သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၃၅၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရပါသည်။

          ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ် မှုများအရ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ  ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေးအခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာစားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၆,၃၅၅ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန်ကြေညာထားကြောင်းသိရှိရပါ​သည်။      

          ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်   ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်းသိရှိရသည်။

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်းသိရှိရပါသည်။

ဟင်္သာတမြို့နယ် Online မှတစ်ဆင့် ကုန်စည်/ ဝန်ဆောင်မှု ရောင်းချသူလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ် နိုဝင်ုဘာလ (၅) ရက် နေ့လယ်(၁၃:၃၀) နာ+-အချိန်တွင် ဟင်္သာတမြို့နယ် ဦးဝိစာရလမ်း၊ ဘုရားကြီးရပ်ကွက်ရှိ  စတိုင်ဆိုင်များတွင် Online မှတစ်ဆင့် ကုန်စည်/ ဝန်ဆောင်မှု ရောင်းချသည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ Online ရောင်းချမှုနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို အသိပညာပေးဟောပြော ဆောင်ရွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ဆောင်ရွက်ရာတွင် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိနိုင်ရေး၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များပြည့်စုံစွာဖော်ပြနိုင်ရေး လုပ်ငန်းရှင်များဘက်ကလည်း မိမိတို့ ရောင်းချသည့် ကုန်ပစ္စည်းများအပေါ်တွင် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိစေခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေတွင်ဖော်ပြထားသည့် အခန်း(၁၀)၊ ဥပဒေပုဒ်မ(၂၁)၊ ပုဒ်မခွဲ(က)မှ ပုဒ်မခွဲ(ဋ) စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအား အသေးစိတ်နားလည်သဘောပေါက်စေရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

နတ်တလင်းမြို့နယ် မြို့ခြံအလယ်တန်းကျောင်း၌ စားသုံးသူအသိပညာပေးဟောပြော

       ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မူလတန်းကျောင်း၌ (၆.၁.၂၀၂၅) ရက်နေ့ နံနက် (၁၀;၀၀)နာရီတွင် စားသုံးသူရေးရာ ဦးစီးဌာနဝန်ထမ်းများနှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပူပေါင်း၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်း ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အေးအေးဆွေ သည်  စားသုံးသူကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ နစ်နာဆုံး ရှုံးမှုများ ရှိပါကတိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ကုန်ညွှန်းအမှတ်အသား ဖေါ်ပြခြင်းနှင့် ပတ်သက်၍ပုဒ်မ ၄၁။ (ခ)နှင့် (ဆ)တို့တွင် ဖော်ပြထားသည့် ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေး ဆိုင်ရာဘေးထွက်ဆိုးကျိုး သိုမဟုတ် ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင် သတိပေး ချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သိုမဟုတ် တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည် ဖြစ်ကြောင်း ဆွေနွေး ဟောပြောခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံ ရေးဦးစီးဌာန  ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက လူငယ်ရေးရာ အသိပညာပေးခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး နံရပ်ကပ်စာဆောင်များဖြင့်လည်းရှင်လင်းပြသခဲ့ရာဆရာ/ဆရာမနှင့်ကျောင်းသားကျောင်းသူ (၂၀၀)ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA (ပဲခူး)

နတ်တလင်းမြို့နယ်အေးငြိမ်းသာမြို့သစ်မူလတန်းကျောင်း၌ စားသုံးသူအသိပညာပေးဟောပြော

          ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် အေးငြိမ်းသာမြို့သစ် မူလတန်း ကျောင်း၌ (.၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁း၀၀)နာရီတွင် စားသုံးသူရေးရာ ဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပူပေါင်း၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်းပြုလုပ်ခဲ့ပါသည်။

          ထိုသို့ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အေးအေးဆွေ မှစားသုံးသူကွယ်ရေး ဥပဒေပါစားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ နစ်နာဆုံးရှုံးမှုများ ရှိပါကတိုင်ကြား နိုင်သည့်နည်းလမ်းများ၊ ကုန်ညွှန်းအမှတ်အသား ဖေါ်ပြခြင်းနှင့် ပတ်သက်၍ ဆွေနွေးဟောပြော ခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက လူငယ်ရေးရာအသိပညာပေး ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး နံရပ်ကပ်စာဆောင် များဖြင့်လည်းရှင်လင်းပြသခဲ့ရာ ဆရာ/ဆရာမ နှင့် ကျောင်းသား ကျောင်းသူ (၁၀၅)ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA (ပဲခူး)

ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

       ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် (၅.၁၁.၂၀၂၅) ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာနမှ ဟင်္သာတမြို့နယ် ဦးစီးမှူး ဦးမိုးကျော်၊ သက်ဆိုင်ရာဌာနဝန်ထမ်းများ၊ ဟင်္သာတခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းနှင့် ပူးပေါင်း၍  ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား  စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

    ထိုသို့ရောင်းချခဲ့ရာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ဆီ(၅၀)ကျပ်သား ရောင်းချခဲ့ပါသည်။ ဆီ(၅၀)ကျပ် သား (၁)ဗူးလျှင်(ဘူးခွံအပါ) ၃၅၀၀/- ကျပ်ဖြင့် ပိဿာချိန် ၃၀၀ အား ရောင်းချခဲ့ပြီး သက်ဆိုင်ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများလည်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတမြို့နယ် ‌“MPT(FTTH)” သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ နံနက်(၀၉:၃၀)နာရီခွဲအချိန်တွင် ဟင်္သာတမြို့၊ ဗိုလ်စောမောင်လမ်း၊ ရုံးကြီးရပ်ကွက်ရှိ  “MPT(FTTH)” သို့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းနှင့် စပ်လျဉ်း၍  ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ၌ အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေရန်၊ စားသုံးသူများစိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်ရန်၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ကြိုတင်အသိပေးချက်များရှိ/ မရှိ၊ တိုင်ကြားမှုများအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် စားသုံးသူအခွင့်အရေး ပြည့်ဝစွာရရှိစေရန် ရည်ရွယ်၍ စစ်ဆေးခဲ့ကြောင်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတွင် စားသုံးသူအပေါ် အရည်အသွေးပြည့်မီ သောကွန်ယက် ချိတ်ဆက်မှုများ ဆောင်ရွက်ထားလျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာန ထောက်ခံချက်များရှိကြောင်း၊ တာဝန်ခံလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ် ငန်းရှင်၏တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတခရိုင် စားသုံးသူရေးရာကော်မတီ တတိယကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

         ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် စားသုံးသူရေးရာကော်မတီ၏ တတိယကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ(၅)ရက်နေ့ နေ့လယ်(၁၅:၀၀) နာရီအချိန်တွင် ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

             အစည်းအဝေးတွင် ဦးစွာ ဟင်္သာတခရိုင်စားသုံးသူရေးရာ ကော်မတီအဖွဲ့ ဥက္ကဌ ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်းမှ  အဖွင့်အမှာစကား‌ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အတွင်းရေးမှူး စားသုံးသူရေးရာ ဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ အထက်ဌာနလမ်းညွှန်ချက်များ၊ ဆုံးဖြတ်ရမည့် အမှာစာများနှင့် ယခုလအတွင်း ဆောင်ရွက်ခဲ့မှုများ၊ လာမည့် တတိယ သုံးလပတ်တွင် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသူ အဖွဲ့ဝင်များကလည်း ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပါသည်။ စားသုံးသူရေးရာကော်မတီအဖွဲ့ ဥက္ကဌ ဦးလှိုင်ထွန်းမှလည်း တင်ပြဆောင်ရွက်ခဲ့သည့်  အမှာစာ(၅) ချက်အား အတည်ပြုဆွေးနွေး ဆုံးဖြတ်ခဲ့ပါသည်။ နိဂုံးချုပ်အနေဖြင့်   အဖွဲ့ဝင်များရဲ့ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်း  ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ညနေ(၁၆:၀၀) နာရီအချိန်တွင် အစည်းအဝေး ပြီးမြောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးကို အဖွဲ့ဝင်နှင့် ဖိတ်ကြား ထားသူ (၂၁)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးတွင် ရောင်းချနေသော အသား/ငါးတန်းများတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့၊ နံနက်(၀၇:၀၀)အချိန်တွင် ကယားပြည်နယ် စားသုံး သူရေးရာဦးစီးဌာနသည် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးရှိ အသား/ငါးရောင်းချနေသည့် အရောင်းဆိုင်များတွင် အသား/ငါးများ သန့်ရှင်းလတ်ဆတ်မှု ရှိ/မရှိ  အလေးချိန်မှန်ကန်မှု ရှိ/မရှိ၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှု ရှိ/မရှိ တို့ကို ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

    ထိုသို့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အသား/ငါး ရောင်းချနေသည့် အရောင်းဆိုင်များတွင် အသားငါးများ သန့်ရှင်းလတ်ဆတ်မှုရှိပါကြောင်း၊ အလေးချိန် မှန်ကန်မှု ရှိ/မရှိနှင့်ပတ်သက်၍ စစ်ဆေးရာတွင် ရောင်းချနေသော အသား/ငါးများ အလေးချိန် မှန်ကန်မှုရှိပါကြောင်းနှင့် အသား/ငါးများ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှု ရှိ/မရှိနှင့် ပတ်သက်၍စစ်ဆေးရာတွင် ကြက်သား(အမာ) တစ်ပိဿာလျှင် ၂၄၀၀၀/-ကျပ်၊ ကြက်သား (အပျော့) တစ်ပိဿာလျှင် ၂၄၀၀၀/-ကျပ်၊ ကြက်သား(ဒေသ)တစ်ပိဿာလျှင် ၃၅၀၀၀/-ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ၃၅၀၀၀/-ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၃၅၀၀၀/-ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် ၅၀၀၀၀/-ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၂၂၀၀၀/-ကျပ်၊ ငါးကြင်း(ဖြူ) တစ်ပိဿာလျှင် ၃၂၀၀၀/-ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် ၂၈၀၀၀/-ကျပ်၊ ငါးခူတစ်ပိဿာလျှင် ၂၀၀၀၀/-ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်းသိရှိရပါသည်။

    အသား/ငါးဈေးနှုန်းများသည် ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်လျှင် ဈေးနှုန်း တည်ငြိမ်လျက်ရှိပြီး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းဖြင့် အများပြည်သူ အတွက် အလေးချိန်မှန်ကန်စွာဖြင့် သန့်ရှင်းလတ်ဆတ်သော အသား/ငါးများ ဝယ်ယူစားသုံး နိုင်ခြင်းနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းထက် အဆမတန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မဖြစ်ပေါ်စေရန်တားဆီးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း သုံးသပ်မိပါ သည်။

DOCA(ကယား)

ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ စားသုံးသူပြည်သူများသို့ ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီဖြန့်ဖြူးမှုအား မြေပြင်ကွင်းဆင်းစိစစ်ခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့နယ်တာဝန်ခံသည် (၅.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍  ဟင်္သာတမြို့နယ် တာငါးဆယ်တောင်ရပ်ကွက်ရှိ (ထွန်း)လက်ကားကုန်မျိုးစုံဆိုင်မှ စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ် ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့် ရာနှုန်းပြည့်မီအောင် ရောင်းချပေးစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန်ပြည့်ဝစွာ ပြည်သူများသို့ ဖြန့်ဖြူးရောင်းချမှုရှိ/ မရှိ၊ လစဉ်ဆီရောင်းချမှု အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခြင်းနှင့် စားအုန်းဆီ ဖြန့်ဖြူးရောင်းချပေးနေမှုများအား စိစစ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

မြို့မစည်ပင်ဈေးအတွင်းရှိ ဗူးသွပ်ဆီများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၅.၁၁.၂၀၂၅)ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် အင်္ဂပူမြို့မစည်ပင်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသော ဗူးသွပ်ဆီများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ဗူးသွပ်ဆီများတွင် FDA ထောက်ခံချက်ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားကြောင်း စိစစ်တွေ့ရှိခဲ့ပြီး၊   မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ်(/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်()ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ