သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရေကျော်ရပ်ကွက်ရှိ ရွှေညာအမှတ်တံဆိပ် မုန့်ဟင်းရည်ခြောက် လုပ်ငန်းအားကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊   စားသုံးသူရေးရာဦးစီးဌာန     မြောင်းမြခရိုင်  ဝါးခယ်မမြို့နယ်   တာဝန်ခံ ဦးအောင်မိုးသည်(၂.၅.၂၀၂၅) ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ် ရေကျော်ရပ်ကွက်ရှိ ရွှေစင်အမှတ်တံဆိပ်ရွှေစင်င်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ရေကျော်ရပ်ကွက်ရှိ ရွှေစင် အမှတ်တံဆိပ်ရွှေစင်မုန့်လုပ်ငန်းတွင် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထုတ်လုပ်လျက်ရှိသော ကုန်ပစ္စည်းများ၏ ထုတ်လုပ်မှုနှင့်ကုန်ကြမ်းရရှိမှုဈေးနှုန်းဈေးကွက်အခြေ အနေများအား မေးမြန်းဆွေးနွေးခဲ့ပြီး ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြ ထားနိုင်ခြင်းအတွက် ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပုဒ်မ(၄၁)ပါ ပုဒ်မခွဲ(၈)ချက်အား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နှင့်ပတ်သက်သောလုပ်ငန်းရှင် ပြည်သူများသိသင့်သိထိုက်သည့် အကြောင်းအရာများကိုလည်း ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြိတ်မြို့၊ ကျွဲကူးရွာ၊ ကျောက်ဖြူတောင်အနီးရှိ မယ်ဆု စားသောက်ကုန်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

     မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးလုပ်ငန်း များ ခိုင်မာတိုးတက်စေရေးရည်ရွယ်၍ (၅.၅.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် မြိတ်မြို့၊ ကျွဲကူးကျေးရွာ၊ ကျောက်ဖြူတောင်အနီးရှိ မယ်ဆု စားသောက်ကုန်လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ စားသုံးသူကာကွယ်ရေးဥပဒေပါကုန် အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်စပ်လျဉ်း၍ ရှင်း လင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပါရှိစေရေး ပြောကြားခဲ့ပြီး၊ အစားအသောက်သန့်ရှင်းသပ်ရပ်မှုကို အလေးထား၍ ထုတ်လုပ်ရောင်းချရန်နှင့် စီးပွားရေး လုပ်ငန်းရှင်များလိုက်နာရန်အချက်အလက်တို့ကို ရှင်းလင်းပြောကြားခြင်းနှင့် အသိပညာပေးလက် ကမ်း စာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

စားအုန်းဆီများ ရေယာဉ်ဖြင့် မြိတ်သို့ရောက်ရှိ

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွက် လိုအပ်သောစားအုန်းဆီများကို ရန်ကုန်တိုင်း ဆီကုမ္ပဏီများမှ ခွဲတမ်းရရှိခဲ့ပြီး  မြိတ်ခရိုင်ဆီကိုယ်စားလှယ်သို့  ၂၀၂၅ခုနှစ်၊ မေလ(၄)ရက်နေ့ တွင် စားအုန်းဆီပေပါ(၃၇၃)သည် ထားဝယ်မြို့ရှိ MV ဝိသာခါ‌ရေယာဉ်ဖြင့် သယ်ယူ၍ မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါစားအုန်းဆီများသည် ထားဝယ်မြို့တွင် လမ်းခရီအခြေအနေကြောင့် ရေယာဉ်ဖြင့် ပြန်လည်သယ်ယူလာခဲ့ပြီး မြိတ်မြို့၊ ရေနန်းသူဇာတံတားသို့ရောက်ရှိခဲ့ရာ အထူးစစ်ဆေးရေးအဖွဲ့ ဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။ ရောက်ရှိလာသောစားအုန်းဆီများကို ၂% အမြတ်ဖြင့် မြိတ်မြို့ရှိ လက်လီအ‌ရောင်းဆိုင်များသို့ ပြန်လည်ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့နယ်တာဝန်ခံရုံးတွင် online Saleနှင့်ပတ်သတ်သည့် စားသုံးသူ အသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံဦးအောင်မိုးသည် (၂.၅.၂၀၂၅)ရက်နေ့ ၊နေ့လယ်(၁၃:၀၀)အချိန်တွင် ဝါးခယ်မမြို့နယ်တာဝန်ခံရုံးတွင် online Saleနှင့် ပတ်သတ်သောဥပဒေများ အားအသိပညာပေးဟောပြောခဲ့ပါသည်။

       ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ တက်ရောက်လာသော ကုန်မျိုးစုံလုပ်ငန်းရှင်များအား မိတ်ဆက်စကားပြောကြားပြီး ၊online Shopping မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္မဏီဖြစ်ပါက ကုမ္မဏီမှတ်ပုံတင် လက်မှတ် SMES မှတ်ပုံတင်လက်မှတ်များ တင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုပါကြောင်း ရောင်းချမည့် ဆိုင်လပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓာတ်ပုံ၊ online sale owner ၏မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ လျှောက်ထားရာတွင် email သို့မဟုတ် Mobile phone Number ဖြင့် Sing Up(Register) ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်း နှင့် www.eComreg.gov.mm မှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း ၊online Shopping မှတ်ပုံတင်လျှောက်ထားမှုမရှိပဲ online မှရောင်းဝယ်ခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ ပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။ဟောပြောပွဲသို့ ကုန်မျိုးစုံ လုပ်ငန်းရှင်များ(၁၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ မြို့နယ်တာဝန်ခံရုံးတွင် online Saleနှင့်ပတ်သတ်သည့် စားသုံးသူ အသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းသည် (၂.၅.၂၀၂၅)ရက်နေ့ ၊နံနက်(၁၀:၀၀)အချိန်တွင် အိမ်မဲမြို့နယ်တာဝန်ခံရုံးတွင် online Saleနှင့်ပတ်သတ်သောဥပဒေများ အားအသိပညာပေးဟောပြောခဲ့ပါသည်။

            ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ တက်ရောက်လာသော ကုန်မျိုးစုံလုပ်ငန်းရှင်များအား မိတ်ဆက်စကားပြောကြားပြီး ၊online Shopping မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္မဏီဖြစ်ပါက ကုမ္မဏီမှတ်ပုံတင် လက်မှတ် SMES မှတ်ပုံတင်လက်မှတ်များ တင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုပါကြောင်း ရောင်းချမည့် ဆိုင်လပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓာတ်ပုံ၊ online sale owner ၏မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ လျှောက်ထားရာတွင် email သို့မဟုတ် Mobile phone Number ဖြင့် Sing Up(Register) ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်း နှင့် www.eComreg.gov.mm မှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း ၊online Shopping မှတ်ပုံတင်လျှောက်ထားမှုမရှိပဲ online မှရောင်းဝယ်ခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ ပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။ဟောပြောပွဲသို့ ကုန်မျိုးစုံ လုပ်ငန်းရှင်များ(၁၁)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊  မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ဦးစီးမှူးဦးလှထွဋ်ဦးသည် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၂.၅.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန် တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူ အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

    ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူ အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ စစ်ဆေးရေးအရာရှိ ၏လုပ်ငန်းတာဝန်(၁၁)ချက်အား အသေးစိတ်ပြောကြားခဲ့ပြီး၊ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊  အခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၂၃)ပါ တားမြစ်ချက်များ၊ အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များ၊  အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီဆောင်ရွက်ကြရန်၊စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက် များသိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ www.doca.gov.mmwebsite တွင်လည်း ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါကြောင်း စားသုံးသူများနစ်နာမှုရှိလာပါက  စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်း ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (၅.၅.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့နယ် အတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများအား  ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်၊ ထို့နောက်ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား အသိပေးပြောကြားခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြို့မဈေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်မိုး သည် (၅.၅.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့နယ် မြို့မဈေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ မြို့မဈေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများအား  ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်၊ ထို့နောက်ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိဆေးဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၅.၅.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီက  လပွတ္တာမြို့နယ် အတွင်းရှိဆေးဆိုင်များတွင် ခွင့်ပြုချက်မရှိသောဆေးများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ မြို့နယ်အတွင်းရှိဆေးဆိုင်များတွင် ရောင်းချနေသော အိမ်သုံးဆေးအရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန် ဆေးနှင့်ဆေးပစ္စည်းများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေများအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဆိုင်ရှင်များသို့ အသိပေးဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ သက်တမ်းလွန် ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ဈေးကွက်အတွင်း  ရောင်းချခြင်းမပြုရန်   သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ၊   ဥပဒေများအား လိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့မဈေးရှိ ဆေးဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၅.၅.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီက  ဝါးခယ်မမြို့နယ် မြို့မဈေးရှိအိမ်သုံးဆေးဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ဆေးဝါးပြတ်လပ်မှုရှိ/မရှိ  ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ အိမ်သုံးဆေးအရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူ ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန်၊ ကာလကြာရှည်သုံးစွဲနေ ရသည့်ဆေးဝါးများ၊ သွေးကျဲဆေးများ၊ အကိုက်အခဲပျောက်ဆေး၊ ဆီးချိုဆေး၊ လေဆေး၊ အာရုံကြောဆေး၊ ဒါဏ်ကြေ လိမ်းဆေးအပါအဝင် ပုံမှန်သောက်သုံးနေသည့် ဆေးနှင့်ဆေးပစ္စည်းများ  ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရေး ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ အဓိကထားဆောင်ရွက်ရန် မေးမြန်းချက်များအရ အိမ်သုံးဆေးများအား ရန်ကုန်ကုမ္ပဏီများနှင့် ချိတ်ဆက်ဝယ်ယူရောင်းချနေရပြီး၊ ဝယ်ယူရာတွင် အခက်အခဲမရှိဝယ်ယူနိုင်ကြောင်း သိရှိ ရပါသည်၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆိုင်ရှင်များသို့ အသိပေး ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ဈေးကွက်အတွင်း  ရောင်းခ ခြင်း မပြုရန်   သက်ဆိုင်ရာဌာနများ၏ အမိန့်ညွှန်ကြားချက်၊   ဥပဒေများအား လိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေး ခဲ့ပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ