သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးမှ တိုင်းဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌနှင့်‌ တွေ့ဆုံဆွေးနွေးခြင်း

       ၂၀၂၅ ခုနှစ် ၊ မတ်လ ၁၁ ရက်နေ့၊ နံနက်(၀၉း၄၅)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးရုံးခန်းတွင် တိုင်းဒေသကြီးဦးစီးမှူးမှ တိုင်းဒေသကြီးဆန်စပါးကုန် သည်များအသင်းဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          တွေ့ဆုံဆွေးနွေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ သတ်မှတ်ထုတ်ပြန်ထားသည့် ဆန်စျေးနှုန်း များနှင့်အညီရောင်းချမှုရှိစေရေး၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိစေ‌ရေး၊ အလေးချိန်မှန်ကန် စွာဖြင့်ရောင်းချခြင်းများမရှိစေရေး၊ ဆန် စီးဝင်/စီးထွက်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

MINGALAR SHWE PYI (TNI) Co,Ltd အားကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ ကုန်သွယ်ရေးဦးစီးဌာနတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ (၂၀) ရက်နေ့ထိ ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားလာသော မြန်မာကုမ္ပဏီ(၅၄)ခု အနက် တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ မြို့သစ်(၄)လမ်း၊ No(L-1) ထိန်သစ်ရပ်ကွက်ရှိ MINGALAR SHWE PYI (TNI) Co,Ltd ၏ မှတ်ပုံတင်အသစ်လျှောက်ထားလာမှုအားကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားလာသဖြင့် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ (၁၂.၃.၂၀၂၅) ရက်နေ့၊ နံနက် (၁၀း၀၀) အချိန်တွင် အဆိုပါကုမ္ပဏီသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် ၂၀၂၅ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှတက်ရောက်

          ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ သာသနာ့ဗိမာန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနားအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှတက်ရောက်၍ ဘွဲ့တံဆိပ်‌တော်ရ ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်ပူဇော်ခြင်း၊ ဆွမ်းဆန်များလောင်းလှူခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

စက်သုံးဆီအ‌ရောင်းဆိုင်သစ်တည်ဆောက်ဖွင့်လှစ်ရန်ကွင်းဆင်းစစ်ဆေးခြင်း

          ၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့၊ နေ့လည် ၁၂း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ကျောက်မော်ရပ်ကွက်၊ ကွင်းအမှတ် ၁၄၈/ဘုမ္မော်တောင်ကွင်း၊ ဦးပိုင်အမှတ် ၂၀၊မြေဧရိယာ (၁၁.၈၄) ဧကအနက် မြေဧရိယာ (၀.၆၄၂)ဧကရှိ မြေပေါ်တွင် စွမ်းစွမ်းတမာန် အမည်ဖြင့် စက်သုံးဆီအရောင်း ဆိုင်သစ်တည်ဆောက်ဖွင့်လှစ်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စက်သုံးဆီအရောင်းဆိုင်သစ် အတွက် ရေနံဆပ်ကြီး/ကြပ် ကော်မတီအစည်းအဝေးကျင်းပပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ထောက်ခံပေးနိုင်ရန် လိုအပ်သည့်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန် ညွှန်ကြားသဖြင့် အဆိုပါ ဒေသသို့သွားရောက်ကွင်းဆင်းစစ်‌ဆေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

သင်္ဘောဖြင့်ဝင်ရောက်လာသောကုန်စည်များအားပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးခြင်း

          ၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့၊ နေ့လည် (၁၂း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့မှ ထားဝယ် ဆိပ်ကမ်းသို့ ရောက်ရှိဆိုက်ကပ်လာသော အမ်ဗွီ ဥပေါသထ သင်္ဘောဖြင့် တင်ဆောင်လာသော ကြံ့နှစ်ကောင်ဘိလပ်မြေ အိတ်ရေ(၁၀၀၀၀)၊ မြန်မာဘီယာပုလင်းများကို စားသုံးသူရေးရာ ဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်နှင့် အကောက်ခွန်ဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ မြန့်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ သစ်တောဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

          ၂၀၂၅ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့၊ ၉း၀၀ နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေစတားယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၇၀)ပေပါကို ယာဥ်မောင်း ဦးမျိူးဇော်ဝင်း ၊ ယာဉ်အမှတ် 7P-7112/ ISUZU မော်တော်ယာဥ်နှင့် အလားတူ ၉း၃၀ နာရီအချိန်တွင် အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရွှေမြင့်မိုရ်ကားဂိတ် ယာဥ်ရပ်နားစခန်းသို့ Myanmar Oil Alliance Co,Ltd မှ စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၇၅)ပေပါကို ယာဥ်မောင်း ဦးယဉ်ထွေး၊ ယာဉ်အမှတ် 9K-6531/ Fuso မော်တော်ယာဥ်တို့ဖြင့်တင်ဆောင်၍ အသီးသီးရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးနှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စားအုန်းဆီ စုစုပေါင်း (၁၄၅) ပေပါအား ကုမ္ပဏီ၏လက်ကားအ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အနောက်ရပ်၊ ဦးကျော်ရင်လမ်းရှိ ဦးစန်းအောင်၏ အောင်ပွဲရုံ ကုန်စုံဆိုင် အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေး သွားမည်ဖြစ် ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဇလွန်မြို့နယ် အလှကုန်နှင့်လူသုံးကုန်ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၅.၃.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့၊ လမ်းမတော်(မ)ရပ်ကွက်နှင့် မြို့မဈေးအတွင်းရှိ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးရောင်းချနေသော စတိုးဆိုင်နှင့် ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော အလှကုန်နှင့်လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ လုံခြုံစိတ်ချရမှုရှိစေရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်ပါ/ မပါတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ တရားဝင်အသိအမှတ်ပြုထားသောအလှကုန်နှင့် လူသုံးကုန်ပစ္စည်းများကိုသာရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည် သိုမဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးနိုင်သော ကုန်စည်များကိုသာရောင်းချစေရေး အသိပညာပေးဆွေးနွေးခဲ့ပြီး စတိုးဆိုင်နှင့် ကုန်မျိုးစုံအရောင်ဆိုင်(၆)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ် ပတ်တန်းကျေးရွာအုပ်စုရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၆.၃.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍  ဇလွန်မြို့၊ ပတ်တန်းကျေးရွာအုပ်စုရှိဘုန်းကြီးကျောင်းဓမ္မာရုံ၌ ပြည်သူ (၃၆၀)ဦးအား စားသုံးကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းတာဝန်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းအကျဉ်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ် မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သောကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြ တိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းနှင့် စားသုံး သူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာ နိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင် ကြောင်းကိုလည်းကောင်း စသည်တို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီးကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့နယ် CP ကြက်အူချောင်း၊ ဝက်အူချောင်းများရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၅.၃.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်အတွင်းရှိ ကုန်မျိုးစုံအရောင်းများတွင် CP ကြက်အူချောင်း၊ ဝက်အူချောင်းများ ရောင်းချမှုအခြေအနေအား  ကွင်းဆင်းစစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာ အင်္ဂပူမြို့နယ်အတွင်း ကုန်မျိုးစုံဆိုင်များတွင် CP ကုမ္ပဏီမှ ရောင်းချလျက်ရှိသည့် စူပါချက်ကြီး အမှတ်တံဆိပ် ကုန်စည်ကိုသာ‌ရောင်းချကြောင်း၊ ထိုကုန်စည်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားပြီး၊ သက်ဆိုင်ရာ FDA ထောက်ခံချက်ရရှိထားကြောင်း၊ ဟင်္သာတဈေးကွက်မှတစ်ဆင့်ယူ ပြန်လည်ရောင်းချကြောင်း၊ အထားအသိုမှားလျှင် ပျက်စီးဆုံးရှုံးမှုကြောင့် ဈေးကွက်အတွင်း ရောင်းဝယ်မှုအေးလျက်ရှိပြီး အင်္ဂပူမြို့နယ်အတွင်း ကုန်မျိုးစုံအရောင်းဆိုင် (၂)ဆိုင်တွင်သာရောင်းချကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့နယ် ထမင်းသုပ်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၅.၃.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ မြို့မအုပ်စု၊ မင်းသီရိ(၂)ရပ်ကွက်ရှိ ထမင်းသုပ်ငန်းရှင် ဦးတင်မောင်ဝင်းနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးခဲ့ရာတွင်စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊  ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့်ဖော်ပြရန်နှင့်  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ