ဟင်္သာတမြို့နယ် Online Sale မှတ်ပုံတင်လျှောက်ထားရာတွင် ပိုမိုအဆင်ပြေမြန်ဆန်စေရန်အတွက် ဆောင်ရွက်ရန်အချက်များအား အသိပညာပေးTALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၁၇.၁၂.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၃၀)အချိန်တွင် ဟင်္သာတမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ Online Sale မှတ်ပုံတင်လျှောက်ထားရာတွင် ပိုမိုအဆင်ပြေ မြန်ဆန်စေရန်အတွက် ဆောင်ရွက်ရန်အချက်များအား အသိပညာပေးTalk Show အစီအစဉ်ကို ဆောင် ရွက်ခဲ့ပါသည်။
အဆိုပါအစီအစဉ်တွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ Online Shop များမှတ်ပုံတင်နိုင်ရန် လုပ်ဆောင်ပေးနေပြီး Online မှ ဈေးရောင်းချမည့်သူများက မိမိတို့လုပ်ငန်းများကို မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအရ စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန်မှတ်ပုံတင်ထားရမည်ဖြစ်ကြောင်း၊တရားဝင်ကိုယ်ပိုင်ဝက်ဘ်ဆိုက် တစ်ခုရှိရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသူသည် မိမိ ရောင်းချသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက် အလက်နှင့် အာမခံချက်များပေးအပ် ရမည်ဖြစ်ပြီး ကျသင့်တန်ဖိုးနှင့်ညီမျှသောအရည်အသွေး ပြည့်မီစေရန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည် ဖြစ်ကြောင်း၊ Online မှတ်ပုံတင်လျှောက်ထားသူသည် လူ ပုဂ္ဂိုလ် တစ်ဦးချင်းသော်လည်းကောင်း၊ ကုမ္ပဏီ သို့မဟုတ် စီးပွားရေးအဖွဲ့အစည်းအနေဖြင့်သော် လည်းကောင်း လျှောက်ထားနိုင်ကြောင်း၊ Online မှတ်ပုံတင်ခြင်းဆိုင်ရာအသေးစိတ်အချက်အလက် များကို ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း၊ မှတ်ပုံတင်ခြင်းအားဖြင့် ရောင်းသူနှင့်ဝယ်သူကြားမှာ ယုံကြည်မှုပိုမိုရရှိ စေမှာဖြစ်ပြီး အငြင်းပွားမှုများရှိလာလျှင်လည်း ဥပဒေကြောင်းအရ မှန်ကန်စွာဖြေရှင်းနိုင်မှာ ဖြစ်ပါ ကြောင်း၊ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းကိုဆောင်ရွက်မည်ဆိုပါက အရေး ကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ ဆက်လက်၍ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်း အဆင့်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)









