သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍအား ဦးစားပေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့မှုအခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ဦးစားပေးဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်ဖြစ်သည့် အစားအသောက် ရောင်းချသည့်ဝန်ဆောင်မှု၊ ဆက်သွယ်ရေးဝန်ဆောင်မှု ( အင်တာနက်ဝန်ဆောင်မှု )နှင့်သယ်ယူ  ပို့ဆောင်ရေးဝန်‌ဆောင်မှုတို့အား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅) တွင် သတ်မှတ်အချိန်ကာလအတွင်း ဦးစားပေးဈေးကွက်စောင့်ကြည့် စစ်ဆေးရန် ဆုံးဖြတ်ချက်အရ ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍအား ဩဂုတ်လမှ နိုဝင်ဘာလ အထိ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း သိရှိရ ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးတို့အတွက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှု ( အင်တာနက်ဝန်ဆောင်မှု ) ( ၅ ) ခု အား စစ်ဆေးဆောင်ရွက်ခဲ့ရာ ဝန်ဆောင်မှု (၅)ခုတို့သည် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ ဆက်သွယ်ရေး ဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်)နှင့်စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရန် လမ်းညွှန်ထားသည့် အချက် အလက်များ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်း အော်ပရေတာများသို့ ညွှန်ကြားထားသည့် အချက်အလက်များနှင့် လိုက်နာဆောင်ရွက်မှုရှိကြောင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)များအား မိတ်ဖက်ဌာနများနှင့် သွားရောက် စစ်ဆေးပြီး ဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထားသည့် သိသင့်သိထိုက်သည့်အချက် အလက်များအား   အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA (စစ်ကိုင်း)        

 

“အမေ့သားဂုဏ်ရောင်(၁)” ဆန်စက်သို့ ဆန်/စပါး လက်ကျန်အခြေအနေ ကွင်းဆင်းစာရင်း ကောက်ယူ မှုအခြေအနေ

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန် ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၂၅) ရက်နေ့၊ နေ့လည် (၁၄:၃၀) နာရီအချိန်တွင် ချောင်းဖျားကျေးရွာရှိ “အမေ့သားဂုဏ်ရောင်(၁)” ဆန်စက်သို့ မြေပြင်ဆန်/စပါး လက်ကျန်အခြေအနေ ကွင်းဆင်းစာရင်းကောက်ယူခြင်း ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ စာရင်းကောက်ယူရာတွင် “အမေ့သားဂုဏ်ရောင်(၁)” ဆန်စက်ရှိ မြေပြင်ဆန်/စပါး လက်ကျန်အခြေအနေနှင့် ပေါ်ဆန်း/ဧည့်မထ စပါး/ဆန်သိုလှောင်ထားရှိမှု အခြေအနေ၊ Myro တွင် စာရင်းတင်ထားခြင်းရှိ/မရှိ ကုန်ရ/ကုန်ထုတ် စာရင်းများ ဖြည့်သွင်းထားခြင်းရှိ/မရှိ မြေပြင်လက်ကျန်အခြေအနေမှန်တို့အား ကွင်းဆင်းစာရင်းကောက်ယူခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

“ဇမ္ဗူထွန်း” ဆန်စက်သို့ ဆန်/စပါး လက်ကျန်အခြေအနေ ကွင်းဆင်းစာရင်းကောက်ယူမှုအခြေအနေ

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန် ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၂၅) ရက်နေ့၊ နေ့လည် (၁၃:၃၀) နာရီအချိန်တွင် တော်လှဝကျေးရွာရှိ “ဇမ္ဗူထွန်း” ဆန်စက်သို့ မြေပြင်ဆန်/စပါး လက်ကျန်အခြေအနေ ကွင်းဆင်းစာရင်းကောက်ယူခြင်း ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါ စာရင်းကောက်ယူရာတွင် “ဇမ္ဗူထွန်း” ဆန်စက်ရှိ မြေပြင်ဆန်/စပါး လက်ကျန် အခြေအနေနှင့် ပေါ်ဆန်း/ဧည့်မထ စပါး/ဆန် သိုလှောင်ထားရှိမှု အခြေအနေ၊ Myro တွင် စာရင်းတင်ထားခြင်းရှိ/မရှိ ကုန်ရ/ကုန်ထုတ် စာရင်းများ ဖြည့်သွင်းထားခြင်းရှိ/မရှိ မြေပြင်လက်ကျန် အခြေအနေမှန်တို့အား ကွင်းဆင်းစာရင်းကောက်ယူခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ်၊ တညင်ကုန်းကျေးရွာရှိ“နုရတနာ” ဆန်စက်သို့ ဆန်/စပါး လက်ကျန် ကွင်းဆင်းစိစစ်

  ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့တွင် တညင်ကုန်းကျေးရွာရှိ“နုရတနာ” ဆန်စက်နှင့် တော်ကမယ်ကျေးရွာ ရှိ“မိဘမေတ္တာ(၂)” ဆန်စက်တို့သို့ သွားရောက်၍ ဆန်/စပါးလက်ကျန်စာရင်း ကွင်းဆင်းကောက် ယူစိစစ်ခြင်းများ ပြုလုပ်ခဲ့ကြ ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် Myro တွင် မှတ်ပုံတင်ဆောင်ရွက်ထားခြင်း ရှိ/မရှိ၊ Myro တွင် ဆန်စက်များ၏ ကုန်ရ/ကုန်ထုတ် စာရင်းများ ဖြည့်သွင်းထားခြင်း ရှိ/မရှိ၊ မြေပြင်လက်ကျန်အခြေအနေတို့အား ကွင်းဆင်း၍ ကွက်ကောက်စာရင်းယူခြင်းတို့ကို ကွင်းဆင်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ်၊ (၃) ရပ်ကွက်ရှိ “ဝန်းရံခ” ဆန်စက်သို့ ဆန်/စပါး လက်ကျန် ကွင်းဆင်းစိစစ်

   ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့၊ နံနက်(၁၂:၀၀)နာရီအချိန်တွင် (၃) ရပ်ကွက်ရှိ “ဝန်းရံခ” ဆန်စက်သို့ ဆန်/စပါးလက်ကျန်စာရင်း ကွင်းဆင်းကောက်ယူစိစစ်ခြင်းများ ပြုလုပ်ခဲ့ကြ ပါသည်။

          အဆိုပါစာရင်းကောက်ယူရာတွင် ဒေးဒရဲမြို့နယ် (၃) ရပ်ကွက်ရှိ “ဝန်းရံခ” ဆန်စက်သို့ Myro တွင် စာရင်းတင်ထားရှိမှု အခြေအနေနှင့် မြေပြင်လက်ကျန် အခြေအနေ အမှန်တို့အား ကွင်းဆင်း၍ ကွက်ကောက်စာရင်းယူခြင်း ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ်၊ ထောင်မှူးချောင်ကျေးရွာရှိ “Gold Delta” ဆန်စက်သို့ ဆန်/စပါး လက်ကျန် စာရင်းကောက်ယူကွင်းဆင်းစိစစ်

   ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ထောင်မှူးချောင် ကျေးရွာရှိ“GoldDelta”ဆန်စက်“Agrastar” ဆန်စက်နှင့် “ကောင်းရွှေပြည်သော်” ဆန်စက် တို့သို့ သွားရောက်၍ ဆန်/စပါးလက်ကျန်စာရင်း ကွင်းဆင်းကောက်ယူစိစစ်ခြင်း များ ပြုလုပ်ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် Myro တွင် မှတ်ပုံတင်ဆောင်ရွက်ထားခြင်း ရှိ/မရှိ၊ Myro တွင် ဆန်စက်များ၏ ကုန်ရ/ကုန်ထုတ် စာရင်းများ ဖြည့်သွင်းထားခြင်း ရှိ/မရှိ၊ မြေပြင်လက်ကျန် အခြေအနေတို့အား ကွင်းဆင်း၍ ကွက်ကောက်စာရင်းယူခြင်းတို့ကို ကွင်းဆင်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ်တွင်ဆီလုပ်ငန်းရှင်များအားစားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးသည် ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာ၀န်ခံရုံး၌ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၂၅ရက်နေ့၊နံနက်၁၀:၃၀နာရီအချိန်တွင် ဆီလုပ်ငန်း ရှင်၇ဦးအားစားသုံးသူကာကွယ်‌ရေးအသိပညာ‌ပေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
       အဆိုပါဟောပြောရာတွင် မြို့ဒု-ခရိုင်ဦးစီးမှူးမှဒေးဒရဲမြို့နယ်အတွက် လုပ်ငန်းသုံးဆီခွဲဝေမှုအခြေ အနေနှင့်ဖြန့်ဖြူးရမည့် သတ်မှတ်ဈေးနှုန်းများ ရှင်းလင်းပြောကြားပြီး မိမိတို့ခွဲတမ်းရရှိမှုအပေါ်မှန်မှန် ကန်ကန်သုံးစွဲကြရန် အသင်းမှချမှတ်ထားသော စည်းကမ်းများအား တိတိကျကျမှန်မှန်ကန်ကန်သုံးစွဲ ကြရန်နှင့်အသင်းမှ ချမှတ်ထားသော စည်းကမ်းများကိုလိုက်နာကြရန် ဆီလုပ်ငန်းရှင်များအားပြော ကြားခဲ့ပြီးဆီစာအုပ်ခွဲဝေဖြန့်ဖြူးမှုအခြေ‌အနေများ၊စား သုံးသူပြည်သူများသက်သာစွာ ၀ယ်ယူနိုင်ရန် အဓိကထားဆောင်ရွက်ရန်လို‌ကြောင်း စားအုန်းဆီအရောင်းဆိုင်များအနေဖြင့် စားအုန်းဆီများအား သတ်မှတ်အချိန်ကာလအတွင်း သတ်မှတ်ပမာဏ၊ သတ်မှတ်ဈေးနှုန်းအတိုင်း အလေးချိန်ပြည့်မီစွာဖြင့် ပြည်သူလူထုလက်ဝယ်အရောက် ရောင်းချသွားရန်လိုအပ်ကြောင်း၊ မလိုလားအပ်သော နေရာများသို့ မရောင်းချမိစေရန်လိုအပ်ကြောင်းအသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်းသတင်းရရှိပါသည်။ 

DOCA(ဧရာဝတီ) 

 စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၅ခုနှစ် ၊ အောက်တိုဘာလအတွင်း ကုန်စည်များတွင် မြန်မာဘာသာဖြင့်ကုန်အညွှန်းအမှတ်အသားဖော်ပြမှုအား စိစစ်ပြန်ကြား

          မုံရွာ၊ နိုဝင်ဘာလ  ၅ ရက်စားသုံးသူကာကွယ်ရေးဥပဒေအရကုန်စည်များတွင်မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေဖော်ပြရန် ကုန်စည်အမျိုးအစားအလိုက် အသေးစိတ် ညွှန်ကြားချက်ကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါညွှန်ကြားချက်များအား လုပ်ငန်းရှင်များကသိရှိလိုက်နာလာကြပြီး ၎င်းတို့ ထုတ်လုပ်သည့် ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုအပေါ် ဥပဒေ၊ ညွှန်ကြား ချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ်ပေးရန် စားသုံးသူရေးရာဦးစီးဌာနသို့ တင်ပြလာကြကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သိမ်းမင်း နှစ်ပြန်ကြော်လုပ်ငန်း၊ ရှိုင်း မုန့်မျိုးစုံလုပ်ငန်း၊ ဝင်း ငါးမုန့်ခြောက်ကြော်လုပ်ငန်း၊ ပန်းသီး ကြာညို့လုပ်ငန်းတို့မှ ၎င်းတို့၏ ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသားဖော်ပြမှုအား စိစစ်ပြန်ကြားပေးရန် တင်ပြမှုအား စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာနက ဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိကြောင်း၊ လိုအပ်သည့်အချက် များနှင့် အခြား သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များကိုလည်း လိုက်နာဆောင်ရွက်သွားရန်ပြန် ကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 DOCA (စစ်ကိုင်း)              

(အ.လ.က)နတ်ပေးကျောင်းရှိ ဆရာ/မနှင့် ကျောင်းသား/သူများအား   စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေး

        စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်း ဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိရာ တာဝန်ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက် နံနက် (၀၉:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာ (အ.လ.က)ကျောင်းရှိ ဆရာ/မများနှင့် ကျောင်းသား/သူများကို စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

           အဆိုပါဟောပြောပွဲတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံး၏အခွင့် အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ ကုန်စည်များကို ရွေးချယ်ဝယ်ယူရာတွင် သတိပြုရမည့်အချက်များ၊  စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တိုင်ကြား နိုင်သည့်နေရာနှင့် တိုင်ကြားရမည့်ပုံစံများအား အသိပညာပေးဟောပြောဆွေနွေးခြင်း၊ Online မှတဆင့် ကုန်စည်များဝယ်ယူရာတွင်လိမ်လည်မှုမခံရအောင်သိရှိရမည့်အချက်များကို ဟောပြော ဆွေးနွေးခဲ့ကြောင်း၊ မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးနှင့် တာဝန်များကို ဟောပြောဆွေးနွေး အသိပညာပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

  DOCA (စစ်ကိုင်း)                                                                                   

ဒေးဒရဲမြို့နယ်မှ မြိတ်မြို့သို့ဆန်တင်ပို့မှုအား ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးသိန်းမောင်နှင့် ဝန်ထမ်းတို့သည် (၂၅.၁၀.၂၀၂၅)၊ နံနက် (၈:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ် ဘုရားကလေးကွင်း‌ကျေးရွာ “အောင်ချမ်းသာဆန်စက်နှင့်ဆန်းလှ‌ဝေ” ဆန်စက်မှ မြိတ်မြို့သို့ ပေါ်ဆန်း ဆန်နှင့်ဧည့်မထဆန်များ တင်ပို့လျက် ရှိသည့် လုပ်ငန်းများအား မြို့နယ်အဆင့် တာဝန်ရှိသူများ နှင့်ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
     အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ အောင်ချမ်းသာဆန်စက်မှ ဧည့်မထဆန်(၅၀၀၀)နှင့်”ဆန်းလှဝေ”ဆန်စက်မှ ဧည့်မထဆန်(၁၇၀၀)အိတ်နှင့် ‌ပေါ်ဆန်းဆန်(၅၀၀) အား ရေယာဉ်ပေါ်သို့ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက် များဖြင့် တင်ဆောင်ထားရှိမှု၊ တရားမဝင်ပစ္စည်းများ တင်ဆောင်မှု မရှိစေရေး၊ ရေယာဉ်ကြံခိုင်မှုရှိ/ မရှိတို့အား တာဝန်ခံနှင့် ပြောဆိုဆွေးနွေးခဲ့ပြီး တရားဥပဒေနှင့်အညီ ညီညွတ်မှုမရှိသည့် ကိစ္စရပ်များ ဖြစ်ပွားမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ