သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘိုကလေးမြို့မဈေးအတွင်း ကုန်မျိုးစုံအရောင်းဆိုင်များရှိ သောက်ရေသန့်ဘူးများအား ကွင်းဆင်းစစ်ဆေး

  ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေး အဖွဲ့နှင့် ပူးပေါင်း၍ (၇.၄.၂၀၂၅) နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များသို့ သောက်ရေသန့်ဘူးများတွင် မြန်မာဘာသာ ကုန်အညွှန်းအမှတ် အသားနှင့် FDA ထောက်ခံချက်များ ပြည့်စုံမှု ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ဈေးကွက်အတွင်းရှိ အရောင်းဆိုင်များတွင် “ရွှေလင်းအိမ်”ရေသန့်၊ Ever Living  Water နှင့်၊ Love သောက်ရေသန့်၊ “မင်းမင်း” သောက်ရေသန့် ဘူးများပေါ်တွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုရှိ/မရှိနှင့် FDA ထောက်ခံချက်များ ပြည့်စုံမှုရှိ/မရှိ တို့ကို ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ရာ FDA ထောက်ခံချက်များ၊ ကုန်အညွှန်းအမှတ်အသား ၊ ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ စသည်တို့ကို ပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရပြီး အရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်း မရှိသော ကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသဖြင့် ရောင်းချခြင်းမပြုရန် အသိပညာ ပေးခဲ့ပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့နယ် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၉.၄.၂၀၂၅)ရက်နေ့ နေ့လည် (၁၃:၀၀)အချိန်တွင် ကြံခင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန(Community Centre)ခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအစီအစဉ်တွင်  မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက ၂၀၁၉ ခုနှစ် မတ်လ (၁၅) ရက် နေ့တွင်ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေ၏  မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ စားသုံး သူတို့ရရှိသင့်သည့်အခွင့်အရေးများအကြောင်းရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဆက်လက်၍ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စားသုံးသူသတင်းပြန်ကြား ရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်ဦးစီးမှူးသည် (၉.၄.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဇလွန်မြို့၊ လမ်းမတော်(မ)၊ အနော်ရထာလမ်းရှိ ဈေးတာဝန် ခံရုံး၌ မုန့်မျိုးစုံအရောင်းဆိုင်၊ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

   ဟောပြောပွဲတွင် စားသုံးသူ‌ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူကာ ကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ဈေးကွက်အတွင်းရောင်းချသော ကုန်စည်အမျိုးအစားပေါ်တွင် သက်ဆိုင်ဌာနများ၏ထောက်ခံချက်၊ကုန်အညွှန်းအမှတ်အသား ပြည့်စုံ မှန်ကန်စွာ ဖော်ပြထားသောကုန်စည်များကိုသာရောင်းချရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်း အမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ) တို့ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှု များနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူ မိဘပြည်သူများအနေဖြင့်လည်းစားသုံးသူရေးရာဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူသတင်း ပြန်ကြားရေး နှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကို လည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြ ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကုန်စုံရောင်းချသူ လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်

   မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်း များသည် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဧပြီလ ၉ရက်နေ့ နံနက် ၀၉:၃၀ နာရီအချိန်တွင် ထူးကြီးမြို့ အမှတ် ၁ ရပ်ကွက်၌ ရောင်းချလျက်ရှိသော ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားနှင့်ပတ်သက်၍ ပြည့်စုံကိုက်ညီမှုရှိစေရန် ကုန်စုံရောင်းချသူလုပ်ငန်းရှင် များအား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောမှုများဆောင်ရွက်ခဲ့ ကြောင်းသတင်းရရှိပါသည်။

     ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန စစ်ဆေးရေးအရာရှိ ဦးဘိုဘိုက စားသုံးသူ ကာကွယ်ရေးဥပဒေကို အခန်း(၂၅)ခန်း၊ ပုဒ်မ (၈၄)ခုဖြင့် ဖွဲ့စည်းထားကြောင်း၊ စားသုံးသူကာကွယ် ရေး ဥပဒေအခန်း(၁၈)တွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍  ကုန်စည်အမျိုးမစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံမှန်ကန်သိသာထင်ရှားစွာ ဖော်ပြရ မည်ဖြစ်ကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်စုံရောင်းချသူလုပ်ငန်းရှင်များအနေဖြင့် အကျိုးစီးပွားတစ်ခုကိုသာ ကြည့်ရှုရောင်းချသူများ မဖြစ်စေရန်နှင့် စီးပွားရေးဆိုင်ရာကျင့်ဝတ်များကို စောင့်ထိန်ပြီး စားသုံးသူများအား ထိခိုက်နစ်နာမှုများမရှိစေရေး အလေးထား‌ဆောင်ရွက်ရန်လို သည်ကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြန်အောင်ခရိုင် အင်္ဂပူမြို့နယ် ဆုံကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးအိမ်၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်

  ၂၀၂၅ခုနှစ်၊ မတ်လ(၈)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် အင်္ဂပူမြို့နယ် ဆုံကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးအိမ်၌  ပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာဗဟုသုတများရရှိစေရန်နှင့် စားသုံးသူများအနေဖြင့် လိုက် နာကျင့်သုံးရမည့် တာဝန်ဝတ္တရာများကိုလည်း နားလည်သိရှိနိုင်စေရန် ရည်ရွယ်၍ စားသုံးသူကာ ကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

     အဆိုပါဟောပြောပွဲတွင် အင်္ဂပူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဘိုဘို က စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မျှော်မှန်းချက်၊ရည်မှန်းချက်များချမှတ်၍ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထုတ်လုပ်သူနှင့် ဖြန့်ဖြူးသူတို့၏ မမှန်မကန်လုပ်ဆောင်မှုများမှ ကာကွယ်ရန်နှင့် ကုန်စည်၊ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အရည်အသွေး၊ အဆင့်အတန်း မပြည့်မီခြင်းမှ ကာကွယ်နိုင် ရန်အတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စီးပွားရေးလုပ် ငန်းရှင်များမှ စောင့်ထိန်းရမည့် စီးပွားရေးဆိုင်ရာကျင့်ဝတ်များကို လိုက်နာကျင့်သုံးသွားရန် လိုအပ် သကဲ့သို့ စားသုံးသူပြည်သူများဘက်မှလည်း သတင်းအချက်အလက် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ကုန်စည်ကိုရွေးချယ်ဝယ်ယူရာတွင်သဘောတူညီထားသည့်တန်ဖိုးနှင့်အညီ ပေးချေခြင်း၊ လုပ်ငန်းရှင်အပေါ်မဟုတ်မမှန်စွပ်စွဲပြောဆိုခြင်း၊ ရေးသားခြင်း၊ ပြုမူခြင်းတို့ကို ရှောင် ကြဉ်ရန်လိုအပ်ကြောင်း စသည့် စားသုံးသူတာဝန်များကိုလည်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့နယ် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၉.၄.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)အချိန်ျတွင် လေးမျက်နှာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံး၌ စားသုံးသူပြည်သူ (၂၀) ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း ကို ဆောင်ရွက်ခဲ့ပါသည်။

ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည်ကုန်စည်ကိုရွေးချယ်ဝယ်ယူတတ်စေရန် ကုန်အညွှန်း အမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ် ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသား များအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့် ပြစ်ဒဏ်များ အကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေ ကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက် လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ် သောက်‌ရေသန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၉.၄.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံအရောင်းဆိုင် များတွင် ရောင်းချသော သောက်ရေသန့်အမျိုးမျိုးအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူမိဘပြည်သူများ ဘေး အန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊  သောက်ရေသန့် ဘူးပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့် ဖော်ပြရန်နှင့်  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များ အကြောင်းနှင့် ပြစ်မှုပြစ် ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၉.၄.၂၀၂၅)ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့၊ ဗိုလ်ချုပ်လမ်း၊ ညောင်ပင်ဈေး ရပ်ကွက်၊ မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ် ထုတ်ပြန်ထားသည့် ဈေးနှုန်းအပေါ် မြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကိုဆောင်ရွက် ခဲ့ပါသည်။

 ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှလအလိုက်ထုတ်ပြန် ပေးသော သင့်တင့်မျှတသည့် ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာ ချက်ပါ ဆန်ဈေးနှုန်းထက်ကျော်လွန်ရောင်းချမှု မရှိကြောင်း၊  ဈေးကွက်အတွင်းရောင်းချနေသော ဆန်အမျိုးအစားအလိုက် ဆန်ဈေးနှုန်းများမှာ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချလျက် ရှိ ပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း၊ မသမာသောနည်းလမ်းဖြင့်ဆန်ကြမ်းများ၊ဆန်ကွဲများရောနှော ရောင်းချခြင်းမရှိကြောင်း စိစစ်တွေ့ရှိရပြီး၊ မြို့မဈေးအတွင်းရှိ ဆန်ဆိုင်(၅)ဆိုင်အား ကွင်းဆင်းစစ် ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ACME ရေသန့်စက်ရုံ လုပ်ငန်းဆောင်ရွက်မှု အခြေအနေအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

   ၇-၄-၂၀၂၅ ရက်နေ့က စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၏ လမ်းညွှန်ချက်အရ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခဲနှင့် ဝန်ထမ်းများသည် ACME ရေသန့်စက်ရုံ လုပ်ငန်းဆောင်ရွက်မှု အခြေအနေအားကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးတွေ့ရှိချက်အရ ACME ရေသန့်စက်ရုံ လုပ်ငန်းပိုင်ရှင်သည် ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင်လျှက်ရှိကြောင်း မြေပြင်ကွင်းဆင်းစစ်ဆေးရာမှ စက်ရုံပိုင်ရှင်နှင့် ဆွေမျိုတော်စပ်သူထံမှ သိရပြီး၊ စက်ရုံလုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ပန်းတနော်မြို့နယ်တာဝန်ခံရုံးသို့လာရောက်၍ ရှင်းလင်းဆွေနွေးခဲ့ရာ ရေသန့်စက်ရုံမှ အိတ်သိမ်းထားတာကြာမြှင့်နေပြီဖြစ်၍ အခြားသူသို့ရောင်းချ ထားပြီးဖြစ်ကြောင်း ၊ ၎င်းစက်ရုံမှာ ယခု ပိုင်ရှင်အသစ်မှ အဆောက်အဦးအသစ်ပြန်လည်တည် ဆောက်နေခြင်းဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးများ ဝန်ထမ်းများ စုပေါင်း၍ စားသုံးသူရေးရာဦးစီးဌာန နေပြည်တော်သို့ ငလျင်ဘေးသင့် ဝန်ထမ်းများအတွက် လိုအပ်သော စာသောက်ဖွယ်ရာများ သွားရောက်လှူဒါန်း

  ၈-၄-၂၀၂၅နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဝန်ထမ်းမိသားစုများကိုယ်စား မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက စားသောက်ကုန်ပစ္စည်းများ အား ရုံချုပ်သို သွားရောက်၍ လှူဒါန်းပေးအပ်ခဲ့သည်။

  ဧရာဝတီတိုင်းဦးစီးမှူး ဦးဝင်းထွန်’မိသားစုမှ ဦးဆောင်မတည်အလှူငွေဖြင့် ကျန်ရှိသော ဧရာဝတီတိုင်းအတွင်း ခရိုင်/မြို့နယ် ဝန်ထမ်းအသီးသီးက စူပေါင်း၍ ငလျင်ဘေးသင့် နေပြည်တော် ဝန်ထမ်းမိသားစုများကို စားသောက်ဖွယ်ရာ ငါးခြောက်ပိဿာ ၃၇၅ပိဿာ ၊ ဆန် ၃၆၀အိတ်၊ မျှင်ငပိ ၃၆၀ပိဿာ နှင့်အခြားသော ပစ္စည်းများ၊ မအူပင်ခရိုင်ဝန်ထမ်းများနှင့် နေပြည်တော်ရုံးချုပ် စီမံရေးရာဌာနသို့ ပေးအပ်လှူဒါန်းခဲ့ပြီး၊ ဖျာပုံခရိုင်ဝန်ထမ်းများကပါ ကုန်စည်ထုတ်ပိုးပို့ဆောင်နိုင်ရေး လုပ်အားဒါနပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ