သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီအစည်းအဝေးအမှတ်စဉ်(၂/၂၀၂၅)အား တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခြင်း

       ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အောက်ထပ်အစည်းအ‌ဝေးခန်းမတွင် ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၅) အား စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

    အစည်းအဝေးတွင် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ် ကော်မတီ ဥက္ကဋ္ဌ မှ အဖွင့်အမှာစကားပြောကြားခြင်း၊ တက်ရောက်လာသော ဌာနဆိုင်ရာများမှ ရှင်းလင်း တင်ပြခြင်းနှင့်အထွေထွေဆွေးနွေးခြင်း၊ ကော်မတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေးအား နေ့လယ်  (၁၄း၃၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)

“ ကွမ်းခြံကုန်းမြို့နယ်အတွင်း ရောင်းချသောဆန်ဆိုင်များအား ကွင်းဆင်းစိစစ်ခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ ကွမ်းခြံကုန်းမြို့နယ် ဈေးကွက်အတွင်းရောင်းချသောဆန်ဆိုင်များအား စက်တင်ဘာလ(၁) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါ သည်။

      ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးကောက်တာဝန်ခံ ဦးသန့်ဇော်ဦး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးအတွင်း ရောင်းချသော ဒေါ်အေးကြိုင် ဆန်နှင့်ဆန်ထွက်ပစ္စည်း ရောင်းဝယ်ရေး၊ ကိုမျိုးသွင် ဆန်နှင့်ဆန်ထွက်ပစ္စည်းရောင်းဝယ်ရေး၊ ကိုရန်ကုန်သား ဆန်နှင့်ဆန် ထွက်ပစ္စည်းရောင်းဝယ်ရေး၊ ကိုနိုင်ထွန်း+မရီမြင့် “ကျော့” ဆန်ရောင်းဝယ်ရေးဆိုင်များ ရောင်းချ သော ငစိန်(ထွန်းပု)ဆန်၊ ဧည့်မထ (ရက်၉၀)ဆန်၊ မင်းဧရာဆန်၊ မီးဒုံ(ခွန်နီ)ဆန်၊ ငကျွဲ(တောင်ပျံ) ဆန်၊ ကြားပျံဆန်များ၏ ဆန်ဈေးနှုန်းများအား ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ် နွယ်အေးက စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အမျိုးအစားအလိုက် ရောင်းချမည့် ဆန်ဈေး သင့်တင့်မျှတသော ဆန်ဈေးနှုန်း ရည်ညွှန်းဈေးများကို လစဉ်ထုတ်ပြန်လျက်ရှိရာ ရောင်းချသူ လုပ်ငန်းရှင်များ အနေဖြင့် သတ်မှတ်ထားသော ရည်ညွှန်းဈေးဖြင့်သာ ရောင်းချသွားကြရန်၊ ဈေး နှုန်းမြှင့်တင့်ရောင်းချခြင်းမပြုလုပ်ရန်၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်းများ မပြုလုပ်ကြ ရန် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ (၂)ဦး နှင့် ဝန်ထမ်း(၂) ဦးတို့သည်  ကြည့်မြင်တိုင်မြို့နယ်၊ ညဈေး အတွင်းရှိ ဒေါ်သီတာ (ဆီဆိုင်) နှင့် ဦးကြည်ဝင်း (ဆီဆိုင်)တို့အား ဈေးတာဝန်ခံတို့နှင့် ပူးပေါင်းပြိး ဆီရောင်းချမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုအား ၁.၉.၂၀၂၅ ရက်နေ့တွင်သွားရောက်၍ ကွင်းဆင်း အသိပညာ ပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်း ချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

     ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ၂.၉.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်းနှင့် နိုင်ဂရုဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း ၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများတင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

ကမ်းရိုးတန်းသွားရေယာဉ်များ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

       ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)၊ အကောက် ခွန်ဦးစီးဌာန၊  ကုန်သွယ်ရေးဦးစီးဌာန၊ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲတပ်ဖွဲ့ စသည့်ပူးပေါင်းအဖွဲ့များနှင့်အတူ သွားရောက်၍ ၁-၉-၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းဖြစ်သော ယုဇနဆိပ်ကမ်း(ရန်ကုန်)မှ ကော့သောင်းသို့ထွက်ခွာမည် ရေယာဉ်များတွင် တင်ဆောင်ထားသော ကုန်စည်များကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ လက်နက်ခဲယမ်းများနှင့် တရားမဝင်ကုန်ပစ္စည်းများတင်ဆောင်ခြင်းမရှိပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကမ်းရိုးတန်းသွားရေယာဉ်များ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

     ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အကောက်ခွန်ဦးစီးဌာနမှ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၁-၉-၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်း သွားရေယာဉ်များဆိုက်ကပ်သည့် ယုဇနဆိပ်ကမ်း (အမ်တီဓနသိဒ္ဓိ) သင်္ဘောရေယာဉ်အား  အရှေ့ပိုင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာန ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)၊ အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲတပ်ဖွဲ့စသည့်ပူးပေါင်းအဖွဲ့များနှင့်အတူ သွားရောက်၍ ရေယာဉ်များတွင် တင်ဆောင်ထားသောကုန်စည်များကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ လက်နက်ခဲယမ်းများနှင့် တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်ခြင်းမရှိပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

တောင်ဥက္ကလာပမြို့နယ် နန္ဒဝင်ဈေး အတွင်းရှိ အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (စစ်ဆေးရေး အရာရှိ) နှင့်ဒေါ်အေးအေးမော် (စစ်ဆေးရေးအရာရှိ) (၂)ဦးသည် မြို့နယ်စည်ပင်သာယာရေး ကော်မတီဈေးများဌာနတို့နှင့်ပူးပေါင်း၍ ၁.၉.၂၀၂၅ ရက်နေ့ ၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် တောင်ဥက္ကလာပမြို့နယ် နန္ဒဝင်ဈေးအတွင်းရှိ အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိများက  အလှကုန်ပစ္စည်းများ တွင် ကုန်ညွန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ လုပ်ငန်းရှင်များအားစီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ၊ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်၍ မည်သည့်စီးပွားရေးလုပ် ငန်းရှင်မဆို ပုဒ်မခွဲ (ခ)၊ (ဂ) နှင့် (ဆ)တို့ပါ အချက်များကို ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြစ်၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်းအသိ ပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးအတွင်းရှိ အလှကုန်ပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      (၁-၉-၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(ရုံးအုပ်)နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဈေးများဌာနတို့နှင့် ပူးပေါင်း၍ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးအတွင်းရှိ အလှကုန်ပစ္စည်းများအား သွားရောက်၍ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါ သည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသာ အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များဖြစ်သော ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသာ တင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုး ကျိုး(သို့)ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များပါဝင်မှု ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော် ပြထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဒေါပုံမြို့နယ်၊ Capital Hyper Market ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှဦးသိန်းထွန်း(ဌာနခွဲစာရေး) နှင့်ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ ဒေါပုံမြို့နယ်၊ Capital Hyper Market သို့ (၂၉-၈-၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၄:၀၀) နာရီ အချိန်တွင် သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဦးသိန်းထွန်း(ဌာနခွဲစာရေး)က ကုန်ပစ္စည်း များနှင့်ပတ်သက်၍ ဈေးနှုန်းမြှင့်တက်မှု ရှိ/မရှိ၊ ကုန်ပစ္စည်းကန့်သတ်ရောင်းချခြင်း ရှိ/မရှိ၊ ပစ္စည်း ပြတ်လပ်မှုရှိ/မရှိနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း (၁၈ )ရှိကုန်ညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာဘာသာနှင့် အခြားဘာ သာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူရောင်းချရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Myanmar Uni LINK အင်တာနက်ဝန်ဆောင်မှုစစ်ဆေးခြင်း

     ဝန်ဆောင်မှုကဏ္ဍ (၃) ရပ်နှင့်စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရမည့် ဆက်သွယ်ရေးဝန် ဆောင်မှု၊  (အင်တာနက်) ဝန်ဆောင်မှုဆိုင်ရာကဏ္ဍအား စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်းများသည်(၁.၉.၂၀၂၅) ရက်နေ့၊ နံနက် (၁၀း၃၀)အချိန်ခန့်တွင် အမှတ်(A 03 - 04)၊ Golden City  Business  Center Yankin TSP၊ ရန်ကင်းမြို့နယ်တွင်ဖွင့်လှစ်ထားသော Myanmar Uni LINK အင်တာနက်ဝန် ဆောင်မှုအား စားသုံးသူများနစ်နာမှုမရှိစေရေးအတွက် သိသည့်သိထိုက်သည့် အချက်အလက် များအား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားထားသည့် အချက်(၁၁)ချက် အပေါ် အခြေခံ၍ စစ်ဆေးခဲ့ရာ အဆိုပါလုပ်ငန်းသည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၃)ရှိ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အားမခံချက်ပေးရသည့်လုပ်ငန်းဖြစ်ကြောင်း မည်သည့်လုပ်ငန်းရှင်မဆို စားသုံးသူပေါ် ဝန်ဆောင်မှုပေးခြင်းနှင့်ပတ်သက်သည့်အချက်(၅)ချက် အား ရှင်းလင်းအသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ