သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လက်ပံတန်းမြို့တွင်ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းမြင့်တက်ရောင်းချခြင်းရှိ/ မရှိကွင်းဆင်းခြင်း

     ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် နေထိုင်ကြသော ပြည်သူ များ၏ နေ့စဉ်စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှု ရှိစေရေးအတွက် အလေးထားဆောင်ရွက်လျှက်ရှိရာ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အတွင်းရှိ ဆေးဆိုင် များအား  တစ်လလျှင် (၂)ကြိမ် ဆေးနှင့် ဆေးပစ္စည်း ရောင်းချနေသည့်ဆေးဆိုင်များသို့ကွင်းဆင်း၍ဆေးနှင့်ဆေးပစ္စည်းများကိုဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများကို‌ဒေသတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်   ဈေးနှုန်းများဖြင့်ရောင်းဝယ်ဖောက်ကားခြင်းများ ရှိ/ မရှိ နှင့် ဆေးများ ပြတ်လပ် ခြင်းရှိ / မရှိ တို့ကို စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ဆန်စပါးသိုလှောင်ရုံများ MyRO တွင် မှတ်ပုံတင်နိုင်ရေးကွင်းဆင်းဆောင်ရွက်

    ၇.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မော်လမြိုင်မြို့၊ ဈေးကြိုပွဲရုံအတွင်းရှိ ပြည်ကျော်ဆန်ဆိုင်အား My RO တွင် သိုလှောင်ရုံမှတ်ပုံတင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် သိုလှောင်ရုံတည်နေရာ၊ သိုလှောင်ရုံအတိုင်းအတာ၊ သိုလှောင်ရုံ၏ ဝင်ဆံ့ပမာဏ၊ လက်ရှိ ဆန်တစ်မျိုးချင်းအလိုက် သိုလှောင်ထားရှိမှု အခြေအနေများများအား ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး သိုလှောင်ရုံပိုင်ရှင်အား သိုလှောင်ရုံ မှတ်ပုံတင်လက်မှတ်ရရှိပြီးပါက ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား လစဉ်လဆန်း (၁) ရက်နေ့မှ (၇) ရက်အတွင်း ထည့်သွင်းရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

   DOCA (မွန်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံသည် “‌အလင်္ကာ” အမှတ်တံဆိပ် အချိုရည်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရ မှုဌာနခွဲ ဒုတိယတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည်.၁၁.၂၀၂ ရက်နေ့တွင် “အလင်္ကာ” အမှတ်တံဆိပ် အချိုရည်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ် အသားဖော်ပြချက်နှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မိုးညိုမြို့တွင်စားအုန်းဆီလက်လီ/လက္ကားဈေးကွက်ရှောင်တခင်စစ်ဆေး

            ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် မိုးညိုမြို့နယ်အတွင်း စားအုန်းဆီလက်လီ/လက်ကားရောင်းချနေသော ပြည်တော်အေးလမ်း၊ ရွှေဥဒေါင်းရပ်ကွက်ရှိ  ဦးအေးလွင် ကုန်စုံဆိုင်အား ၆.၁၁.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် ရှောင်တခင်ဝင်ရောက် စစ်ဆေး  ခဲ့ကြပါသည်။

          ထိုသို့စစ်ဆေးရာတွင် မိုးညိုမြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချနေသော ဆိုင်များအနေ ဖြင့်သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဗွီနိုင်းများချိတ်ဆွဲရောင်းချကြောင်း သတ်မှတ်ဈေးနှုန်းများအတိုင်း အိမ်ထောင်စုအလိုက်၊ စားအုန်းဆီဝယ်ယူခွင့်၊ စားအုပ်များဖြင့်ရောင်းချနေကြောင်းစစ်ဆေးတွေ့ရှိရပါသည်။

DOCA(ပဲခူး)

အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင်ဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

    ၆.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ ထုတ်ကုန် လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ရွှေနှင့် ရတနာပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင် ဆိုင်ရာကိစ္စနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်က အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင် လျှောက်ထားခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ ထုတ်ကုန် လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံက အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင် လျှောက်ထားရာတွင် တင်ပြရမည့်အထောက် အထားများဖြစ်သည့် လုပ်ငန်းတည်ရှိသည့်လိပ်စာ မှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ (လုပ်ငန်း အမည်ပါရှိရန်)၊ ပိုင်ရှင်အတွက် ရပ်ကွက်ထောက်ခံစာ (နေထိုင်ကြောင်း ဖြစ်ရန်)၊ ရဲစခန်းထောက်ခံစာ (ပိုင်ရှင်ပြစ်မှုကင်းရှင်းကြောင်း) Business Logo၊ ပိုင်ရှင်မှတ်ပုံတင်၊ ပတ်စ်ပို့ဓါတ်ပုံတို့၏ မူရင်းများကိုသာ ဓာတ်ပုံ ရိုက်၍ တွဲပေးရမည် ဖြစ်ကြောင်း၊ မိမိ လျှောက်ထားသည့် ပစ္စည်းအမျိုးအစားနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၏ ထောက်ခံ ချက်များကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင်ဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

     ၅.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ ထုတ်ကုန် လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် အစားအသောက် ရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်ဆိုင်ရာကိစ္စနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

     ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်က အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင် လျှောက်ထားခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံက အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင် လျှောက်ထားရာတွင် တင်ပြရမည့်အထောက် အထားများဖြစ်သည့် လုပ်ငန်းတည်ရှိသည့်လိပ်စာ မှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ (လုပ်ငန်း အမည်ပါရှိရန်)၊ ပိုင်ရှင်အတွက် ရပ်ကွက်ထောက်ခံစာ (နေထိုင်ကြောင်း ဖြစ်ရန်)၊ ရဲစခန်းထောက်ခံစာ (ပိုင်ရှင်ပြစ်မှုကင်းရှင်းကြောင်း) Business Logo၊ ပိုင်ရှင်မှတ်ပုံတင်၊ ပတ်စ်ပို့ဓါတ်ပုံတို့၏ မူရင်းများကိုသာ ဓာတ်ပုံရိုက်၍ တွဲပေးရမည် ဖြစ်ကြောင်း၊ မိမိ လျှောက်ထားသည့် ပစ္စည်းအမျိုးအစားနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကြံခင်းမြို့ အခြေခံပညာအလယ်တန်း(ကဇင်းကြီး)ကျောင်းတွင် အသိပညာပေးဟောပြောပွဲခြင်းနှင့် ကျောင်းမုန့်ဈေးတန်းတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၅.၁၁.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်ကျန်းမာရေးအဖွဲ့၊ မြို့နယ်တိုင်းရင်းဆေးအဖွဲ့နှင့် ပူးပေါင်း၍ ကြံခင်းမြို့၊ ကဇင်းကြီးကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ ဆရာမ(၆၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူ စကားရပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊  စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများအကြောင်း၊ တားမြစ်ချက်များအကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူတို့အနေဖြင့် အသင့်စားမုန့်များဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များ အဓိကဖက်ရှု့ရမည်ဖြစ်ကြောင်း၊ စားသုံးသူ တို့အနေဖြင့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း စသည့်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

          ဆက်လက်၍ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိမရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန်၊ သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသော တားမြစ်မုန့်များ၊ အစားအသောက်များ၊ သက်တမ်းလွန်အစားအစာများရောင်းချမှုမရှိစေရေး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန် စသည်တို့ကို မုန့်ဈေးတန်းရောင်းချသူများအား အသိပညာပေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

သာယာဝတီမြို့၌ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌  ခရိုင်ဦးစီးမှူး၏ လမ်းညွှန် မှုဖြင့် ၇.၁၁.၂၀၂၅ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် သာယာဝတီဈေးအတွင်းရှိ ဒေါ်သန်းသန်းချို (ကုန်မျိုးစုံဆိုင်) အား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ သာယာဝတီ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့မှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ   တိကျမှန်ကန် ရှင်းလင်းသော သတင်းအချက်များ သိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရန်၊  စိတ်ကျေနပ်မှုရှိ စေရန်အတွက်အာမခံချက်ပေးနိုင်သည့် အရည်အသွေး မြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူကာကွယ် ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင် သက်တမ်းတိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

      ၈.၁၁.၂၀၂၅ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်သက်တမ်းကျော်လွန်မှု မရှိစေရေး၊ သက်တမ်းတိုးနိုင်ရေး၊ ကုန်ရကုန်ထုတ်၊ လက်ကျန်စာရင်းများ၊ လစဥ်စာရင်းသွင်းနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထို ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

     ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်စပါးလုပ်ငန်း ရှင်များနှင့် တွေ့ဆုံ၍ ဆန်စပါးသိုလှောင်ရုံများ တစ်နှစ်တစ်ကြိမ် သက်တမ်းပုံမှန်တိုးရန်၊ အွန်လိုင်းမှတစ်ဆင့် ကုန်ရ/ကုန်ထုတ်၊ လက်ကျန်စာရင်းများ၊ ပုံမှန်ရေးသွင်းနိုင်ရေး၊ ဈေးကစားရန် ရည်ရွယ်၍ ဆန်စပါးများသိုလှောင်ထားရှိမှုမရှိစေရေး၊ ဆန်စပါးစျေးနှုန်း တည်ငြိမ်ရေး၊ ဆန်ဈေးနှုန်းများ မြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        DOCA (မွန်)

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အင်းဖျားကျေးရွာအုပ်စုရှိ ဒီဇယ်အင်ဂျင်(၆)လုံးထိုး စပါးအခြောက်ခံစက်အား သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းက ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အင်းဖျားကျေးရွာအုပ်စုရှိ ပိုင်ရှင်ဦးအေးမင်းမြတ်၏  ဒီဇယ်အင်ဂျင်(၆)လုံးထိုး စပါးအခြောက်ခံစက်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

        ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စပါးအခြောက်ခံစက်လည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တစ်နေ့လျင် စပါးအခြောက်ခံစက် လည်ပတ်မှုအခြေအနေများနှင့် စပါးအခြောက်ထွက်ရှိမှုများ၊ မိုးရွာသွန်းမှုကြောင့် စပါးများ အခြောက်ခံရန်အတွက် အခက်အခဲမရှိစေရန် စပါးအခြောက်ခံစက်များဖြင့် စပါးအ၀ယ်ဒိုင်ဖွင့်လှစ် ၀ယ်ယူပေးနေမှုကြောင့် တောင်သူများ သင့်တင့်သည့် စပါးစျေးနှုန်းရရှိမှုများ၊ ဈေးကွက်သို့တင်ပို့မှုနှင့် ဈေးနှုန်းရရှိမှုအခြေအနေများအား မေးမြန်းခဲ့ရာ စပါးအခြောက်ခံစက်တာဝန်ခံက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါ စပါးအခြောက်ခံစက်သည် တစ်နေ့လျှင်(၁၆)နာရီလည်ပတ်ကြောင်းသိရပြီး စပါးအခြောက် (၂၆၀၀)တင်း ထွက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ