သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူခရိုင်၏ နိုဝင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEsလုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလအတွင်း ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရှိုင်းမုန့်မျိုစုံလုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံ၍ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆောင်ရွက်ရမည့်အစီအမံများ၊ အမိန့်နှင့်ညွှန်ကြားချက်များထုတ်ပြန်ထားမှုဆိုင် ရာတို့ကိုရှင်းလင်းပြောကြားပြီး လိုက်နာဆောင်ရွက်သွားရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ နှင်းမိုးလှိုင်ကိတ်နှင့် ပေါင်မုန့်မျိုးစုံလုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံ၍ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ ထည့်သွင်းဖော်ပြနိုင်ရေး ရှင်းလင်းပြောကြားအသိပညာပေး ဆွေးနွေးခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်းနှင့် မိမိတို့ထုတ်လုပ်သည့် ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဘိုကလေးမြို့နယ် သပြုကုန်းကျေးရွာ အုပ်စုရှိ  အိမ်ထောင်စုများအား ဆီဝယ်ယူခွင့် လျှောက်လွှာ ပေးအပ်မှု အခြေအနေ

     စားသုံးသူရေးရာဦးစီးဌာန ၊ ဘိုကလေးမြို့နယ် သပြုကုန်းကျေးရွာ အုပ်စု ၊ မြို့နယ်တာဝန်ခံရုံး ၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီတွင် သပြုကုန်းကျေးရွာ အုပ်စုရှိ အုပ်ချုပ်ရေးမှူးနှင့် ကော်မတီ အဖွဲ့ဝင်များအား စားအုန်းဆီများကို စားသုံးသူ ပြည်သူများ လက်ဝယ်သို့ တဆင့် ပြန်လည် ရောင်းချပေးရန် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဆိုင်းဘုတ်များ တပ်၍ မှတ်တမ်းဓာတ်ပုံများ ပြန်လည်ပေးပို့ရန်နှင့် ဆီစာအုပ်များကိုလည်း စားသုံးသူများ လက်ဝယ်သို့ ပေးအပ်ခြင်း ရှိ/မရှိ၊ စားသုံးသူပြည်သူများ လက်ဝယ်သို့လည်း စားအုန်းဆီများ သေချာစွာ ရောင်းချပေးရန် သပြုကုန်းကျေးရွာ အုပ်စုရှိ အုပ်ချုပ်ရေးမှူးနှင့် ကော်မတီ အဖွဲ့ဝင်များလက်ဝယ်သို့ ဆီထုတ်လျှောက်လွှာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်ရှိ “ဖွံ့ဖြိုးအောင်”စက်သုံးဆီ အရောင်းဆိုင်အား ကွင်းဆင်းစိစစ်ခြင်း

    ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၄.၁၁.၂၀၂၅) နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မီးသတ်ဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာန (စ.စ.စ) ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ပါဝင်သော  အဖွဲ့ဖြင့် တပေတမော့ ကျေးရွာရှိ ဒေါ်ဖြူဖြူလွင် ပိုင်ဆိုင်သော “ဖွံ့ဖြိုးအောင်” စက်သုံးဆီ ဆိုင်သို့ ဝင်ရောက်စစ်ဆေးခဲ့ပါသည်။

          စက်သုံးဆီဆိုင်များအနေဖြင့် အဝင်ဆီ(PO) ရရှိမှု၊ မှန်ကန်မှုရှိ/မရှိ ၊ ရည်ညွှန်းဈေး ဆိုင်းဘုတ်တင် ရောင်းချခြင်း ရှိ/မရှိ ၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိ/မရှိ ၊ ဆီကန်များတွင် လက်ကျန်အခြေအနေတို့ကို စစ်ဆေးတိုင်းတာခြင်း၊ မသမာသော နည်းလမ်းများဖြင့် ဆီရောင်းဝယ် ပြုလုပ်ခြင်းများ မရှိစေရေး၊ ဆီပြတ်လပ်မှု မရှိစေရေးတို့ကို အလေးထား လိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူခရိုင်၏ နိုဝင်ဘာလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း  ဆောင်ရွက်နိုင်မှုအခြေအနေ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ခုနှစ် နိုဝင်ဘာလအတွင်း စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်ကာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ပြည်ပမှတင်သွင်းသော ကုန်စည်များကိုသာမက ပြည်တွင်း၌ထုတ်လုပ်သော ကုန်စည်များနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီး ကုန်စည်များ၏ ဘေးအန္တရာယ်ရှိ/ မရှိစစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်းကို ကန့်ဘလူမြို့နယ်အနေဖြင့် ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်စုံဆိုင်များနှင့် ကန့်ဘလူမြို့၊မြို့မဈေးရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း စသည်ဖြင့်စုစုပေါင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၂)ကြိမ်၊ ကျွန်းလှမြို့နယ်အနေဖြင့် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ ဆေးပစ္စည်းနုင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ် ကွက်ရှိ စက်သုံးဆီရောင်းဝယ်ရေးဆိုင်အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၁)ကြိမ်နှင့် ကျွန်းလှမြို့ ၊ သစ်ရာမြိုင်ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့် ထုတ်ပြန်ထားသည့်ကုန်စည်များကို ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)ပါလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျိုက်လတ်မြို့နယ်ရှိ “ဇော်”စက်သုံးဆီ အရောင်းဆိုင်အား ကွင်းဆင်းစိစစ်ခြင်း

     ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၄.၁၁.၂၀၂၅) နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မီးသတ်ဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာန (စ.စ.စ) ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ပါဝင်သော  အဖွဲ့ဖြင့် တပေတမော့ ကျေးရွာရှိ ဒေါ်နိုင်နိုင်မော် ပိုင်ဆိုင်သော “ဇော်” စက်သုံးဆီ ဆိုင်သို့ ဝင်ရောက်စစ်ဆေးခဲ့ပါသည်။

          စက်သုံးဆီဆိုင်များအနေဖြင့် အဝင်ဆီ(PO) ရရှိမှု၊ မှန်ကန်မှုရှိ/မရှိ ၊ ရည်ညွှန်းဈေး ဆိုင်းဘုတ်တင် ရောင်းချခြင်း ရှိ/မရှိ ၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိ/မရှိ ၊ ဆီကန်များတွင် လက်ကျန်အခြေအနေတို့ကို စစ်ဆေးတိုင်းတာခြင်း၊ မသမာသော နည်းလမ်းများဖြင့် ဆီရောင်းဝယ် ပြုလုပ်ခြင်းများ မရှိစေရေး၊ ဆီပြတ်လပ်မှု မရှိစေရေးတို့ကို အလေးထား လိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစိစစ်ခြင်း

    ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၄.၁၁.၂၀၂၅) နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မီးသတ်ဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာန (စ.စ.စ) ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ပါဝင်သော  အဖွဲ့ဖြင့် တပေတမော့ ကျေးရွာရှိ ဦးရဲနိုင် ပိုင်ဆိုင်သော “သာမညဖြိုး” စက်သုံးဆီ ဆိုင်သို့ ဝင်ရောက်စစ်ဆေးခဲ့ပါသည်။

          စက်သုံးဆီဆိုင်များအနေဖြင့် အဝင်ဆီ(PO) ရရှိမှု၊ မှန်ကန်မှုရှိ/မရှိ ၊ ရည်ညွှန်းဈေး ဆိုင်းဘုတ်တင် ရောင်းချခြင်း ရှိ/မရှိ ၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိ/မရှိ ၊ ဆီကန်များတွင် လက်ကျန်အခြေအနေတို့ကို စစ်ဆေးတိုင်းတာခြင်း၊ မသမာသော နည်းလမ်းများဖြင့် ဆီရောင်းဝယ် ပြုလုပ်ခြင်းများ မရှိစေရေး၊ ဆီပြတ်လပ်မှု မရှိစေရေးတို့ကို အလေးထား လိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံခရိုင်တွင် အများပြည်သူများ သက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဆန်ရောင်းချပေးလျက်ရှိ

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဖျာပုံမြို့နယ်တွင် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်  ဆန်စက်လုပ်ငန်းရှင်များ အသင်း၊ ဆန်စပါး ကုန်သည် အသင်း၊ စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ဆန်စပါးကုန်သည်အသင်းရုံး၌ အများပြည်သူများ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်  ဝယ်ယူစားသုံး နိုင်ရေးအတွက် ပေါ်ဆန်းဆန် (၁) ပြည်လျှင် (၅၀၀၀) ကျပ်၊ ဧည့်မထဆန် (၁) ပြည်လျှင် (၂၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်ရောင်းချမှုအနေဖြင့် ပေါ်ဆန်းဆန်(၁၀) အိတ်၊ ဧည့်မထဆန် (၁၀) အိတ် အား ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာသုံးဆီဖြန့်ဖြူး ရောင်းချနိုင်ရေး အတွက် ကျေးရွာဆီကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးပြောကြား

     ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက “ကဇောင်း”ကျေးရွာရှိ စားအုန်းဆီ ကော်မတီ အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။

    အဆိုပါတွေ့ဆုံပြောကြားရာတွင် “ကဇောင်း” ကျေးရွာရှိ ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်   ကျေးရွာအတွင်း ရှိအိမ်ထောင်စု ဝင်အားလုံး စားသုံးဆီရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြား ပေးသော ဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးနှင့် ပြည်သူများထံသို့ရောင်းချ နေမှုတို့အား ဓာတ်ပုံမှတ်တမ်းများ ပေးပို့ရန်ပြောကြားခဲ့ပြီး “ကဇောင်း”ကျေးရွာရှိ  စားသုံးဆီ ကော်မတီအဖွဲ့ဝင်များအား လိုအပ်သည် များကိုမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“ချောင်းတွင်း”ကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာသုံးဆီဖြန့်ဖြူး ရောင်းချနိုင်ရေး အတွက် ကျေးရွာဆီကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးပြောကြား

      ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက “ချောင်းတွင်း”ကျေးရွာရှိ စားအုန်းဆီ ကော်မတီ အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။

    အဆိုပါတွေ့ဆုံပြောကြားရာတွင် “ချောင်းတွင်း” ကျေးရွာရှိ ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်   ကျေးရွာအတွင်း ရှိအိမ်ထောင်စု ဝင်အားလုံး စားသုံးဆီရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြား ပေးသော ဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးနှင့် ပြည်သူများထံသို့ရောင်းချ နေမှုတို့အား ဓာတ်ပုံမှတ်တမ်းများ ပေးပို့ရန်ပြောကြားခဲ့ပြီး “ချောင်းတွင်း”ကျေးရွာရှိ  စားသုံးဆီ ကော်မတီအဖွဲ့ဝင်များအား လိုအပ်သည် များကိုမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ မှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် (၂၄.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀)မှစ၍ အိမ်သုံးလျှပ်စစ်ပစ္စည်း အမျိုးမျိုး တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/မရှိအား မအူပင်မြို့နယ် လျှပ်စစ် ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

    စစ်ဆေးဆောင်ရွက်ရာတွင် ရောင်းချနေသော အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးတို့တွင် မြန်မာလို ကုန်အညွှန်းအမှတ်အသားများကို သိသာထင်ရှားစွာဖော်ပြထားကြောင်း တွေ့ရှိရပြီး မိမိတို့ ဌာနမှလည်း ကုန်အညွှန်းအမှတ်အသား မပြည့်စုံသောကုန်ပစ္စည်းများ မရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့်အချက်များကို ဆွေးနွေးပြောကြားခဲ့ပြီး ယခုကဲသို့ စစ်ဆေးမှုကို လစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ