သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆိပ်ဖြူမြို့ပေါ်ရှိ ဖုန်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံ သည် (၂၀.၅.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ပေါ်ရှိ ဖုန်းဆိုင် (၅)ဆိုင်အား ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များအား ရောင်းချရန်နှင့် ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားများအား ပြည့်စုံစွာထည့်သွင်း ဖော်ပြထားကြရန် အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးရှိ “ကိုဦး”ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံသည် စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဈေးကွက်အတွင်းမှ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ပပျောက်စေရေးအတွက် (၂၁.၅.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်းရှိ “ကိုဦး”ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်သို့ သွားရောက်၍  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားရှိခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားရှိသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက် များအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ တားမြစ်ချက်များအကြောင်းကို အသိပညာပေးဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)

မဟာအောင်မြေခရိုင်အတွင်းရှိ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

           မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်အတွင်း မဟာအောင်မြေမြို့နယ်ရှိ  အိမ်ဆောက်ပစ္စည်းများရောင်းချသည့် အရောင်းဆိုင် (၈)ခုသို့    ၂၈.၄.၂၀၂၅    ရက်နေ့  နံနက်ပိုင်းတွင် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ စျေးနှုန်းမြင့်တင်ရောင်းချမှုမရှိစေရေး  ဌာနစုံပူးပေါင်း အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွင် မဟာအောင်မြေမြို့နယ်၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးရေးရာဦးစီးဌာန တို့ပူးပေါင်း၍ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ စျေးနှုန်းမြင့်တင် ရောင်းချမှုမရှိစေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်းများဖြင့် ရောင်းချစေရေးတို့အတွက်  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA(မန္တလေး)

မဟာမြိုင်(၂)ရပ်ကွက်ရှိဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

         မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊   မဟာမြိုင်(၂) ရပ်ကွက်တို့ရှိ  အိမ်ဆောက်ပစ္စည်းများရောင်းချသည့် အရောင်းဆိုင် (၁)ခုသို့    ၂၈.၄.၂၀၂၅    ရက်နေ့  နံနက်ပိုင်းတွင် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ စျေးနှုန်းမြင့်တင်ရောင်းချမှုမရှိစေရေး  ဌာနစုံပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါ သည်။

           အဆိုပါကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွင် မဟာအောင်မြေမြို့နယ်၊  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးရေးရာဦးစီးဌာန တို့ပူးပေါင်း၍ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ စျေးနှုန်းမြင့်တင် ရောင်းချမှုမရှိစေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်းများဖြင့် ရောင်းချစေရေးတို့အတွက်  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  သိရှိရပါသည်။

မဟာမြိုင်(၁)ရပ်ကွက်ရှိဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

         မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁) ရပ်ကွက်တို့ရှိ  အိမ်ဆောက်ပစ္စည်းများရောင်းချသည့် အရောင်းဆိုင် (၁)ခုသို့    ၂၈.၄.၂၀၂၅    ရက်နေ့  နံနက်ပိုင်းတွင် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ စျေးနှုန်းမြင့်တင်ရောင်းချမှုမရှိစေရေး  ဌာနစုံပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွင် မဟာအောင်မြေမြို့နယ်၊  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးရေးရာဦးစီးဌာန တို့ပူးပေါင်း၍ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ စျေးနှုန်းမြင့်တင် ရောင်းချမှုမရှိစေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်းများဖြင့် ရောင်းချစေရေးတို့အတွက်  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA(မန္တလေး)

ရဲမွန်တောင်ရပ်ကွက်ရှိဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

          မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊  ရဲမွန်တောင် ရပ်ကွက်တို့ရှိ  အိမ်ဆောက်ပစ္စည်းများရောင်းချသည့် အရောင်း ဆိုင် (၂)ခုသို့    ၂၆.၄.၂၀၂၅  ရက်နေ့  နံနက်ပိုင်းတွင် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများစျေးနှုန်း မြင့်တင်ရောင်းချမှုမရှိစေရေး  ဌာနစုံပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွင် မဟာအောင်မြေမြို့နယ်၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးရေးရာဦးစီးဌာန တို့ပူးပေါင်း၍ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ စျေးနှုန်းမြင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်းများဖြင့် ရောင်းချစေရေးတို့အတွက်  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA(မန္တလေး)

ဆင်းကတ်အရောင်းဆိုင်များအား အဖွဲ့စုံဖြင့် စစ်ဆေးခြင်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် ဌာန၏လုပ်ငန်းများအပြင် သက်ဆိုင်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဖွဲ့စည်းတာဝန်ပေးအပ်သည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ (၅.၅.၂၀၂၅)ရက်နေ့တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ရွှေဘိုမြို့နယ်တာဝန်ခံသည် ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဖွဲ့စည်းတာဝန်ပေးအပ် ထားသည့် ခရိုင်/မြို့နယ်တရားမဝင်ဆင်းကတ်ရောင်းချမှု စစ်ဆေးရေးအဖွဲ့ဝင်များဖြစ်သည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲတို့နှင့် ပူးပေါင်းစစ်ဆေးခဲ့ကြပါသည်။

       ရွှေဘိုမြို့အမှတ်(၃)ရပ်ကွက်ရှိ Htun Mobile၊ Linn Mobile၊ Friend Mobile၊ ရွှေဒင်္ဂါးဖုန်းဆိုင်နှင့် အမှတ်(၄)ရပ်ကွက်ရှိ ကြယ်တံခွန်ဖုန်းဆိုင်၊ မိုးဇက်ဖုန်းဆိုင်များအား ဆင်းကတ်အရောင်း ကိုယ်စားလှယ် များ၊ အရောင်းဆိုင်(POS)များအပါအဝင် ဆင်းကတ်ရောင်းချသူမည်သူမဆို အော်ပရေတာများနှင့် စာချုပ် ချုပ်ဆိုထားခြင်းရှိ/မရှိ၊ ကြိုတင်မှတ်ပုံတင်ထားသော ဆင်းကတ်များ ရောင်းချမှုမရှိစေရေးနှင့်  ဆင်းကတ်များကို ဆင်းကတ်မှတ်ပုံတင်းခြင်းဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင်ပြုလုပ်ပြီး ရောင်းချမှုရှိ/မရှိ၊ ရောင်းချသူများမှ  သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်မှန်ကန်စွာဖြင့် ဆင်းကတ် မှတ်ပုံတင်ခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်းခြင်းတို့နှင့်ပတ်သက်၍ လိုက်နာရမည့်အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများအတိုင်း တိကျစွာလိုက်နာမှုရှိ/မရှိစစ်ဆေးခဲ့ပြီး ဆင်းကတ်များကို စနစ်တကျမှတ်ပုံတင်ရောင်းချခြင်းနှင့်  လွှဲပြောင်းရာတွင် စနစ်တကျပြန်လည်မှတ်ပုံတင်ခြင်း အမိန့် ကြော်ငြာစာအမှတ်(၁၈/၂၀၂၃)အား အသိပညာပေး ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘုန်းရှိန်ရပ်ကွက်ရှိဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

         မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊    ရွှေဘုန်းရှိန်ရပ်ကွက်တို့ရှိ  အိမ်ဆောက်ပစ္စည်းများရောင်းချသည့် အရောင်း ဆိုင် (၂)ခုသို့    ၂၃.၄.၂၀၂၅    ရက်နေ့  နံနက်ပိုင်းတွင် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ စျေးနှုန်းမြင့်တင်ရောင်းချမှုမရှိစေရေး  ဌာနစုံပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွင် မဟာအောင်မြေမြို့နယ်၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် စားသုံးရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ စျေးနှုန်းမြင့်တင် ရောင်းချမှုမရှိစေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်းများဖြင့် ရောင်းချစေရေးတို့အတွက်  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA(မန္တလေး)

အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းဆောင်ရွက်

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းများ မှတ်ပုံတင်ပါက မြေပြင်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ (၂.၅.၂၀၂၅)ရက်နေ့တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ ထူထောင်ရေးရပ်ရှိ  “Baby Phoung Phoung Online Business ” လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ပြီး မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးနှင့်တာဝန်များ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

စားအုန်းဆီအရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် ၂၀၂၅ ခုနှစ်၊ မေလ (21) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့်ပူးပေါင်း၍ နမ့်စန်မြို့ပေါ်ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားအုန်းဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ အချိန် အတွယ်မှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ
a