သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ ကော့မှူးမြို့နယ်ရှိအခြေခံစားသောက်ကုန်ပစ္စည်းများ၏ဈေးနှုန်းအခြေအနေကွင်းဆင်း စစ်ဆေး”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များသို့  ဩဂုတ်လ(၅)ရက်နေ့၊ နေ့လည် (၁၁:၀၀)နာရီအချိန်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေ အားကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့သည် ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ စားသုံးသူပြည်သူများ နေ့စဉ် ဝယ်ယူသုံးစွဲလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဒေါ်မွှေးကြူ၊ မိဘရိတ်၊ ဒေါ်လုံးလုံး၊ ဦးချမ်းသာ၊ ဒေါ်မူဆန်ဆိုင်များ၊ ဒေါ်ချောစုလှိုင်၊ ဒေါ်ချိုချိုမြင့်၊ ဦးဌေးလှိုင်၊ ဦးတင်ဝင်း၊ ဦးတင့်ဆွေဦး ကုန်ခြောက်ဆိုင်များ၊ ဒေါ်နိုင်နိုင်မော်၊ ဒေါ်ပေါက် ကြက်သားဆိုင်၊ ဦးခင် မောင်ဝင်းဝက်သာဆိုင်၊ ဦးကုလား အမဲသားဆိုင်၊ ဦးဇော်ကြီး ဆိတ်သားဆိုင်၊ ဒေါ်သင်းသင်း ၊ ဒေါ်ချိုချိုဝင်း၊ ဒေါ်ဌေးကြည်၊ ဒေါ်စိုးကြည် ရေချိုရေငံ ငါးပုဇွန်အရောင်းဆိုင်၊ ဒေါ်ချို၊ ဒေါ်စုကြည် ကြက်ဥ၊ ဘဲဥ လက်လီလက်ကား အရောင်းဆိုင်၊ ဒေါ်သန်းသန်းစိုး ငါးပိ၊ ငါးခြောက်ဆိုင်နှင့် ဒေါ်စိန်မမ၊ ဦးဖိုးထောင်၊ ဦးကျောက်ခဲ ကုန်စိမ်းအရောင်းဆိုင်တို့တွင် ဩဂုတ်လအစတွင် ဖြစ်ပေါ် နေသည့် အခြေခံစားသောက်ကုန် ဈေးနှုန်းတို့၏ အခြေအနေမှာ သိသိသာသာ ကွာခြားမှုမရှိသော် လည်း စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ်မြင့်တက်သွားသည်ကို ကွင်းဆင်းစစ်ဆေး တွေ့ရှိခဲ့ ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

“ ကော့မှူးမြို့နယ်မြို့သစ်ရပ်ကွက်ရှိ သိုလှောင်ရုံမှ ဓာတ်မြေဩဇာများခွဲဝေထုတ်ပေးခြင်း ”

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါး (Seeder)နှင့် စံပြကွက် စိုက်ပျိုးထားသည့် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ စိုက်ဧကများ အပေါ် ဓာတ်မြေဩဇာများကို ဩဂုတ်လ(၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဌနှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနနှင့် ဓာတ်မြေဩဇာဖြန့်ဖြူးရေး ကော်မတီမှ တာဝန်ရှိသူများသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါး (Seeder)နှင့် စံပြကွက် စိုက်ပျိုးထားသည့် စိုက်ဧကများ အောင်နိုင်တိုးစပါး စိုက်ပျိုးထားသည့် စိုက်ဧကများအပေါ် ကော့မှူးမြို့နယ်အတွက် ခွဲတမ်းရရှိသော ဓာတ်မြေဩဇာအိတ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ မြို့နယ်ဓာတ်မြေဩဇာ ဖြန့်ဖြူးရေးကော်မတီမှ တာဝန်ရှိသူများက ခွဲဝေထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“ ကော့မှူးမြို့နယ် စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ”

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် တောင်ပိုင်းရပ်ကွက်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၄)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

     အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ကော့မှူးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းက လူတစ်ဦး စားအုန်းဆီတစ်ရက်စားနှုန်း (၂.၂၅) ကျပ်သားဖြင့် ကော့မှူးမြို့နယ်ရှိ လူဦးရေစားအုန်းဆီ ခွဲတမ်းအား အီကိုဟာမိုနီကုမ္ပဏီနှင့် ဇဗ္မူကံထွန်းကုမ္ပဏီတို့မှ နေ့စဉ် စားအုန်းဆီခွဲတမ်းအား ထုတ်ယူလျက်ရှိပြီး ကုမ္ပဏီကိုယ်စားလှယ်များအနေဖြင့် စည်ပင်သာယာ မြို့မဈေးအတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ တဆင့်ခံ ကိုယ်စားလှယ် များထံ နေ့စဉ်ပြန်လည်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရှိရပြီး တဆင့်ခံ ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ထုတ်ယူရရှိသည့် စားအုန်းဆီခွဲတမ်းများအား ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်းရှိ စားသုံးသူပြည်သူများထံသို့ သတ်မှတ်ရည်ညွှန်းဈေးအပေါ် သင့်တင့် မျှတသည့် အမြတ်နှုန်းထားဖြင့် လူတစ်ဦးလျှင် စားအုန်းဆီ တစ်ရက်စာနှုန်း (၂.၂၅) ကျပ်သား နှုန်းဖြင့် တွက်ချက်ပြီး အိမ်ထောင်စုအလိုက် စားအုန်းဆီထုတ်ယူခွင့် စာအုပ်ဖြင့် စနစ်တကျ ပြန်လည် ဖြန့်ဖြူးရောင်းချ ပေးကြရန်နှင့် မြို့နယ်ကျော် စားအုန်းဆီဖြန့်ဖြူး ရောင်းချခြင်းများ ဈေးကစားရန် ရည်ရွယ်ချက် ဖြင့် သိုလှောင်ထားခြင်း အပါအဝင် မသမာသည့် လုပ်ဆောင်မှုများ မပြုလုပ်ကြရန် ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“ ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိဆေးဆိုင်များသို့ဆေးဝါးများ၏ ဈေးနှုန်းအခြေအနေကွင်းဆင်းစစ်ဆေး ”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဆေးဆိုင်များသို့ ဆေးဝါးများ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးနှုန်းအခြေအနေအား ဩဂုတ်လ(၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း   သိရှိရသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီး ဌာနမြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့ ပူးပေါင်း၍စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဆေးဆိုင်များ ဖြစ်ကြသော မေခလာ၊ အေးမင်းစိုး၊ ဒေါ်အိအိနိုင်၊ ဒေါ်ဝင်းလဲ့ရည်စိုး ဆေးဆိုင်များရှိ ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် စံနှုန်းမညီဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ စပ်ဆေးများအား ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် သွေးကျဆေး၊ သွေးကျဲဆေး၊ အကိုက်အခဲပျောက်ဆေး၊ အာရုံကြောဆေး၊ လေဆေး၊ အားဆေးအမျိုးမျိုးစသည့် စားသုံးသူပြည်သူများအနေဖြင့် နေ့စဉ်အသုံးများသော ဆေးဝါးများ၏ ဈေးနှုန်းအတက်အကျ ပြောင်းလဲမှုအခြေအနေတို့အား စာရင်းကောက်ယူ၍ စားသုံးသူကာကွယ်ရေးအသိပညာပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိ ရှိရပါသည်။

DOCA (ရန်ကုန်)

တောင်ဒဂုံမြို့နယ်အတွင်းရှိ ဆန်ဈေးနှုန်း ကြီးမြှင့်စွာရောင်းချမှု မရှိစေရေး ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်ခြင်း

    စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦး စီးမှူး)နှင့်ဝန်ထမ်းများ ၊  အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒဂုံမြို့သစ်ခရိုင် ၊ တောင်ဒဂုံမြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျှက် ရှိရာ (၅.၈.၂၀၂၅) ရက်နေ့၊ နံနက် (၁၀း၀၀)နာရီ အချိန်တွင်  ဒဂုံမြို့သစ်ခရိုင် ၊ တောင်ဒဂုံမြို့ နယ်အတွင်းရှိ ဆန်လက်လီရောင်းချနေသော (၅၆)ရပ်ကွက်၊ ပုဂံလမ်း၊ အမှတ်(၁၃၆၆)ရှိ ရွှေစည် ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့သွားရောက်၍ ဆန်ရောင်းချမှုကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည်      ရက်(၉၀)၊ ရွှေဘိုပေါ်ဆန်း၊ ဆင်းသွယ်၊ မနှောသုခ၊ ဧရာဝတီပေါ်ဆန်းစသည့်ဆန်များ ရောင်းချ လျက်ရှိပြီး သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချနေခြင်း ရှိ/မရှိ  တို့ကိုစစ်ဆေးခဲ့ပြီး ဆန်များ ကိုဈေးနှုန်းအဆမတန်ရောင်းချမှုမရှိစေရေးနှင့် ဈေးနှုန်းကြီးမြှင့်စွာရောင်းချခြင်းများကို စိစစ် တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူခံရမှာဖြစ်ကြောင်း အသိပညာ ပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ရန်ကုန်)

 

 

ဗဟိုစာရင်းအင်းအဖွဲ့များနှင့် ဆင်မင်းဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ပစ္စည်းများ၏ စျေးနှုန်းများ၊စျေးကွက်ဆိုင်ရာအခြေအနေများကိုကွင်းဆင်းစိစစ်ဆောင်ရွက်ခြင်း

   ကုန်ဈေးနှုန်းကောက်ယူမှုလုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးလမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုစာရင်းအင်းအဖွဲ့ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူး‌ ဒေါ်ချိုချိုလွင်နှင့်ဝန်ထမ်း(၂)ဦး၊ စားသုံသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်ထူးမြတ်အိ(လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒေါ်အင်ကြင်းမွှေး (ကြီး/ ရေး)၊ ရန်ကုန်တိုင်းဒေသကြီး  အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)၊ ‌ဒေါ်နီနီတိုး (စာရင်းကိုင်-၃)တို့သည်  အလုံမြို့နယ် ၊ ဆင်မင်းဈေးတာဝန်ခံ ဒေါ်ယဉ်ယဉ်ကြည်နှင့် တာဝန်ရှိသူများပူးပေါင်းပြီး ၆.၈.၂၀၂၅ ရက်နေ့၊နံနက် (၀၉:၀၀)အချိန်တွင် ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ လက်အောက်ရှိအထက်ဌာနများသို့တင်ပြလျက်ရှိသည့် ဆင်မင်းဈေး အတွင်းရှိ အခြေခံစားသောက်ကုန်များ၏ဈေးနှုန်း (လက်လီ)ရောင်းချနေသည့် ဈေးနှုန်းများ မှန်ကန်မှုရှိစေရေးနှင့် ဈေးကွက်အတွင်းဝင်ရောက်မှုအခြေအနေတို့ကို ကွင်းဆင်းစိစစ်ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့သည့် စားဖိုဆောင်သုံးပစ္စည်းများမှာ ကြက်သွန်နီ၊ ကြက်သွန်  ဖြူ ၊ ငရုတ်ရှည်၊ငရုတ်ပု၊အာလူး၊ သကြား၊ ကုလားပဲ စသည့်တို့ကို စားသုံးသူရေးရာဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြေပြင်တွင် အမှန်တကယ်ဖြစ်ပေါ်နေသည့် ဈေးနှုန်းအခြေအနေများကိုသိရှိနိုင်ပြီး လိုအပ်သည် များကို စီမံဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

တောင်ဒဂုံမြို့နယ်အတွင်းရှိစားအုန်းဆီလက်လီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

     (၅.၈.၂၀၂၅)ရက်နေ့ ၊နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (လက်ထောက်ညွှန်ကြားရေးမှူး)နှင့်ဝန်ထမ်းများ၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဆီကုန်သည်များအသင်၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်အတူ တောင်ဒဂုံမြို့နယ်၊ (၂)ဈေးအတွင်းနှင့် ဈေးပြင်ပရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

      ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် တောင်ဒဂုံမြို့နယ်၊ (၂)ဈေးအတွင်းရှိ ဆိုင်ခန်း(၃)ဆိုင်နှင့် ဈေးပြင်ပရှိ ဆိုင်ခန်း(၂)ဆိုင်တို့အား ဝင်ရောက်စစ်ဆေးခဲ့ရာ မိမိရရှိသော ခွဲတမ်းများကို ရပ်ကွက်နေ စားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိစားသုံးနိုင်ရန် ရောင်းချပေးပါကြောင်း ၊အလေးချိန်လည်းမှန်ကန်စွာချိန်တွယ်ပေးပါကြောင်း လက်ကျန်များမထားရှိကြောင်း ကွင်းဆင်း စစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အသိပညာပေးဟောပြော

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃) ဦးတို့သည် (၂၅.၇.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ချမ်းမြသာစညရပ်ကွက်ရှိ Yati Bakery နှင့် Surprise Gift Monywa တို့အား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။

      ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ခရိုင်ဦးစီးမှူးမှ စားသုံးသူများ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ စားသုံးသူ၏အခွင့်အရေးများ၊ တာဝန်များ၊ အွန်လိုင်းစနစ်ဖြင့် ဈေးဝယ်ယူခြင်းအတွက် အားနည်းချက်၊ အားသာချက်များကို၎င်း၊ ကုန်စည် (သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ စိစစ်သင့်သည့်အချက်အလက်များ၊ အွန်လိုင်း စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်မှုများ၊ လိမ်လည်မှုများနှင့် မှတ်ပုံတင်ထားသည့်အွန်လိုင်းရောင်းချမှုလုပ်ငန်းမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိသည့်အကျိုးရလဒ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာရမည့်ကျင့်ဝတ်များ အကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဆီစက်ပိုင်ရှင်များအသင်း ဖွဲ့စည်းခြင်း

      ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဆီစက်ပိုင်ရှင်များ စုပေါင်း၍ နေပြည်တော်တိုင်း ဆီစက်ပိုင်ရှင်များအသင်း ဖွဲ့စည်းခြင်းကို ၃၀.၇.၂၀၂၅ ရက်တွင် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

      ဖွဲ့စည်းခြင်း အခမ်းအနားသို့ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းမှ ဒုတိယဥက္ကဌ(၂) ဦးက ဦးဆောင်၍ အမှုဆောင်၊ အလုပ်အမှုဆောင်၊ စီမံခန့်ခွဲမှု‌ကော်မတီ အဆင့်ဆင့် ရွေးချယ် ပြီး ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာ‌ရေးမှူးနှင့် စာရင်းစစ်တို့ကို ထပ်မံရွေးချယ်၍ ဖွဲ့စည်းခဲ့ရာ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစား စက်မှု လက်မှုဦးစီးဌာနနှင့် နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက် အားပေးခဲ့ကြပါသည်။

      နေပြည်တော်တိုင်း ဆီစက်ပိုင်ရှင်များအသင်းတွင် ဥက္ကဌ ဦးမျိုးမင်းထိုက် အပါအဝင် EC (၂၈)ဦး၊ CEC (၁၅)ဦးတို့ဖြင့် ဖွဲ့စည်းဆောင်ခဲ့ကြပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

 

ဒေးဒရဲမြို့နယ်တွင် အသင့်စားခေါက်ဆွဲခြောက်ထုပ်များအား ကွင်းဆင်းစစ်ဆေး

     ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့၊ နေ့လည် (၁၅:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ်ရှိ အသင့်စားခေါက်ဆွဲ ရောင်းချနေသော ကုန်မျိုးစုံ ဆိုင်(၃) ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးသိန်းမောင်က စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈) အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှုရှိ/မရှိ၊ ဈေးကွက်အတွင်းရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက်ထုပ်များအား စစ်ဆေးခဲ့ကြရာ ရောင်းချနေသော Jumbo ၊ Shin Shin ၊ Yum Yum ၊ Wah–Lah ခေါက်ဆွဲ ခြောက်ထုပ်များတွင် FDA ထောက်ခံချက်အမှတ်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြ ထားရှိမှု အခြေအနေတို့အား  ကွင်းဆင်းစစ်ဆေးခဲ့မှုအရ သတင်းရရှိခဲ့ပါသည်။

(Doca ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ