သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘိုကလေးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကွင်းဆင်းဆောင်ရွက်ခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြိုနယ်အထွေထွေ  အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့၊ (၁၀) ရပ်ကွက်ရှိ စားသောက်ဆိုင်(၃) ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့မှ စားသောက်ဆိုင်များတွင် စားသောက် ကုန်အသီးအနှံများ၊ အသား/ ငါးများကို ယင်မနားအောင်ဖုံးအုပ်ထားရန်၊ စဉ်းနီတုံးများကို အသား/ ငါးများခုတ်ပြီးပါက ဆေးကြောသန့်စင်၍ ဖုံးအုပ်ထားရန်နှင့် စားသောက်ဆိုင်ရှိ ဝန်ထမ်းများ၏ လက်သဲများကို သန့်ရှင်းစွာ လှီးဖြတ်ထားရန်၊ အိုးခွက်ပန်းကန်များကို သန့်ရှင်း သပ်ရပ်စွာ ထားရှိရန် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ၎င်းအပြင် စွန့်ပစ်ထားသော အမှိုက်များကို အမှိုက်ပုံးထဲသို့ ကျွတ်ကျွတ်အိတ်စွပ်၍ စွန့်ပစ်ရန်၊ မြောင်းများကို ရေစီးရေလာ ကောင်းမွန်အောင်ပြုလုပ်ဆောင်ရွက်ထားရန်နှင့် ယင်ကောင်မှတဆင့် ကူးစက်တတ်သော ဝမ်းပျက်/ဝမ်းလျော ရောဂါများအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး အသိပညာပေး ပန်းဖလက်များ ပေးဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Online စနစ်ဖြင့် အထည်အမျိုးမျိုးရောင်းချသည့် လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်တွင် တာချီလိတ်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင်(ဦးစီးမှူး)နှင့် တာဝန်ရှိသူများသည် တာချီလိတ်မြို့၊ ဝမ်ကောင်းဈေးအတွင်းရှိ Online စနစ်ဖြင့် အထည်အမျိုးမျိုး ရောင်းချသည့် လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ တာဝန်ရှိသူများသည် Online စနစ်ဖြင့် ရောင်းဝယ်မှု ပြုလုပ် ရာတွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်မှတ်ပုံတင်ပြုလုပ်၍ စနစ်တကျဖြန့်ဖြူး ရောင်းဝယ်မှု ပြုလုပ်ရန်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာ ဆောင်ရွက်ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ကလေးအသုံးအဆောင်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် (24.၇.၂၀၂၅) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်၌ ပင်လုံမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာ၌ ကုန်စုံဆိုင်တွင် ရောင်းချနေသော ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်များရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာ ဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

 

ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေးနှင့်MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

          ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၈) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့၊ ရွှေဝါထွန်းလမ်း၊ (၄) ရပ်ကွက်ရှိ “ဒေါ်အေးအေးခိုင်” ဂျုံခေါက်ဆွဲလုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ဂျုံခေါက်ဆွဲ လုပ်ငန်းအနေဖြင့် တစ်နေ့ထုတ်လုပ်မှုမှာ ဂျုံခေါက်ဆွဲ (၂၅) ပိဿာ ထုတ်လုပ်လျက်ရှိပြီး (၁) ပိဿာလျှင် လက်လီ/ လက်ကား (၅၈၀၀- ၆၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။ မိသားစုဝင် (၂) ဦးဖြင့် တစ်ပိုင်တစ်နိုင် ဘိုကလေးမြို့နယ်အတွင်းရှိ “ဒေါ်အေးအေးခိုင်” ဂျုံခေါက်ဆွဲလုပ်ငန်းသို့ လုပ်ကိုင်လျက်ရှိပြီး ဈေးကွက်အနေဖြင့် ဒေသအတွင်း၌သာ ရောင်းချလျက်ရှိပါသည်။ ထို့နောက်မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သော ကုန်စည်နှင့်ပက်သက်၍ အရည်အသွေးပြည့်မီစေရေးနှင့် စားသုံးသူများ ဝယ်ယူစားသုံးရာတွင် ဘေးဥပဒ် မဖြစ်စေရေးအတွက် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်နိုင်မှုရှိ/ မရှိနှင့် အလေးချိန်အချိန်အတွယ် ပြည့်မီမှန်ကန်စွာ ရောင်းချနေမှု အခြေအနေတို့ကို ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးရှိ အသင့်စားခေါက်ဆွဲခြောက်နှင့် ကြာဇံ များတွင် ကုန်အညွှန်းအမှတ်အသားပါရှိစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေး

    မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့၊ နံနက်(၉း၃၀)အချိန်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသောအသင့်စားခေါက်ဆွဲ/ ကြာဇံများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိမှုအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

    စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အသင့်စားခေါက်ဆွဲ/ ကြာဇံများအား ကုန်အညွှန်းအမှတ်အသားပါရှိစေရေးအတွက်စစ်ဆေးခဲ့ပြီး  စျေးကွက် အတွင်း သုံးစွဲသူများအသုံးပြုရန်(သို့မဟုတ်) သုံးစွဲရန်အာမခံချက်မရှိသောကုန်စည်များအား ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

    ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် ဗဟိုစာရင်းအင်းအဖွဲ့များပါဝင်သော ကုန်စျေးနှုန်း တည်ငြိမ်ရေးအဖွဲ့ဝင်များမှ မြိတ်မြို့၊ ထားဝယ်စုရပ်တွင်ရောင်းချလျက်ရှိသော ဆေးဆိုင်များအား ဘေးအန္တရာယ်ကင်းသောဆေးဝါးများ ရောင်းချနေခြင်း ရှိ/မရှိနှင့် ဆေးဝါးစျေးနှုန်းတည်ငြိမ်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

     ထိုသို့ကွင်ဆင်းစစ်ဆေးရာတွင် ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များမှ ယနေ့ဖြစ်ပေါ်နေ သောစျေးနှုန်းနှင့်ပတ်သက်၍ မေးမြန်ခဲ့ပြီး ဆေးဝါးဝင်ရောက်နေမှုအခြေအနေ၊ ဘေးအန္တရာယ်ရှိ သောဆေးဝါးများရောင်းချနေခြင်းရှိ/မရှိနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းမရှိစေရေး စစ် ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဆန်အရောင်းဆိုင်နှင့် လက်လီရောင်းချနေသောစားအုန်းဆီဆိုင်များအား ကွင်းဆင်း

     ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့တို့မှ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့၊ နံနက်(၉း၀၀)အချိန်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိ ဆန်အရောင်းဆိုင်များနှင့် စားအုန်းဆီလက်လီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ့နောက် ရောင်းချနေသော အရောင်းဆိုင်များအား စျေးနှုန်းများမေးမြန်းစုံစမ်းစစ်ဆေးခဲ့ပြီး စျေးနှုန်းမှန်ကန်စွာဖြင့် သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ရောင်းချနေမှုအားစစ်ဆေးခြင်းနှင့် စျေး ကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမျိုးမဖြစ်ပေါ်စေရေး၊ အလေးချိန်မှန်ကန်စွာဖြင့် ရောင်းချရေး၊ ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သောစျေးများဖြင့်ရောင်းချနိုင်ရေးတို့ကို ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

လွိုင်ကော်မြို့ပေါ်ရှိ ဆေးဆိုင်များ၌ ဆေးနှင့်ဆေးဝါးဆက်စပ်ပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့ နံနက် (၁၀ : ၃၀ ) အချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးနှင့်ဆေးဝါးဆက်စပ်ပစ္စည်း အရောင်းဆိုင်များသို့  ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်ခြင်း၊ စပ်ဆေးများရောင်းချခြင်း ရှိ/ မရှိ ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချနေမှု ရှိ/ မရှိ စစ်ဆေး ခြင်းတို့ကို မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက် ခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဆေးဆိုင်များ၌ အိမ်သုံးဆေးဝါးများ နှင့်ဆေးဝါးဆက်စပ်ပစ္စည်းများပြတ်လပ်မှုမရှိကြောင်း၊ သက်တမ်းလွန်ဆေးဝါးများရောင်းချ ခြင်းမရှိကြောင်း၊ ဆေးဝါးများဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိဘဲ ဈေးကစားခြင်းအလို့ငှာ သိုလှောင်ထားခြင်းလည်းမရှိကြောင်း၊  ဆေးများကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့၊ အောင်ပန်းမြို့တို့တွင် ဖြန့်ဖြူးရောင်းချနေသောကုမ္ပဏီများထံမှ မှာယူရောင်းချကြောင်း စစ် ဆေးတွေ့ရှိရပြီး ဆေးဆိုင်လုပ်ငန်းရှင်များအနေဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ဆေးဝါးမှတ်ပုံတင်ပါရှိသော ဆေးဝါးများသာဝယ်ယူရောင်းချကြရန် အသိပညာ ပေးဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ကယား)

KSမုန့်ဖိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၃)ဦးသည် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်ရှိ ကိတ်မုန့်၊ ပေါင်မုန့် စသည့်မုန့် မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် KS မုန့်ဖိုသို့ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက် များနှင့် ကိုက်ညီမှုရှိ/မရှိ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ် ဆေးခဲ့ရာ KS မုန့်ဖို၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် မုန့်များတွင်ဖော်ပြထားသော အချက် အလက်များသည် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များပြည့်စုံမှုမရှိကြောင်း စစ်ဆေး တွေ့ရှိရ၍ ထုတ်လုပ်သည့်လုပ်ငန်းရှင်အား အသင့်စားမုန့်များဖြစ်သည့် ကိတ်မုန့်၊ ပေါင်မုန့်စသည့် မုန့်များထုတ်လုပ်ရောင်းချရာတွင် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များအား ထည့်သွင်းဖော်ပြရန်နှင့် ပြန်လည်ပြင်ဆင် ဖြည့်စွက်ပြီးသော ကုန်အညွှန်းအမှတ်အသားဖော်ပြ ချက်များအား စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးသို့ အမြန်ဆုံးပြန်လည်တင်ပြသွားရန် အသိပညာပေးကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

ကယားပြည်နယ်၊လွိုင်ကော်မြို့ပေါ်ရှိကုန်စုံဆိုင်များသို့ ဘူးသွင်းဆီများအားကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း()ဦးသည် လွိုင်ကော်မြို့ ပေါ်ရှိ ဘူးသွင်းဆီအမျိုးမျိုး ရောင်းချနေသော ကုန်စုံဆိုင်များသို့ ဟင်းသီးဟင်းရွက်ဆီ               (Vegetable Oil, Cooking Oil)နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ ညွှန်ကြားချက်အမှတ်( /၂၀၂၁ ) နှင့်ကိုက်ညီမှု ရှိ/မရှိ သက်ဆိုင်ရာမိတ်ဖက်ဌာနများ နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၌ ရောင်းချနေသော ဟင်းသီးဟင်းရွက်ဆီ( Vegetable Oil, Cooking Oil )များသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ်( /၂၀၂၁ )ပါ ကုန်အညွှန်းအမှတ် အသားသတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များအနေဖြင့်  ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချသည့် စားသုံးဆီများတွင် ပင်ရင်းပါဝင်ပစ္စည်းများကိုအခြေခံ သော ကုန်စည်၏အမျိုးအမည်ကို မြန်မာဘာသာဖြင့်ဖော်ပြထားပြီး ကုန်စည်များ၏ အသား တင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သား တို့ဖြင့် တိကျစွာဖော်ပြထားသည့် စားသုံးဆီများကိုသာ တင်သွင်းရောင်းချကြရန်၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ပါရှိသော စားသုံးဆီဘူးများကိုသာ ရောင်းချကြရန်နှင့် စီးပွားရေးလုပ်ကိုင်ရာတွင်  စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန် အသိပညာပေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ