သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပန်းတနော်မြို့နယ် စံတော်ဝင် မြန်မာထမင်းဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးဦးဆောင်မှုဖြင့် ပန်းတနော်မြို့နယ်တာဝန်ခံ ဝန်ထမ်း(၄)ဦး သည် ၁၁-၁၁-၂၀၂၅ ရက်နေ့ နံနက် (၀၉:၃၀)အချိန်တွင် ပန်းတနော်မြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းဘေးရှိ စံတော်ဝင် စားသောက်ဆိုင်သို့ အစားအသောက်ပြုပြင်ရောင်းချသည့် နေရာများ သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်ကိုင်တွယ် ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ် ကိုယ်ရည်သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှု ရှိ/မရှိ၊ ဆိုင်မှပေး အပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ လုံလောက်သည့် သတင်းအချက်အလက်များကို စားသုံးသူ သို့ ကြိုတင်အသိပေးဖော်ပြထားခြင်း ရှိ/ မရှိနှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုး အစား(Size)ပမာဏအလိုက် ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာဖြင့် ကြိုတင်အသိပေး ဖော်ပြထား ခြင်း ရှိ/မရှိ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင် ရွက်ခဲ့ပါသည်။

          စစ်ဆေးရာတွင် စံတော်ဝင် စားသောက်ဆိုင်လုပ်ငန်းရှင် အနေဖြင့် မိမိစားသောက် ဆိုင်ရှိ အစားအသောက် ကိုင် တွယ်ချက်ပြုတ်သူများအနေဖြင့် Apron ၊ ခေါင်းစွပ်များဝတ်ဆင်၍ ချက်ပြုတ်စေရန်၊ သက် ဆိုင်ရာဌာန၏ ဥပဒေ၊ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားရန်နှင့် ထပ်မံစစ် ဆေး သည့်အခါ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်မှု မရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေအရသော်လည်းကောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ဥပဒေများနှင့်ပါ အရေးယူခံရ မည်ဖြစ်ကြောင်းနှင့် ယခုကဲသို့ စစ်ဆေးဆောင်ရွက်ခြင်းများကို မကြာခဏ စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ခရိုင်ဦးစီးမှူးနှင့် အဖွဲ့က လုပ်ငန်းရှင်အား ရှင်းလင်းအသိပညာပေး ဆွေးနွေးခဲ့ကြသည်။

DOCA(ဧရာဝတီ)

စားသောက်ကုန်နှင့် ဆေးဝါးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

  မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဆေးဝါးနှင့်စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ အစားအသောက် ဘေးကင်းလုံခြုံမှုရှိစေရန် မြို့ နယ်စားသုံးသူရေးရာဦးစီးဌာန ၏ ဦးဆောင်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ ၁၁-၁၁-၂၀၂၅  နံနက် (၈) နာရီအချိန်က မြို့နယ်အတွင်း အိမ်ဆိုင်များ၊ စတိုးဆိုင်များနှင့် စားသောက်ဆိုင်များအား ကွင်းဆင်း စစ်ဆေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးအသိပညာပေးရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်သည်  ဈေးဆိုင်ပိုင်ရှင်များအား ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချရာတွင် အစားအသောက်လုံခြုံရေးအတွက် ဓာတုဆိုးဆေးများပါဝင်သော စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းမပြုရန်၊ သက်တမ်းလွန်နေသော အစား အသောက်နှင့် ဆေးဝါးများရောင်းချခြင်းမပြုရန်၊ ဆေးဝါးများ တရားဝင်မှတ်ပုံတင်ထားသော ကုန်စည်များ မှန်ကန်မှု ရှိမရှိကိုစစ်ဆေူခြင်း၊ ဆေးဝါးမှာယူရရှိမှု အခြေအနေများ၊ ဈေးနှုန်းအခြေအနေများ မေးမြန်းဆောင်ရွက်ခြင်းနှင့် ကုန်စည်များတွင် ကုန်အညွှန်းအ၎ှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍  ဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရသည်။

   ဆက်လက်၍ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ဆေးဝါးနှင့်စားသောက်ကုန်ပစ္စည်းများ ရောင်းချသောဈေးဆိုင်များတွင် ပြည်သူများ အစားအသောက် ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် ရောင်းချခြင်းမပြုရန်တားမြစ်ထားသော ဆေးဝါးနှင့်စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို နယ်အတွင်း အသင့်သောက်ကော်ဖီအချိုရည်ဗူးနှင့် အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ဦးစားပေးကုန်စည် ၁၀မျိုး များထဲမှ လစဉ် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ရန် လျာထားမှုအပေါ် ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူများသည်  (၁၁.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အသင့်သောက် ကော်ဖီအမျိုးမျိုးနှင့် အသင့်သောက် အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ကြောင်း သိရသည်။

          ထိုသို့ စစ်ဆေးရာ အသင့်သောက် ကော်ဖီနှင့် အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ် အသားပြည့်စုံမှု ရှိ/မရှိ၊ မြန်မာဘာသာဖြင့် ဖော်ပြမှုရှိ/မရှိ စစ်ဆေးခဲ့ရာ ပြည်စုံဖော်ပြပါဝင် ကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေတွင် ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်းလိုက်နာဆောင်ရွက်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ပြစ်မှု ပြစ်ဒဏ် များနှင့် တာမြစ်ချက်များ စသည့်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အသင့်သောက် အချိုရည်အမျိုးမျိုးနှင့် အသင့်သောက် ကော်ဖီမစ် ဖျော်ရည်ဗူးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 စားသုံးသူရေးရာဦးစီးဌာန၊ မအူပင် ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ  ဦးခိုင်လွမ်းမိုး  နှင့် ဝန်ထမ်း (၂)ဦးသည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့်အတူ ၁၁.၁၁.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် မြို့နယ်ဈေးအတွင်းရှိ စားသောက်ကုန်မျိုးစုံနှင့် အချိုရည်အမျိုးမျိုးလက်ကား အရောင်းဆိုင်တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါ ကွင်းဆင်းစစ်ဆေးခဲ့ရာ ဓနုဖြူမြို့နယ် အောင်ရည်ချမ်းအချိုရည်အရောင်းဆိုင်၊ မြင့်မြတ်၊ ချမ်းသာကြီး၊ ဒေါ်တင်တင်လှ၊ ကိုမျိုးမိသားစု၊ ရွက်လှေ  အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် ကော်ဖီဖျော်ရည် အမျိုးမျိုးရောင်းချနေသော ဆိုင်များ အား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပါဝင်မှုရှိ/ မရှိနှင့် သက်ဆိုင်ရာခွင့်ပြုချက်များ ပါဝင်မှု ရှိမရှိတို့ကို တို့ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ခုနှစ် ဦးစားပေးကုန်စည် ၁၀မျိုးအား လစဉ် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

My RO မှတ်ပုံတင်နိုင်ရေး ထူးစေမင်း ဆန်ရောင်းရေးသို့ ကွင်းဆင်းစစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေး စီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဒေါ်အေးငြိမ်းစံ(ဦးစီးအရာရှိ)နှင့် ဒေါ်ချိုမွန်(ဒုတိယဦးစီးမှူး)တို့သည် ၃၀-၁၀-၂၀၂၅ ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်ရှိ ထူးစေမင်း ဆန် ရောင်းဝယ်ရေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေး ရာတွင် ဆန်၊ စပါး သိုလှောင်ရုံများအနေဖြင့် ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် www.myro.com.mm တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်မှန်ကန်မှုရှိစေရေး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး My RO နှင့် ပတ်သက်သော My RO အကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (မန္တလေး)

My RO မှတ်ပုံတင်နိုင်ရေး ဂုဏ်ရည်ကျော် ဆန်ရောင်းဝယ်ရေးသို့ ကွင်းဆင်းစစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေး စီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဒေါ်အေးငြိမ်းစံ(ဦးစီးအရာရှိ)နှင့် ဒေါ်ချိုမွန်(ဒုတိယဦးစီးမှူး)တို့သည် ၃၀-၁၀-၂၀၂၅ ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်ရှိ ဂုဏ်ရည်ကျော် ဆန်ရောင်းဝယ်ရေးဆိုင် သို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေး ရာတွင် ဆန်၊ စပါး သိုလှောင်ရုံများအနေဖြင့် ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် www.myro.com.mm တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်မှန်ကန်မှုရှိစေရေး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး My RO နှင့် ပတ်သက်သော My RO အကြောင်းသိကောင်းစရာ လက်ကမ်း စာစောင်များလည်း ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (မန္တလေး)

My RO မှတ်ပုံတင်နိုင်ရေး ပစ်တိုင်းထောင် ဆန်ရောင်းဝယ်ရေးသို့ ကွင်းဆင်းစစ်ဆေး

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေး စီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဒေါ်အေးငြိမ်းစံ(ဦးစီးအရာရှိ)နှင့်ဒေါ်ချိုမွန်(ဒုတိယဦးစီးမှူး)တို့သည်၃၀-၁၀-၂၀၂၅ရက်နေ့တွင်အောင်မြေသာဇံမြို့နယ်ရှိပစ်တိုင်းထောင် ဆန်ရောင်းဝယ်ရေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေး ရာတွင် ဆန်၊ စပါး သိုလှောင်ရုံများအနေဖြင့် ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် www.myro.com.mm တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်မှန်ကန်မှုရှိစေရေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး My RO နှင့် ပတ်သက်သော My RO အကြောင်းသိကောင်းစရာ လက်ကမ်း စာစောင်များလည်း ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (မန္တလေး)

 

My RO မှတ်ပုံတင်နိုင်ရေး ကံဌေးအောင် ဆန်ရောင်းဝယ်ရေးသို့ ကွင်းဆင်းစစ်ဆေး

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေး စီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဒေါ်အေးငြိမ်းစံ(ဦးစီးအရာရှိ)နှင့် ဒေါ်ချိုမွန်(ဒုတိယဦးစီးမှူး)တို့သည် ၃၀-၁၀-၂၀၂၅ ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ်ရှိ ကံဌေးအောင်ဆန် ရောင်းဝယ်ရေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေး ရာတွင် ဆန်၊ စပါး သိုလှောင်ရုံများအနေဖြင့် ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် www.myro.com.mm တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်မှန်ကန်မှုရှိစေရေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး My RO နှင့် ပတ်သက်သော My RO အကြောင်းသိကောင်းစရာ လက်ကမ်း စာစောင်များလည်း ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (မန္တလေး)

 

“မြစ်သားမြို့နယ်၊ သာလွန်ကျေးရွာ၌စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်”

             ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျှက်ရှိရာ အောက်တိုဘာ (၂၇)ရက်နေ့တွင် မြစ်သားမြို့နယ်၊ သာလွန်ကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပြုလုပ်ခဲ့ပါသည်။ ဟောပြော ဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်မော်မော်အောင် (မြို့နယ်တာဝန်ခံ)က တက်ရောက်လာသည့် ကျေးရွာသူ/ ကျေးရွာသားများအား စားသုံးသူ ကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များ၊စားသုံးသူကာကွယ်ရေး ဥပဒေပါအချက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့်စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ် များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး  အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ ကျေးရွာသူ/ကျေးရွာသားများစုစုပေါင်း(၇၀)ဦး တက်ရောက် ခဲ့ကြပြီးတက်‌ရောက်လာသော ကျေးရွာသူ/ကျေးရွာသားများအား စားသုံးသူအသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

“ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေး Talk Show ပြုလုပ်”

               ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြစ်သားမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အောက်တိုဘာ(၂၇)ရက်နေ့တွင် မြစ်သားမြို့ လူထုအခြေပြု Community Center ခန်းမ၌ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မြစ်သားမြို့၊ ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်က အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်မော်မော်အောင်က ထုတ်ကုန်များလုံခြုံစိတ်ချရမှု နှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများမှာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးများ၊ ကျောင်းများ၊ ကျေးရွာများ၊ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် တက္ကသိုလ်အသီးသီးအား စားသုံးသူကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ပါဝင်မှု ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများကို မဖြစ်မနေထည့်သွင်း ဖော်ပြရမည့်အချက်များ၊ လိုက်နာရမည့် ဥပဒေများအကြောင်းနှင့် ကုန်စည် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ဈေးကွက်မရောက်မီ Pre Market ဈေးကွက်စောင့်ကြည့်ခြင်းများ ကိုလည်း သက်ဆိုင်ရာ ဌာနများနှင့်ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်၏တာဝန်များနှင် ကုန်အညွှန်းအမှတ် အသားပြဌာန်းချက်များအား အလေးထားလိုက်နာ ဆောင်ရွက်မှုသာ လုံခြုံစိတ်ချရသော ကုန်ပစ္စည်း များအား ထုတ်လုပ်နိုင်မှာဖြစ်ပြီး စားသုံးသူများ အား ဘေးအန္တရာယ်ကင်းရှင်းစေမှာဖြစ်ကြောင်းနှင့် နစ်နာဆုံးရှုံးမှုများဖြစ်ပါ်လာပါက တိုင်ကြားနိုင်မည့်နည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပါသည်။

DOCA (မန္တလေး)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ