သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“အဖွားလက်ရာ” အမှတ်တံဆိပ်ပါ စည်သွပ်ဗူးများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (စစ်ဆေး ရေးအရာရှိ) ဦးဆောင်၍ ဝန်ထမ်း (၂)ဦးသည် ဗိုလ်တထောင်ခရိုင်၊ ဘိုကလေးဈေး စည်ပင် သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၁၉.၅.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီ အချိန်တွင် ဈေးအတွင်းရှိ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်တို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်တို့ရှိ “အဖွားလက်ရာ” အမှတ်တံဆိပ်ပါ ကုန်စည်များ (အသားဟင်း၊ ငါးဟင်းစည်သွပ်ဗူးများ)တွင် ရိုက်နှိပ်ထားသော ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များသည် စတစ်ကာကပ်၍ ဖော်ပြထား‌သည့် အညွှန်းဖော်ပြချက်များနှင့် တူညီမှုရှိ/မရှိ၊ ကွဲလွဲမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် လမ်းညွှန်မှုပြုသည့်အပေါ် ဈေးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် HI-Q, READY အမှတ်တံဆိပ် စည်သွပ်‌ဗူးများ အများ ဆုံးရောင်းချလျှက်ရှိပြီး အဖွားလက်ရာ” အမှတ်တံဆိပ်ပါ(အသားဟင်း/ ငါးဟင်း စည်သွပ် ဗူးများ) ရောင်းချခြင်းမရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ က “အဖွားလက်ရာ” ကုန်စည်များကဲ့သို့ ကုန်အညွှန်းအမှတ်အသား ကွဲလွဲမှုရှိသော ကုန်စည် များကို ဝယ်ယူရောင်းချမှုမဖြစ်စေရေး အထူးဂရုပြုအလေးထားရန်လိုအပ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက် များကို ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

          ဆက်လက်၍ ဗိုလ်တထောင်ဈေးပြင်ပရှိ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်(၃)ဆိုင်တို့ ရှိ “အဖွား လက်ရာ” အမှတ်တံဆိပ်ပါ ကုန်စည်များ (အသားဟင်း၊ ငါးဟင်းစည်သွပ်ဗူးများ)တွင် ရိုက်နှိပ်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များသည် စတစ်ကာကပ်၍ ဖော်ပြထား‌ သည့် အညွှန်းဖော်ပြချက်များနှင့် တူညီမှုရှိ/မရှိ၊ ကွဲလွဲမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့် စစ် ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့နယ်၌ စားအုန်းဆီလက်လီ/လက္ကားအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၃ ရက် နံနက်(၀၉:၃၀)နာရီတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်မှ ကန့်ဘလူမြို့ပေါ်ရှိ စားသုံးသူပြည်သူများကို စားအုန်းဆီလက်လီရောင်းချပေး နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   မြို့နယ်တာဝန်ခံမှ အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ဈေးနှုန်းမှန်ကန်မှုရှိ/မရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ် ကခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ တစ်ဦးလျှင်(၅၀)ကျပ်သားနှုန်း ရောင်းချပေးလျှက်ရှိကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါ သည်။

DOCA(စစ်ကိုင်း)

ဈေးကွက်အတွင်းရှိအသင့်သောက်ကော်ဖီမစ်ထုတ်များတွင် ကုန်အညွှန်း အမှတ်အသားများပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်း

           ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် မေလ (၂၀) ရက်နေ့တွင် မင်္ဂလာတောင်ညွန့် မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းမပေါ်ရှိ One Stop Kitchen တာဝန်ခံနှင့်တွေ့ဆုံ၍ Kitchen Mark အတွင်း ရောင်းချလျှက်ရှိသော အသင့်သောက်ကော်ဖီမစ် ထုတ်များတွင်  ကုန်အညွှန်း အမှတ်အသားများမြန်မာဘာသာဖြင့် ပြည့်စုံစွာရေးသားဖော်ပြထား ခြင်း ရှိ/ မရှိ  ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်သောက်ကော်ဖီမစ်ထုတ်များ ဖြစ်သော  One Twa, Milk Boy,  Platinum, Sunday စသည့် အမှတ်တံဆိပ်များတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ဖော်ပြချက် စသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည်ကို  စစ်ဆေးတွေ့ရှိ ရပြီး စားသုံးသူပြည်သူများ ဘေးအန္တာရာယ်ကင်းဝေးစေရေးအတွက် ယခုလို ဈေးကွက် စောင့်ကြည့်စစ်ဆေးရခြင်းဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားများပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်း

             ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် ၂၀၂၅ ခုနှစ် မေလ (၁၆) ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် တာမွေမြို့နယ်၊ ကျိုက္ကဆံ(စူပါဝမ်း) ရှိ တာဝန်ခံများနှင့်တွေ့ဆုံ၍ အလှကုန်ပစ္စည်းများတွင်  ကုန်အညွှန်းအမှတ် အသားများ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထား ခြင်း ရှိ/ မရှိ  ဈေးကွက်စောင့်ကြည့်စစ် ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အလှကုန်ပစ္စည်းများ (၁၀)ဂရမ်အထက် အလှကုန်များတွင် မြန်မာလိုမဖြစ်မနေဖော်ပြရမည့် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင် သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ ပါရှိရမှာ ဖြစ်ပြီး (၁၀) ဂရမ် အောက် အလှကုန်များတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ဓာတ်မတည့် ကြောင်းဖော်ပြချက်တို့ဖော်ပြထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးခြင်းနှင့် ရေးသားဖော်ပြထားခြင်း မရှိသော  အလှကုန်များကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ‌ အရေးယူခံရမှာဖြစ်ကြောင်း အသိ ပညာ ပေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ရန်ကုန်)

အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားများ ပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်း

            ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် ၂၀၂၅ ခုနှစ်မေလ (၉) ရက်နေ့၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် တာမွေမြို့နယ်၊ Orange ရှိ တာဝန်ခံများနှင့် တွေ့ဆုံ၍ အလှကုန်ပစ္စည်းများတွင်  ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားခြင်း ရှိ/ မရှိ  ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အလှကုန်ပစ္စည်းများ (၁၀)ဂရမ် အထက် အလှကုန်များနှင့် (၁၀)ဂရမ်အောက် အလှကုန်များတွင် မြန်မာလိုမဖြစ်မနေဖော်ပြရမည့် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ ကို စစ်ဆေး ခြင်း နှင့် ရေးသားဖော်ပြထားခြင်းမရှိသော  အလှကုန်များကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ‌ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကလေးကစားစရာအရုပ်များတွင် ကုန်အညွှန်း အမှတ်အသားများပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်း

           ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် ၂၀၂၅ ခုနှစ် မေလ (၁၉) ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် မြောက်ဒဂုံ မြို့နယ်၊ ပင်လုံလမ်းမပေါ်ရှိ Capital Super Market ရှိ တာဝန်ခံများနှင့် တွေ့ဆုံ၍ Market အတွင်း ရောင်းချလျှက်ရှိသော ကလေးကစားစရာအရုပ်များတွင်  ကုန်အညွှန်းအမှတ်အသား များ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားခြင်း ရှိ/ မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ကြောင်း သိရသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကလေးကစားစရာအရုပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များအား မြန်မာဘာသာဖြင့်ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး ကလေးကစားစရာအရုပ်များတွင်  ဘေးအန္တရာယ်ကင်းရှင်းစေရန် ကြိုတင် သတိပေးချက်များကို မဖြစ်မနေရေးသားဖော်ပြရမှာဖြစ်ကြောင်းနှင့် ကလေးများထိခိုက်မှုမရှိစေ ရန်အတွက် ယခုလို ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်းဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဆန်သိုလှောင်သူများနှင့်ရောင်းချသူများ ခေါ်ယူတွေ့ဆုံဆွေးနွေးခြင်း

             ၁၉.၅.၂၀၂၅ ရက်နေ့၊ ၁၅:၀၀ အချိန်၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌   လမ်းမတော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်း မြတ်ကျော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးလှစိုး၊ လမ်းမ တော်မြို့နယ်စည်ပင်သာယာမှ လက်ထောက်အုပ်ချုပ်ရေးမှုး ဦးအောင်ဆွေ၊ လမ်းမတော် မြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်သက်ထွန်း ဦးစီးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကုန်လုပ်ငန်းဌာန၊ မြေနှင့်ဆိပ်ကမ်း(အလယ်ပိုင်း)ဌာနစုမှ မန်နေဂျာ ဦးထွန်းလင်းဦးစီးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ ဆန်သိုလှောင်သူများ၊ ဆန်ရောင်းချသူများအား ခေါ်ယူတွေ့ဆုံ၍ ဈေးကွက်အတွင်း ဆန်ပြတ်လပ်ခြင်းမရှိစေရေး၊ ဆန်ဈေးတည်ငြိမ်မှုရှိစေရေးနှင့် ဆန်ဈေးကစားရန်ရည်ရွယ်ချက် ဖြင့် ဆန်သိုလှောင်ထားမှုများမရှိစေရေးတို့ကိုဌာနဆိုင်ရာမှ တာဝန်ရှိသူတို့နှင့်တက်ရေက်လာသူ လုပ်ငန်းရှင်များက အပြန်အလှန်ဆွေးနွေးကြပြီး အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ၁၆:၃၀ အချိန် တွင်ပြီးစီးခဲ့ရာ တက်‌ရောက်လာသူ စုစုပေါင်း(၂၀)ဦးခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တာမွေမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ စာသုံးသူကာကွယ်ရေးဥပဒေ အကြောင်း အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်ခဲ့

          ၁၉.၅.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ ပိုင်းခရိုင်ဦးစီးမှူးဦးလှစိုးနှင့်တာဝန်ရှိ ဝန်ထမ်းများသည် တာမွေမြို့နယ်၊ အထွေထွေအုပ်ချုပ်‌ရေး ဦးစီးဌာနရှိ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟော ပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

            အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးက ပထမဦးစွာ စားသုံးသူကာကွယ်ရေးဥပဒေ ပေါ်ပေါက်လာပုံ၊ မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉  ဖြင့် ပြဋ္ဌန်းခဲ့ပါကြောင်း၊ ဥပဒေတွင် အခန်း (၂၅)ခန်းနှင့်ပုဒ်မ(၈၃)ခု ပါရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ အသိပညာ ပေးခြင်း လုပ်ငန်းများနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဦးစားပေးဆောင် ရွက်လျက် ရှိကြောင်း၊ စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲမှုနှင့် ပတ်သက်၍ နစ်နာမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုများကိုလည်း ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးပါကြောင်း၊ ဥပဒေပါ ရည်ရွယ်ချက်၊ ကော်မရှင်/ကော်မတီဖွဲ့စည်းခြင်း၊ စစ်ဆေးရေးအရာရှိလုပ်ငန်းတာဝန်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ တို့ကို အကျယ်တဝင့် ဆွေးနွေးပေးခဲ့ရာ ဆွေးနွေးပွဲတက်ရောက်သူ(၁၂)ဦး တက်‌ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်လျက်ရှိသော ကြက်သားဈေးနှုန်း အခြေအနေ

 စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 ယခုအခါ ကန့်ဘလူခရိုင်၌ ရောင်းချလျက်ရှိသည့် ကြက်သားများကို ကန့်ဘလူမြို့ရှိ လက်လီ /လက္ကားဒိုင်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ၊ ဧပြီလ စတုတ္ထပတ်အတွင်း  ကြက်သားဈေးနှုန်းများမှာ ဒေသကြက်(၁)ပိဿာလျှင် ၃၀၀၀၀ကျပ်၊ CPကြက် သား(၁)ပိဿာလျှင် ၂၄၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်နေ့ နံနက် ၀၉:၃၀ အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည်  ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်စုံဆိုင်များ တွင်ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီမြန် မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိနှင့် (၁/၂၀၂၁)နှင့်အညီ ပိဿာ/ကျပ်သားတို့ကို ဖော်ပြထားခြင်း ရှိ/မရှိစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသော စားသုံးဆီများ ၊ တရားမဝင်တင်သွင်းလာသော စားသုံးဆီများကို ရောင်းချခြင်းမပြုလုပ်ရန် ၊ အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ