သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒလမြို့နယ်ရှိ စားအုန်းဆီ လက်လီ/လက်ကား အရောင်းဆိုင်များသို့ ရှောင်တခင်ကွင်းဆင်းစိစစ်ကြပ်မတ်စစ်ဆေးခြင်း

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်ရှိ စားအုန်းဆီလက်လီ/လက်ကား အရောင်းကိုယ်စားလှယ်ဆိုင်သို့ မတ်လ ၂၃ ရက်နေ့ နေ့လယ် ၁နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ စားအုန်းဆီ ကိုယ်စားလှယ် များအနေဖြင့် စားသုံးသူပြည်သူများထံသို့ လက်လီလက်ကားဖြန့်ဖြူး ရောင်းချနေမှု အခြေအနေ အား ရှောင်တခင်ကွင်းဆင်းစိစစ်ကြပ်မတ်စစ်ဆေးခဲ့ကြောင်းသိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် သန်လျင်ခရိုင်၊ စားသုံးသူရေးရာ ဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စစ်ဆေးရေးမှူး၊ စားသုံးသူရေးရာ ဦးစီးဌာန ဒလမြို့နယ်တာဝန်ခံတို့ ပူးပေါင်း၍ စားအုန်းဆီကိုယ်စားလှယ်ရရှိသော ဒလမြို့နယ်ရှိ ဦးကျော်ဇင်ထူး၏ စားအုန်းဆီ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်သို့ သွားရောက ်တွေ့ဆုံခဲ့ပြီး မိမိအနေဖြင့် စားအုန်းဆီ ခွဲတမ်းရရှိနေသည့် ကုမ္ပဏီအမည်၊ ခွဲတမ်းရရှိသည့် ပေပါအရေအတွက်၊ တစ်ရက်ဖြန့်ဖြူးရောင်းချနေသည့် စားအုန်းဆီပေပါ၊ ပိဿာနှင့် ပြည်သူများထံသို့ ပြန်လည်ရောင်းချပေးနေသည့် နှုန်းထားခွဲတမ်းပုံစံများနှင့် လက်လီ/ လက်ကားဈေးနှုန်းများစာရင်းကောက်ယူခဲ့ပြီး စားအုန်းဆီကိုယ်စားလှယ်အနေဖြင့် တစ်ရက် ထုတ်ယူရရှိသည့် ပေပါနှင့် တစ်ရက်ပြန်လည်ဖြန့်ဖြူးရောင်းချနေသည့် ပေပါစာရင်း ကိုက်ညီမှု ရှိ/မရှိနှင့် စားအုန်းဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရန်အတွက် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ သတ်မှတ်ထားသည့် အခြေခံရည်ညွှန်းဈေးအပေါ် နှစ်ရာခိုင်နှုန်း ထက်ပိုသော ဈေးနှုန်းဖြင့် ပြန်လည်ရောင်းချဖြန့်ဖြူးခြင်းများ မပြုလုပ်ကြရန် စားသုံးသူ ကာကွယ်ရေးအသိပညာပေးပြောကြားခဲ့ပြီး ရှောင်တခင်ကွင်းဆင်းစိစစ်ကြပ်မတ် စစ်ဆေးခဲ့ ကြောင်းသိရသည်။

DOCA(ရန်ကုန်)

ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေးစည်ပင်ရုံးတွင် အသိပညာပေးပြောကြားခြင်း

၂၀.၃.2025 (14:၀၀) အချိန်တွင် ဦးဝင်းနိုင်(ဦးစီးအရာရှိ)သည် ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေးစည်ပင်ရုံးတွင် ကစားစရာအရုပ်များရောင်းချသော (ဆိုင်ရှင်) ဈေးသူ/ဈေးသားများခေါ်ယူ၍ ကလေးကစားစရာအရုပ်များတွင် အမျိုးအမည်၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ စသည့်တို့ကို မဖြစ်မနေရေးသား ဖော်ပြရမှာဖြစ်ကြောင်းနှင့် ရေးသားဖော်ပြထားခြင်းမရှိသော အရုပ်များကို စစ်ဆေးတွေ့ရှိပါ ဥပဒေအရ အရေးယူခံရမှာဖြစ် ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

နို့နှင့်နို့ထွက်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားများပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းနိုင် (ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် မတ်လ (၂၁) ရက်နေ့တွင် ပုဇွန်တောင်မြို့နယ်၊ ရေကျော် City Mar ရှိ တာဝန် ခံနှင့်တွေ့ဆုံ၍ City Mark အတွင်း ရောင်းချလျှက်ရှိသော နို့နှင့်နို့ထွက်ပစ္စည်းများတွင်  ကုန်အညွှန်း အမှတ်အသားများမြန်မာဘာသာဖြင့် ပြည့်စုံစွာရေးသား ဖော်ပြထားခြင်း ရှိ/ မရှိ အား ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် နို့နှင့်နို့ထွက်ပစ္စည်းမျာဖြစ်‌သော  Walco, Double Cow, Pep စသည့် အမှတ်တံဆိပ်များ၏ နွားနို့နှင့် ဒိန်ချဉ်ဗူးများတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့် ဖော်ပြချက် စသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည်ကို  စစ်ဆေးတွေ့ရှိရပြီး စားသုံးသူပြည်သူများ ဘေးအန္တာရာယ်ကင်းဝေးစေရေး၊ ထိခိုက်မှုမရှိစေရန်အတွက် ယခုလို ဈေးကွက်စောင့်ကြည့်စစ် ဆေးရခြင်းဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကလေးကစားစရာအရုပ်များတွင် ကုန်အညွှန်း အမှတ်အသားများပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်း များသည် ၂၀၂၅ ခုနှစ် မတ်လ (၂၁) ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် မြောက်ဥက္ကလာပ မြို့နယ်၊ စိန်ဂေဟာ ရှိ တာဝန်ခံများနှင့် တွေ့ဆုံ၍ City Mark အတွင်း ရောင်းချလျှက်ရှိသော က လေးကစားစရာအရုပ်များတွင်  ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့်ရေးသား ဖော်ပြ ထားခြင်း ရှိ/ မရှိ အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကလေးကစားစရာအရုပ်များဖြစ်သော Lego (Set the Piece of toy)၊ Fishing toy၊ Robot Card၊ Water gun၊ boaling၊ Duck toy၊ ဂျုံဗူး စသည့် ကစားစရာများတွင် အမျိုးအမည်၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ စသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည်ကို  စစ်ဆေးတွေ့ရှိရပြီး ကလေးများကစားရာတွင်  ဘေးအန္တရာယ်ကင်း ရှင်းစေရန် ကြိုတင် သတိပေးချက်များကို မဖြစ်မနေရေးသားဖော်ပြရမှာဖြစ် ကြောင်းနှင့် ကလေးများ ထိခိုက်မှုမရှိစေရန်အတွက် ယခုလို ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်း ဖြစ်ကြောင်း အသိပညာပေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကလေးကစားစရာအရုပ်များတွင် ကုန်အညွှန်း အမှတ်အသားများပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်း များသည် ၂၀၂၅ ခုနှစ် မတ်လ (၂၁) ရက်နေ့၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ Orange ရှိ တာဝန်ခံများနှင့် တွေ့ဆုံ၍ ကလေးကစားစရာ အရုပ်များတွင်  ကုန်အညွှန်းအ မှတ်အသားများ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထား ခြင်း ရှိ/ မရှိ အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကလေးကစားစရာအရုပ်များဖြစ်သော Lego (Set the Piece of toy)၊ Fishing toy၊ Robot Card၊ Water gun စသည့် ကစားစရာများတွင် အမျိုး အမည်၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ စသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည်ကို  စစ်ဆေးတွေ့ရှိရပြီး ကလေးကစားစရာ အရုပ်များတွင်  ဘေးအန္တရာယ်ကင်း ရှင်းစေရန် ကြိုတင်သတိပေးချက်များကို မဖြစ်မနေ ရေးသား ဖော်ပြရမှာဖြစ်ကြောင်းနှင့် ကလေးများ ထိခိုက်မှုမရှိစေရန်အတွက် ယခုလို ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်းဖြစ်ကြောင်း အသိပညာပေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကလေးကစားစရာအရုပ်များတွင် ကုန်အညွှန်း အမှတ်အသားများပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် ၂၀၂၅ ခုနှစ် မတ်လ (၂၁) ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ရန်ကင်းမြို့နယ်၊ ရန် ကင်း City Mark ရှိ တာဝန်ခံများနှင့် တွေ့ဆုံ၍ City Mark အတွင်း ရောင်းချလျှက်ရှိသော ကလေး ကစားစရာအရုပ်များတွင်  ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထား ခြင်း ရှိ/ မရှိ အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကလေးကစားစရာအရုပ်များတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြရမည့် အချက်များအား မြန်မာဘာသာဖြင့်ဖော်ပြထားသည်ကို စစ်ဆေး တွေ့ရှိရပြီး ကလေးကစားစရာအရုပ်များတွင်  ဘေးအန္တရာယ်ကင်းရှင်းစေရန် ကြိုတင်သတိပေး ချက်များကို မဖြစ်မနေရေးသားဖော်ပြရမှာဖြစ်ကြောင်းနှင့် ကလေးများထိခိုက်မှုမရှိစေရန်အတွက် ယခုလို ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်းဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

Online Shopping နှင့်ပတ်သက်၍ မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ကမာရွတ်မြို့နယ်၊ One & Only Jewellery လုပ်ငန်းသို့ သွားရောက်၍ Online လုပ်ငန်းများအား မြေပြင်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ကုန်စည်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားသည့် အတွက် အခြားလိုအပ်ချက် အချက်အလက်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Online Shopping နှင့်ပတ်သက်၍ မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ကမာရွတ်မြို့နယ်၊ ရွှေဧကရီ စိန်ရွှေရတနာဆိုင် Gold Empress Gold & Jewellery လုပ်ငန်းသို့ သွားရောက်၍ Online လုပ်ငန်းများအား မြေပြင်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ကုန်စည်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားသည့် အတွက် အခြားလိုအပ်ချက် အချက်အလက်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာစားသုံးသူအသိပညာပေး Talk Show ကျင်းပပြုလုပ်”

          ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန နှင့်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊မတ်လ(၁၁)ရက်နေ့တွင် ကျောက်ဆည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာ စားသုံးသူအသိပညာပေး Talk Show  ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဒေါ်ခင်နှင်းရီ(ဦးစီးအရာရှိ) မှ  အသိပညာပေး    Talk Show  ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ ကျောက်ဆည်မြို့နယ် တာဝန်ခံ ဦးစိုးမင်းထွန်းမှ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ထည့်သွင်းဖော်ပြရမည့် အချက်များ၊ စားသုံးသူပြည်သူများ ဝယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက်များ ၊ စားသုံးသူများ၏ အခွင့်အရေး နှင့် စားသုံးသူများ အနေဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့လာရင် တိုင်ကြားနိုင်သည့် နည်းလမ်းများ နှင့် ပြည်ထောင်စုနယ်မြေ တိုင်းဒေသကြီး ၊ ပြည်နယ်များနှင့် ခရိုင်များတွင်လည်း စားသုံးသူသတင်းပြန်ကြားရေး နှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)ရုံးများ ဖွင့်လှစ်ထားကြောင်းကိုလည်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

Online Shopping နှင့်ပတ်သက်၍ မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ကမာရွတ်မြို့နယ်၊ နတ်သမီးစိန်ရတနာဆိုင်လုပ်ငန်းသို့ သွားရောက်၍ Online လုပ်ငန်းများအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက် ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ကုန်စည်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားသည့် အတွက် အခြားလိုအပ်ချက် အချက်အလက်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ