စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် မြန်မာဆန်စပါးအွန်လိုင်း My RO  Software အသုံးပြုခြင်းနှင့်စပ်လျဉ်း၍  သင်တန်းဖွင့်လှစ်

Powered by Drupal

မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online Application – My RO ) Software အသုံးပြု ခြင်းနှင့်စပ်လျဉ်း၍ Software  အသုံးပြုနည်း သင်တန်းအား မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ၈-၁-၂၀၂၆ ရက်နေ့၊ နံနက် (၁၀:၀၀) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် ရှေးဦးစွာတိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြန်မာဆန်စပါးအွန်လိုင်း Myanmar Rice Online Application – My RO  Software အသုံးပြုခြင်းနှင့် စပ်လျဉ်း၍  ဦးစီးအရာရှိ ဒေါ်လှပို မှ My RO Software  တွင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်များ ဖြည့်သွင်းခြင်းလုပ်ငန်းစဉ်များ၊ သက်တမ်းတိုးခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များ၊ My ROတွင်  သိုလှောင်ရုံ အသစ်လျှောက်ထားရာ၌ လိုအပ်သည့် အချက် အလက်များနှင့် လျှောက်ထားရသည့် လုပ်ငန်းစဉ်များအကြောင်းစသည်ဖြင့်   ရှင်းလင်းဆွေးနွေးခဲ့ ကြောင်းသိရှိရပါသည်။ သင်တန်းကို ဆန်စက်လုပ်ငန်းရှင်များ အသင်း၊ ဆန်ကုန်သည်အသင်းနှင့် ဆန်ကုန်စည်ဒိုင်အသင်းတို့မှ ဆန်လုပ်ငန်းရှင်  (၄၁)ဦး နှင့် ခရိုင်များမှလည်း Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြပြီး  မြန်မာဆန်စပါးအွန်လိုင်း(My RO) Software တွင်လလစဥ်ကုန်ရ၊ ကုန်ထုတ် ကုန်လက်ကျန်ဖြည့်သွင်းခြင်း  နှင့် စပ်လျဥ်းသည့် အကြောင်းအရာများ၊ My RO လျှောက်ထားရာတွင်လိုအပ်သည်အကြောင်းအရာများ၊ သက်တမ်း တိုးခြင်းနှင့်စပ်လျဥ်းသည့် အကြောင်းအရာများနှင့်စပ်လျဥး်၍ တက်ရောက်လာသည့် လုပ်ငန်းရှင်များမှ မရှင်းလင်းသည်များ၊ သိရှိလိုသည်များကို  ဆွေးနွေးမေးမြန်းခဲ့ကြပြီး သင်တန်းမှာ နေ့လည် ၁၂း၀၀ နာရီအချိန်တွင်ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)