သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရေသန့်လုပ်ငန်းအား မိတ်ဘက်ဌာနများနှင့် ပူးပေါင်း၍ကွင်းဆင်းစစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းများနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် မိတ်ဘက်ဌာန များနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ (၇.၈.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ စားသုံးသူရေးရာ ဦးစီးဌာနမှ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နှင့်ပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ All Time အမှတ်တံဆိပ် ရေသန့် ထုတ်လုပ်ဖြန့်ဖြူရောင်းချသည့် လုပ်ငန်းရှင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် FDA လိုင်စင်သက်တမ်းရှိ/မရှိ၊ ကောင်းမွန်သောထုတ်လုပ်မှု ကျင့်စဉ်များ အတိုင်းဆောင်ရွက်မှုရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊  မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည့် အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ် မေးမြန်းနိုင်သည့်အကြောင်းများ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရေး လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းများနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၄.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၇) ရပ်ကွက်ရှိ ရွှေဟင်္သာအမှတ်တံဆိပ် အာလူးကြော် ထုတ်လုပ်ဖြန့်ဖြူရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ အာလူးကြော်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊  မြန်မာဘာသာ နှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ် မေးမြန်းနိုင်သည့်အကြောင်းများ အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းအား မိတ်ဘက်ဌာနများနှင့် ပူးပေါင်းစစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းများနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် မိတ်ဘက်ဌာန များနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ (၇.၈.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ စားသုံးသူရေးရာ ဦးစီးဌာနမှ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နှင့်ပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ ဧဒင်အမှတ်တံဆိပ် ပေါင်မုန့်၊ ကိတ်မုန့် ထုတ်လုပ်ဖြန့်ဖြူရောင်းချသည့် လုပ်ငန်းရှင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် FDAထောက်ခံချက်များရှိ/မရှိ၊ လိုင်စင်သက်တမ်းရှိ/မရှိ၊ လုပ်ငန်းဆောင်ရွက် ရာတွင်အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ၊ အသုံးပြုသည့် အသုံးအဆောင် ပစ္စည်းများသန့်ရှင်းမှုရှိ/မရှိ၊ အသုံးပြုသည့်ရေများသန့်ရှင်းမှုရှိ/မရှိ၊ ရေစီးရေလာကောင်းမွန်မှုရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြား ချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ ပေါင်မုန့်၊ ကိတ်မုန့်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက် တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊  မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

 

မြောင်းမြခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများ အားစားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်လမြိုင်မြို့နယ်တာဝန်ခံဦးမင်းဇော်လတ် နှင့်ဝန်ထမ်းများသည်(၄.၈.၂၀၂၅)ရက်နေ့၊ နံနက်(၇;၀၀)အချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အမှတ်(၁၁)ရပ်ကွက်၊ မဟာဗန္ဓလလမ်းနှင့် တပင်ရွှေထီးလမ်း ထောင့်တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

            ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၆၉၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူ များအား မည်သူမဆိုလွတ်လပ်စွာဝယ် ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

    ( DOCA ဧရာဝတီ)

ဆန်စက်လုပ်ငန်းအား မိတ်ဘက်ဌာနများနှင့် အတူ ကွင်းဆင်းစစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းများနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် မိတ်ဘက်ဌာန များနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ (၇.၈.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ စားသုံးသူရေးရာ ဦးစီးဌာနမှ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နှင့်ပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ သိင်္ဂီဆန်စက် လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် FDA လိုင်စင်သက်တမ်းရှိ/မရှိ၊ ကောင်းမွန်သောထုတ်လုပ်မှု ကျင့်စဉ်များ အတိုင်းဆောင်ရွက်မှုရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက် နေသော လုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ် မေးမြန်းနိုင်သည့်အကြောင်းများ၊ ပြည်တွင်းဒေသထွက် စားသုံးဆန်များအား သင့်တင့်မျှတ သောဈေးနှုန်းဖြင့်ရောင်းချရေး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနက လစဉ်ထုတ်ပြန်လျက်ရှိသည့် ဆန်အမျိုးအစားအလိုက် သင့်တင့်မျှတသော ဈေးကွက်၊ ဈေးနှုန်းထုတ်ပြန်ချက်(ဆန်ရည်ညွှန်းဈေးနှုန်းများ)ကို သိရှိလိုက်နာဆောင်ရွက်ရန် myroတွင်မှတ်ပုံတင် ထားသည့် ဆန်စပါးသိုလှောင်ရုံနှင့် စက်တွဲသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် လစဉ် ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်စာရင်းများ Updateပြုလုပ်ရန်၊ သတင်းထုတ်ပြန်ချက်များ အတိုင်းလိုက်နာ ဆောင်ရွက် ကြရန်အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား   စားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်      ဝန်ထမ်းများသည်(၅.၈.၂၀၂၅)ရက်နေ့၊ နံနက်(၈;၀၀)အချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သာသနာဗိမာန်ကျောင်းရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

            ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူ များအား မည်သူမဆိုလွတ်လပ်စွာဝယ် ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

     ( DOCA ဧရာဝတီ)

စားသောက်ဆိုင် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းများနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၄.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၅) ရပ်ကွက်ရှိ  ရွှေရည်စားသောက်ဆိုင်၊ အမှတ်(၃)ရပ်ကွက်ရှိ ရွှေတောင်စားသောက်ဆိုင်လုပ်ငန်းရှင်နှင့် အမှတ်(၃)ရပ်ကွက်ရှိ Tu Tu စားသောက်ဆိုင်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အစားအသောက် ရောင်းချရာတွင် အစားအသောက်များသန့်ရှင်းသပ်ရပ်စွာရောင်းချရန်၊ အစားအသောက်ကိုင်တွယ် ချက်ပြုတ်သူများ၏ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အသုံးပြုသည့် အိုးခွက်ပန်းကန်များ သန့်ရှင်းသပ်ရပ်မှု ရှိစေရေးအထူးဂရုပြုရန်၊  စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းနှင့်      ဝန်ထမ်းများသည်(၄.၈.၂၀၂၅)ရက်နေ့၊ နံနက်(၈;၀၀)အချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သာသနာဗိမာန်ကျောင်းရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

            ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူ များအား မည်သူမဆိုလွတ်လပ်စွာဝယ် ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

 ( DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား   စားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည်(၄.၈.၂၀၂၅)ရက်နေ့၊ နံနက်(၇;၃၀)အချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

    ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀)အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူ များအား မည်သူမဆိုလွတ်လပ်စွာဝယ် ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

     ( DOCA ဧရာဝတီ)

ပုသိမ်မြို့နယ်မှဆန်စက်အသင်းနှင့် ဆန်းစပါးကုန်သည်အသင်း လုပ်ငန်းရှင်များအား Myro မှတ်ပုံတင်ပြုလုပ်ခြင်းဆိုင်ရာများ အသိပညာ‌ပေး

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ဆန်တန်ချိန် ၅၀ တန်(သို့မဟုတ်) စပါးတင်း ၅,၀၀၀ နှင့်အထက် သိုလှောင်ထားရှိသည့် ဆန်စပါးသိုလှောင်ရုံ များအားလုံးကို မြန်မာဆန်စပါးအွန်လိုင်း Myanmar Rice Online(My RO) စနစ်တွင်မှတ်ပုံတင်ရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်မှစတင်ပြီး ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

   စားသုံးသူရေးရာဦးစီးဌာနမှ ပုသိမ်မြို့နယ်အနေဖြင့် မှတ်ပုံတင်ပြုလုပ်ခြင်း ဆိုင်ရာလုပ်ငန်း များကို ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး စပါး/ဆန် သိုလှောင်ထားရှိသည့် ကုမ္ပဏီ၊ လုပ်ငန်းရှင်၊ လူပုဂ္ဂိုလ်တို့မှ မှတ်ပုံတင်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး လုပ်ငန်းရှင်များ အနေဖြင့် My ro မှတ်ပုံတင်ပြုလုပ်ခြင်းဆိုင်ရာများ နှင့် ပတ်သက်၍ သိရှိနားလည်စေရန်အတွက် စားသုံးသူရေးရာအစည်းအဝေး ခန်းမတွင်(၅-၈-၂၀၂၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပုသိမ်မြို့နယ်ရှိ ဆန်စက်အသင်း နှင့် ဆန်စပါးကုန်သည်အသင်း၊ အသင်းအဖွဲ စုအဖွဲ့လုပ်ငန်းရှင်များ သိရှိနားလည်စေရန် အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။ 

   ပုသိမ်မြို့နယ် လုပ်ငန်းရှင်တို့အား မဟုတ်မမှန်သတင်းများ လွဲမှားနားလည်မှု မရှိစေရန်အတွက် မှတ်ပုံတင် သတ်မှတ်ပမာဏထက်သိုလှောင်ခွင့်မရှိကြောင်းသိုလှောင်ပါက  အရေးယူခံရကြောင်း မဟုတ်မမှန် သတင်းလွှင့်နေမှုမှာ မှန်ကန်မှု မရှိကြောင်းကို ဆန်/စပါး သိုလှောင်သူလုပ်ငန်းရှင်နှင့် အသင်းအဖွဲ့မှ တာဝန်ရှိသူများ သိရှိနိုင်ရန် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ