သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် လက်ကမ်းစာစောင်များဖြန့်ဝေ

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၁၁.၃.၂၀၂၅)ရက်နေ့၊ နံနက်(၀၇:၀၀) နာရီအချိန်တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့(World Consumer Rights Day)ကို ဂုဏ်ပြုသောအားဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့အဝင်ဧရာဝတီတံတားထိပ်၌ ပြည်သူများအား မတ်လ (၁၅) ရက်နေ့က ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ဖြစ်ကြောင်း၊ စားသုံးသူမှာ အခွင့်အရေးများရှိကြောင်း၊ ၂၀၂၅ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့၏ဆောင်ပုဒ်မှာ “လူနေမှု ဘဝ အစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့” (A Just Transition to Sustainable Lifestyles) ဖြစ်ကြောင်းပြောကြားခဲ့ပြီး ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံ၊ စားသုံးသူများရရှိမည့် အခွင့်အရေး (၈) ချက်၊ လိုက်နာရမည့်တာဝန် (၄) ချက်၊ ကုန်အညွှန်းအမှတ်အသား (၈) ချက်နှင့် တိုင်ကြားနိုင်သည့်နေရာများ အကြောင်းပါဝင်သော လက်ကမ်းစာစောင်များကို ပြည်သူများအား ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

၂၀၂၅ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး

          ၂၀၂၅ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့မှာ ကျရောက်တဲ့ “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” (World Consumer Rights Day) အထိမ်းအမှတ်အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်တကွ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေး တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများနှင့် အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ မန္တလေးသူနာပြုတက္ကသိုလ်၊ စိုက်ပျိုးရေး သိပ္ပံနှင့် အ.ထ.က(၁၄) တို့မှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ စုစုပေါင်း (၃၀၀)ဦး တက်ရောက်ခဲ့ကြပါသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားခြင်း၊ စီးပွားရေးရာဝန်ကြီး၊ ဦးသိန်းဌေးက စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးစီးမှူးရုံး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်းသိကောင်းစရာများ၊ မန္တလေးတိုင်းဒေသကြီး၏  လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်းများမှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းနှင့်ပတ်သက် ၍ ရှင်းလင်းတင်ပြခဲ့ပြီး "စောင့်ရှောက်ဝိုင်းကူ စားသုံးသူ" တေးသီချင်းဖြင့် စားသုံးသူရေးရာ ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လှပျိုဖြူများက ကပြဖျော်ဖြေခြင်း၊ စားသုံးသူကာ ကွယ်ရေးဆိုင်ရာ အသိပညာပေး Video Clip ပြသခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ပါသည်။

          ဆက်လက်၍ မန္တလေးသူနာပြုတက္ကသိုလ်၊ စိုက်ပျိုးရေးသိပ္ပံနှင့် အ.ထ.က (၁၄) တို့မှ ကျောင်းသား/ကျောင်းသူများမှ ဉာဏ်စမ်းပဟေဠိ ဖြေဆိုခြင်းနှင့် ဉာဏ်စမ်းပဟေဠိ ဖြေဆိုသူ များအား ဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် စီးပွားရေးလုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေး

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားပြီးဖြစ်သည့်အတွက် ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသောလုပ်ငန်းရှင်များအား မှတ်ပုံတင်လျှောက်ထားရန်အတွက် လျှောက်ထားရန်အခြေခံလိုအပ်ချက်များအပါအဝင် ရောင်းချခြင်း၊ ဝယ်ယူခြင်းဆိုင်ရာ အခြားသိကောင်းစရာများအား သိရှိစေရန်ရည်ရွယ်၍ (၆.၃.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်၌ ပခုက္ကူမြို့၊ ခရိုင်ဦးစီးမှူးရုံးတွင် စီးပွားရေးလုပ်ငန်းရှင်(၁၅)ဦးအား တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

            ထိုသို့ အသိပညာပေးရာတွင် ခရိုင်ဦးစီးမှူးက အွန်းလိုင်းစနစ်ဖြင့် ရောင်းချသည့် မည်သူမဆို Online Registration မှတ်ပုံတင်ထားရန်လိုအပ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင် များအား မိမိတို့ရောင်းချသည့် အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်၊ ဖန်စီပစ္စည်းများရောင်းချနေမှုအပေါ် မှတ်ပုံတင်လျှောက်ထားရန်အတွက် လျှောက်ထားရန် အခြေခံလို အပ်ချက်များ အပါအဝင်အခြားသိကောင်းစရာများ၊ Online Sale ရောင်းချနေသော  လုပ်ငန်းများမှ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် စားသုံးသူများအနေဖြင့်လည်း မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုမှ ကုန်စည်အမျိုးမျိုးကို ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး၊ အာမခံချက်များရရှိမည်ဖြစ်ပြီး စားသုံးသူအခွင့် အရေးများလည်းရရှိမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကိုလည်း မြန်မာဘာသာ ဖြင့် ပြည့်စုံစွာထည့်သွင်းဖော်ပြရန်အသိပညာပေးပြီး၊ တိုင်ကြားနိုင်သည့်နေရာများနှင့် တိုင်ကြားသူများ အကြောင်းကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက်မရောက်မီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဖက်ဌာနဆိုင်ရာများ နှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါသည်။

          ပခုက္ကူဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ သည် FDA၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၇.၃.၂၀၂၅)ရက်နေ့တွင် ပခုက္ကူမြို့ပေါ်ရှိ ပဲကြော်၊ ပဲလှော်လုပ်ငန်းရှင်များမှ ထုတ်လုပ်သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ၎င်းကုန်စည်(၂)မျိုး၏ ထုတ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိရသည်။ ထို့နောက် ဒု-ခရိုင် ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း ဆိုင်ရာအချက်အလက်များအကြောင်းအား ဆွေးနွေးခဲ့ပြီး အလုပ်ရုံ၏ လုပ်ငန်းလည်ပတ်နေမှုအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့သိရှိစေရေး ပခုက္ကူတက္ကသိုလ်သို့ သွားရောက်အသိပညာပေး

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အား ဂုဏ်ပြုသောအားဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လ(၁၀)ရက်နေ့ (၁၄:၀၀)အချိန်တွင် ပခုက္ကူ တက္ကသိုလ်သို့ သွားရောက်၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း သိကောင်းစရာ များအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခေတ္တပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမ(၃၂)ဦး၊ ကျောင်းသား/သူ (၁၅၀)ဦး၊ ဝန်ထမ်း(၅၀)ဦး စုစုပေါင်း (၂၃၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်မှ ဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်းနှင့်  လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ  စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်း အရာများ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံ၊ ၂၀၁၆ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့သည့် မြို့ကြီးများနှင့် ဆောင်ပုဒ်များအကြောင်းနှင့် ယနေ့ကျရောက်သော ၂၀၂၅ခုနှစ် ဆောင်ပုဒ်မှာ "လူနေမှုဘဝ အစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့" ဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာပေးဆွေးနွေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်း ပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ(CICC) ဖွင့်လှစ်ထားရှိကြောင်း Power Point ဖြင့် အသေးစိတ်ဆွေးနွေးခဲ့ပါသည်။

          စားသုံးဌာနခွဲတာဝန်ခံက ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သော “စားသုံးသူအခွင့်အရေး ဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူများတွင် မိမိတို့၏ အခွင့်အရေးများ အား သိရှိမှရယူနိုင်မည်ဖြစ်ကြောင်း၊ စိတ်ကြိုက်ရွေးချယ်ခွင့်လည်းရရှိရန်လိုအပ်ကြောင်း၊ စားသုံးသူ ထိခိုက် နစ်နာမှုနှင့်စပ်လျဉ်း၍ တိုင်ကြားခြင်းနှင့် ကုစားပေးခဲ့မှုများ၊ တိုင်ကြားနိုင်သည့်နေရာများ နှင့် နည်းလမ်းများ အကြောင်း၊ စားသုံးသူရေးရာ ကိစ္စများစုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅)  ဖွင့်လှစ်ထားကြောင်း၊ အနာဂတ်တွင် ကောင်းမွန်သာယာသောဘဝ၌ နေထိုင် နိုင်ရန်အတွက် စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ NGO ၊ INGO  အသင်းအဖွဲ့ များအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ ပါသည်။

ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်း Video Clip အား ပြသခဲ့ပြီးအမှတ်တရလက်ဆောင်ပစ္စည်းများ၊စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့်ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ လက်ကမ်းစာစောင်များကို ပေးအပ်ခဲ့ပါသည်။

DOCA(မကွေး)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပ

၁၁.၃.၂၀၂၅ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၃၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ Video Clip ပြသခြင်း၊ စားသုံးသူရေးရာဌာန ဝန်ထမ်းများမှ “စောင့်ရှောက်ဝိုင်းကူစားသုံးသူ” သီချင်းဖြင့် သီဆိုဖျော်ဖြေဧည့်ခံခြင်း၊ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များမှ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး တက်ရောက်လာသော ဧည့်သည်တော်များအား လက်ဖက်ရည်နှင့်မုန့်များဖြင့် ဧည့်ခံကျွေးမွေး ကာ အခမ်းအနားကို နေ့လည် (၁၁:၀၀) နာရီအချိန်တွင် ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ဘီးလင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန “စားသုံးသူအခွင့်အရေးများနေ့အကြောင်း Talk Show” ဆွေးနွေးပွဲကျင်းပ

၇.၃.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် “စားသုံးသူအခွင့်အရေးများနေ့ အကြောင်း Talk Show” ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုဝင်းက (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဘီးလင်းမြို့နယ်တာဝန်ခံ ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပနေမှု အခြေအနေ၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းထားမှု အခြေအနေနှင့် ယခုကျရောက်လာမည့် ၂၀၂၅ ခုနှစ် မတ်လ (၁၅) ရက်နေ့ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့၏ ဆောင်ပုဒ်မှာ “လူနေမှုဘဝ အစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့” “A Just Transition to Sustainable Lifestyles” ဖြစ်ပါကြောင်းတို့အားလည်းကောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မွန်)

 

ကန့်ဘလူမြို့နယ်၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက် မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ခရိုင်ပြန်/ဆက်ဦးစီးဌာနနှင့် စားသုံးသူရေး ရာဦးစီးဌာနတို့ပူးပေါင်း၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အခမ်း အနားကို နှစ်စဉ်မတ်လ(၁၅)ရက်နေ့ရောက်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးမှာကျင်းပကြသလို၊ မြန်မာ နိုင်ငံမှာလည်း ၂၀၁၆ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ ယခုနှစ် ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “လူနေမှုဘဝအစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့” ဖြစ်ကြောင်း၊ ဆောင်ပုဒ်၏ရည်ရွယ်ချက်များအကြောင်း ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေး များနေ့ကို ကျင်းပရတဲ့ရည်ရွယ်ချက်ကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး များတွင် ပါဝင်သည့် “ကောင်းမွန်သာယာသောလူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင်နေထိုင် နိုင်ခွင့်” ဆိုသည့်အတိုင်း ရရှိခံစားနိုင်စေရန် ယနေ့မှစ၍ စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်း ရှင်များကလည်း  စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ် ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

လေးမျက်နှာမြို့နယ် စိုက်ပျိုးရေးဆေးပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၅.၃.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့၊ အိုင်သပြုအုပ်စု၊ ကားဂိတ်ရပ်ကွက်ရှိ လုပ်ငန်းရှင်အိမ်၌ စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ) နှင့်(ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ အကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များ အကြောင်း သိရှိလိုပါက www.doca.gov.mm Websiteတွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းသိကောင်းစရာများအကြောင်း စသည်တို့ကို  အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကလေးမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

                   ကလေးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဌာနဆိုင်ရာ ဝန်ထမ်းများအား ( ၁၁.၃.၂၀၂၅ )ရက်နေ့၊ နံနက်( ၁၁: ၃၀ )အချိန်၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများ နေ့အထိမ်းအမှတ်အဖြစ် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်း ဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ နှစ်စဉ် မတ်လ (၁၅)ရက်နေ့တွင် မြန်မာနိုင်ငံအနှံ့အပြား၌ စားသုံးသူရေးရာဦးစီးဌာနမှ ဟောပြောပွဲများကျင်းပပြုလုပ် ၍ အခမ်းအနားပွဲများဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပပြုလုပ်လာကြကြောင်းနှင့် စားသုံးသူ ရေးရာဦးစီးဌာနမှ လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကိစ္စရပ်များနှင့် ပတ်သက်၍ မေးမြန်းလိုပါက Consumer Call Center ( 1535 )သို့လည်းဆက်သွယ်၍ မေးမြန်းနိုင်ပါကြောင်း၊ ကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုမည်ဆိုပါက ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှသာ စိတ်ချယုံကြည်စွာ စားသုံးနိုင် မည်ဖြစ်သည့်အတွက် မိမိတို့ဝယ်ယူမည့် ပစ္စည်းများကို သေချာစွာစိစစ်၍ ဝယ်ယူအသုံးပြုကြရန် လိုအပ်ပါကြောင်း၊ ကုန်ပစ္စည်းများကို ဈေးကွက်ကျယ်ပြန့်စေရန်အတွက် ကြော်ငြာခြင်း၊ လှည့်လယ် ရောင်းချခြင်းများတွင် ရောင်းသူ၏ တိုက်တွန်းနှိုးဆော်ချက်ဖြင့် ဝယ်ယူခြင်းမပြုဘဲ မိမိတို့စိတ်ကြိုက် ရွှေးချယ်၍ဝယ်ယူရန် လိုအပ်ပါကြောင်း၊ ပြည်ပနိုင်ငံများမှမြန်မာနိုင်ငံအတွင်းသို့ တင်သွင်းလာသော ကုန်ပစ္စည်းများကို မြန်မာဘာသာဖြင့်ဖော်ပြရန် ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ကုန်စည်အုပ်စုအလိုက် ပါဝင်ရမည့်အချက်အလက်များကို အသေးစိတ်ဖော်ပြပါရှိရမည်ဖြစ်သည့်အတွက် ဝယ်ယူအသုံးပြုသူများအနေဖြင့် မိမိတို့ဝယ်ယူသည့် ကုန်ပစ္စည်းများကို သတိပြု၍ဝယ်ယူအသုံးပြုကြရန်နှင့် ဝန်ဆောင်မှုကိစ္စရပ်များနှင့်ပတ်သက်၍ လုပ်ငန်းရှင်များဘက်မှ အာမခံချက်ပေးထားသည့် ရက်အကန့်အသတ်အတွင်းသာ အကြုံးဝင်ပြီး သတ်မှတ်ရက်ကျော်လွန်ပါက အသုံးမဝင်တော့ပါကြောင်း၊ အသုံးပြုသူများအနေဖြင့်လည်း ကုန်ပစ္စည်း ၏ဗူးခွံပေါ်နှင့် အတွင်းဗူးတွင်ပါဝင်သည့် လမ်းညွှန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရမည်ဖ ြစ်ပါကြောင်း၊ စားသုံးသူရေးရာဦးစီး ဌာန၏လုပ်ငန်းဆောင်တာများနှင့် ပတ်သက်၍ မိမိသိလိုသည့် အကြောင်းအရာများအား တယ်လီဖုန်း ဖြင့်ဖြစ်စေ၊ လူကိုယ်တိုင် လာရောက်၍ဖြစ်စေ မေးမြန်းနိုင်ပါ ကြောင်းနှင့် လိုအပ်သည်များကိုလည်း ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြား၍ အသိပညာပေးဟောပြောခြင်းကို (၁၂:၀၀)နာရီ အချိန်တွင် အခမ်းအနားပြီးဆုံးကြောင်း သတင်းရရှိရပါ သည်။

DOCA(စစ်ကိုင်း)       

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ