သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရရှိနေသော(ကျွန်း)စားတော်ပဲ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ်ကိုင်းကျွန်းမြေများတွင် ကြက်သွန်နီသီးနှံအပြင် ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံကို နှစ်စဉ် ဒေသစီးပွားဖြစ် စိုက်ပျိုးလျက်ရှိသည်။ ဆောင်းသီးနှံစားတော်ပဲကို ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ ဆိပ်ဖြူမြို့ပေါ် (၄)ရပ်ကွက်နှင့် ရေလယ်ကျွန်း၊ ကိုးထောင့်၊ သံဇလုံ၊ ပဒေသာကျွန်း၊ ရွာသာအေးနှင့် နီးစပ်ရာကျေးရွာတို့တွင် နှစ်စဉ် မြေပဲခင်းများတွင် သီးညှပ်အနေဖြင့်လည်းကောင်း၊ သီးသန့်စိုက်ခင်း အဖြစ်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် ဧရာဝတီမြစ်ဝမြေနုကျွန်းများတွင် သဲနုန်းမြေ များမှာ မြစ်ရေကျချိန်တွင် စိုက်ခင်းများအတွင်း မြေသားတင်မှုများပြားခြင်းကြောင့် စားတော်ပဲစိုက် တောင်သူများ နှစ်စဉ်ထက်များ၍ စိုက်ဧကများလည်း တိုးချဲ့စိုက်ပျိုးမှုများကြောင်း၊ ယခုနှစ်သံဇလုံ ကျေးရွာနှင့်ဆက်စပ်လျက်ရှိသော ကျေးရွာများအပါအဝင် စိုက်ဧက(၁၀၀၀)ဝန်းကျင်ခန့် သီးညှပ်/ သီးသန့်အဖြစ် စိုက်ပျိုးကြောင်း သိရသည်။ ယခုနှစ်စိုက်ပျိုးရာတွင် ရေသွင်း(၁)လက်မခွဲ ပိုက်တန်း၍ ရေမွှားရေပန်းစနစ်ဖြင့် စိုက်ပျိုးခြင်းနှင့် ရိုးရိုးကျဲပက်စနစ်ဖြင့် စိုက်ပျိုးကြောင်း၊ စားတော်ပဲကို တန်ဆောင်းမုန်းလဆန်းတွင်  စတင်ကျဲပက်စိုက်ပျိုး၍ တပေါင်းလကုန်တွင် ရိတ်သိမ်းကြောင်း၊ စိုက်ပင်သက်တမ်းကာလမှာ (၃)လခွဲခန့်ကြာမြင့်ကြောင်း သိရှိရသည်။

     ဆိပ်ဖြူမြို့နယ် သံဇလုံကျေးရွာရှိတောင်သူတစ်ဦးသည် ယခုနှစ်တွင် သီးသန့်(၂)ဧကခန့် စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရာတွင် စားတော်ပဲမျိုးစေ့ (၂)တင်း(၈)ပြည်ခန့် ကုန်ကျကြောင်း၊ ယခုနှစ်စားတော်ပဲမျိုးစေ့ (၁)တင်းလျှင် ကျပ်(၁၆၀၀၀၀)ဈေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် နွားဖြင့်ထွန်ကြောင်းဆွဲပြီး စိုက်ပျိုးခြင်းမဟုတ်ဘဲ ကျဲပက်စနစ်ဖြင့် စိုက်ပျိုးခြင်းဖြစ် ကြောင်း သိရသည်။ နုန်းသဲမြေများပါရှိ၍ မြေသားကောင်းမွန်ခြင်း၊ ရာသီဥတုအနေအထား ကောင်းမွန်ခြင်းနှင့် သီးနှံဖျက်ပိုးကျရောက်မှုနည်းပါးခြင်းတို့ကြောင့် အထွက်နှုန်းမှာ သင့်တင့်မျှတမှု ရှိ၍ ထွက်ရှိသော စားတော်ပဲများမှာလည်း အောင်မြင်ပြီး အလေအလွင့်နည်းပါးကြောင်း၊ စိုက်ပျိုး မြေမှာ နုန်းသဲမြေ မြေအောက်အစိုဓါတ်များ၍ ရေသွင်းရန်မလိုအပ်၍ ကုန်ကျစရိတ်သက်သာ ကြောင်း၊ သဘာဝမြေသားပေါ်တွင် စိုက်ပျိုးသောတောင်သူများအနေဖြင့် ရေအကြိမ်ကြိမ်ပေးသွင်း စိုက်ပျိုးရ၍ ကုန်ကျစရိတ်ပိုမိုကြီးမြင့်ကြောင်း သိရှိရသည်။

    ဈေးနှုန်းဈေးကွက်အနေဖြင့် ၂၀၂၅ခုနှစ် တောင်သူများ သီးနှံပေါ်ချိန်မတ်လကုန် ဧပြီ လဆန်းတွင် ပြည်တွင်းပဲ ဈေးကွက်တွင် ပဲမျိုးစုံအနက်မှ စားတော်ပဲသီးနှံသည် ဈေးအမြင့်ဆုံးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်နှစ် သီးနှံပေါ်စရောင်းချချိန်တွင် ကျွန်းစားတော်ပဲ(၁)တင်း လျှင် ကျပ်(၁၁၀၀၀၀)ဈေးနှုန်းဖြင့် ရောင်းချခဲ့ရပြီး ယခုနှစ်တွင် ကျပ်(၁၂၅၀၀၀)ဖြင့် ရောင်းချခဲ့ရ၍ ဈေးနှုန်းမှာ ကျပ်(၁၅၀၀၀)ခန့် မြင့်တက်ခဲ့ကြောင်း၊ သံဇလုံကျေးရွာမှ ထွက်ရှိသော ကျွန်းစားတော်ပဲ များကို ချောက်မြို့(ဧဝမ်း)ပွဲရုံသို့ တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။ ကုန်ကျစရိန်အနေ ဖြင့် စားတော်ပဲသီးနှံစိုက်ပျိုးရာတွင် အလုပ်သမားငှားရမ်းခ ကုန်ကျစရိတ်နည်းပါးခြင်းကြောင့် (၂)ဧက စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် မြေပြုပြင်ခ၊ မျိုးစေ့ဝယ်ယူခ၊ အလုပ်သမားငှားရမ်းခ၊ သွင်းအားစု အမျိုးမျိုးနှင့် ပိုးသတ်ဆေးဝယ်ယူခ စုစုပေါင်းကုန်ကျစရိတ်မှာ(၇)သိန်းခန့် ကုန်ကျကြောင်း၊ မိမိတို့ မိသားစုဝင်များ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြစ်ပါ၍ ကုန်ကျစရိတ်နည်းပါးကြောင်း၊ ရေသွင်းစနစ်ဖြင့် စိုက်ပျိုးသောတောင်သူများတွင် ကုန်ကျစရိတ်မှာ ပိုမိုကုန်ကျကြောင်း သိရသည်။ ယခုနှစ် အထွက်တင်းမှာ (၁)ဧကလျှင် ပျမ်းမျှ(၇)တင်းခန့် (၂)ဧကစိုက်ပျိုးထား၍ (၁၄)တင်းခန့် ထွက်ရှိပြီး (၁)တင်းလျှင် ကျပ်(၁၂၅၀၀၀)ဈေးနှုန်းဖြင့် ရောင်းချရ၍ ဝင်ငွေမှာ (၁၈)သိန်းခန့်ရရှိပြီး အကျိုး အမြတ်ရရှိအနေဖြင့် ကျပ်(၁၁)သိန်းခန့်ရရှိကြောင်း၊ ယခင်နှစ်ထက်သိသိသာသာ ဝင်ငွေပိုမိုရရှိ၍ စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း တောင်သူ၏ ပြောကြားချက်အရ သိရှိရသည်။

      ဆောင်းသီးနှံကျွန်းစားတော်ပဲသည် ဧရာဝတီမြစ်ရိုးတစ်လျှောက် မြေနုကျွန်းများတွင် အများ ဆုံးစိုက်ပျိုးကြပြီး ပြည်တွင်းစားသုံးမှုပဲများတွင် တစ်မျိုးအပါအဝင်ဖြစ်ပြီး စားသုံးရာတွင်လည်း အရသာအကောင်းဆုံးပဲတစ်မျိုး ဖြစ်ပါသည်။ ပြည်တွင်း၌ စားသုံးမှုများပြားပြီး စိုက်ပျိုးထုတ်လုပ်မှု စိုက်ဧကနည်းပါး၍ စားသုံးမှုလိုအပ်ချက်အရ ပြည်ပနိုင်ငံများမှ ဝယ်ယူသုံးစွဲနေရခြင်းဖြစ်ပါ၍ ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရရှိနေသည့် ကျွန်းစားတော်ပဲကို သင့်တော်သည့် စိုက်ပျိုးမြေ ရှိသည့် တောင်သူများအနေဖြင့် နှစ်စဉ်တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မကွေး)

 

 

ချောက်မြို့၊ အုံမြှားကြီးကျေးရွာ အပူရှောင်စခန်း၌ အသိပညာပေးဟောပြောပွဲကျင်းပ

        မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ အုံမြှားကြီးကျေးရွာ အောင်သပြေ ဓမ္မရိပ်သာ ဘုန်းကြီးကျောင်းအပူရှောင်စခန်း၌ အသိပညာပေးဟောပြောပွဲကို (၄.၄.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာစားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက စားအုန်းဆီလျှော့ချသုံးစွဲရေးနှင့် Online လိမ်လည်မှုများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများနှင့် ဆောင် ရန်၊ ရှောင်ရန်လိုက်နာရမည့်အချက်များ၊ ငလျင်ဘေးဖြစ်ပေါ်လာပါက နောက်ဆက်တွဲဆိုးကျိုး အန္တရာယ်များကိုလည်းကောင်း ရှင်းလင်းဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

       ထို့နောက် အပူရှောင်စခန်းသို့ လာရောက်အနားယူသူများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက သုတေသနစာအုပ်များ ဖတ်ရှုနိုင်ရေး ငှါးရမ်းပေးခြင်း၊ မြို့နယ်စားသုံးသူ‌ရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက အာဟာရဒါန အဖြစ်လက်ဖက်၊ ပဲကြမ်းကြော်များ လှူဒါန်းပေးခြင်းနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်း ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

          အဆိုပါ အပူရှောင်စခန်းအား (၄.၄.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀)မှစ၍ နေ့စဉ် နံနက် (၀၉:၀၀)မှ ညနေ (၀၇:၀၀)အထိ နေ့စဉ်ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး (၄.၄.၂၀၂၅)ရက်နေ့ အပူရှောင် စခန်းသို့ အပူ‌‌ရှောင်ရန် လာရောက်သူ ကျား(၅၀)ဦး၊ မ(၇၀)ဦး လာရောက် အပူရှောင်လျက်ရှိ ကြောင်း သိရှိရသည်။

DOCA(မကွေး)

ဧပြီလအတွင်းရောင်းချရန် စားအုန်းဆီများရောက်ရှိ

        တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ဖြန့်ခွဲရောင်းချပေးလျက်ရှိရာ MOA( Myanmar Oil Alliance) ကုမ္ပဏီနှင့် YGND (yatanarpon global network distribution)မှ ထုတ်ယူခဲ့သော စားအုန်းဆီ (၁၂၃)ပေပါသည် (၆.၄. ၂၀၂၅)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။ ၎င်းစားအုန်းဆီများကို ဧပြီလအတွင်းရောင်းချပေးမည်ဖြစ်ပြီး ရည်ညွှန်း‌စျေး၊ သယ်ယူပို့ ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူ ပြည်သူများသို့ ခွဲဝေဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မြိတ်)

တနင်္သာရီတိုင်း မြိတ်မြို့ပေါ်ရှိ ပဲသီးရှည်စျေးနှုန်း

          တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြိတ်မြို့ ပေါ်ရှိရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကိုလုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်  သီးနှံဖြစ်သည့် ပဲသီး၊ ခရမ်းသီး၊ ငရုတ်သီး၊ ဘူးသီး၊ ရုံးပတီသီးကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါ သည်။ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ပဲသီးကိုရပ်ကွက်များတွင် ပိုမိုစိုက်ပျိုးကြကြောင်းသိရှိ ရပါသည်။ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့်ပဲသီးကို စမ်းချောင်းကုန်စိမ်းဈေးနှင့် ရပ်ကွက်ဈေး ငယ်များတွင် ရောင်းချကြကြောင်း အသီးအနှံစိုက်ပျိုးနေသူတစ်ဦးထံမှ သိရှိရပါသည်။

            ယခု၂၀၂၅ခုနှစ် ဧပြီလပထမပတ်တွင် ဖြစ်ပေါ်နေသောမြိတ်မြို့ပေါ်ရှိ ပဲသီးရှည်ဈေးနှုန်း မှာ အစီးငယ်တစ်စီးလျှင် (၇၀၀)ကျပ်ရှိပြီး အစီးကြီးတစ်စီးလျှင် (၃၅၀၀)ကျပ်ရှိကြောင်း သိရှိရပါ သည်။

DOCA(မြိတ်)

ဆန်ရောက်ရှိလာမှုအားကွင်းဆင်းစစ်ဆေး

       တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်သောဒေသဖြစ်သည့်အတွက်  မြိတ်ခရိုင်အတွက်လိုအပ်သောဆန်များအား ဧရာဝတီတိုင်းနှင့်ရန်ကုန်တိုင်တို့မှ အများဆုံးဝယ်ယူ လျက် ရှိပါသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မှ မြိတ်ခရိုင်သို့တင် ဆောင်လာသော ဆန်အိတ်ရေ ၅၀၀၀၊ တန် ၂၅၀ ပါရှိသော MV ရတနာဒေဝီ ရေယာဉ်သည် ၂၀၂၅ခုနှစ်၊ ဧပြီလ(၅)ရက်နေ့တွင် မြိတ်မြို့သို့ရောက်ရှိလာသဖြင့် အဆိုပါဆန်လှေများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။  

        ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန အပါအဝင် အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပါဝင်သော အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

     ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဦးဇော်မင်းလတ် ခရိုင်ဦးစီးမှူး ဦးဆောင်သောပူးပေါင်းအဖွဲ့သည်  ၁.၄.၂၀၂၅ ရက်နေ့ မှ ၅.၄၂၀၂၅ ရက်နေ့ အထိ ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်း၊ ဝါးတန်း ဆိပ်ကမ်း၊ ချောင်းဝဆိပ်ကမ်း၊ ဘုရင့်နောင်ဆိပ်ကမ်းများအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်း များ တင်ဆောင်မှုမရှိ စေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။

DOCA(ရန်ကုန်)

မြေငလျင်ဘေးသင့်ဒေသများသို့ ဆန်၊ ဆီနှင့် စက်မှုကုန်ကြမ်း(ဘေထုပ်) များပေးပို့ခြင်း

   တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြေငလျင်ဘေးသင့်ပြည်သူများအား  ဆန်၊ ဆီများနှင့် စက်မှုကုန်ကြမ်း (ဘေထုပ်) များအား နေပြည်တော်ကောင်စီ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းများသို့ သွားရောက်လှူဒါန်းခဲ့ပါ သည်။

   ထိုသို့သွားရောက်ခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်ခိုင် (ဦးစီးအရာရှိ) သည် ၃၁.၃.၂၀၂၅ ရက်နေ့တွင် ဆန်အိတ်(၉၀၀) ရာနှင့် ဆီ(၅၀) ကျပ်သား ဗူးပေါင်း (၁၈၀၀) ၊ စက်မှုကုန်ကြမ်းဘေထုပ် (၇၆) ထုပ်အား နေပြည်တော်ကောင်စီမှ ဦးမြင့်လွင်(ဒု-ညွှန်ကြားရေးမှူး) အားအပ်နှံပြီး  မန္တလေးတိုင်းဒေသကြီးရှိ မြို့ဟောင်းသိုလှောင်ရုံသို့ ၁.၄.၂၀၂၅ ရက်နေ့တွင် ဆန်အိတ်(၂၁၀၀)၊ ဆီ (၅၀) ကျပ်သားဗူး(၄၂၀၀) နှင့် စက်မှုကုန်ကြမ်းဘေထုပ်(၇၆) ထုပ်ကို DOCA မှ ဦးအာကာကျော်(ဒု-ဦးစီးမှူး) ၊ စစ်ကိုင်းတိုင်းဒေသကြီးသို့ ဆန်အိတ်(၅၀၀) နှင့် ဆီ(၅၀) ကျပ်သား ဗူးပေါင်း(၁၀၀၀) အား ဦးဝင်းလှိုင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်အပ်နှံ ကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

ရွှေဘိုပေါ်ဆန်းဆန်များဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့် ဝန်ထမ်းများသည်  သင်္ဃန်းကျွန်းမြို့နယ်ဆန်စပါးအသင်းမှဦးစိုင်းဇော်ဇော်လင်းနှင့်အတူ (၄-၄-၂၀၂၅) ရက်နေ့၊  နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် အမှတ်(၁၁)၊ လေးထောင့်ကန်လမ်းမကြီး၊ သင်္ဃန်းကျွန်းမြို့ နယ်ရှိ ဆိုင်ရှင် ဒေါ်သီသီနှင်း(ကြယ်ဖြူ)ဆန်ဆိုင်အား သွားရောက်၍ ဆန်ရောင်းချမှုအခြေအနေများ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှဦးလှစိုးက ဆိုင်အတွင်းရောင်းချနေသော ရွှေဘိုပေါ်ဆန်း၊ ကြားပျံ၊ ဧရာပေါ်ဆန်းစသည့် ဆန်များ၏ ဈေးနှုန်းများနှင့် ဆန်အိတ်လက်ကျန်များ စစ်ဆေးခြင်း ရွှေဘိုပေါ်ဆန်းဆန်များ ဈေးမြှင့်တင်ရောင်းချနေသည့် ဈေးကွက်သတင်းများကြားနေရသဖြင့် ယခုလိုစစ်ဆေးရခြင်းဖြစ်ကြောင်း၊ ဈေးမြှင့်တင် ရောင်းချခြင်းမပြုကြရန်နှင့် စားသုံးသူပြည်သူများအခက်အခဲမရှိ ဝယ်ယူစားသုံးနိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန်၊ ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ရာ ဆိုင်ရှင်မှ ရည်ညွှန်းဈေးအတိုင်းသာ ရောင်းချပေးကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရွှေဘိုပေါ်ဆန်းဆန်များဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့် ဝန်ထမ်းများသည်  သင်္ဃန်းကျွန်းမြို့နယ်ဆန်စပါးအသင်းမှဦးစိုင်းဇော်ဇော်လင်းနှင့်အတူ (၄-၄-၂၀၂၅)ရက်နေ့၊  နေ့လယ် (၁၃:၀0)နာရီအချိန်တွင် အမှတ်(၁၆)၊ လေးထောင့်ကန်လမ်းမကြီး၊ သင်္ဃန်း ကျွန်းမြို့နယ်ရှိ ဆိုင်ရှင် ‌ဦးချစ်ဆွေ(အရုဏ်ဦး)ဆန်ဆိုင်အား သွားရောက်၍ ဆန်ရောင်းချမှု အခြေအနေ များ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှဦးလှစိုးက ဆိုင်အတွင်းရောင်းချနေ သော ရွှေဘိုပေါ်ဆန်း၊ ကြားပျံ၊ ဧရာပေါ်ဆန်းစသည့် ဆန်များ၏ ၁ပြည်၊ ၁အိတ် ရောင်းချသည့်ဈေးနှုန်းများနှင့် ဆန်အိတ်လက်ကျန်များစစ်ဆေးခဲ့ပြီး ယခုအခါ သဘာဝဘေး အန္တာရာယ်များကြောင့် ရွှေဘို ပေါ်ဆန်းဆန်များကို ဈေးမြှင့်တင်ရောင်းချနေသည်ဟု ဈေးကွက် သတင်းများကြားနေရသဖြင့် စစ်ဆေးရခြင်းဖြစ်ကြောင်း၊ ဈေးမြှင့်တင်ရောင်းချခြင်း မပြုကြရန် နှင့် စားသုံးသူပြည်သူများအခက်အခဲမရှိ ဝယ်ယူစားသုံးနိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန်၊ ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြရန် အသိပညာပေး ပြောကြားခဲ့ရာ ဆိုင်ရှင်မှ ရည်ညွှန်းဈေးအတိုင်းသာ ရောင်းချပေးကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရွှေဘိုပေါ်ဆန်းဆန်များ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့် ဝန်ထမ်းများသည်  သင်္ဃန်းကျွန်းမြို့နယ်ဆန်စပါးအသင်းမှဦးစိုင်းဇော်ဇော်လင်းနှင့်အတူ (၄-၄-၂၀၂၅) ရက်နေ့ ၊  (၁၂:၄0)နာရီအချိန်တွင် အမှတ်(၄)၊ ဇဗ္မူဒိပ်လမ်း၊ ဗိုလ်ကံညွန့်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့ နယ်ရှိ ဆိုင်ရှင် ‌ဒေါ်သိမ့်သိမ့်ဆွေ(အောင်မြန်မာ)ဆန်ဆိုင်အား သွားရောက်၍ ဆန်ရောင်းချမှုအခြေ အနေများ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှဦးလှစိုးက ဆိုင်အတွင်းရောင်းချနေသော ရွှေဘိုပေါ်ဆန်း၊ ကြားပျံ၊ ဧရာပေါ်ဆန်းစသည့် ဆန်များ၏ ၁ပြည်၊ ၁အိတ် ရောင်းချသည့်ဈေးနှုန်းများနှင့် ဆန်အိတ်လက်ကျန်များစစ်ဆေးခဲ့ပြီး ယခုအခါ သဘာဝ ဘေးအန္တာရာယ်များကြောင့် ရွှေဘို ပေါ်ဆန်းဆန်များကို ဈေးမြှင့်တင်ရောင်းချနေသည်ဟု ဈေးကွက်သတင်းများကြားနေရသဖြင့် စစ်ဆေးရခြင်းဖြစ်ကြောင်း၊ ဈေးမြှင့်တင်ရောင်းချခြင်း မပြုကြရန်နှင့် စားသုံးသူပြည်သူများအခက်အခဲမရှိ ဝယ်ယူစားသုံးနိုင်ရေးနှင့် သတ်မှတ် ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန်၊ ဆန်များ သိုလှောင်ထားခြင်း မပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ရာ ဆိုင်ရှင်မှ သိလိုသည်များ ပြန် လည် မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ