သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မအူပင် စားအုန်းဆီ လက်လီလက်ကားအရောင်းဆိုင်များအား မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်း အဖွဲ့ဝင်များနှင့် ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်း အဖွဲ့ဝင်များသည် မြို့နယ်တွင်း ပြည်သူများ အခြေခံစားသောက်ကုန် စားအုန်းဆီများ ဈေးနှုန်းမှန်ကန်တည်ငြိမ်စွာဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် စစ်ဆေးရေးအဖွဲ့ဖြင့် လစဉ် ကွင်းဆင်းစစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပြီး (၅.၃.၂၀၂၅) ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် မအူပင်မြို့မဈေးအတွင်း စားအုန်းဆီ လက်ကားဆိုင် (၁၂)ဆိုင်ကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

              ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် စစ်ဆေးရေးအဖွဲ့တို့သည် မအူပင်စားအုန်းဆီအရောင်းဆိုင် ၁၂ ဆိုင်ကိုစစ်ဆေးရာ လက်ကားဆိုင်များမှ ဗီနိုင်းဖြင့် ဆီရောင်းချသည့် ပိဿာ၊ ရည်ညွှန်းဈေးနှန်း၊ ဆီစာအုပ်ဖြင့် လာရောက်ဝယ်ယူသူများ အဆင်ပြေစွာ ဦးစာပေးရောင်းချနိုင်ရေးနှင့် နေ့စဉ်ရောင်းချမှုစာရင်းများကို ကြည်ရှုစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်တို့မှ ဗီနိုင်းကို မြင်သာသောနေရာတွင် ချိတ်ဆွဲခြင်းမရှိခြင်းများ၊ ရည်ညွှန်းဈေး တိကျစွာဖော်ပြမှု အားနည်းခြင်း စသည်တို့ကို မပြုလုပ်ရန် လိုက်နာမှုမရှိပါက အဖွဲ၏ စီမံခန့်ခွဲရေးဥပဒေ၊ အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေ စသည်တို့ဖြင့် အရေးယူဆောင်ရွက်ခံရမည်ကို သိရှိကြောင်း ကတိပြုလက်မှတ်ရေးထိုးမှတ်တမ်းများယူခဲ့ပြီး သက်ဆိုင်ရာအဖွဲ့တိူ့၏ သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်မည်ကို  လုပ်ငန်းရှင်များက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အသင့်စားနိုင်သည့် ကြက်အူချောင်း ဝင်သွင်းရောင်းချနေမှု နှင့် ပတ်သက်၍ ညောင်တုန်းမြို့နယ်အတွင်း ရောင်းချဖြန့်ဖြူးနေမှုများကို စစ်ဆေးဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေးအန္တရာယ်ကင်းစွာ စားသောက်ကုန်များကို ဝယ်ယူစားသုံးနိုင်ရေး ကုန်ဈေးနှုန်းမှန်ကန်စွာ ကုန်စည်များဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဒေသတွင်းရောင်းချနေသော အသင့်စားကြက်အူချောင်း၊ ဝက်အူချောင်းရောင်းဝယ်မှု အခြေအနေများကို စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့်အတူ (၅.၃.၂၀၂၅) ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

         စစ်ဆေးဆောင်ရွက်ရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချီမီဇင် ဒု-ဦးစီးမှူးက ညောင်တုန်းမြို့နယ် မြို့မဈေးနှင့် စတိုးဆိုင်(၅)ဆိုင်တွင် ရောင်းချနေသော အသင့်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်းများ ရောင်းဝယ်ဖြန့်ဖြူးနေမှုကို မေးမြန်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ကျော်ကျော်စတိုးဆိုင်တွင် Cp ကုမ္ပဏီမှ ရောင်းချလျက်ရှိသည့် အသင့်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်းများရောင်းချနေပြီး ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြပါဝင်ကြောင်းတွေ့ရှိရပြီး အခြားသော ဆိုင်(၄)ဆိုင်မှ အခြားတံဆိတ်ပါ ကုန်အညွှန်းအမှတ်အသားပြည်စုံစွာ ဖော်ပြပါဝင်သည့် ကုန်စည်များကိုရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပြီး အသင့်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်းများသည် ရန်ကုန်နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချကြောင်း ရောင်းချသူလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

အလှကုန်ပစ္စည်းအမျိုးမျိုးနှင့် လူသုံးကုန်ပစ္စည်း အမျိုးမျိုးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

             စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်၊  လုံခြုံစိတ်ချရမှုရှိစေရန်၊ ထုတ်ကုန်လုံခြုံစတ်ချရမှုမရှိသောကုန်စည်များ ဈေးကွက်အတွင်းသို့ မရောက်ရှိစေရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်သွားစေရန် ရည်ရွယ်ချက်၍  ၅.၃.၂၀၂၅ ရက်နေ့တွင် ဓနုဖြူမြို့နယ် မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဓနုဖြူမြို့ နယ် (၅)ရပ်ကွက်အတွင်းရှိ အလှကုန်ပစ္စည်းအမျိုးမျိုး ရောင်းချနေသောစတိုးဆိုင်(၅)ဆိုင်သို့သွားရောက်၍  အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

              ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ သနပ်ခါး၊ အသားလိမ်းဆီ၊ မျက်နှာလိမ်းခရင်(မ်) နှင့် မျက်နှာသစ်ဆပ်ပြာကဲ့သို့သော အလှကုန်များကိုစစ်ဆေးခဲ့ရာ ထိုအလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါ/ မပါတို့ကို စစ်ဆေးပြီးစစ်ဆေးခဲ့သော ကုန်စည်များသည် တရားဝင်အသိအမှတ်ပြု ဆာတီဖီကိတ်ခွင့်ပြုချက်များပါဝင်ကြောင်း  တွေ့ရပါသည်။ ဆိုင်ရှင်များက ၎င်းတို့ရောင်းချသော ကုန်စည်များသည် ယခုအခါ တွင်ဝယ်ယူသူဝယ်ယူအသုံးပြုသူတို့အတွက် ရွေးချယ်ဝယ်ယူကြရာတွင် ကုန်အညွှန်းအမှတ်အသားနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်/ အသိအမှတ်ပြု ပါသော ကုန်စည်များကိုသာကြည်ရှု့ပြီး ဝယ်ယူခြင်းများရှိသောကြောင့် တရားဝင်ထုတ်ကုန်လူသုံးများသောကုန်စည် ရွှေပြည်နန်း၊ Nivea၊ bella,  ကဲ့သို့သော အမှတ်တံဆိပ်ပါ ကုန်စည်များမှာ ပို၍ရောင်းရကြောင်း သိရှိရပါသည်။ 

DOCA(ဧရာဝတီ)

လှည်းကူးပညာရေးဒီကရီကောလိပ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးက အသိပညာပေးဟောပြောပွဲကျင်းပ

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးက လှည်းကူးဒီကရီ ကောလိပ် တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး‌‌ဟောပြောဆွေးနွေးပွဲ အခမ်းအနားကို ၅.၃.၂၀၂၅ ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို စားသုံးသူ ရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်တကွ အရာထမ်း၊ အမှုထမ်းများ၊ လှည်းကူး ပညာရေးဒီကရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့်တကွ ဆရာ၊ ဆရာမများ စုစုပေါင်း ၅၀၀ ဦး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားစတင်ချိန်တွင် လှည်းကူးပညာရေးဒီကရီကောလိပ်မှ ကျောင်းအုပ်ကြီးဖြစ်သူ ဒေါ်အေးအေးလွင်က အဖွင့်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ ဌာနခွဲများ၏ ဆောင်ရွက်ချက်များနှင့် ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံနှင့်ပတ်သတ်၍ မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဝါဝါခိုင်က စားသုံးသူကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သတ်၍ ဟောပြောဆွေးနွေးခဲ့ပါသည်။ ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများက သိလိုသည် များကိုမေးမြန်းဆွေးနွေးခဲ့ကြပြီး အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

DOCA(ရန်ကုန်)

ရောနှောဆန်များရောင်းချခြင်းရှိ/မရှိကို အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကုန်သည်များ အသင်း၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် (၄.၃.၂၀၂၅) ရက်နေ့တွင် ပုဇွန်တောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရပ်ကွက်နှင့် ဈေးများရှိ ဆန်အရောင်းဆိုင်အချို့အား စိစစ်ခဲ့ရာ ဆန်ရောင်းချသည့် အမျိုးအစားများတွင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ဧည့်မထ စသည့် ဆန်အမျိုးအစားများကိုသာ ရောင်းချ လျက်ရှိပြီး အဆိုပါဆန် အမျိုးအစားများသည် ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များရှိ ဆန်စက် များ၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း တိုင်းဒေသကြီးများရှိ ဆန်စက်များမှကြိတ်ခွဲထွက်ရှိသော ဆန်များကို ရန်ကုန်မြို့၊ ဝါးတန်းကုန် စည်ဒိုင်မှတစ်ဆင့် ပြန်လည်ဖြန့်ဖြူးရောင်းချခြင်း ဖြစ်ကြောင်း၊ တံဆိပ်အမှတ်အသားများဖြင့် ပြန် လည်ထုပ်ပိုးရောင်းချခြင်းဖြစ်ကြောင်းနှင့် ဆန်အမျိုးအစားများကို ရောနှောရောင်းချခြင်းမျိုး မတွေ့ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

စစ်ဆေးတွေ့ရှိချက်များအရ ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများအား လစဉ်မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ဈေးကွက်အတွင်းပုံမှန် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များ၏ လူဦးရေနှင့်စားသုံးမှုအရ စပါးစိုက်ပျိုးထွက်ရှိမှု အပေါ် ဆန်လိုအပ်ချက်ရှိသော်လည်း ဧရာဝတီ၊  ပဲခူး ၊  မန္တလေး အစရှိသည့် တိုင်းဒေသကြီးများမှလည်း ဆန်စီးဝင်မှုများလည်းရှိသည့်အတွက် ကြောင့်လည်း ကောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းၐနှင့် သက်ဆိုင်ရာဌာနများမှလည်း ဆန်စျေးနှုန်း တည်ငြိမ်ရေး ဝိုင်းဝန်းကြပ်မတ်စစ်ဆေးဆောင် ရွက်လျှက်ရှိနေသည့်အတွက် ဈေးကွက် အတွင်း ဈေးနှုန်းအဆမတန်မြှင့်တက်ခြင်း၊ ဆန်ပြတ်လပ်မှုတို့ကိုမတွေ့ရှိရပဲ ပုံမှန်ဈေးကွက် အတွင်း၌သာ အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ်အသိပညာပေးဆောင်ရွက်ခြင်း

          (၅-၃-၂၀၂၅) ရက်နေ့၊ (၁၂:00)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး) နှင့်ဝန်ထမ်းများသည် အမှတ်(၂)ဈေး၊ အရှေ့ ဒဂုံ၊ တဖက်ရပ်ရုံအမှတ်(၁၇)၌ ဖွင့်လှစ်ထားသည့် ဒေါ်ရီရီဝင်းဆန်ဆိုင်သို့ သွားရောက်၍ ဆန် ရောင်းချမှု အခြေအနေအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်များသတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနေခြင်း ရှိ/မရှိကို စစ်ဆေးခြင်းဖြစ်ပြီး ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုရန်နှင့် ဈေးကစားရန် အလို့ငှာ ဆန်များကို သိုလှောင်ထားခြင်းမပြုရန် ပြောကြားခဲ့ပြီး ၊ ထိုသို့ပြုလုပ်သည်ကို စစ်ဆေးတွေ့ရှိပါက  အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည် ဖြစ် ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ်အသိပညာပေးဆောင်ရွက်ခြင်း

          (၄-၃-၂၀၂၅)ရက်နေ့၊ (၁၀:00)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးလှစိုး (ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည်  ဆန်ရောင်းချနေသော အမှတ်(၂)ဈေး၊အရှေ့ဒဂုံ၊တဖက်ရပ်ရုံအမှတ်(၂၈-၂၉) ၌ ဖွင့်လှစ်ထားသည့် ဦးကျော်သူ ဆန်ဆိုင် သို့သွားရောက်၍ ဆန်ရောင်းချမှုအခြေအနေအား ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက် ခဲ့ကြကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များ၏ အသစ်/အဟောင်းဈေးနှုန်းများမှာ ကွာခြားချက်မများပဲ ကုန်စည်ဒိုင်မှချပြထားသော သတ်မှတ်  ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပြီး ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

(အမေမြ)ဆန်ဆိုင်အားကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင် (လ/ထကြီး ကြပ်ရေးမှူး) နှင့် ဝန်ထမ်းများသည် (၄-၃-၂၀၂၅) ရက်နေ့ ၊  (၁၁:၀၀) နာရီအချိန်တွင်          ဆန် ရောင်းချနေသော အမှတ် (၁၁၄၉)၊ (B)၊ ဖျာပုံလမ်း၊ (၇)ရပ်ကွက်၊ ဒဂုံအရှေ့မြို့နယ်၌ ဖွင့်လှစ် ထားသည့် (အမေမြ) ဆန်ဆိုင်သို့ သွားရောက်၍ ဆန်ရောင်းချမှုအခြေအနေအား ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါ သည်။

          ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များသည် ရက်(၉၀)၊ မြောင်းမြပေါ်ဆန်း၊ကြားပျံ၊ဇီယာ စသည့်ဆန်များကို ရောင်းချလျက်ရှိသည်ကို စစ်ဆေး တွေ့ရှိခဲ့ပြီး ပုံမှန်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ၊ ဆန်အရောအနှောများပြုလုပ်၍ ရောင်းခြင်း/ ဈေးနှုန်းမြှင့်တင်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ အရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ရန်ကုန်)

“ ပလပ်စတစ်သုံးစွဲမှုလျော့ချရေးကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေး၌ အသိပညာပေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း ”

ကော့မှူးမြို့နယ်၊ မတ်  () ရက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ စည်ပင်သာယာမြို့မဈေး အတွင်း၊ အပြင်ရှိ စားသုံးသူပြည်သူများ၏ အခြေခံစားသောက်ကုန် ပစ္စည်းများဖြစ်သော အသား၊ ငါး၊ ကုန်စိမ်း၊ ကုန်ခြောက်နှင့် အခြားစားသောက်ကုန်ပစ္စည်းများ ထုပ်ပိုးရောင်းချလျက်ရှိသော အရောင်းဆိုင်များမှ ဈေးရောင်းသူများ၊ ဈေးဝယ်စားသုံးသူပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှု အန္တရာယ်လျော့နည်းလာစေရန် ပလပ်စတစ် သုံးစွဲမှုလျော့ချရေး အသိပညာပေးခြင်း လုပ်ငန်းကို ပူးပေါင်းအဖွဲ့ဖြင့် မတ်လ(၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် ကော့မှူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင် အရာရှိ ဦးတင်ထွန်းအောင်နှင့် ဝန်ထမ်းများ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးတင်မင်းတို့ ပူးပေါင်း၍ ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်းများ ဝယ်ယူဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဈေးရောင်းသူများ နှင့် ဈေးဝယ်စားသုံးသူပြည်သူများအား သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအန္တရာယ် လျော့နည်း လာစေရေး ပလပ်စတစ်ပစ္စည်းအမျိုးမျိုးတို့အား အလွန်အကျွံသုံးစွဲခြင်းများ မပြုလုပ်ကြရန်နှင့် ပလပ်စတစ်အစားထိုးပစ္စည်းဖြစ်သည့် ဒေသထွက် ကြာဖက်၊ ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များဖြင့်သာ ထုပ်ပိုးဖြန့်ဖြူးရောင်းချပေးခြင်း၊ ဝယ်ယူခြင်း များပြုလုပ်ကြရန်နှင့် စားသုံးသူပြည်သူများ အစားအစာများ ဝယ်ယူသုံးစွဲကြရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေး တို့အတွက် သန့်ရှင်းလက်ဆက်သော အသီးအရွက်၊ သားငါးနှင့် အခြားအခြေခံ စားသောက်ကုန် ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချကြရန် ဈေးဆိုင်ခန်းများသန့်ရှင်းသပ်ရပ်စေရေး အလေးထားဆောင်ရွက်ကြရန် ပလပ်စတစ်ပစ္စည်း အမှိုက်များအား စနစ်တကျစွန့်ပစ်ကြရန် ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူများက အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်အတွင်းရှိစားသောက်ဆိုင်များအားကျန်းမာရေးအသိပညာပေးဆိုင်ရာ ကွင်းဆင်းစစ်ဆေးခြင်း ”

ကော့မှူးမြို့နယ်၊ မတ်  () ရက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ အား စားသုံးသူပြည်သူများဘေးဥပါဒ်ကင်းရှင်းစေရေးတို့အတွက်ဆိုင်ပိုင်ရှင်များအား ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆိုင်ရာတွင် ကွင်းဆင်း စစ်ဆေးခြင်းအား မတ်လ(၅) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေး ပတ်ဝန်းကျင်နှင့်ရပ်ကွက်များရှိ စားသောက် ဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ် ဆရာဝန် ဒေါက်တာသန်းဌေးနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီး ဒေါ်မြင့်မြင့်သန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာ ဦးစီးဌာနမှမြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ ပူးပေါင်းအဖွဲ့သည် စည်ပင်လမ်း မကျီးတန်း ရပ်ကွက်ရှိ အန်တီအုန်းလက်ဖက်ရည်ဆိုင်၊ ဗိုလ်ချုပ်လမ်းမြို့မရပ်ကွက်ရှိ စတိုင် လက်ဖက်ရည်ဆိုင်နှင့် စည်ပင်သာယာမြို့မဈေး ပတ်ဝန်းကျင်ရှိ မုန့်ဟင်းခါးဆိုင်၊ ထမင်းဆိုင်များရှိ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား မသန့်ရှင်းသောရေနှင့် မသန့်ရှင်းသော အစားအသောက်များမှ တဆင့်ကူးစက်သော ရောဂါများဖြစ်ပွားမှု လျော့ချရေးနှင့် ကာကွယ်ရေးဆိုင်ရာအချက်များအား ကျန်းမာရေးဆိုင်ရာအသိပညာပေးဆွေးနွေး ပြောကြား ခဲ့ပြီး စားသောက်ဆိုင်များ သန့်ရှင်းသပ်ရပ်စွာ ရောင်းချနေမှုရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ