သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ မော်လမြိုင်မြို့ပေါ်ရှိ ဆန်စပါးသိုလှောင်ရုံများအား ကွင်းဆင်းခြင်း

     ၉.၁၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်နှင့် ဝန်ထမ်းများသည် မော်လမြိုင်မြို့ပေါ်ရှိ ‌ဇေယျာဆွေဆန်စက်နှင့် ခိုင်မတ္တာဆန်စက်တို့၏ သိုလှောင်ရုံ (၂) လုံးတို့အား ကွင်းဆင်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

   ၎င်းနေ့တွင်ပင် ချောင်းဆုံမြို့နယ်တာဝန်ခံသည် ချောင်းဆုံမြို့နယ်၊ ကုလားတို့ကျေးရွာရှိ ဦးကြည်ရှိန်၏ဆန်စပါးသိုလှောင်ရုံအား ကွင်းဆင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

   ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် MyRO တွင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းထည့်သွင်းနိုင်ရေး နည်းပညာပိုင်း ဆိုင်ရာကူညီခြင်း၊ သိုလှောင်ရုံရှိ ဆန်စပါးလက်ကျန် စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

  DOCA (မွန်)

မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်များတွင် စားအုန်းဆီရောင်းချနေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေး

    ၁၀.၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်တို့သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်များတွင် စားသုံးသူပြည်သူများသို့ စားအုန်းဆီ ရောင်းချပေးနေ မှုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဆိုင်းဘုတ်တင် ရောင်းချခြင်း ရှိ/မရှိ၊ စျေးနှုန်း မှန်ကန်မှု ရှိ/မရှိ၊ အရေအတွက်မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ချိန်အတွင်းရောင်းချခြင်း ရှိ/ မရှိ တို့အား စစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်မရောမြို့နယ်နှင့်မုဒုံမြို့နယ်တို့တွင် ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ၈.၁၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်နှင့် မုဒုံ မြို့နယ်တို့တွင် ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများ ဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုဒုံမြို့ပေါ်ရှိ ဆေးဆိုင်ကြီးများ၊ မုဒုံမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကျိုက်မရောမြို့ပေါ်ရှိ ဆေးဆိုင်များအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဆိုင်များတွင် တားမြစ်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ တားမြစ်ဆေးဝါးများရောင်းချခြင်းမရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်မရောမြို့နယ်နှင့် မုဒုံမြို့နယ်တို့တွင်အရန်သင့်အစားအစာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၈.၁၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်နှင့် မုဒုံမြို့နယ်တို့တွင် အရန်သင့်အစားအစာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် သက်ဆိုင်ရာ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အစား အသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျိုက်မရောမြို့ပေါ်ရှိ ကုန်စုံဆိုင်များအားလည်းကောင်း၊ မုဒုံမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ မုဒုံမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား လည်းကောင်း  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

       ထို့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်များတွင် ရောင်းချနေသော  အရန်သင့်အစားအစာအမျိုးမျိုးတို့တွင် စားသုံးသူ ကာကွယ်ရေးဥပဒေ၊ အခန်း(၁၈) ပြဌ္ဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခဲ့ရာ အဆိုပါ အရန်သင့်အစားအစာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ထားသည်ကို စစ်ဆေးတွေ့ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်မရောမြို့နယ်၊ ကော့ကလော့ကျေးရွာ မူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

     ၈.၁၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်၊ ကော့ကလော့ကျေးရွာ မူလတန်းလွန်ကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

      အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံက စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်တို့ကို ရှင်းလင်းဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများသည် အသင့်စားအစားအစာများကို ဝယ်ယူစားသုံးရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် အစားအစာများကို ရွေးချယ်ဝယ်ယူစားသုံးရန် နမူနာ ပစ္စည်းများဖြင့် ရှင်းလင်းခြင်း၊ သက်တမ်းကုန်ဆုံးရက်စွဲများ သေချာသိရှိနားလည်စေရန် ပုံစံနမူနာပြသ၍ အပြန်အလှန် မေးမြန်းခြင်းတို့ကို အသိပညာ‌ပေး ဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အသင့်စားမုန့်ထုတ်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပြီး အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၆) ဦးနှင့် အတူ ကျောင်းသား၊ ကျောင်းသူ (၇၁) ဦး စုစုပေါင်း (၅၉) ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA (မွန်)

ချောက်မြို့၌ စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show)ကျင်းပ

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show)ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  (၁၀.၁၂.၂၀၂၅)ရက်နေ့ နေ့လည် (၁၃:၀၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။

          အဆိုပါ အသိပညာပေး (Talk Show)တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးမှုများ အပေါ် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များ သိရှိစေရန်၊ စားသုံးသူ များဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာ ရေး၊ စိတ်ကျေနပ်မှုရှိစေရေးအတွက် အာမခံချက် ပေးနိုင် သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေအချက်အလက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်၊ ဘေးအန္တရာယ်ရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများကို ကာကွယ် ပေးရန်၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များ ပေါ်ပေါက်လာစေရေး ယင်းအသင်း အဖွဲ့များ အားကောင်းခိုင်မာမှုရှိစေရေးအတွက် အပြန်အလှန်ပူးပေါင်းကူညီဆောင်ရွက်ရန်၊ ဘေးအန္တရာယ်ရှိ သော ကုန်စည်၊ ဝန်ဆောင်မှုများကို အမြန်ဆုံးအရေးယူဆောင်ရွက်ပေးမှုများ ဆောင်ရွက်ပေးရန်တို့ကို အများပြည်သူသိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (Talk Show) ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တောင်တွင်းကြီးမြို့ပေါ်ရှိ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်သော လုပ်ငန်းအား ကွင်ဆင်းအသိပညာပေး

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် တာဝန်ခံသည် (၁၁.၁၂.၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၀၀)အချိန်တွင် တောင်တွင်းကြီးမြို့၊ တောင်ပြင် (၁)ရပ်ကွက်၊ စံပယ်လမ်းရှိ “ဂေါတမီ”ဒိန်ချဉ် နို့နှင့် နို့ထွက်ပစ္စည်း ထုပ်ပိုးထုတ်လုပ်သော လုပ်ငန်း အား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြလာစေ‌ရေး အသိပညာပေးဆွေးနွေး ခဲ့ကြောင်း သိရသည်။

   ထိုသို့ အသိပညာပေးရာတွင် စားသောက်ကုန်များနှင့်ပတ်သက်သည့် ဥပဒေ၊ အမိန့်နှင့် ညွှန် ကြားချက်များ၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြလာစေ‌ရေးနှင့် စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းအား အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တောင်တွင်းကြီးမြို့နယ်၊ တလုပ်ပင်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် (၁၀.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဘေးအန္တ ရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ တလုပ်ပင်ကျေးရွာရှိ အခြေခံ ပညာမူလတန်း လွန်ကျောင်း၊ တန်းစီကွင်း၌ ဆရာ/ ဆရာမ (၁၂)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၂၀၀)ဦးတို့အား စားသုံးသူကာကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲတွင် တောင်တွင်းကြီးမြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးက ကုန်အညွှန်း အမှတ် အသားဆိုင်ရာသိကောင်းစရာများ အကြောင်းအားလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ဦးစီးဌာန၊ ဒု-ဦးစီးမှူး ဒေါ်ခိုင်မို့မို့ဇင်က သဘာဝမီးဘေးအန္တရာယ် ကျရောက်ခဲ့ပါက မည်ကဲ့သို့ ကာကွယ်လုပ်ဆောင်ကြရမည့်အကြောင်း ကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ် တိုင်းရင်း ဆေးမှူး ဒေါ်ခင်မေဦးက အရိုးကျမ်းမာသန်စွမ်းရေးအတွက် မည်သည့်အသီးအနှံများ စားသုံးသင့်ကြောင်းကို လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒေါ်ခင်မျိုးဆွေက အားကစားနှင့် လူငယ်များ၏ အရေးပါပုံအကြောင်းကိုလည်းကောင်း အသိပညာပေးဆွေးနွေးခြင်း များဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့နယ်ရှိ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအား MyRO ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး အနေဖြင့် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းကိစ္စရပ်များနှင့် ကုန်စျေးနှုန်းတည်ငြိမ်ရေး ကိစ္စရပ်များကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် (၉.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ချောက်မြို့နယ်ရှိ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအား တွေ့ဆုံ၍ MyRO ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဆွေးနွေးရာတွင် ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအား သိုလှောင်ရုံ သက်တမ်းတိုးဆောင်ရွက်ရေး၊ စပါးတင်း(၂၅၀၀)နှင့်အထက်၊ ဆန်အိတ်(၅၀၀)နှင့်အထက် ဆန်သိုလှောင်ရုံများ ဆန်စက်ပိုင်ရှင်များ MyROတွင် သိုလှောင်ခွင် မှတ်ပုံတင်နိုင်ရေးနှင့် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်များ လစဉ် စာရင်းရေးသွင်း နိုင်ရေး၊ စပါးဝယ်ယူရေးအတွက် အလေးချိန်သတ်မှတ်ချက်များ၊ ကြားပွဲစားများ ပွဲစား စိစစ်ရေးကဒ်များ ကိုင်ဆောင်ဝယ်ယူရေး၊ ကြားပွဲစားစိစစ်ရေးကဒ်များမရှိဘဲ စပါးများ အရောင်းအဝယ် ပြုလုပ်ပါက လုပ်ထုံးလုပ်နည်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပေါင်းတည်မြို့နယ် ပေါက်တန်း အ.ထ.က (ခွဲ) ကျောင်းတွင် အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

     နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် လူငယ်များ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာများ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြော ဆွေးနွေးပွဲကို  ၂၀၂၅ ခု၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်(၉း၃၀)နာရီ ၌ ပေါင်းတည်မြို့နယ် ပေါက်တန်းအခြေခံ အ.ထ.က (ခွဲ) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ ဟောပြောပွဲတွင် မြို့နယ်လက်ထောက် ပညာရေးမှူး  ဦးတင်မောင်ဆွေက အဖွင့်အမှာစကား  ပြောကြားခဲ့ပြီး  မြို့နယ်ဥပဒေအရာရှိ ဦးရဲမင်းဝင်းက မူးယစ်ဆေးဝါး အန္တရာယ် ကြိုတင်ကာကွယ်ရေး နှင့် ဥပဒေရေးရာသိကောင်းစရာများ၊ မီးသတ်ဦးစီးမှူး ဦးစည်သူဝင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မြိုနယ်အားကစားနှင့် ကာယပညာဦးစီးမှူး ဒေါ်နီလာဝင်း   မှလူငယ်နှင့်အားကစားပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးစုစံ ကစာဖတ်ရှိန်မြင့်တင်‌ရေး စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သဉ္ဇာဝင်းက စားသုံးသူကာကွယ်ရေး အကြောင်းအရာများကို  အသီးသီးအသိပညာပေး ဟောပြောခဲ့ရာ ဆရာ/ဆရာမနှင့် ကျောင်သား/ကျောင်းသူ စုစုပေါင်း (၁၉၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။


DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ