သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မွန်ပြည်နယ်တွင်ဆန်စပါးအစိုဓာတ် တိုင်းတာရေးနောက်ကြောင်းပြန် ခြေရာခံစနစ်အကြောင်း အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပ

၂၀၁၉ ခုနှစ် ၊ ဇွန် ၂၁

            မြန်မာနိုင်ငံတွင် ဆန်စပါးအစိုဓာတ် တိုင်းတာရေးနောက်ကြောင်းပြန် ခြေရာခံစနစ် တည်ထောင်ရန်အတွက် ဂျပန်နိုင်ငံ JICA ၏အကူအညီဖြင့် ပညာရေးဝန်ကြီးဌာနရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အဆိုပါစနစ်နှင့် ပတ်သက်သည့် အသိပညာပေးဟောပြောပွဲများကို ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ကျင်းပ ပြုလုပ်လျက်ရှိပါသည်။ ဆန်စပါးအစိုဓာတ်တိုင်းတာရေး နောက်ကြောင်းပြန် ခြေရာခံစနစ် အကြောင်း အသိပညာပေးဟောပြောဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူး ရုံးတွင် ၂၀.၆.၂၀၁၉ ရက်နေ့၌လည်းကောင်း၊ မွန်ပြည်နယ်ဦးစီးမှူးရုံးတွင် ၂၁.၆.၂၀၁၉ ရက်နေ့၌ လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်တွင်းစျေးကွက်တွင် ဆန်စပါးရောင်းဝယ်ဖောက်ကားရာ၌  အစိုဓါတ်ပေါ်မူတည်၍ အကဲဖြတ်စစ်ဆေးကြရာ အစိုဓာတ်များလျှင် စပါးပေါင်ပိုပေးရခြင်း၊ စျေးနှိမ်ခံရခြင်းများ ကြုံတွေ့ ကြရသောကြောင့် တိုင်းတာကိရိယာများမှန်ကန်မှုမရှိပါက ရောင်းသူဝယ်သူ တစ်ဖက်ဖက်တွင် နစ်နာမှုများရှိ၍ နှစ်ဦးနှစ်ဖက်ကူးသန်းရောင်းဝယ်မှုပြုရာတွင် မမျှတမှုများဖြစ်ပေါ်နိုင်ပါသည်။ ထိုကြောင့် မျှတသောကုန်သွယ်မှု (Fair Trade) ဖြစ်ပေါ်စေရန် အစိုဓါတ်တိုင်းကိရိယာများကို နောက်ကြောင်းပြန်ခြေရာခံသည့်စနစ်တည်ထောင်ရန်လိုအပ်မှုနှင့် အဆိုပါစနစ်နှင့်ပတ်သတ်သည့် အချက်အလက်များကို သိရှိစေရန်ရည်ရွယ်၍ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး ၊စစ်ကိုင်းနှင့် မွန်ပြည်နယ်များတွင် အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

            အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ငွေ က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဌ ဒေါက်တာ မျိုးအောင်ကျော် က "Significance of Grain Moisture Content Instrument in Postharvest Handling and Trading" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနလက်အောက်ရှိ NIMM မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းတင့်က "ဆန်စပါးတွင် ပါဝင်သော အစိုဓာတ်ကို တိုင်းတာသည့် ကိရိယာများအား ကွင်းဆက်မပြတ်စံဖြင့် တိုင်းကြည့်စစ်ဆေးခြင်း " ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင် က "တိကျသော ဆန်စပါးအစိုဓာတ်တိုင်းတာခြင်းစနစ်" ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ပါသည်။

            ထို့နောက် Kett Electric Laboratory မှ မန်နေဂျာ Mr. Yoshida က စီမံကိန်း၏ ရည်ရွယ်ချက်နှင့် စီမံကိန်းအကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး (Japan Development Service-JDS) မှ Mr. Nishi Zaki က စီမံကိန်းကာလအတွင်း တောင်သူ၊ ကုန်သည်၊ စက်ပိုင်များထံမှ စစ်တမ်း ကောက်ယူရရှိခဲ့သည့် အခြေအနေများ နှင့် အစိုဓာတ်တိုင်းတာသည့် စက်ကိုအသုံးပြုခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ ကိုရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော တောင်သူလယ်သမားများ၊ ကုန်သည်ပွဲစားများနှင့် ဆန်စက် လုပ်ငန်းရှင်များမှ မေးမြန်း ဆွေးနွေးခြင်းကို စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ငွေနှင့် မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါက်တာ မျိုးအောင်ကျော် တို့က ဖြေကြားခဲ့ကြပါသည်။

သင့်မှာစားသုံးသူအခွင့်အရေးတွေရှိတယ်ဆိုတာ သိပါသလား? DOCA က ဒီလိုအခက်အခဲတွေကို ဖြေရှင်းဖို့ ကူညီပေးနေပါတယ်။

Telenor Myanmar Limited ၏ “Data Roaming PayGo”နှုန်းထားများပြောင်းလဲ ကောက်ခံခြင်း

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် Telenor Myanmar Limited မှ ဗီယက်နမ်၊ ထိုင်း၊စင်္ကာပူ၊ပါကစ္စတန်၊မလေးရှား၊ အင်ဒိုနီးရှား၊တရုတ်၊ကမ္ဘောဒီးယား နှင့် ဘင်္ဂလားဒေ့ရှ် စသော အာရှနိုင်ငံ (၉) နိုင်ငံတွင် တယ်လီနောဖြင့် အင်တာနက်အသုံးပြုလိုပါက Pay Go နှုန်းထားကို ယခင်က 1MB လျှင် ၁၄ကျပ်မှ ယခု ၁၅ ကျပ်နှုန်းဖြင့် ပြောင်းလဲကောက်ခံ မည့် ဝန်ဆောင်ခနှုန်းထားမြှင့်တက်မှုများအား သုံးစွဲသူ(Customer) များသိရှိနိုင်စေရန် အသိပေး ကြော်ငြာအပ်ပါသည်။

ရန်ကုန်မြို့တွင်ကျင်းပသော တိုက်ရိုက်ရောင်းချခြင်းဥပဒေမူကြမ်းအပေါ် အများပြည်သူ သဘောထား ဆန္ဒရယူဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနက ပြုစု ရေးဆွဲလျှက်ရှိသော တိုက်ရိုက်ရောင်းချခြင်းဥပဒေမူကြမ်းအပေါ် အများပြည်သူသဘောထား ဆန္ဒ ရယူဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲ Public Consultation Workshop on Direct Selling Law (Draft) ကို ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမတွင် ၂၀-၂-၂၀၁၉ နံနက် ၉နာရီ အချိန်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင် တက်ရောက်ပြီး ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်၍ USAID-funded Private Sector Development Activity မှ Chief of Party ဖြစ်သူ Mr. Steve Parker ကနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ Direct Selling Law Legal Expert ဖြစ်သူ Ms. Jodaniel က ပြည်ပ နိုင်ငံများ၏ တိုက်ရိုက်ရောင်းချခြင်းဥပဒေများ ပြဌာန်းထားရှိမှုအခြေအနေကို ရှင်းလင်းဆွေးနွေး ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်က ဥပဒေမူကြမ်းရေးဆွဲထားမှုအခြေအနေနှင့်စပ်လျဉ်း၍လည်းကောင်း ဥပဒေမူကြမ်းတွင်  ရေးသား ဖော်ပြထားသည့် အချက်များကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

          အဆိုပါ အလုပ်ရုံဆွေနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ် ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများ ရန်ကုန်တိုင်းဒေသကြီးမှ ဌာနဆိုင်ရာတာဝန်ရှိသူများ ဒဂုံ တက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ ဒေါက်တာနီလာစိုး၊ တွဲဖက်ပါမောက္ခ ဒေါက်တာရီရီလွင် နှင့် ဆရာ/ဆရာမများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင် များနှင့် အထူးဖိတ်ကြားထားသည့် ပညာရှင်များနှင့် ဧည့်သည်တော်များ တက်ရောက်ဆွေးနွေးခဲ့ ကြပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်

Public Consultation Workshop on Direct Selling Law (Draft) အခမ်းအနား ကျင်းပပြုလုပ်ခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ပြုစုရေးဆွဲလျှက် ရှိသော တိုက်ရိုက်ရောင်းချခြင်းဥပဒေမူကြမ်းအပေါ် အများပြည်သူ သဘောထားဆန္ဒရယူဆွေးနွေး သည့် အလုပ်ရုံဆွေးနွေးပွဲ Public Consultation Workshop on Direct Selling Law (Draft) ကို မန္တလေးမြို့ Hotel Hazel Mandalay တွင် ယနေ့ နံနက် ၉ နာရီအချိန်တွင် စတင်ကျင်းပရာ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက အဖွင့်အမှာစကားပြောကြား ပြီး စားသုံးသူရေးရာဦးစီးဌာန ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်က ဥပဒေမူကြမ်းရေးဆွဲထားမှုအခြေအနေနှင့် စပ်လျဉ်း၍ ဘာသာရပ်ဆိုင်ရာ အရာထမ်းများက ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူး များ၊ မန္တလေးတိုင်းဒေသကြီးဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးကြပါကြောင်း စားသုံးသူပြည်သူများသို့ အသိပေးတင်ပြအပ်ပါသည်။

 

စားသုံးသူရေးရာဦးစီးဌာန

ရုံးချုပ်၊ နေပြည်တော်

စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်အမိန့်ကြေငြာစာအမှတ်(၁/၂၀၁၈)အားရှင်းလင်းဆွေးနွေး

စားသုံးသူရေးရာဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမှ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်း များသည် (၂၅.၁.၂၀၁၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီချိန် တာချီလိတ်မြို့ နယ်စပ်ကုန်သည်ကြီးများအသင်းရုံး၌ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ သောက်ရေသန့်လုပ်ငန်းရှင်များ၊ ကုန်စည်လက်လီလက်ကား ရောင်းချသူများ၊ ဆေးဆိုင်/ ကုန်စုံဆိုင်နှင့် မုန့်လုပ်ငန်းရှင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များအပါအဝင် စီးပွားရေး လုပ်ငန်းရှင်စုစုပေါင်း(၃၂)ဦးတို့အား စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီ၏ (၂၆.၁၀.၂၀၁၈)ရက်စွဲပါ လုပ်ငန်းရှင်များလိုက်နာရမည့် ကုန်စည်များ တွင်မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာဘာသာနှင့်အခြားဘာသာ တွဲလျှက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်များတွင် သုံးစွဲပုံနှင့်ပတ်သက်သောညွှန်ကြားချက်ကို ရှင်းလင်းအသိပေးပြီး လုပ်ငန်းရှင်များ၏ ပြန်လည်ဆွေးနွေးချက်များအပေါ် ဒုတိယပြည်နယ်ဦးစီးမှူးမှ ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရှိရပါသည်။ ဆက်လက်ပြီးထုတ်ပြန်ထားသည့် ကြေငြာချက်ပါ ကုန်စည်(၉)မျိုးအား အမိန့်ကြေငြာစာထုတ်ပြန်ပြီး (၆)လပြည့်မြောက်သည့်နေ့တွင် စတင်အာဏာသက်ရောက်မည် ဖြစ်ကြောင်း နှင့် လိုက်နာမှုမရှိပါက စားသုံးသူအကာအကွယ်ပေးရေးဥပဒေပုဒ်မ ၁၉ အရ အရေးယူခံရမည့်ကိစ္စရပ်များအား ရှင်းလင်းပြီး ဒေသကုန်သွယ်မှုအခြေအနေများများကိုပါ စီးပွားရေးလုပ်ငန်းရှင်များများနှင့် ဆွေးနွေးကြပြီး ရှမ်းပြည်နယ် အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ထံတင်ပြဆောင်ရွက်သွားမည့် လုပ်ငန်းများကိုလုပ်ငန်းရှင်များထံ ရှင်းလင်းအသိပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ရန်နောင် (ကျိုင်းတုံ)

ထောက်ခံချက်မရှိသည့်စားသောက်ကုန်များနှင့်တားမြစ်စားသောက်ကုန်များမီးရှို့ဖျက်ဆီး

                      ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ (၂)လအတွင်း စားသုံးသူ အကာအကွယ်ပေးရေးဥပဒေပုဒ်မ ၁၉(င)နှင့်(စ)ဖြင့် အရေးယူထားသော စားသောက်ကုန်များအား (၂၁.၁.၂၀၉)ရက်နေ့ မွန်းလွဲ (၃)နာရီချိန်တွင် ကျိုင်းတုံမြို့ ယန်းလောကျေးရာအုပ်စုရှိ မီးရထားဘူတာရုံ ဟောင်းဝန်း၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရပါတယ်။ အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန ရှမ်းပြည် နယ်အရှေ့ပိုင်း ဒုတိယပြည်နယ်ဦးစီးမှူး နှင့်ဝန်ထမ်း များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ကျိုင်းတုံကုန်သည်စက်မှုအသင်းဥက္ကဌနှင့်အဖွဲ့ဝင်များ၊ စီးပွားရေး လုပ်ငန်းရှင် များ၊ ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့ဝင်များနှင့် သတင်းမီဒီယာများတက် ရောက်ခဲ့ပြီး ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူးဦးသန်းစိုးမှ  ယခုမီးရှို့ဖျက် ဆီးမည့် စားသောက်ကုန်များမှာ (၁၆.၁၁.၂၀၁၈)ရက်နေ့မှ (၂၁.၁.၂၀၁၉) ရက်နေ့ထိ စားသုံးသူအကာအကွယ် ပေးရေးဥပဒေပုဒ်မ ၁၉ (င)နှင့်(စ)အရ အရေးယူထားသောကုန်စည်များဖြစ်ကြောင်း၊  တန်ဖိုးအားဖြင့် ထောက်ခံ ချက်မရှိ သောပြည်ပနိုင်ငံ ထုတ်စား သောက်ကုန်များ(၂၅၃၆၀၀)ကျပ်၊ ထောက်ခံချက်မရှိသော ပြည် တွင်းထုတ်စားသောက်ကုန်များ (၉၇၀၀)ကျပ်၊ သက်တမ်းကုန်ဆုံးရက်မပါသည့်စားသောက်ကုန်များ (၁၈၆၇၅၀) ကျပ်၊ ရက်လွန် အေးခဲအသားမျိုးစုံ (၈၄၀၀)ကျပ်၊ ရက်လွန်ငါးခဲပတ်ကင်(၂၂၅၀၀)ကျပ်၊ ပုပ်သိုး ခရမ်းချဉ်သီး (၄၅၀၀)ကျပ်၊ ပြည်တွင်း/ပြည်ပထုတ်သက်တမ်းလွန်စားသောက်ကုန်များ(၁၀၉၂၅၀)ကျပ်၊ ထောက်ခံချက်မရှိ/တံဆိပ်မပါ/ သက်တမ်း လွန်ရက်စွဲမပါစားဆီ (၂၇၀၀၀)ကျပ်၊ FDA တားမြစ်တားသော ဘုတ်ဆုံမတံဆိပ်အရောင်တင်မှုန့်နှင့်မာဆလာ (၁၆၀၀၀)ကျပ် စုစုပေါင်း (၆၃၇၇၀၀)ကျပ်ရှိပြီး အခမ်းအနားသို့ တက်ရောက်တာသူများမှ ပူးပေါင်းမီးရှို့ဖျက်ဆီးခဲ့ ကြောင်း သတင်းရရှိပါတယ်။

ရန်နောင်(ကျိုင်းတုံ)

Telenor Broadband ဝန်ဆောင်မှုနှင့် ပတ်သက်၍ဖြေရှင်းမှု

Telenor Broadband ဝန်ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားမှုအပေါ် Telenor Myanmar မှ တာဝန်ရှိသူများ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ ၂၁.၁.၂၀၁၉ နေ့တွင် တွေ့ဆုံညှိနှိုင်းခဲ့ရာ Telenor Myanmar မှ အောက်ပါအတိုင်း ဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ညှိနှိုင်း ရရှိမှုအား စားသုံးသူပြည်သူများသို့ အသိပေးအပ်ပါသည်_

၁။      အောက်ဖော်ပြပါ မူလဝယ်ယူထားသည့် ဝန်ဆောင်မှုများ ရယူထားသည့် သုံးစွဲသူပြည်သူ များ အနေဖြင့် မူလဝယ်ယူထားသည့် ဝန်ဆောင်မှုအတိုင်း သက်တမ်းအတွင်း ဆက်လက် သုံးစွဲနိုင်မည်ဖြစ်ပါသည်_

(က)    ၂၀၁၈ခုနှစ်၊  ဒီဇင်ဘာလ (၁) ရက်မတိုင်မီ Unlimited Plan ဝန်ဆောင်မှုဝယ်ယူထားသူများ၊

(ခ)     ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်မှစ၍ 10GB Per Day ဝန်ဆောင်မှုဝယ်ယူထားသူများ၊

၂။      သက်တမ်းဆက်တိုးပါက မျှတသုံးစွဲသည့်မူဝါဒ (111 GB Per Month) ဖြင့်သာ ဆက်လက် သုံးစွဲနိုင်မည်ဖြစ်ပါသည်။

၃။      မျှတသုံးစွဲသည့် မူဝါဒဝန်ဆောင်မှုကို ဆက်လက်အသုံးမပြုလိုသူများအနေဖြင့် ၂၀၁၉ခုနှစ်၊ ဧပြီလ ၁၅ရက် မတိုင်မီ ချို့ယွင်းပျက်စီးမရှိသော စက်များကို ပြန်အပ်၍ ၁၅၀၀၀ကျပ်ကို Telenor မှ ပြန်လည်ထုတ်ပေးရမည်ဖြစ်သည်။

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ