သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် စက်သုံးဆီ ဩဂုတ်လ ရည်ညွှန်း လက်လီဈေးနှုန်းများ

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း စက်သုံးဆီရောင်းချဖြန့်ဖြူးသော စက်သုံးဆီဆိုင် (၁၆)ဆိုင်ရှိပြီး သတ်မှတ်ဈေးနှုန်းများနှင့် အညီရောင်းချနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။

    ၂၀၂၅ခုနှစ် ဩဂုတ်လ (၄) ရက်နေ့ စက်သုံးဆီဝေးနှုန်းအနေဖြင့် အောက်တိန်း ၉၂ တစ်လီတာ (၂၉၅၀)ကျပ်၊  အောက်တိန်း ၉၅ တစ်လီတာ (၃၀၁၀)ကျပ်၊ ဒီဇယ်တစ်လီတာ (၂၇၈၅)ကျပ်၊ ပရီမီယံ တစ်လီတာ (၃၄၃၀)ကျပ် သတ်မှတ်ရည်ညွှန်းဈေးနှုန်း ဖြစ်သည်။

    (၂၈-၇-၂၀၂၅) နေ့ဈေး မှာ အောက်တိန်း ၉၂ တစ်လီတာ (၃၀၀၅)ကျပ်၊  အောက်တိန်း ၉၅ တစ်လီတာ (၃၀၆၀)ကျပ်၊ ဒီဇယ်တစ်လီတာ (၂၇၈၀)ကျပ်၊ ပရီမီယံ တစ်လီတာ (၃၄၂၅)ကျပ် ဈေးနှုန်းဖြစ်၍ ဈေးကျလာသည်။ မအူပင်ခရိုင်အတွင်း ရောင်းချနေသော စက်သုံးဆီဆိုင်များ သတ်မှတ်ချက်များနှင့် အညီရောင်းချရန်နှင့် သိူလှောင်ဖြန့်ဖြူး လက်ကျန်အခြေအနေများကို ဆီဆိုင်တာဝန်ခံများနှင့် ချိတ်ဆက်၍ စနစ်တကျရောင်းချနိုင်ရေး၊ ကုန်ဈေးနှုန်းတည်ငြိန်ရေး ဆီပြတ်လပ်မှု မရှိစေရေးကို ကြပ်မတ်ဆောင်ရွ က်လျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ကျေးရွာ ဆီရောင်းချသော ဆိုင်ရှင်များအား ဆီရောင်းချခွင့်လုပ်ငန်းစဉ်နှင့် စားသုံးသူအခွင့်အရေး အပြည်အဝရရှိပြီး ရောင်းချနိုင်ရန် အသိပညာပေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်မင်းစိုးနှင့် တာဝန်ရှိသူများသည် ၁-၈-၂၀၂၅ ရက်နေ့က ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ကျေးရွာ ဆီရောင်းချသူ လုပ်ငန်းရှင် (၃၀) ဦးနှင့် တွေ့ဆုံ၍ စားသုံးသူအခွင့်အရေး သိကောင်းစရာနှင့် ဆီရောင်းချရာတွင် သတ်မှတ်ချက်နှင့် အညီရောင်းချနိုင်ရေး ယှယ်တွဲ၍ အသိပညာပေးခြင်းပြုလုပ်ခဲ့ကြသည်။

    ကျေးရွာ ဆီရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူအခွင့်အရေးများနှင့်ပတ်သက်၍ စားသုံးသူရေးရာ ဦးစီးဌာနက ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသကဲ့သို့ စားသုံးသူပြည်သူများ ကိုယ်တိုင်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြမှ သာ စားသုံးသူပြည်သူများအနေဖြင့် မိမိတို့၏စားသုံးသူအခွင့်အရေးများကို ထိရောက်မှန်ကန်စွာရရှိနိုင်မည် ဖြစ်ကြောင်းကိုလည်းကောင်း၊ စားသုံးသူများသည် တရားမျှတမှုမရှိသော ကုန်သွယ်မှုအလေ့အကျင့်များ သို့မဟုတ် စားသုံးသူများအပေါ် မရိုးသားစွာအမြတ်ထုတ်ခြင်းကို ဆန့်ကျင်သည့်အနေဖြင့် ပြန်လည်ဖြေရှင်းရန် တောင်းဆို ပိုင်ခွင့်ရှိသည်။ စားသုံးသူတစ်ဦး၏ မကျေနပ်ချက်များကို တရားမျှတစွာ ဖြေရှင်းနိုင်ခွင့်လည်းရှိပြီး မကျေနပ်ချက်ရှိပါက တရားဝင်တိုင်ကြားနိုင်ကြောင်း၊ ရှင်းလင်းခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဆီများကို စားသုံးသူထံရောင်းချရာတွင် သတ်မှတ်ထားသော လုပ်ငန်းစဉ်များအတိုင်း လူတိုင်းဆီဝယ်ယူရရှိနိုင်ရေးကို ရောင်းချရန် ဓနုဖြူမြို့နယ် ဆီအရောင်းကိုယ်စားလှယ်မှ ဆီရောင်းချခွင့်လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းပြီး  အလေးချိန် မှန်ကန်ပြည့်ဝစွာ ရောင်းချပေးနိုင်ရန်၊ ရရှိသော ဆီခွဲတမ်းများကို ထုတ်ယူပြီး သတ်မှတ်ရည်ညွှန်ဈေးထက် မပိုပဲ ရောင်းချပေးနိုင်ရန်နှင့် သတ်မှတ်ချက်များနှင့် မညီရောင်းချခြင်း၊ တိုင်ကြားခြင်းခံရပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းကို လုပ်ငန်းရျင်များအား ရှင်းလင်းပြီး ကျေးရွာ ဆီရောင်းလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်း၍ ပြန်လည်ဖြေကြားရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင် (ဦးစီးအရာရှိ)သည် (၁.၈.၂၀၂၅) ရက်နေ့တွင် ညောင်တုန်းမြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းရှိ အုပ်ချုပ်ရေးမှူး (၆၇)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

     ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ် များအကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မတီရှင်နှင့် ကော်မတီ အဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကိုဆိုလိုကြောင်း၊ စားသုံးသူ၏ အခွင့်အရေးများ၊ စားသုံးသူ၏ တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုး နှင့်အညီ ပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေး နည်းလမ်းများ ဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာစီးပွားရေး လုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာ စေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ ကုန်စည်/ ဝန်ဆောင်မှု နှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးနှင့် တက်ရောက်လာသော စားသုံးသူပြည်သူများအား 1535 Consumer Call Center လိုင်းခွဲ (3) သို့ လက်တွေ့ ခေါ်ဆို၍ တိုင်ကြားရမည့် နည်းလမ်းများအား အသိပညာ ပေးဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မဈေးရှိလက်လီ/ လက်ကား ရောင်းချနေသော ဦးကျော်မြင့်ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၉.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၁း၀၀) နာရီအချိန်တွင် အိမ်မဲမြို့နယ် မြို့မဈေးရှိ လက်လီ/ လက်ကားရောင်းချနေသော ဦးကျော်မြင့်ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ အိမ်မဲမြို့နယ်မြို့မဈေးရှိ လက်လီ/လက်ကား ရောင်းချနေသော ဦးကျော်မြင့်ဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ်မျတ်မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဖိုးရွှေဆန်စက် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မင်းဘောကျေးရွာသည် ဆန်စပါးအား အဓိကစိုက်ပျိုးလုပ်ကိုင်သည့်  ဒေသဖြစ်သည်နှင့်အညီ ဆန်စပါးကြိတ်ခွဲထုတ်လုပ်သည့် ဆန်စက်များ သတ်မှတ်ချက်များနှင့်အညီ ဆန်စပါးထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ထုတ်ကုန်လုံခြုံစတ်ချရမှုရှိစေရေးအတွက် (၁-၈-၂၀၂၅) ရက်နေ့၊နေ့လယ်(၁၄:၀၀နာရီက စားသုံးသူရေး ရာဦးစီးဌာနမှ  မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

     အဆိုပါကြည့်ရှုစစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူးက ဦးအောင်ဇော်ဦးသည့် ဖိုးရွှေဆန်စက်သို့ ကွင်းဆင်း၍  ဆန်စပါးများသတ်မှတ်ချက်များနှင့်အညီ ကြိတ်ခွဲထုတ်လုပ်ရောင်းချနိုင်ရေး၊ စွန့်ပစ်ပစ္စည်းများအား သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိစေရေး စနစ်တကျ စွန့်ပစ်နိုင်ရန် ၊ ဆန်စက်မှ ကြိတ်ခွဲထွက်ရှိသော ဆန်များ အလေးချိန်ပြည့်ဝစေရေး ၊ ဩဂုတ်လ သတ်မှတ်ရည်ညွှန်ဈေးဖြင့် မြို့နယ်အတွင်း ဖြန့်ဖြးရောင်းချနိင်ရေးကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်ချက်များ အား ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊မြောင်းမြမြို့နယ် နဝရတ်လမ်းရှိလက်လီ/လက်ကား ရောင်းချနေသော ဒေါ်တင်ခိုင်ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဠ်ဦးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၉.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၁း၃၀) နာရီအချိန်တွင် မြောင်းမြမြို့နယ် နဝရတ်လမ်းရှိ လက်လီ/ လက်ကားရောင်းချနေသောဒေါ်တင်ခိုင်ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်တာဝန်ခံမှ မြောင်းမြမြို့နယ်နဝရတ်လမ်းရှိ လက်လီ/ လက်ကား ရောင်းချနေသော ဒေါ်တင်ခိုင်ဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ််မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၃၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

     စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရပါသည်။

  ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

    ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ် မှုများအရ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၆,၃၀၀ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန်ကြေညာထားကြောင်း သိရှိရပါ​သည်။   

    ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်   ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်း သိရှိရသည်။

   စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်းထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ သိန်းမေတ္တာဆန်ဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

               ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် (၂၈.၇.၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကမ်းနားလမ်း၊ သိန်းမေတ္တာဆန်ဆိုင်သို့ သွားရောက်၍ ဆန်ဈေးနှုန်းများစုံစမ်းရာတွင် ရေဆင်း၊ ရက်(၉၀)၊ ဇီယာ ဆန်များမှာ ယခင်အပတ်ထက် ဈေးနှုန်းအနည်းငယ် ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ နီနီဝင်းဆန်ဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

             ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် (၂၈.၇.၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကမ်းနားလမ်း၊ နီနီဝင်း ဆန်ဆိုင်သို့ သွားရောက်၍ ဆန်ဈေးနှုန်းများအား MRF မှသတ်မှတ်ပေးသော သတ်မှတ်ရည်ညွှန်းဈေးအတွင်း ရောင်းချမှုရှိ/မရှိ နှင့် ဆန်လက်ကျန်အခြေအနေ၊ ဝယ်လိုအား၊ ရောင်းလိုအားများကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

              ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊  စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၇.၇.၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကန်ကြီးထောင့်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေအရောင်းဆိုင် (၃) ဆိုင်တွင် ရောင်းချနေသော ဘိလပ်မြေအိတ် ဈေးနှုန်းများအား မြှင့်တင်ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ကန်ကြီးထောင့်မြို့ပေါ်ရှိ အိမ်ဆောက် ပစ္စည်းနှင့် ဘိလပ်မြေ အရောင်းဆိုင်များတွင် ဝယ်ရင်းဈေးထက် အမြတ် (၇%) သာ ရောင်းချလျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ