သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

၂၀၂၅ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားအား ရန်ကုန်တိုင်း ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနက စည်ကားခမ်းနားစွာကျင်းပ

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးက ၂၀၂၅ ခုနှစ် ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားအား မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၏ မင်္ဂလာခန်းမတွင် မတ်လ ၁၀ ရက်နေ့ နံနက် ၉ နာရီ အချိန် တွင် စည်ကားခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်တကွ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၄၀၀ ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားကို အစီအစဉ်နှစ်ရပ်ဖြင့်ကျင်းပပြုလုပ်ခဲ့ပြီး ပထမပိုင်း အခမ်းအနားစတင်ချိန်တွင်  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ နှင့်ပတ်သတ်သည့် Video clip အားဖွင့်လှစ်ပြသခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဌ ဒေါက်တာမျိုးသက်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စားသုံး သူရေးရာဦးစီးဌာနမှ ဝန်ထမ်းသမီးပျိုများက ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းကို ၂၀၂၅ ခုနှစ် ကမ္ဘာ့စားသုံးသူ အခွင့် အရေးများနေ့ အထိမ်းအမှတ် ကျောက်စီပန်းချီကားအား ဂါရဝပြုပေးအပ်ခဲ့ပြီး ဧည့်သည်တော်ကြီးများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အဖွဲ့ဝင်ဝန်ကြီးများက ပြခန်းများအား လှည့်လည်ကြည့်ရှုပြီး အခမ်းအနားတက်ရောက်လာကြသူများအား လန်းဆန်းစာဖြင့် တည့်ခင်းဧည့်ခံခဲ့ကာ ပထမပိုင်းအခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။ ဒုတိယပိုင်း အခမ်းအနားစတင်ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့စတင်ပေါ်ပေါက်လာခဲ့သည့်အခြေအနေများ၊အခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အတွင်း လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများအား ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစုစုပိုင်က အစား အသောက်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာသိကောင်းများခေါင်းစဉ်၊ အစာအာဟာရ ဆိုင်ရာသိပ္ပံနှင့်နည်းပညာအသင်းမှ ဘဏ္ဍာရေးမှူး ဒေါက်တာရီရီမြင့်က စားသုံးသူများ အတွက် ဓာတုဆိုးဆေးများအသုံးဝင်ပုံနှင့် အန္တရာယ်များခေါင်းစဉ်တို့ဖြင့် ဟောပြောဆွေးနွေး ခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ပြောကြားခဲ့သည့် အဖွင့်မိန့်ခွန်းများအပါအဝင် ဟောပြောဆွေးနွေးခဲ့သည့် အကြောင်းအရာများထဲမှ ဉာဏ်စမ်းပ‌ဟေဠိပြိုင်ပွဲကျင်းပခဲ့ပြီး ဆုလက်ဆောင်များချီးမြှင့် ခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဧည့်သည်တော် များအား နေ့လယ်စာဖြင့် တည့်ခင်းဧည့်ခံကာ ဒုတိယပိုင်းအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

DOCA(ရန်ကုန်)

“ တစ်ပတ်အတွင်း စားအုန်းဆီ ထုတ်ပေးမှုအခြေအနေ ”

(၃.၃.၂၀၂၅ မှ ၈.၃.၂၀၂၅)

သန်လျင်မြို့နယ်၊ မတ်လ(၁၁) ရက်

          ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့်အခြားတိုင်းဒေသကြီးပြည်နယ် များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ် ထုတ်ပေးလျှက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်း ဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည် ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက် မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများမှကွင်းဆင်း ကြပ်မတ်ဆောင်ရွက်လျှက်ရှိကြောင်းနှင့် (၃.၃.၂၀၂၅)ရက်နေ့မှ (၈.၃.၂၀၂၅)ရက်နေ့အထိ ဆီကုမ္ပဏီ(၂၀)ခုနှင့် စားအုန်းဆီတန်ချိန် (၅၂၂၉.၁၄၅)တန်ကို ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

ကမ်းရိုးတန်းသွား MV ရွှေဖီဦး ရေယာဉ်အား ပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

                      ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အကောက်ခွန်ဦးစီးဌာနမှဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၈-၃-၂၀၂၅ ရက်နေ့ နေ့လယ် (၁4:00)နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲ စသည့် ပူးပေါင်းအဖွဲ့များနှင့်အတူ သွားရောက် ၍  ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် မုတ္တမ ဆိပ်ကမ်းရှိ MV ရွှေဖီဦး ရေယာဉ်အား  တင်ဆောင်ထားသော ကုန်စည်များကို ရှောင်တခင်ဝင် ရောက်စစ်ဆေးခဲ့ရာ ကြွေပြား၊ Smart Board၊ A4 မျိုးစုံကို  စစ်ဆေးတွေ့ရှိခဲ့ပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရယူ၍ တရားဝင်သယ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် လက်နက်ခဲယမ်းများ တင်ဆောင်မှုမရှိစေရေးနှင့် မူးယစ်ဆေးဝါးများသယ်ဆောင်မှုမရှိစေရေး သက်ဆိုင်ရာဌာနများမှ အသိပေးပြောကြားခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

ကမ်းရိုးတန်းသွား ဇွဲမြင့်မြတ်ထွန်း ရေယာဉ်အား ပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်း စစ်ဆေးခြင်း

                    ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အကောက်ခွန်ဦးစီးဌာနမှဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၈-၃-၂၀၂၅ ရက်နေ့ နေ့လယ် (၁၃:00) တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲ စသည့် ပူးပေါင်းအဖွဲ့များနှင့်အတူ သွားရောက် ၍  ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် မုတ္တမဆိပ်ကမ်းရှိ ဇွဲမြင့်မြတ်ထွန်း ရေယာဉ်အား  တင်ဆောင်ထားသော ကုန်စည်များ ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ ကုန်ပစ္စည်းမျိုးစုံကို  စစ်ဆေးတွေ့ရှိခဲ့ပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရယူ၍ တရားဝင်သယ်ဆောင် လာခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် လက်နက်ခဲယမ်းများ တင်ဆောင်မှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာနများမှ အသိပေးပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကမ်းရိုးတန်းသွား MV SML 7 ရေယာဉ်အား ပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်း စစ်ဆေးခြင်း

            ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အကောက်ခွန်ဦးစီးဌာနမှဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၈-၃-၂၀၂၅ ရက်နေ့၊ နေ့လယ်(၁2:00)တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် ၊ အမှတ်(၃) ရေကြောင်းရဲ စသည့်ပူးပေါင်းအဖွဲ့များနှင့်အတူ သွားရောက် ၍  ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် မုတ္တမဆိပ်ကမ်းရှိ MV SML 7    ရေယာဉ် တွင်  တင်ဆောင်ထားသော ကုန်စည်များကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ အိမ်ဆောက် ပစ္စည်းမျိုးစုံကုန်ပစ္စည်းများကို  စစ်ဆေးတွေ့ရှိခဲ့ပြီး လက်နက်ခဲယမ်းများ တင်ဆောင်မှုမရှိ စေရေးအတွက် သက်ဆိုင်ရာဌာနများမှ အသိပေးပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးမင်းမင်းစိုး (ဌာနခွဲစာရေး)မှကုန်စည်များကို သယ်ဆောင်ရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ရယူ၍ တရားဝင်သယ်ဆောင်ဖို့ လိုအပ်ကြောင်း အသိပေးပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြန်အောင်မြို့မနေခြည်ဈေးအတွင်းရှိ ဆန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၆.၃.၂၀၂၅) ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍မြန်အောင်မြို့မနေခြည်ဈေးအတွင်း ရှိ ဆန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှလအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသောဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူး ရောင်းချနိုင်ရေးကိုကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက်ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက်အမြတ် ၈% ထက်ကျော်လွန် ရောင်းချခြင်း မဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များပြတ်လပ်မှု မရှိစေရေးတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသောကုန်စည်များကိုသာရောင်းချရန်နှင့်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊   ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ အကြောင်း၊ တားမြစ်ချက်များ အကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည့်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဆန်အရောင်း ဆိုင်(၇)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(ဧရာဝတီ)

ရည်ညွှန်းဈေးနှင့်သတ်မှတ်သည့် ဆန်ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး အပါအဝင် ဦးစီးမှူး ဦးကျော်ခိုင်နှင့် ဝန်ထမ်းများသည် ၁၁.၃.၂၀၂၅ ရက်နေ့တွင် မရမ်းကုန်း မြို့နယ် ဘုရင့်နောင် ပွဲရုံဝင်းအတွင်းရှိ ဆ-၄၁၊ ပိတောက်လမ်းရှိ ချမ်းသာအောင်ဆန်ပွဲရုံ နှင့် ဆ-၄၆၊ ပိတောက်လမ်းရှိ တော်ဝင်ဖူးဆန်ပွဲရုံတို့အား (၁၀:၃၀) အချိန်တွင် ဘုရင့်နောင်ဈေးစည်ပင်မှ ဦးနန္ဒအောင်နှင့် အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ဦးကျော်မင်းနိုင်နှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုများအား ဆောင်ရွက် ခဲ့ကြောင်းသိရှိရပါသည်။

ထိုသို့  ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင် ထားခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး အပါအဝင် ဦးကျော်ခိုင် ဦးစီးမှူး၊ စစ်ဆေးရေးအရာရှိ (၂) ဦးနှင့် ဝန်ထမ်း(၂)ဦးတို့သည်  အလုံခရိုင်၊ အလုံမြို့နယ် ဆင်မင်းဈေးအတွင်းရှိ ဒေါ်သိန်းဌေးဆီဆိုင်နှင့် ဒေါ်အေးအေးသန်း ဆီဆိုင်တို့အား ဈေးတာဝန်ခံတို့နှင့်ပူးပေါင်းပြီးဆီရောင်းချမှုအခြေအနေများအား ကွင်းဆင်း စစ်ဆေးအသိပညာပေးမှုအား ၁၁.၃.၂၀၂၅ ရက်နေ့တွင်သွားရောက်၍ ကွင်းဆင်းအသိပညာပေး မှုများအား ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် ဆီအသင်းမှ သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ် များအား ဈေးတင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဦးဇော်မင်းလတ် ခရိုင်ဦးစီးမှူး ဦးဆောင်သောပူးပေါင်းအဖွဲ့သည်  ၄.၃.၂၀၂၅ ရက်နေ့ မှ ၁၀.၃.၂၀၂၅ ရက်နေ့ အထိ ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်း၊ ဝါးတန်း ဆိပ်ကမ်း၊ ချောင်းဝဆိပ်ကမ်း၊ ထူးဆိပ်ကမ်း၊ နိုင်ဂရုဆိပ်ကမ်း၊ ဘုရင့်နောင်ဆိပ်ကမ်းများအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေ းဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသောတင်ဆောင်ကုန်များအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများ တင်ဆောင်မှုမရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

DOCA(ရန်ကုန်)

City Mart များရှိဆန်များ သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချခြင်းရှိ/မရှိ စိစစ်ကြပ်မတ်ဆောင်ရွက်ခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများသည် ၉.3.၂၀၂5 ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် တာမွေမြို့နယ်၊ ကျိုက္ကဆံ စူပါဝမ်းရှိ ဆန်အရောင်း ကောင်တာသို့ သွားရောက်၍ ဆန်ရောင်းချနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး ကြပ်မတ်ခဲ့ကြောင်း သိရှိရပါသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ဆန်များအား စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ မတ်လအတွင်း သတ်မှတ်ထားသည့်ရည်ညွှန်းစျေးဖြင့် ရောင်းချခြင်းရှိ/မရှိတို့ကိုစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ