သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်အောင်မြို့နယ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန ၊မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းသည် (၆.၃.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း အသိပညာပေး  Talk Show အစီအစဉ်ကိုဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အစီအစဉ်တွင် ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းက ၁၉၈၃ ခုနှစ်မှစ၍ နှစ်စဉ်မတ်လ(၁၅) ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အဖြစ်သတ်မှတ်ရန် Consumer International(CI) အဖွဲ့အစည်းမှ Anwar Fazal မှ အဆိုပြုခဲ့ခြင်းဖြစ်ပြီး၊ ထိုမှအစပြု၍ နှစ်စဉ်နှစ်တိုင်း မတ်လ(၁၅)ရက်နေ့ကိုသတ်မှတ်၍ စားသုံးသူလှုံ့ဆော် ဆောင်ရွက်မှုများကို ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ဆက်လက်၍ စားသုံးသူအခွင့်အရေးဆိုသည်မှာ၊ စားသုံးသူအခွင့်အရေးစတင်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားများအား နှစ်စဉ်ကျင်းပဆောင်ရွက်ခဲ့မှုများအကြောင်း၊ Media Campaign ဆောင်ရွက်မှု၊ နှစ်အလိုက် အခမ်းအနားများကျင်းပဆောင်ရွက်မှုအခြေအနေများအား အသိပညာပေးဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရွာသစ်ရပ်ကွက်ရှိ ဆန်ဆိုင်များအား သက်ဆိုင်ရာဌာနအဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၅.၃.၂၀၂၅) ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြံခင်းမြို့ပေါ်ရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်၊ မြို့မဈေးအတွင်းရှိဆန်ဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှလအလိုက်ထုတ်ပြန်ပေးသောသင့်တင့်မျှတသောဈေးကွက်ဈေးနှုန်းဖြင့်ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက်ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် အမြတ် ၈% ထက်ကျော်လွန် ရောင်းချခြင်းမဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များပြတ်လပ်မှုမရှိစေရေးတို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊   ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည့်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဆန်အရောင်းဆိုင်(၆)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ် အသင့်စား CP ကြက်အူချောင်း၊ ဝက်အူချောင်းများ ဖြန့်ဖြူးရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၅.၃.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်အတွင်းရှိ စတိုးဆိုင်နှင့်ကုန်မျိုးစုံအရောင်းဆိုင်များတွင် CP ကြက်အူချောင်း၊ ဝက်အူချောင်းများ ဖြန့်ဖြူးရောင်းချမှုအခြေအနေအား  ကွင်းဆင်းစစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းခဲ့ရာ အင်္ဂပူမြို့နယ်အတွင်း စတိုးဆိုင်နှင့် ကုန်မျိုးစုံဆိုင်များတွင် CP ကြက်အူချောင်းများသာရောင်းချလျက်ရှိပြီး၊ CP ဝက်အူချောင်းများရောင်းချမှုမရှိကြောင်း တွေ့ရှိရပါသည်။  ထို CP ကြက်အူချောင်းအထုပ်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားပြီး၊ သက်ဆိုင်ရာ FDA ထောက်ခံချက်ရရှိထားကြောင်း၊ ကုန်ပစ္စည်းများကို ရန်ကုန်မြို့မှ မှာယူရောင်းချပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၇.၃.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် လေးမျက်နှာမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး (၆၀)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူကာကွယ်ရေး ဥပဒေစတင်ဖြစ်ပေါ်လာပုံ၊ စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ ရရှိနိုင်သောအခွင့်အရေးများကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းမရှိပါက သတိထား၍ ဝယ်ယူသုံးစွဲသင့်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ရိုက်နှိပ်ဖော်ပြထားသော ပစ္စည်းများကိုသာရွေးချယ်ဝယ်ယူသုံးစွဲသင့်ကြောင်း၊ ထို့နောက်စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ကြောင်းကိုလည်းကောင်း၊  စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ် ထားရှိမှုအခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov .mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ် “တက်သစ်” မုန့်မျိုးစုံလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြို့တိုးတက်စေရေးဆွေးနွေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်တာဝန်ခံသည်(၅.၃.၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြန်အောင်မြို့၊ စိန်ဝတ်မှုံ(၁)လမ်း၊အမှတ်(၁)ရပ်ကွက်ရှိ “တက်သစ်” မုန့်မျိုးစုံ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

              ထိုသို့တွေ့ဆုံဆွေးနွေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊  ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့်ဖော်ပြရန်နှင့်  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြနိုင်ရေး၊ သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

၂၀၂၅ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မတ် ၁၀           

      ၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်- ၃ ၌ ကျင်းပသည်။  အခမ်းအနားသို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဗိုလ်ချုပ် အောင်ကျော်ကျော်၊  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီးများ  ဖြစ်ကြသည့် ဦးမင်းမင်းနှင့် ဦးကျော်ရွှေထွန်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

       ဦးစွာ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day)အထိမ်းအမှတ် အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိနိုင်စေရန်နှင့် အရည်အသွေးမြင့်မားသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းနိုင်စေရန် ရည်ရွယ်၍ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေကို ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ၂၀၁၆ ခုနှစ်မှ စတင်၍ နှစ်စဉ်ပြုလုပ်လျက်ရှိပါကြောင်း၊ ယခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ စားသုံးသူအဖွဲ့အစည်းက သတ်မှတ်ပေးသော ဆောင်ပုဒ်မှာ “လူနေမှုဘဝအစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့” (A Just Transition to Sustainable Lifestyles) ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်မီသော ထုတ်ကုန်များကို တိုးတက်ထုတ်လုပ်နိုင်ပါက လူနေမှုဘဝမှာ မျှတစွာအသွင်ကူးပြောင်းနိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတော်က MSMEs ကဏ္ဍကို အားပေးမြှင့်တင်ဆောင်ရွက်ပေးနေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီတွင် အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံစားသုံးသူကာကွယ်ရေး မဟာဗျူဟာလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅)ကို အာဆီယံနိုင်ငံများနှင့်အတူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားများ စိစစ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ “လူနေမှုဘဝအစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့” ဆိုသည့် ဆောင်ပုဒ် နှင့်အညီ လူနေမှုဘဝရေရှည်တည်တံ့စေရန် စားသုံးသူများအတွက် ပိုမိုကောင်းမွန်သည့် အကာအကွယ်၊ ကျန်းမာသော ရွေးချယ်မှု၊ ကောင်းမွန်သော ပတ်ဝန်းကျင်ရရှိစေရန် ဝန်ထမ်းများက သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စားသုံးသူပြည်သူများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြားပါသည်။

     ၎င်းနောက် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကမ္ဘာ့စားသုံးသူအခွင့်အရေး များနေ့ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် စားသုံးသူကာကွယ်ရေး အသိပညာပေး Video Clip ပြသခြင်း၊ ဂုဏ်ပြုသီချင်းတေးသရုပ်ဖော်နှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း သရုပ်ဖော်တို့ကို တင်ဆက်ကပြကြပြီး  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် ဆောင်းပါး ပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။ 

စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Shows ကျင်းပဆောင်ရွက်

             မန္တလေးတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် “ စားသုံးသူ ကာကွယ်ရေးအကြောင်းသိကောင်းစရာ” အမည်ဖြင့်  Talk Show ကျင်းပဆောင်ရွက်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဉပဒေအမှတ် ၉ ဖြင့် အတည်ပြုပြဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေး ဉပဒေအရ ကုန်စည် (သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက ဉပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်းအရေးယူ ဆောင်ရွက်ပေးမှုနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် ဖြေရှင်းဆောင်ရွက်ထားရှိမှုများနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဆောင်ရွက်ချက်များ စားသုံးသူများသိရှိသင့်သည့် အချက်အလက်များကို စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၁၀.၃.၂၀၂၅ ရက်နေ့တွင် အသိပညာပေး Talk Show ကို ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ဆောင်ရွက်ခြင်းဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ၄(ဂ)အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales)လုပ်ငန်းများကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့် အမိန့်ကြော်ငြာစာ(၅၀/၂၀၂၃)ကိုလည်းကောင်း၊ အွန်လိုင်း စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန် ခွင့်ကို ကုန်သွယ်ရေးဦးစီးဌာနအား အပ်နှင်းသည့် အမိန့်ကြော်ငြာစာအမှတ် (၄၉/၂၀၂၃) ကို လည်းကောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်များမှတ်ပုံတင် ဆောင်ရွက်ရန်အတွက် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကြော်ငြာစာ (၅၁/၂၀၂၃)ကို ၂၁.၇.၂၀၂၃ ရက်နေ့တွင် အတည်ပြုပြဌာန်းခဲ့ပြီးဖြစ်၍ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး (၆)လပြည့် သည့် ၂၀.၁.၂၀၂၄ ရက်နေ့မှစ၍ Mobile Application, Website, Social Media(Facebook  Page, Viber, Messenger, TikTok, YouTube etc.,)ကို အသုံးပြုပြီး ကုန်စည် (သို့) ဝန်ဆောင်မှုများ ရောင်းချ သည့်လုပ်ငန်းများအား အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ဆောင်ရွက်ရန်နှင့် မှတ်ပုံတင် ဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းကြေငြာခဲ့ပြီး လျှောက်လွှာတင်သွင်းလာသည့်လုပ်ငန်းများအား စားသုံးသူရေးရာဦးစီး ဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပြီး မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးလျက်ရှိပါသည်။

               အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်လုပ်ငန်းရှင်ပြည်သူများအား မှတ်ပုံတင်ဆောင်ရွက်ရန် သိရှိ နိုင်ရေးအတွက် ၇.၃.၂၀၂၅ရက် သောကြာနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီး ဌာနမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အမရပူရမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူးရုံးရှိ Community Centre ၌ မြို့နယ်တာဝန်ခံ ဒေါ်တင်တင်လှ၊ ဦးစီးအရာရှိနှင့် စားသုံးသူရေးရာဦးစီးဌာန၊အမရပူရမြို့နယ်တာဝန်ခံအရာရှိ ဒေါ်အိအိထွေး၊ ဦးစီးအရာရှိ တို့မှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများမှတ်ပုံတင်ဆောင်ရွက်ခြင်းဆိုင်ရာ အသိပညာTalk Show ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါဆွေးနွေးပွဲတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်းလုပ်ငန်းမှတ်ပုံတင်ဆောင်ရွက်ခြင်းဆိုင်ရာ အမိန့်ထုတ်ပြန်ချက်၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) မှတ်ပုံတင်လက်မှတ် အမျိုးအစား နှင့်မှတ်ပုံတင်သက်တမ်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းအမျိုးအစားများ၊ မှတ်ပုံတင် ဆောင်ရွက်ရန် လိုအပ်သည့်အချက်အလက်များ၊ မှတ်ပုံတင်ဆောင်ရွက်ခြင်း၏အကျိုးကျေးဇူးများအား အများပြည်သူများသိရှိနိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့နယ်တွင် ဘိလပ်မြေရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ် ၊ မတ်လ ၁၀ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များ သို့အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့ အား ကွင်းဆင်းစိစစ်ခဲ့ရာ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှ ဝယ်ယူရကြောင်း ၊ ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုမရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ စားအုန်းဆီလက်လီ/လက္ကားအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက် နံနက်(၁၀:၀၀)နာရီတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်မှ ကန့်ဘလူမြို့ပေါ်ရှိ စားသုံးသူပြည်သူများကို စားအုန်းဆီလက်လီရောင်းချပေး နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်တာဝန်ခံမှ အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ဈေးနှုန်းမှန်ကန်မှုရှိ/မရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ် ကခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်း ချပေးလျှက်ရှိကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ