သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Consumer Call Center 1535 သို့ ပြည်သူများ ဆက်သွယ်ဆောင်ရွက်မှုကို အသိပညာပေးခြင်း

     စီးပွားရေးလုပ်ငန်းရှင်များ၊ စားသုံးသူ ပြည်သူများ  စားသုံးသူကာကွယ်ရေးဥပဒေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ စားသုံးသူရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းရန်၊ တိုင်ကြားနိုင်ရန်နှင့် သိရှိလိုသည်များကို Consumer Call Center (1535) သို့ ဆက်သွယ်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဓနုဖြူမြို့နယ် ပြည်သူ (၄)ဦး  ဆက်သွယ်ဆောင်ရွက်မှုများကို ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူ များက (၁၈-၁၂-၂၀၂၅)ရက်နေ့  နံနက် (၁၁:၀၀)နာရီအချန်က အသိပညာပေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

    စားသုံးသူရေးရာဦးစီးဌာနမှ ဖွင့်လှစ် ဆောင်ရွက် ဝန်ဆောင်မှုပေးလျက်ရှိသော Consumer Call Center (1535) မှ ဖြေကြားဖြေးရှင်းဆောင်ရွက်ပေးလျက်ရှိပြီး မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းမှ ပြည်သူ (၄)ဦးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်း ဆက်စပ်နေမှုများ ကို သိလိုသည့် အချက်များကို မေးမြန်းဆောင်ရွက်လို သဖြင့် Consumer Call Center (1535) လိုင်းခွဲ(၁)အား ဦးကျော်ဆွေ(၇)ရပ်ကွက် မှ  ဖုန်းခေါ်ဆို၍ Call Center တာဝန်ကျသူ ဒေါ်ပိုပိုအောင် နေ့စားဝန်ထမ်းမှ ဖြေကြားဆောင်ရွက်ခဲ့ပြီး  ဒေါ်ဝါဝါမိုး (၆)ရပ်ကွက် နေသူမှ  Call Center တာဝန်ကျသူ ဒေါ်ဖြိုးဖြိုးဝေ (အကြီးတန်းစာရေးအား) မေးမြန်းဆောင်ရွက်ခြင်း၊  ဒေါ်စီစီမွန် (၁၇)ရပ်ကွက်နေသူမှ Call Center တာဝန်ကျသူ ဒေါ်ပိုပိုအောင် နေ့စားဝန်ထမ်းမှ ဖြေကြားဆောင်ရွက်ခြင်း၊ ဒေါ်ချိုချိုဦး (၁၀)ရပ်ကွက်နေသူမှ  Call Center တာဝန်ကျသူ ဒေါ်ပိုပိုအောင် နေ့စားဝန်ထမ်းမှ ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရပြီး ပြည်သူများက  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအချက်များကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များကိုလည်းကောင်း၊ တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များအကြောင်းကို  လည်းကောင်းမေးမြန်းခဲ့ကြပြီး   ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှလည်း Consumer Call Center (1535)  ဆက်သွယ်ခဲ့သော ပြည်သူများကို Consumer Call Center (1535) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပါက တိုင်ကြားနိုင်သော နည်းလမ်းများနှင့် Call Center သို့ တိုင်ကြားလာသည့်အမှုများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Online Sales လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ Online Sales မှတ်ပုံတင်နိုင်ရေး အသိပညာပေး

       ၂၂.၁၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ အကြီးတန်းစာရေး ဦးစိုးညီညီသည်  ကျိုက်မရောမြို့နယ် ရှင်စောပုရပ်ကွက် (၃)အတွင်း နေထိုင်သော Online Sales လုပ်ငန်းရှင်နှင့်တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

          ထိုသို့တွေ့ဆုံရာတွင် ကျိုက်မရောမြို့နယ်တာဝန်ခံမှ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် ပတ်သက်သည့် အမိန့်ကြော်ငြာစာများဖြစ်သည့် (၅၀/၂၀၂၃) (၅၁/၂၀၂၃) အားလည်းကောင်း၊ အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင် လျှောက်ထားမည့်လုပ်ငန်းရှင်များအနေဖြင့် ကြိုတင် ပြင်ဆင်ရမည့်အချက်များ၊ ပူးတွဲ တင်ပြရမည့် အချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူများ လိုက်နာရမည့်စည်းကမ်းချက်များအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Online Sales လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ Online Sales မှတ်ပုံတင်နိုင်ရေး အသိပညာပေး

       ၂၂.၁၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ အကြီးတန်းစာရေး ဦးစိုးညီညီသည်  ကျိုက်မရောမြို့နယ် ရှင်စောပုရပ်ကွက် (၃)အတွင်း နေထိုင်သော Online Sales လုပ်ငန်းရှင်နှင့်တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

          ထိုသို့တွေ့ဆုံရာတွင် ကျိုက်မရောမြို့နယ်တာဝန်ခံမှ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် ပတ်သက်သည့် အမိန့်ကြော်ငြာစာများဖြစ်သည့် (၅၀/၂၀၂၃) (၅၁/၂၀၂၃) အားလည်းကောင်း၊ အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင် လျှောက်ထားမည့်လုပ်ငန်းရှင်များအနေဖြင့် ကြိုတင် ပြင်ဆင်ရမည့်အချက်များ၊ ပူးတွဲ တင်ပြရမည့် အချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူများ လိုက်နာရမည့်စည်းကမ်းချက်များအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်မရောမြို့နယ်တာဝန်ခံသည် “အေးမြို့သူ” အမှတ်တံဆိပ် ရေသန့်လုပ်ငန်းသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဥ်း၍ စျေးကွက်မရောက်မှီ စောင့်ကြည့်စစ်ဆေးခြင်း

    ၂၂.၁၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ အကြီးတန်းစာရေး ဦးစိုးညီညီသည် “အေးမြို့သူ” အမှတ်တံဆိပ် ရေသန့်လုပ်ငန်းသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဥ်း၍ ဒုတိယအကြိမ် သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။

          ကျိုက်မရောမြို့နယ်တာဝန်ခံက “အေးမြို့သူ” ရေသန့်လုပ်ငန်းသို့ ကွင်းဆင်း စစ်ဆေးရာ အဆိုပါလုပ်ငန်းမှာ လက်ရှိတွင် လုပ်ငန်းလုပ်ကိုင်ခြင်းမရှိဘဲ လုပ်ငန်းရပ်ဆိုင်းထားကြောင်း တွေ့ရှိရပြီး ရေသန့်များအား ဈေးကွက်အတွင်း ဖြန့်ဖြူးမည်ဆိုပါက စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း (၁၈) တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာ ဖော်ပြပါရှိမှသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရန် ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်မရောမြို့နယ်၌ အွန်လိုင်းရောင်းချခြင်းဆိုင်ရာအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်

       ၂၂.၁၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ “အွန်လိုင်းအသိပညာပေး (Talk Show)” အားကျင်းပပြုလုပ်ခဲ့သည်။

      အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမြတ်ထွေးမှ   “Talk  Show” ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ကျိုက်မရောမြို့နယ်တာဝန်ခံဦးစိုးညီညီမှလည်း“အွန်လိုင်းရောင်းချခြင်းဆိုင်ရာအသိပညာပေး”  ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ၌ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်ပတ်သက်သည့် အမိန့်ကြော်ငြာစာ များဖြစ်သည့် (၅၀/၂၀၂၃) (၅၁/၂၀၂၃) အားလည်းကောင်း၊ အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင် လျှောက်ထားမည့်လုပ်ငန်းရှင်များအနေဖြင့် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ပူးတွဲ တင်ပြရမည့် အချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူများ လိုက်နာရမည့်စည်းကမ်းချက်များ၊ မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်သည့် လိပ်စာ၊ ဖုန်းနံပါတ်များအကြောင်းကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မရမ်းကုန်းရပ်၊ စစ်ကဲကုန်းရပ်၊ မန္တလေးရပ်၊ အောက်စျေးတို့တွင် စားအုန်းဆီရောင်းချနေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေး

      ၂၃.၁၂.၂၀၂၅ ရက် နံနက် (၇း၀၀) အချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၏ လမ်းညွှန်မှာကြားချက်ဖြင့် ဦးစီးမှူး ဦးအောင်မြင့်မြတ်နှင့် ဝန်ထမ်း များသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မရမ်းကုန်းရပ်၊ စစ်ကဲကုန်းရပ်၊ မန္တလေးရပ်၊ အောက်စျေးတို့တွင် စားသုံးသူ ပြည်သူများသို့ စားအုန်းဆီ ရောင်းချပေးနေမှုများအား မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဆိုင်းဘုတ်တင် ရောင်းချခြင်း ရှိ/မရှိ၊ စျေးနှုန်း မှန်ကန်မှု ရှိ/မရှိ၊ အရေအတွက်မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ချိန်အတွင်းရောင်းချခြင်း ရှိ/ မရှိ တို့အား ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင်လက်မှတ်ရရှိထားသည့် လုပ်ငန်းရှင်များအား အသိပညာပေး

         ၂.၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မုဒုံမြို့နယ်တာဝန်ခံရုံး၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင်ရရှိထားသည့် လုပ်ငန်းရှင် (၃) ဦးအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထိုသို့ အသိပညာပေးရာတွင် မုဒုံမြို့နယ်တာဝန်ခံမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများအားလည်းကောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းနှင့် စပ်လျဉ်း၍ မှတ်ပုံတင်ရရှိထားသည့် လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များကို လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအားလည်းကောင်း အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကန့်ဘလူမြို့နယ်ဒီဇင်ဘာလလူထုလမ်းလျှောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၏ အစီအစဉ်ဖြင့် လမ်းလျှောက်ပွဲအထိမ်းအမှတ် စားအုန်းဆီရောင်းချပေး

       စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက် နံနက်(၀၉:၀၀)နာရီအချိန်တွင် ဒီဇင်ဘာလတတိယပတ် လူထုလမ်းလျောက်ပွဲအထိမ်းအမှတ်အဖြစ် စစ်ကိုင်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ စီစဉ်လမ်းညွှန်မှုဖြင့် လမ်းလျောက်ပွဲတွင် ပါဝင်ဆင်နွဲခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ဆရာဆရာမများ၊ ကျောင်းသားသူများ၊ ရပ်ကွက်ကျေးရွာရှိ ပြည်သူများ အားကန့်ဘလူမြို့နယ်လက်လီကိုယ်စားလှယ်ဦးနွေဦးမှ စားအုန်းဆီရောင်းချပေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         အဆိုပါလမ်းလျှောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အဖွဲ့ဝင်များ ဦးဆောင်၍ ကန့်ဘလူမြို့၊ မြို့တော်ခန်းမရှေ့မှစတင်ကာ အစိုးရစက်မှုလက်မှု(သိပ္ပံ)ကျောင်းအထိ တစ်ပျော်တစ်ပါးလမ်းလျှောက်ခဲ့ရာ ကိုယ်ကာယလေ့ကျင့်ခန်းစုပေါင်းပြုလုပ်ပြီး နံနက်စာကော်ဖီနှင့် မုန့်တို့ဖြင့်ဧည့်ခံကာ ကံစမ်းမဲများဖောက်ပေးခဲ့ကြောင်း၊ ဆက်လက်၍ လမ်းလျှောက်ပွဲတွင်ပါဝင်ခဲ့သူ လူဦးရေ(၄၀၀၀)ကျော်ကို ဆန်()ပြည်အခမဲ့ပေးခဲ့ပြီး ()ဦးလျှင်စားအုန်းဆီ(၅၀)ကျပ်သား ရောင်းချရောင်းချပေးခဲ့ရာ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များကကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

​​​​​​​ဒေါ်လှကြူ (ကျောင်းဈေးဆိုင်)သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် သည် ၂၃.၁၂.၂၀၂၅ ရက်နေ့ ၀၉:၃၀ နာရီအချိန်တွင် မိုးညှင်းမြို့နယ်၊ ..က() မိုးညှင်း ရှိ ဒေါ်လှကြူ (ကျောင်းဈေးဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ရွှေသစ္စာ အမှတ်တံဆိပ်ပါ နို့စိမ်းကိတ်ခြောက်သည် အသင့် စားမုန့်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော် ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိ ကြောင်း စစ်ဆေးတွေ့ရှိရပြီး ကျောင်းဈေးဆိုင်ပိုင်ရှင်အား ကုန်ပစ္စည်းအမျိုးမျိုး ရောင်းချဖြန့်ဖြူးရာတွင် လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုမရှိသော ကုန်ပစ္စည်းများကို ဝယ်ယူဖြန့် ဖြူးရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက် ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

ပို့ဆောင်ရေးဝန်ဆောင်မှုပေးသည့်မော်တော်ယာဉ်အသင်းများအား ကွင်းဆင်းစစ်ဆေးအသိပညာပေး

        ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း ခရီးသည်နှင့်ကုန်ပစ္စည်းတန်ဆာများကို လုံခြုံ ချောမွေ့စွာဖြင့် ပို့ဆောင်ပေးသည့်ဝန်ဆောင်မှုများပေးအပ်စေခြင်းဖြင့် ဝန်ဆောင်မှုကိုအသုံးပြုသည့် စားသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိစေရန်နှင့် နစ်နာဆုံးရှုံးမှုဖြစ် လာပါကဖြစ်သင့်ဖြစ်ထိုက်သောကုစားခွင့်ရရှိစေရန်၊စားသုံးသူအခွင့်အရေးပြည့်ဝစွာရရှိစေရန်ရည်ရွယ်၍ ၂၂.၁၂.၂၀၂၅  ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး)ဦးဆောင်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ယာဉ်များကြီးကြပ်ရေးကော်မတီများပူးပေါင်း၍ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ မြစ်ဖျားဧရာ ကားဝင်းသို့သွားရောက်ပြီး မော်တော်ယာဉ်အသင်းပိုင်ရှင်များအား ကွင်းဆင်းစစ်ဆေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင်မော်တော်ယာဉ်အသင်းများအနေဖြင့်အစိုးရအဖွဲ့၏ခရီးစဉ်ပြေးဆွဲခွင့်၊ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း(“က”လုပ်ငန်းလိုင်စင်)၊ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာများ၏ မော်တော်ယာဉ်မှတ်ပုံတင်၊ ကုန်ပစ္စည်းတန်ဆာပေးပို့မှုပြေစာတွင်ဆက်သွယ်ရမည့်ဖုန်းအမှတ်များ၊စားသုံးသူနှင့်ယာဉ်အသင်းအကြားသတ်မှတ်ထားသည့်စည်းကမ်းချက်များဖော်ပြထားပြီးညွှန်ကြားချက်များနှင့်အညီလုပ်ငန်းဆောင်ရွက်လျက်ရှိ ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

    မော်တော်ယာဉ်အသင်းပိုင်ရှင်များအားစားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏  အဓိပ္ပါယ်နှင့်တာဝန်(၁၁)ချက်၊ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍အာမခံချက်ပေးရမည့်အချက်များ၊ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုအခြေအနေများ၊စားသုံးသူကာကွယ်ရေးဥပဒေပါပြစ်မှုနှင့်ပြစ်ဒဏ်များအား  အသိပညာပေးဆွေးနွေးခဲ့ပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးဥပဒေပါ စည်းကမ်းချက်များအား လိုက်နာ ဆောင်ရွက်သွားရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ