သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ချောက်မြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး ဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ

      မကွေးတိုင်းဒေသကြီး၊  ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ လောင်းကစားမှု၊ လိမ်လည်မှုနှင့် အင်တာနက်အွန်လိုင်းအသုံးပြု၍ ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ အသိပြုဆင်ခြင်နိုင်စေရန် ရည်ရွယ်၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး ဆိုင်ရာအသိပညာ ပေးဟောပြောပွဲကို (၇.၈.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူးဦးသန်းမြိုင်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်မြတ်မြတ်မိုး၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်သိမ့်ဝါနှင့် မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းတို့က ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်များကို ရွေးချယ်စားသောက်နိုင်စေရေး၊ Facebook၊ Viber၊ Telegram စသည်တို့ကို အသုံးပြု၍ အွန်လိုင်းလိမ်လည်မှုများမှ သတိပြုရှောင်ရှားနိုင်စေရေးနှင့် ငွေကြေးလိမ်လည်မှုများ ကင်းဝေးနိုင် စေရေးတို့အတွက် သတိပြုရမည်အချက်များကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ဗဟို ဌာနမှပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဗီဒီယိုများကို ပြသခဲ့ကြောင်း သိရှိရသည်။

          ထို့နောက် တက်ရောက်လာသည့် ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်း သား၊ ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာမှုးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ် မှုတိုက်ဖျက်ရေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

၂၀၂၅ခုနှစ်၊ ဇူလိုင်လတွင် မကွေးခရိုင်နှင့်ချောက်ခရိုင်အတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းနှင့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်နှင့်ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် ဌာန၏ မျှော်မှန်းချက်ဖြစ်သော “ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန် သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းနှင့် လုပ်ငန်း ရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများကို လစဉ်လျာထားချက်ချမှတ် ဆောင်ရွက် လျက် ရှိပါသည်။

          မကွေးခရိုင်နှင့် ချောက်ခရိုင်အတွင်း၌ မြို့နယ်(၆)ခုရှိရာ ၂၀၂၅ခုနှစ်၊ ဇူလိုင်လအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေး‌နွေးခြင်း (၁၁)ကြိမ်နှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေး နွေး အသိပညာပေးခြင်း (၂၇)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပြီး  စားသုံးသူကာကွယ်‌ရေး ဥပဒေပါ စားသုံးသူ များရရှိနိုင်မည့် အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရ မည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု/ ပြစ်ဒဏ်များနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းများအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(မကွေး)

၂၀၂၅ခုနှစ်၊ ဇူလိုင်လတွင် မကွေးခရိုင်နှင့်ချောက်ခရိုင်အတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းနှင့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်နှင့်ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် ဌာန၏ မျှော်မှန်းချက်ဖြစ်သော “ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန် သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းနှင့် လုပ်ငန်း ရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများကို လစဉ်လျာထားချက်ချမှတ် ဆောင်ရွက်လျက် ရှိပါသည်။

          မကွေးခရိုင်နှင့် ချောက်ခရိုင်အတွင်း၌ မြို့နယ်(၆)ခုရှိရာ ၂၀၂၅ခုနှစ်၊ ဇူလိုင်လအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေး‌နွေးခြင်း (၁၁)ကြိမ်နှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေး နွေး အသိပညာပေးခြင်း (၂၇)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပြီး  စားသုံးသူကာကွယ်‌ရေး ဥပဒေပါ စားသုံးသူ များရရှိနိုင်မည့် အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရ မည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု/ ပြစ်ဒဏ်များနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းများအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(မကွေး)

၂၀၂၅ခုနှစ်၊ ဇူလိုင်လတွင် မကွေးခရိုင်နှင့်ချောက်ခရိုင်အတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် “ထုတ်ကုန် လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက်အတွင်းရှိ ကုန်စည် များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့် အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိနှင့် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနက စားသုံးရန်မသင့်တားမြစ်ထားသော ကုန်စည်များ ရောင်းချမှုရှိ/မရှိ တို့ အား မိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

          မကွေးခရိုင်နှင့်ချောက်ခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၅ခုနှစ်၊ ဇူလိုင်လအတွင်း စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို မြို့နယ်အလိုက်ဆောင်ရွက်မှုမှာ  မကွေးမြို့နယ်(၅)ကြိမ်၊ နတ်မောက် မြို့နယ်(၂)ကြိမ်၊ တောင်တွင်းကြီးမြို့နယ် (၂)ကြိမ်၊ မြို့သစ်မြို့နယ် (၃)ကြိမ်၊ ချောက်မြို့နယ်(၅) ကြိမ်၊ ရေနံချောင်းမြို့နယ်(၃)ကြိမ်၊ စုစုပေါင်း(၂၀)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 

DOCA(မကွေး)

 

တောင်တွင်းကြီးမြို့၊ သီလကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး  အသိပညာပေး ဟောပြောပွဲကျင်းပ

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် (၅.၈.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနတို့နှင့်အတူ သီလကျေးရွာ၊ အခြေခံပညာမှုလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်ဌေးဌေးက စားသုံးသူအခွင့် အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)မှ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာ သိကောင်းစရာများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် Consumer Call Center (1535)အား ဖွင့်လှစ် ထားရှိပြီး ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်းပြီး မည်သည့်ဖုန်းဖြင့်မဆို ခေါ်ဆိုမေးမြန်းဆွေးနွေး နိုင်ကြောင်း ရှင်းလင်းအသိပညာပေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

       ၂၀၂ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့၊ နံနက် ၉း၃၀ နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်း‌ဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၉၄) ပေပါကို ယာဥ်မောင်း ဦးဌေးဟန်၊ ယာဉ်အမှတ် 1I-6178/ Fuso မော်‌တော်ယာဉ်နှင့်အလားတူ (၁၁း၀၀) နာရီအချိန်တွင် Myanmar Oil Alliance Co,Ltd မှ စားအုန်းဆီ (၁၆) ပေပါနှင့် Kaung Hlyan New Asia Co,Ltd မှ စားအုန်းဆီ (၇၈) ပေပါ၊ စားအုန်းဆီ (၉၄) ပေပါကို ယာဥ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ် 2I-7044/ Nissan ဖြင့် တင်ဆောင်၍ ထပ်မံ ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးဦးနှင့် တာဝန် ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ရောက်ရှိလာသော စားအုန်းဆီ စုစုပေါင်း (၁၈၈) ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ် ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးဆန်စပါးကြီးကြပ်ရေးလုပ်ငန်းအ‌ဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

     ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးအား တနင်္သာရီတိုင်းဒေသကြီး   အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

    အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အတွင်းရေးမှူးမှ ရှင်းလင်းဆွေးနွေးခြင်း တက်ရောက်လာကြသော ဆန်စပါးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဝင်များမှ အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေးအား နံနက် (၁၁း၃၀) အချိန်တွင် ပြီးမြောက်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်း

      တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့၊နံနက်  ၁၀:၀၀ အချိန်တွင် ကော့သောင်းမြို့နယ် ကုန်စျေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဝင်များဖြစ်သော၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ကော့သောင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်  စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်း၊ မသမာသောနည်းဖြင့် ဖြန့်ဖြူးရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသောစားသောက်ကုန်များ ရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များ ရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ကော့သောင်းမြို့၊ မြို့မစျေးကြီးတွင် လက်လီ/လက်ကား ကုန်စုံဆိုင် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခြင်း

    ၂၀၂၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ နံနက် ၉:၀၀ အချိန်တွင် ကော့သောင်းမြို့ မြို့မစျေး တာဝန်ခံ ရုံးခန်း၌  စားသုံးသူ‌ရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ(ဦးစီးအရာရှိ)သည် မြို့မစျေးကြီးအတွင်း ရောင်းချနေသည့် ကုန်စုံဆိုင်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ (ဦးစီးအရာရှိ) သည် လက်လီ/ လက်ကား စားသောက်ကုန်ရောင်းချနေသည့် လုပ်ငန်းရှင်များအား အခြေ ခံစားကုန် ‌ရောင်းဆိုင်များအနေဖြင့် စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးကစားရန် ရည်ရွယ် ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် နည်းလမ်းဖြင့် ဖြန့်ဖြူးရောင်းချခြင်းများအား စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေး၊ သတိပေး ဆွေးနွေးပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းများ ကွင်းဆင်းစစ်ဆေးခြင်း

        ၂၀၂ခုနှစ်၊ သြဂုတ် ရက်နေ့ နံနက်(၉:၃၀) အချိန်တွင် ကော့သောင်းမြို့ သိရီမြိုင်ရပ်ကွက် အ..က ()မိုင် စာသင်ကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူ ကာ ကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဟောပြောပွဲတွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြသီတာ မှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ တိုင်ကြား နိုင်သည့်နည်းလမ်းများအကြောင်းကို ဟောပြောပို့ချခဲ့ပြီး ကျောင်းမုန့်ဈေးတန်းများအား သက်တန်းလွန်စား သောက်ကုန်များနှင့် စားသုံးရန်မသင့်လျော်သော စားသောက်ကုန်များအားစစ်ဆေးခဲ့ပြီး၊ ကုန်အညွှန်းအမှတ် အသားဖော်ပြပါရှိသောစားသောက်ကုန်များရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များ ရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ