စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့ပေါ်ရှိ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မြို့နယ်ဦးစီးမှူးရုံးတွင်(..၂၀၂) နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် ဓနုဖြူမြို့ပေါ်ရှိ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းရှင် အသိပညာပေးတွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

           အဆိုပါ လုပ်ငန်းရှင်များအသိပညာပေး တွေ့ဆုံဆွေးနွေးပွဲတွင် ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက ဓနုဖြူမြို့နယ် စပါးရောင်းဝယ်မှုအခြေအနေများ၊ စပါး/ ဆန်ဈေးကွက်နှင့် ကြိတ်ခွဲမှု ဆန်အရည်အသွေး ကောင်းမွန်စေရေး၊ ဆန်တင်ပို့ရာတွင် ကုန်ပို့လွှာနှင့် အတူ တင်ပိုဆောင်ရွက်ရန်ကိုလည်းကောင်း တင်ပြမေးမြန်းဆွေးနွေးပြီး၊ ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် MyRo တွင် လစဦ်ကုန်ရ၊ ကုန်ထုတ် စာရင်းများကို လဆန်းရက်များတွင် မဖြစ်မနေဖြည့်သွင်းရန်၊ သက်တမ်းတိုးပြည့်မီသူ လုပ်ငန်းရှင်များက သက်တမ်းတိုးလုပ်ငန်းကို ဆောင်ရွက်ရန်ကိုလည်းကောင်း၊  ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်တို့မှ သိရှိလိုသည်များရှိပါက Call Center 1535 သို့ စားသုံးသူကိစ္စရပ်များနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းနိုင်ပြီဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ကိစ္စရပ်များအကြောင်း၊ စားသုံးသူကာကွယ် ပေးရေးဥပဒေ၏ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးပြောကြားပြီး ဆန်စက်လုပ် ငန်းရှင် (၁၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)