သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မဲဇလီကုန်းမြို့ရှိ “သီရိရတနာ”ဆန်စက်သို့ MyRo တွင် ဆန်စပါးလက်ကျန်စာရင်း ဖြည့်သွင်းနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၉.၁၁.၂၀၂၅) ရက်နေ့ နံနက်(၀၉:၃၀)အချိန်တွင် အင်္ဂပူမြို့နယ်၊ အမှတ်(၃)အုန်းကုန်း၊ မဲဇလီကုန်းမြို့ရှိ “သီရိရတနာ”ဆန်စက်သို့ သွားရောက်၍ MyRo တွင် ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန်စာရင်းများ လစဉ်ထည့်သွင်းနိုင်ရေးနှင့် ဆန်စပါးလက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါး အွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့မှ စတင်၍ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ MyRo တွင် မှတ်ပုံတင်ထားသည့် သတ်မှတ်ပမာဏထက် ပိုမိုသိုလှောင်ခွင့် မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့်    ဆန်စပါး သိုလှောင်ရုံလုပ်ငန်းရှင် များအနေ ဖြင့်  ကုန်ရ၊ ကုန် ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့ အတွင်း Update ဖြည့်သွင်း နိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းတိုးနိုင်ရေး ဆွေးနွေးခဲ့ပြီး၊ ဆန်စပါးလက်ကျန်အခြေအနေများအား စာရင်းကောက်ယူ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း  သိရှိရပါသည်။

DOCA (ဧရာဝတီ)

“ Teacher Wai Zan Beauty & Business Trainer ”အား အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် (၁၁.၁၁.၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၃:၂၀)နာရီအချိန်တွင် “ Teacher Wai Zan Beauty & Business Trainer”အား အမှတ်(၁၀၃)၊ ဗိုလ်မှုးဗထူးအိမ်ယာ၊ (၄၈)ရပ် ကွက်၊  မြောက်ဒဂုံမြို့နယ်သို့သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နှင့ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အင်္ဂပူမြို့နယ် ထူးကြီးမြို့ရှိ ဆေးမျိုးစုံအရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၆.၁၁.၂၀၂၅)ရက်နေ့ နံနက် (၀၈:၃၀) နာရီအချိန်တွင် ဟင်္သာတခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးဆောင်၍ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ် ဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ရှိ ဆေးမျိုးစုံ အရောင်းဆိုင်များအား ‌ေ၇ျာင်တခင် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန် စံညွှန်းစစ် ဆေးမှုခံယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင် ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှု ရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန် မှာကြားခဲ့ပြီး ဆေးမျိုးစုံအရောင်းဆိုင် (၉)ဆိုင်အား စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Online Sale နှင့်စပ်လျဉ်း၍ အွန်လိုင်းမှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

         (၁၁.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၄၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့်ဝန်ထမ်းများသည် “Y Sister”မှ အဝတ်အထည်၊ အထည်အလိပ်နှင့် ဆက်စပ်ပစ္စည်းများအား ဗိုလ်ရာဇာလမ်းမ၊(၃၅)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့သွားရောက်၍ Online Sale မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှုကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/ မရှိ၊မြေပြင်စစ်ဆေးရမည့်အချက် (၁၈)ချက်နှင့် ကိုက်ညီမှုမှန်ကန်မှုရှိ/ မရှိတို့ကို  မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အင်္ဂပူမြို့နယ် ထန်းပင်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

   စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၆.၁၁.၂၀၂၅)နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမ နှင့် ကျောင်းသား၊ ကျောင်းသူ ၂၁၅ ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့် အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့်ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန် အညွှန်းအမှတ် အသားများအကြောင်း၊ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ် ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့်ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့် ရှင်း လင်းဆွေးနွေးဟောပြောခဲ့ပါသည်။

          ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များ နှင့်အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံ မှုရှိမရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် မုန့် ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

“ချစ်သုဝေ”ကုန်စုံဆိုင်တွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း

 ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် (၇.၁၁.၂၀၂၅)နေ့(၁၁:၃၀)နာရီ အချိန်တွင် (စစစ)ဌာန၊ မီးသတ်ဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျိုက်လတ်မြို့ ၊မြို့မဈေးကြီးအတွင်းရှိ “ချစ်သုဝေ”ကုန်စုံဆိုင်တွင်ရောင်းချနေသော စားအုန်းဆီများကို သတ်မှတ်ထားသောရည်ညွှန်းဈေး အတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ကျိုက်လတ်မြို့၊ မြို့မဈေးကြီးအတွင်းရှိစားအုန်းဆီ အရောင်းဆိုင်များတွင် သတ်မှတ်ထားသောရည်ညွှန်းဈေးဖြင့် ရောင်းချနေပြီး အရေးယူ ဆောင်ရွက်မှုများ မရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

“ဦးလန်ဘား”ကုန်စုံဆိုင်တွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် (၇.၁၁.၂၀၂၅)နေ့(၁၁:၀၀)နာရီအချိန်တွင် (စစစ)ဌာန၊ မီးသတ်ဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျိုက်လတ်မြို့၊မြို့မဈေးကြီးအတွင်းရှိ “ဦးလန်ဘား”ကုန်စုံဆိုင်တွင်ရောင်းချနေသော စားအုန်းဆီများကို သတ်မှတ်ထားသောရည်ညွှန်းဈေး အတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ကျိုက်လတ်မြို့၊ မြို့မဈေးကြီးအတွင်းရှိစားအုန်းဆီ အရောင်းဆိုင်များတွင် သတ်မှတ်ထားသောရည်ညွှန်းဈေးဖြင့် ရောင်းချနေပြီး အရေးယူဆောင်ရွက်မှုများ မရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

“အီလက်ထရောနစ်ပစ္စည်းများ” အရောင်းဆိုင်သို့ Online မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          (၁၁.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့်ဝန်ထမ်းများသည် အုတ်လှငယ်လမ်း၊ (၃၈)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ် သို့သွားရောက်၍ “gadgets4U” Online shop  မှ “အီလက်ထရောနစ်ပစ္စည်းများ”Online Sale အားမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက် အလက်များ ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ကွင်းဆင်းခဲ့ရာတွင် စစ်ဆေးရေးအရာရှိက Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များလျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန် တစ်ကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘိုကလေးမြို့နယ်အတွင်းရှိ ပူတင်းပေါင်မုန့်လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEsလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်ခြင်း

  ဘိုကလေးမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည်၂၀၂၅ခုနှစ်၊နိုဝင်ဘာလ( ၇ )ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် ၉ ရပ်ကွက် (၁၁) လမ်းရှိ ရွှေမင်းပူတင်းပေါင်မုန့်လုပ်ငန်းသို့ကွင်းဆင်း စိစစ်ခဲ့ကြပါသည်။

  ရွှေမင်းပူတင်းပေါင်မုန့်လုပ်ငန်းမှ ထုတ်လုပ်ကုန်စည်ပါဝင်ပစ္စည်းများတွင် (ဂျုံ၊သကြား၊ဆားကြက်ဥ၊ဟင်းသီးဟင်းရွက်ဆီ၊ကလေးသောက်ရေသန့်များပါဝင်ပြီး တစ်နေ့ထုတ်လုပ်မှုအထုတ် (၆၅၀)ထုတ်လုပ်လျှက်ရှိပြီး မုန့်တစ်ထုတ်လျှင် (၁၃၀၀) ကျပ်ဖြစ်ပြီးလက္ကားဈေးနှုန်းအနေဖြင့် ၁၅၀၀ကျပ်ဖြင့် ရောင်းချပေးပါသည်။လုပ်သားဦးရေ (၄)ဦးနှင့်မိသားစုမှဝိုင်းဝန်းပြီးလုပ်ကိုင် ဆောင်ရွက်လျှက်ရှိပါသည်။တစ်ဦးလျှင်နေ့စားခ( ၈၀၀၀ )ကျပ်နှုန်းဖြစ်ပြီး ဈေးကွက်အနေဖြင့် ဒေသအတွင်းသာမက မြင်းကကုန်း၊ ကဒုံဧရာကျေးရွာများသို့လည်းဖြန့်ဖြူး ရောင်းချလျှက် ရှိပါသည်။

 ထို့နောက်မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သောကုန်စည်နှင့် ပတ်သတ်၍စားသုံးသူများ ဘေးအန္တာရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချမှုရရှိစေရေးအတွက် စားသုံးသူကာကွယ် ရေးဥပဒေအခန်း(၁၈)ပုဒ်မ၄၁/၄၂/၄၃ အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်မျာကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ်ရှိဦးသက်နိုင်စားအုန်းဆီအရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစိစစ်ခြင်းး

ဘိုကလေးမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် (၇.၁၁.၂၀၂၅) မနက်(၁၀:၃၀)နာရီတွင် ဘိုကလေးမြို့မနော်ဟရီလမ်း၄ရပ်ကွက်ရှိဦးသက်နိုင် ကုန်မျိုးစုံအရောင်းဆိုင်တွင် ရောင်းချနေသော စားသုံးဆီများတွင် သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဘိုကလေးမြို့ မနော်ဟရီလမ်း၄ရပ်ကွက်ရှိဦးသက်နိုင် ကုန်မျိုးစုံအရောင်းဆိုင်တွင် ရောင်းချနေသော စားသုံးဆီများတွင်ရည်ညွှန်းဈေးနှုန်းများဖြင့် ဗီနိုင်းချိတ်ဆွဲပြီး အလေးချိန်ခွင်မှန်ကန်စွာ ရောင်းချပေးနေပါကြောင်းနှင့် ထိုတစ်လအတွင်း (၅၀) ကျပ်သား ၃ကြိမ် အပြည့်အဝထုတ်ပေးမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးမှုအပေါ်သ တင်း ရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ