သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်များသို့ အဖွဲ့စုံဖြင့် ဆန်ရောင်းချမှု ကွင်းဆင်းစစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာရေး) သည် ဗိုလ်တထောင်ခရိုင်၊ပုဇွန်တောင်မြို့နယ်အတွင်းရှိ အင်ကြင်းခိုင်၊ ထွန်းတောက်၊ စိန်သုံးလုံး၊ ဦးမြင့်နိုင်၊ တိုးတက်လင်း၊ မြတ်ချမ်းသာ၊ ဒို့ညီနောင်၊ အောင်သိဒ္ဓိစသည့် ဆန်အရောင်း ဆိုင် (၈)ဆိုင်သို့    ၁၁.၃.2025 (၁၃:3၀) အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီ၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ ပူးပေါင်းပါဝင်သော အဖွဲ့စုံဖြင့် ဆန်ရောင်းချမှု အခြေအနေများကို စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များသည် ရွှေဘိုပေါ်ဆန်း(အသစ်/အဟောင်း)၊ ရွှေဘို(လတ်)  ၊ ကျားပျံ(ရှယ်) ၊ ကျားပျံ(လတ်) ၊ ဧရာပေါ်ဆန်း ၊ ပေါ်ဆန်း(ရိုးရိုး) ၊ ပေါ်ဆန်း(လတ်) ၊ ဇီယာ(နိမ့်) ၊ ဇီယာ (လတ်) ၊ (ရက် ၉၀) ၊ စသည့် ဆန်များ ၏(၁ပြည်/၁အိတ်) ဈေးနှုန်းများကို ဖေဖော်ဝါရီလအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ထုတ် ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချရှိ/မရှိ စစ်ဆေးခြင်းနှင့် သမားရိုးကျရောင်း ဝယ်ခြင်းမဟုတ်သော ဈေးကစားလိုသည့်ရည်ရွယ်ချက်ဖြင့် ဆန်ဈေးနှုန်း ဈေးကစားရန်အလို့ငှာ ဆန်များ သိုလှောင်ထားခြင်းမပြုရန်၊  လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း  အသိပညာပေးပြောကြား ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

တိုင်းရင်းဆေးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ပုဇွန်တောင်မြို့နယ်ခွဲတာဝန်ခံ ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး) နှင့် ဝန်ထမ်း (၂) ဦး သည် (၁၁-၃-၂၀၂၅) ရက်နေ့ ၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ပုဇွန်တောင် ဈေး စည်ပင်မှဈေးတာဝန်ခံ ဦးစိုးနိုင် တို့နှင့် ပူးပေါင်းကာ ဈေးကွက်အတွင်းရောင်းချနေသော တိုင်းရင်း ဆေးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးခဲ့ရာတွင် တိုင်းရင်းဆေးအမျိုးမျိုးရောင်းချသော ဈေးအတွင်းရှိ ဦးသန်းစိုး ဆေးဆိုင်၊ မင်းမင်းဆေးဆိုင်များရှိ တိုင်းရင်းဆေးဝါးများအား စားသုံးသူဥပဒေပါ အခန်း(၈) တွင် ဖော်ပြထားသော ကုန်စည်တွင်ပါဝင်ရမည့် အချက်များဖြစ်သော ကုန်ပစ္စည်းအမျိုးအမည် ၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်များဖော်ပြထားသည်ကို စစ်ဆေး တွေ့ရှိရပြီး ဌာန အနေဖြင့်လည်း ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော တိုင်းရင်းဆေးဝါးများ ရောင်းချခြင်းမပြု ကြရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ဈေးကွက်အတွင်းဆေးဝါးများ ပြတ်လပ်ခြင်းရှိ/မရှိစစ်ဆေးခြင်း

ဈေးကွက်အတွင်း ဆေးဆိုင်များတွင် ဆေးများရောင်းချခြင်းရှိ/မရှိနှင့် ဆေးဝါးများ ပြတ်လပ် ခြင်း ရှိ/မရှိကို  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများသည် ၁၁.၃.၂၀၂၅ ရက်နေ့တွင်  ပုဇွန်တောင်မြို့နယ် ၊ အကြည်တော် အိမ်ယာ ရွှေအိုးဆေးဆိုင်အား သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်တွင်း၌ အခြေခံစားကုန်များ ဈေးနှုန်းတည်ငြိမ်ရေး ကို ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိစေရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိရာ ဈေးကွက်များအတွင်း ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

၂၀၂၅ ခုနှစ်၊ မတ် ၁၄ ရက်နေ့၊ နေ့လည်(၁၃း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အထူးစုံစမ်းစစ်ဆေး‌ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့ဖြင့်ပူးပေါင်း၍  ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ် မှန်ကန်စေရေးနှင့် ပြည်တွင်းထုတ်စားသုံးဆီများတွင် ရောနှောဆီများ ၊ FDA ထောက်ခံချက်များ ပါရှိမှုရှိ/မရှိ မြောက်ဒဂုံမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်ကြီးများနှင့် စားသုံးဆီ ရောင်းချသည့် ကုန်စုံဆိုင်များအား စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ဆန်စျေးနှုန်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုများ ရှိ/မရှိ၊ အလေးချိန်မှန်ကန်စွာဖြင့် ချိန်တွယ်ရောင်းချမှုများ ရှိ/မရှိနှင့် ဝိသမလောဘဖြင့် သိုလှောင်မှုများ ရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးဆီများအား စစ်ဆေးရာတွင် ရောနှောဆီများအား သတ်မှတ်ချက် များနှင့်အညီ ရောင်းချနေမှုများ ရှိ/မရှိ၊ ပြည်တွင်းစားသုံးဆီများတွင် FDA ထောက်ခံချက်များ ပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

အလှကုန်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၁.၃.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ပူးပေါင်း၍ သာကေတမြို့နယ်၊ အမှတ်(၂) ဈေးအတွင်းရှိ ကုန်မျိုးစုံနှင့် အလှကုန်ပစ္စည်းများ ရောင်းချ လျက်ရှိသော စတိုးဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      အဆိုပါ‌ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော အလှကုန် ပစ္စည်းများတွင် သုံးစွဲသူများနားလည်စေရန် မြန်မာဘာသာစကားနှင့် ဖော်ပြထားရှိမှု ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြထားရှိမှု ၊ သုံးစွဲရန်အညွှန်းဖော်ပြထားရှိမှု၊ ထုတ်လုပ်သည့်ရက်စွဲ ၊ သက်တမ်း ကုန်ဆုံးရက်စွဲတို့ ဖော်ပြထားရှိမှု ရှိ/မရှိစစ်ဆေးခဲ့ပြီး ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသော အလှကုန်ပစ္စည်းများသာ ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော အလှကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါ သည်။

DOCA(ရန်ကုန်)

 

မာန်ပြေရပ်ကွက်အတွင်းရှိ ဆေးဆိုင်များအားသက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကွင်းဆင်း ဆောင်ရွက်

စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၄.၃.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ သာကေတ မြို့နယ် ၊ မာန်ပြေ ရပ်ကွက်အတွင်းရှိ ဆေးပစ္စည်းများ ရောင်းချလျက်ရှိသော ဆေးဆိုင်များတွင် ဆေးပစ္စည်းပြတ်လပ် မှုနှင့် ဈေးနှုန်းများမြင့်တင်ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အများပြည်သူများသုံးစွဲရာတွင် အချို့သော ဆေးပစ္စည်းများမှာ အခြားသောကုမ္ပဏီများမှ အာနိသင်တူညီသောဆေးဝါးများ အစားထိုးတင်သွင်းသည့်အတွက် ဆေးဝါးပြတ်လပ်မှုမရှိကြောင်းနှင့် ဆေးပစ္စည်းများအား ဈေးနှုန်း မြင့်တင်ရောင်းချခြင်းများ မတွေ့ရှိပါကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

DOCA(ရန်ကုန်)

“ တစ်ပတ်အတွင်း စားအုန်းဆီ ထုတ်ပေးမှုအခြေအနေ ”

(၁၀.၃.၂၀၂၅ မှ ၁၅.၃.၂၀၂၅)

သန်လျင်မြို့နယ်၊ မတ်လ(၁၇) ရက်

          ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့်အခြားတိုင်းဒေသကြီးပြည်နယ် များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ် ထုတ်ပေးလျှက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်း ဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ အပတ်စဉ် ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည် ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများမှ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျှက်ရှိကြောင်းနှင့် (၁၀.၃.၂၀၂၅)ရက်နေ့မှ (၁၅.၃.၂၀၂၅) ရက်နေ့အထိ ဆီကုမ္ပဏီ(၂၂)ခုနှင့် စားအုန်းဆီတန်ချိန် (၄၃၆၈.၄၅၇)တန်ကို ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

 DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ်၌မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကိုယူနက်စကို၏လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအသိပညာပေးဟောပြောပွဲကျင်းပ ”

ခရမ်းမြို့နယ် ၊ မတ်  (၁၃) ရက်

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် အမည်စာရင်းတင်သွင်းမှု အောင်မြင်နိုင်ရေးအတွက် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့များ နှင့်ပတ်သတ်၍ အသိပညာပေးအစီအစဉ်ကို မတ်လ(၁၁)ရက်နေ့၊ နေ့လည် (၁၂:၃၀)နာရီအချိန်တွင် ရန်ကုန်ဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူးရုံး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောခဲ့ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူးက မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ် ဆိုင်ရာဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံက သနပ်ခါးသည် မြန်မာတို့၏ နေ့စဉ်ဘဝအတွက်  အရေးပါကြောင်းနှင့် မြန်မာ့သနပ်ခါးသည် ကမ္ဘာတွင်ထူးခြား သည့်ဓလေ့တစ်ခုဖြစ်ကြောင်း၊ မြန်မာ့သနပ်ခါးဓလေ့၏ သမိုင်းကြောင်းအစဉ်အလာယဉ်ကျေးမှုများ၊ သနပ်ခါး၏အသုံးဝင်ပုံနှင့် အသုံးပြုပုံအကြောင်း၊ မြန်မာ့သနပ်ခါး၏ အကျိုးကျေးဇူးများစသည့် သနပ်ခါးနှင့်ပတ်သတ်သည့် အကြောင်းအရာများ နှင့်  မြန်မာ့သနပ်ခါးအား ပြည်တွင်းဖြစ်အလှကုန် ပစ္စည်းများအဖြစ် ထုတ်လုပ်ဖြန့်ဖြူးရာတွင် ထုတ်လုပ်သူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံအောင် ‌ဖော်ပြပါရှိသော သနပ်ခါး အလှကုန်ပစ္စည်းများကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်နှင့် သုံးစွဲသူပြည်သူများ အနေဖြင့် လည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော သနပ်ခါးအလှကုန်ပစ္စည်းများကို သာဝယ်ယူသုံးစွဲကြရန်နှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ်၌ ၂၀၂၅ခုနှစ်ကမ္ဘာစားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပခြင်းနှင့်စားသုံးသူအခွင့်အရေးများအကြောင်းအသိပညာပေးဆွေးနွေးဟောပြောခြင်း ”

ခရမ်းမြို့နယ် ၊ မတ်  (၁၃) ရက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ကမ္ဘာ့စားသုံးသူ အခွင့်အရေး များနေ့ ဖြစ်ပေါ်လာပုံနောက်ခံသမိုင်းနှင့် ၂၀၂၅ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားများအား တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးတို့တွင် ကျင်းပရခြင်း ၏ ရည်ရွယ်ချက်နှင့်  စားသုံးသူအခွင့်အရေးများအကြောင်း အသိပညာပေးဆွေးနွေး ပြောကြားခြင်းအား မတ်လ(၁၁)ရက် နေ့၊ နေ့လည်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူးရုံး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ရာတွင် အသိပညာပေး ဆွေးနွေးဟောပြော ခဲ့ရာတွင် ခရမ်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ (World Consumer Right Day ) အထိမ်းအမှတ် အခမ်း အနားများအား မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတို့တွင် ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြခြင်း၏ ရည်ရွယ်ချက်များထဲမှ စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူ၏ အခွင့်အရေးအကြောင်းအရာများကို သိရှိနားလည်နိုင်စေရန်နှင့် အပြည်ပြည်ဆိုင်ရာ စားသုံးသူအဖွဲ့အစည်းကသတ်မှတ်ပေးသောဆောင်ပုဒ်မှာ “လူနေမှုဘဝ အစဉ်တည်တံ့ ဖို့မျှတအသွင်ကူးပြောင်းစို့” ဆောင်ပုဒ်နှင့်အညီ အရည်အသွေးပြည့်မှီသောထုတ်ကုန်များကို တိုးတက် ထုတ်လုပ်နိုင်ပါက လူနေမှုဘဝမျှတစွာ အသွင်ကူးပြောင်းနိုင်မည် ဖြစ်သည့်အတွက် ဒေသအတွင်း ထုတ်လုပ်မှု လုပ်ငန်းများအောင်မြင်အောင် ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတော် အနေဖြင့် MSME ကဏ္ဍကို အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ရှိစားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေးဆွေးနွေးပြောကြားခြင်း၊ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများအား စိစစ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း စားသုံးသူပြည်သူများအတွက် ပိုမိုကောင်းမွန်သည့်အကာအကွယ်၊ ကောင်းမွန်သော ပတ်ဝန်းကျင် ရရှိနိုင်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ထုတ်ကုန် များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူအခွင့်အရေး ကာကွယ် ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။     

DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ်ရှိစားအုန်းဆီလက်လီ၊လက်ကားအရောင်းဆိုင်များသို့ ရှောင်တခင်ကွင်းဆင်းစိစစ် ကြပ်မတ်ကွင်းဆင်းစစ်ဆေးခြင်း ”

ခရမ်းမြို့နယ် ၊ မတ်  (၁၃) ရက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ  စားအုန်းဆီ လက်လီ၊ လက်ကား အရောင်းဆိုင်သို့ မတ်လ(၄)ရက်နေ့၊ နေ့လည်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ခရမ်းမြို့နယ်အတွင်း စားအုန်းဆ ကိုယ်စား လှယ်များအနေဖြင့် စားသုံးသူပြည်သူများထံသို့ လက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချ နေမှု အခြေအနေအား ရှောင်တခင်ကွင်းဆင်း စိစစ်ကြပ်မတ်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရမ်းမြို့နယ် စားသုံးသူ ရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်နှင့် ဝန်ထမ်းများသည် ခရမ်းမြို့နယ်ရှိ စားအုန်းဆီကိုယ်စားလှယ် ဦးရဲဝင်း၏ စားအုန်းဆီ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်သို့ သွားရောက် တွေ့ဆုံခဲ့ပြီး မိမိအနေဖြင့် စားအုန်းဆီ ခွဲတမ်းရရှိနေသည့် ကုမ္ပဏီအမည်၊ စားအုန်းဆီ တစ်ရက်ခွဲတမ်းရရှိသည့် ပေပါ၊ ပိဿာ၊ တစ်ရက်လျှင် ဖြန့်ဖြူးရောင်းချနေသည် စားအုန်းဆီပေပါ၊ ပိဿာနှင့် စားသုံးသူပြည်သူများထံသို့ လူတစ်ဦးလျှင် တစ်ရက်(သို့မဟုတ်) တစ်ပတ်ရောင်းချပေးနေသည့် ဆီ ကျပ်သားနှုန်းများ လက်လီ၊ လက်ကား ဈေးနှုန်းတို့အား စာရင်းကောက်ယူခဲ့ပြီး စားအုန်းဆီ ကိုယ်စားလှယ်များအနေဖြင့် တစ်ရက်ထုတ်ယူရရှိသည့် ပေပါ၊ ပိဿာနှင့် တစ်ရက်ပြန်လည် ဖြန့်ဖြူး ရောင်းချနေသည့် ပေပါ၊ ပိဿာစာရင်း ကိုက်ညီမှု ရှိ/မရှိ အခြေအနေအား စားအုန်းဆီဈေးနှုန်း တည်ငြိမ်မှုမရှိစေရန်နှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ၊ သက်ဆိုင်ရာမှ သတ်မှတ်အခြေခံလက်ကား ရည်ညွှန်းဈေးအပေါ် နှစ်ရာခိုင်နှုန်းအမြတ်ထက်ပိုသော ဈေးနှုန်းဖြင့် ပြန်လည်ဖြန့်ဖြူး ရောင်းချခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေးအသိပညာပေး ပြောကြားခဲ့ပြီး ရှောင်တခင် ကွင်းဆင်း စိစစ်ကြပ်မတ် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ