင်ချက်များအား ဟောပြောပို့ချခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရေကြည်မြို့နယ်တွင် ခရီးသွားဝန်ဆောင်မှု့ လုပ်ငန်းများနှင့်တွေ့ဆုံခြင်း

    ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ တာဝန်ခံရုံးမှ ဝန်ထမ်းများသည်(၂၇.၁.၂၀၂၆) ရက်နေ့၊ နံနက် (၉:၃၀) အချိန်တွင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ ရန်ကုန်၊ငါးသိုင်းချောင်းပြေးဆွဲနေသော ရွှေဝါဖူးယာဉ်လိုင်း တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ခရီးသွားဝန်ဆောင်မှု့နှင့် ပတ်သက်၍ ယာဉ်များသတ်မှတ်ချိန် မှန်ကန်စွာထွက်ရှိရေး၊ ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာဖြင့် ခရီးစဉ်အား အဆင်ပြေချောမွေ့စွာရောက်ရှိစေရေး၊ ယာဉ်ပေါ်တွင်ပါရှိသည့် ကုန်စည်များ သယ်ယူပို့ဆောင်ရာတွင် ကုန်စည်များကို ပစ္စည်းပို့ဆောင်သူရှေ့တွင် စနစ်တကျဖွင့်ဖောက်စစ်ဆေးပြီး ကုန်စည်၏တန်ဖိုးကို လိုက်၍ တန်ဆာခများတောင်းခံခြင်း၊ သယ်ဆောင်ခြင်းဝန်ဆောင်မှု့ပေးသင့်ကြောင်း၊ ဝန်ဆောင်မှု့ပေးရာတွင်လည်း တာဝန်ယူမှု့ တာဝန်ခံမှု့ ရှိသင့်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရှိ ရပါသည်။

DOCA(ဧရာဝတီ)

“ မိတ္ထီလာမြို့နယ်အတွင်းရှိ ကားတာယာအရောင်းဆိုင် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး”

       စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁  ရက်နေ့တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ကားတာယာအရောင်းဆိုင် (၁၀) ဆိုင်၏ လုပ်ငန်းရှင်များနှင့် ခရိုင်ဦးစီးရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ခရိုင်ဦးစီးမှူးမှ ဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်မှု လုပ်ငန်းများကို စားသုံးသူကာကွယ်ရေးဥပဒေ၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ  (၂) ခုနှင့် ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းကုန်သွယ်မှုအနေဖြင့် ပြည်တွင်း/ ပြည်ပနှင့် ဒေသတွင်းထွက်ရှိသော ကုန်စည်များ၏ ဈေးနှုန်းအခြေအနေများကို စာရင်းကောက်ယူတင်ပြလျက်ရှိကြောင်း၊ ယခု ကားတာယာကိစ္စနှင့်စပ်လျဉ်း၍ ဈေးကွက်အတွင်း ကားတာယာ ဈေးနှုန်းများမြင့်တက်လာခြင်းအပေါ် မိတ္ထီလာမြို့ပေါ်ရှိကား တာယာလက်လီအရောင်းဆိုင်များအနေဖြင့် ဝယ်ယူရရှိသည့်အခြေအနေနှင့် ဝယ်ယူရသည့် အခက်အခဲရှိသည့်အချက်များအား ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်နှင့်ဈေးနှုန်းအခြေအနေများအား ပေးပို့တင်ပြရန်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ မိတ္ထီလာမြို့နယ်အတွင်းရှိ ဖုန်းနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး”

         စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည်၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ဖုန်းနှင့်ဆက်စပ်ပစ္စည်း အရောင်းဆိုင်လုပ်ငန်းရှင်များနှင့် ခရိုင်ဦးစီးရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ခရိုင်ဦးစီးမှူးမှ ဖုန်းနှင့်ဆက်စပ်ပစ္စည်းတွင် ကုန်စည်အမျိုးစားအလိုက် ကုန်အညွှန်းအမှတ်သားများအား ပြည့်စုံစွာဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းဆိုင်ရာ အမိန့်ကြေငြာစာ (၂/၂၀၁၉)အား ထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း၊ ကုန်စည်များတွင်မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတွဲလျှက်ရှိစေဖော်ပြရမည့် အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကိုသာရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရေကြည်မြို့နယ်၊ငါးသိုင်းချောင်းမြို့၊ အ.မ.က မူလွန်သရက်ချောင်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

   ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၂၆.၁.၂၀၂၆) ရက်နေ့ နံနက် (၉:၃၀) အချိန်တွင် ငါးသိုင်းချောင်းမြို့၊ အ.မ.က မူလွန်သရက်ချောင်းကျောင်းတွင် ငါးသိုင်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့များဖြင့် လူငယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

          ထိုဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ခင်မာလာ အောင်မှ လူငယ်နှင့်ကျောင်းစာကြည့်တိုက်မှ စာအုပ်စာပေများ လေ့လာခြင်း၊ တာဝန်ခံဦးခင်မောင်မြင့်မှ လူငယ်နှင့်လူကုန်ကူးမှု့အကြောင်း၊ မီးသတ်နယ်မြေတာဝန်ခံဦးဝင်းနိုင်မှ မီးဘေးအန္တရာယ်အကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန ဒုဦးစီးမှူး ဦးအေးမင်းလတ် မှ လူငယ်နှင့်စားသုံးသူကာကွယ်ရေး အသိပညာပေးလုပ်ငန်းများအကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြင်းခြံခရိုင်တွင် Talk Showအစီအစဉ် ဆောင်ရွက်ခြင်း

         မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သူဇာမိုး(ဒုဦးစီးမှူး)သည် မြင်းခြံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၁-၁-၂၀၂၆ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် Onlineရောင်းဝယ်ခြင်းအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် Talk Show အစီအစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

            ဟောပြောဆွေးနွေးရာတွင် Onlineရောင်းချခြင်းဆိုသည်မှာ ကုန်စည်နှင့်ဝန်ဆောင်မှုကို Onlineမှတဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချသည့်လုပ်ငန်းဖြစ်ကြောင်း၊ Onlineရောင်းဝယ်ခြင်း၏ အားသာချက်၊ အားနည်းချက်များ၊ Onlineမှ ရောင်းချသည့် ကုန်စည်၊ ဝန်ဆောင်မှုများကို ဝယ်ယူခြင်းနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများမဖြစ်အောင် ကြိုတင်စိစစ်ဆောင်ရွက်သင့်သည့် အချက်အလက်နှင့် လုပ်ငန်းစဉ်များ၊ မှတ်ပုံတင်ထားသည့် Online ရောင်းချမှုများကိုသာ ယုံကြည်စိတ်ချစွာ ဝယ်ယူသင့်သည့်အခြေအနေများ၊ ဝယ်ယူပြီးနောက် ဖြစ်ပေါ်လာသည့် စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ တိုင်ကြားရမည့် နေရာဌာနများ၊ တိုင်ကြားရမည့်နည်းလမ်းများစသည့် စားသုံးသူပြည်သူများအနေဖြင့် Onlineရောင်းဝယ် ခြင်းနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရန် သိသင့်သိထိုက်သည့် အချက်များအား အကျယ်တဝင့် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ၁၂ရပ်ကွက် ဆေးရုံအရှေ့ရှိ ဆေးအရောင်းဆိုင်များ သတ်မှတ်ချက်နှင့်ညီ/မညီ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ချက်များအတိုင်း ရောင်းချခြင်း ရှိ/မရှိ နှင့် စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်  ကုန်စည်များ အပေါ်တားမြစ်မိန့် ဈေးနှုန်းမြင့်တင်ရောင်းချမှု ရှိမရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၆ရက် နေ့ နံနက်ပိုင်းက ဆောင်ရွက်ကြသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန  တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး နှင့် တာဝန်ရှိသူများနှင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲ ရေး ကော်မတီဝင်များ ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ညောင်တုန်း မြို့နယ်၊ ဆေးဆိုင် များအား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များဖြင့် ရောင်းချခြင်းရှိ/မရှိ၊  စားသုံးသူရေးရာဦးစီးဌာန၏ ဒေသတွင်း ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တင်ရောင်းချခြင်းနှင့် ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်း မျာရှိမရှိကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ကြပြီး မြို့နယ်အတွင်းဆေးဆိုင်များမှာ ဆေးမှာယူဝယ်ယူရောင်းချမှုများကို မေးမြန်းဆောင်ရွက်ခဲ့ပြီး ဆေးဝါးပြန်လပ်မှုမရှိပဲ အခြားသော ဆေးများ အကန့်အသတ်ဖြင့် မှာယူရောင်းချကြပြီး သတ်မှတ်စည်ကမ်းများနှင့်အညီ ရောင်းချပေးလျက်ရှိကြောင်း တွေ့ရှိရပြီး ဆိုင်ရှင်များကို  လိုအပ်သည်များကို လမ်းညွှန်မှာကြားကြကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မြင်းခြံမြို့တွင် ပဲကြော်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊  မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် မြင်းခြံမြို့ရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဥပဒေများနှင့်အညီ ထုတ်လုပ်နိုင်စေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရှိရာ (၁၆.၁.၂၀၂၆)  ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် ဝန်ထမ်းများသည် မြင်းခြံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဂွတ်ထော် အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းခွင်သို့ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

           ဒေသတွင်း MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းသုံးစားအုန်းဆီများကိုလည်း လုပ်ငန်းခွင်များတွင် မှန်ကန်စွာသုံးစွဲမှုရှိစေရန်၊ ထုတ်လုပ်သုံးစွဲသည့် ကုန်ကြမ်းပစ္စည်းများ အရည်အသွေးကောင်းမွန်မှုရှိရန်၊ မိမိတို့ထုတ်လုပ်သော ကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာဖြင့် ထုတ်လုပ်၍ ကျန်းမာရေးနှင့် ညီညွတ်စေရေး အထူးအလေးထား လုပ်ဆောင်ကြရန်၊ ကုန်စည်နှင့်သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအား ပြည့်စုံမှန်ကန်မှုရှိရန်၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရန်တို့အတွက် ဈေးကွက်မရောက်မီ ကုန်စည်များအား လုပ်ငန်းခွင်များသို့ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး ဆက်လက်၍လည်း ဒေသအတွင်းရှိ MSME လုပ်ငန်းခွင်များသို့ စဉ်ဆက်မပြတ် ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ