သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွာလယ်ရပ်ကွက်ရှိ Five Star ဆိုင်တွင် ရောင်းချနေသော ကြက်အူချောင်းများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင်ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် (၅.၃.၂၀၂၅) ရက်နေ့ နေ့လယ်(၀၂:၃၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ် ရွာလယ်ရပ်ကွက်ရှိ Five Star ဆိုင်တွင် ရန်ကုန်မြို့ CP ကုမ္မဏီမှ ဝယ်ယူရောင်းချနေသော ကြက်အူချောင်းပါကင်အထုတ်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့နယ်၊ ရွာလယ်ရပ်ကွက်ရှိ Five Star ဆိုင်တွင် ရောင်းချနေသော ကြက်အူချောင်းပါကင်ထုတ်များအား ကုန်အညွှန်းပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော အစားအသောက်များရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ပြီးနောက်ဆိုင်ရှင်များအား သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသောဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် စားသောက်ကုန်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ မီးပြတိုက် Mini Mart တွင် ရောင်းချနေသော ကြက်အူချောင်းများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် (၅.၃.၂၀၂၅) ရက်နေ့ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် လပွတ္တာမြို့နယ် အမှတ်(၅)ရပ်ကွက် မီးပြတိုက် Mini Mart တွင် ရန်ကုန်မြို့  5 Star ကုမ္မဏီမှ ဝယ်ယူရောင်းချနေသော ကြက်အူချောင်းများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ လပွတ္တာမြို့နယ်၊ အမှတ်(၅) ရပ်ကွက် မီးပြတိုက် Mini Mart တွင် ရောင်းချနေသော ကြက်အူချောင်းများအား ကုန်အညွှန်းပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော အစားအသောက်များရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ရောင်းချလျက်ရှိ ကြောင်းတွေ့ရှိရပါသည်။ ပြီးနောက်သက်ဆိုင်ရာဌာနမှခွင့်ပြုထားသော ဥပဒေညွှန်ကြားချက်များ အားလိုက်နာဆောင်ရွက်ကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် စားသောက်ကုန်များကိုသာဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မဈေးတွင် ရောင်းချနေသော ကြက်အူချောင်း၊ ဝက်အူချောင်းများအားကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့်အတူ (၅.၃.၂၀၂၅) ရက်နေ့ နံနက်(၁၁:၀၀) အချိန်တွင် အိမ်မဲမြို့နယ် မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေ သောကြက်အူချောင်း၊ ဝက်အူချောင်းများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု  ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ် မြို့မဈေးရှိ ကုန်စုံဆိုင်များတွင် အသင့်ကြော်စားနိုင်သော ကြက်အူချောင်း၊ ဝက်အူချောင်းများအား ရောင်းချနေခြင်းမရှိကြောင်းကို စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံသင်တန်းကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် ယာယီရဲမှူးနှင့်အတူ (၅.၃.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံသင်တန်းကျောင်းတွင် စားသုံးသူအသိပညာပေး  ဟောပြောဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များသိရှိလိုပါက ခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.mm.website တွင်  လည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ တယ်လီဖုန်းဖြင့်ဖြစ်စေတိုင်ကြားနိုင်ပါကြောင်း အသိပေးဟောပြောခဲ့ပြီး  ထို့ဟောပြောပွဲသို့ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဈေးရပ်ကွက်ရှိ စားအုန်းဆီရောင်းချနေသော ဆိုင်များအား ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦအောင်မိုးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့် ပူးပေါင်း၍ (၅.၃.၂၀၂၅) ရက်နေ့ နေ့လယ်(၀၁:၃၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ် ဈေးရပ်ကွက်ရှိ စားအုန်းဆီရောင်းချနေသော ကုန်မျိုးစုံဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဝါးခယ်မမြိုနယ်ဈေးရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များတွင် လက်လီ/ လက္ကားရောင်းချနေသော စားအုန်းဆီဆိုင်မျာအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/ မရှိ၊ ခွဲတမ်းရရှိသော စားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိစေရေး၊ အလေးချိန်ပြည့်ဝ မှန်ကန်စွာရောင်းချကြရန်၊ ထုတ်ပြန်ထားသည့်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူး ရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး စားအုန်းဆီဆိုင်ပိုင်ရှင်များအား စားအုန်းဆီ လက်လီ/လက္ကား ရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းကြီးမြင့်မှုကို မိမိတို့ဆိုင်များအနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ် ဗိုလ်ချုပ်ဈေးရှိ စားအုန်းဆီရောင်းချနေသော ဆိုင်များအား ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့် ပူးပေါင်း၍ (၅.၃.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မော်ကျွန်းမြို့နယ် ဗိုလ်ချုပ်ဈေးရှိ စားအုန်းဆီရောင်းချနေသော ကုန်မျိုးစုံဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံမှ မော်ကျွန်းမြိုနယ် ဗိုလ်ချုပ် ဈေးရှိကုန်မျိုးစုံဆိုင်များတွင် လက်လီ/ လက္ကားရောင်းချနေသော စားအုန်းဆီဆိုင်မျာအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/ မရှိ၊ ခွဲတမ်းရရှိသော စားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိကြရန်၊ အလေးချိန်ပြည့်ဝ မှန်ကန်စွာရောင်းချကြရန်၊ ထုတ်ပြန်ထားသည့်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး စားအုန်းဆီဆိုင်ပိုင်ရှင်များအား စားအုန်းဆီ လက်လီ/ လက္ကားရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းကြီးမြင့်မှုကို မိမိတို့ဆိုင်များအနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့်ရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မဈေးရှိ စားအုန်းဆီ လက်လီ/ လက္ကား ရောင်းချနေသော ဆိုင်များအား ကွင်းဆင်းစစ်ဆေး

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊  ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၅.၃.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် အိမ်မဲမြို့နယ် မြို့မဈေးရှိ စားအုန်းဆီ လက်လီ/လက္ကား ရောင်းချနေသောကုန်မျိုးစုံဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ အိမ်မဲမြို့နယ် မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် လက်လီ/ လက္ကားရောင်းချနေသော စားအုန်းဆီဆိုင်မျာအား သတ်မှတ်ရည်ညွှန်း ဈေးနှုန်းဖြင့်ရောင်းချနေခြင်းရှိ/ မရှိ၊ ခွဲတမ်းရရှိသော စားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိကြရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး စားအုန်းဆီဆိုင်ပိုင်ရှင်များအား စားအုန်းဆီ လက်လီ/ လက္ကားရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းကြီးမြင့်မှုကို မိမိတို့ဆိုင်များအနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် နန္ဒဝန်ဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် စားအုန်းဆီရောင်းချနေသော ဆိုင်များအား ကွင်းဆင်းစစ်ဆေး

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့်ပူးပေါင်း၍ (၃.၃.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် လပွတ္တာမြို့နယ် နန္ဒဝန်ဈေးရှိ စားအုန်းဆီရောင်းချနေသော ကုန်မျိုးစုံဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ နန္ဒဝန်ဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် လက်လီ/ လက္ကားရောင်းချနေသော စားအုန်းဆီဆိုင်မျာအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေခြင်း ရှိ/မရှိ၊ ခွဲတမ်းရရှိသောစားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာ ရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိကြရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချကြရန်၊ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်း ပြောကြားခဲ့ပြီး စားအုန်းဆီဆိုင်ပိုင်ရှင်များအား စားအုန်းဆီ လက်လီ/လက္ကား ရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းကြီးမြင့်မှုကို မိမိတို့ဆိုင်များအနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက် ဖြင့်သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းရှိပြည်သူများအား စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံရုံးတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် (၅.၃.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အောင်သိဒ္ဒိလမ်းရှိပြည်သူများအား စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံရုံးတွင် စားသုံးသူအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များသိရှိလိုပါက ခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.mm.website တွင်  လည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ တယ်လီဖုန်းဖြင့် ဖြစ်စေတိုင်ကြားနိုင်ပါကြောင်း အသိပေးဟောပြောခဲ့ပြီး  ထိုဟောပြောပွဲသို့ ပြည်သူ စုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်သို့ ရန်ကုန်မြို့ရှိ စက်သုံးဆီကုမ္ပဏီများမှ စက်သုံးဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၄.၃.၂၀၂၅) ရက်နေ့ နေ့လယ်(၀၂:၀၀) နာရီအချိန်တွင် ရွှေမြန်အောင်ကုမ္ပဏီ၏ (ယာဉ်အမှတ် 9E-6423) မော်တော်ယာဉ်ဖြင့် မော်ကျွန်းမြို့နယ် စက်သုံးဆီအရောင်းကိုယ်စားလှယ်များထံသို့ စက်သုံးဆီကားရောက်ရှိလာမှုကို သွားရောက်စစ်ဆေးခဲ့ပါသည်။

          ထိုသို့သွားရောက်စစ်ဆေးရာတွင် အဆိုပါစက်သုံးဆီများကို မော်ကျွန်းမြို့နယ် စားသုံးသူရေးရာဦးစီး ဌာနမြို့နယ်တာဝန်ခံက ရောက်ရှိလာသောစက်သုံးဆီများကို လက်လီ/ လက်ကား ရောင်းချနေမှုအပေါ်သတ် မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချရန်၊ ဈေးနှုန်းမြင့်တင်ရောင်းချခြင်းမရှိစေရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချကြရန်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ ပြီးရောက်ရှိလာသော စက်သုံးဆီကိုယ်စားလှယ်များအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကိုအခြေခံ၍ ပြည်သူများအား ဈေးနှုန်းမြင့်တင်ရောင်းချခြင်းမပြုရန်၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်း ဖြင့်သာရောင်းချကြရန်၊ ဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိ ခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်သုံးအရောင်းကိုယ်စားလှယ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ