ဓနုဖြူမြို့နယ်၊ အ.ထ.က(တော်ဝ)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအ‌ကြောင်း အသိပညာပေး

Powered by Drupal

    ၅-၁၂-၂၀၂၅ ရက်နေ့၊ နံနက် (၁၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ် ကုန်းတန်းတောင်ကျေးရွာအုပ်စု၊တော်ဝကျေးရွာအခြေခံပညာ အထက်တန်း ကျောင်း(တော်ဝ) ၌ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် အတူ ကျောင်းရှိ  ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား  စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းသိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။   အဆိုပါဟောပြောဆွေးနွေးရာတွင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုး က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏တာဝန်များအကြောင်း ၊ စားသုံး သူကာကွယ်ရေး ဥပဒေပါ မိမိတို့၏အခွင့်အရေးကို အပြည့်အဝနားလည်ပြီး တောင်းဆိုရယူတက်စေရန် စားသုံးသူအခွင့်အရေးများနှင့်တာဝန်များ၊ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့် အချက် များ၊ နေ့စဉ်ဝယ်ယူ သုံးစွဲသည့် ကုန်ပစ္စည်းများအပေါ်ပေးထား သော ဝန်ဆောင်မှု များ အပြည့် အဝရရှိစေရေး ကို လည်းကောင်း ၊ ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုများ ဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူ သတင်းပြန်ကြားရေး နှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးဌာန သို့လူကိုယ်တိုင် ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Websiteမှဖြစ်စေ၊ Doca Myanmar application များမှ ဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ MPT၊ Ooredoo၊ Atom၊ Mytel ဆင်းကဒ်များဖြင့်လည်း ၁၅၃၅ နံပါတ်များသို့ခေါ်ဆို၍ ကုန်စည်(သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သိရှိလိုသည်များမေးမြန်းခြင်း၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားခြင်းများ ပြုလုပ်နိုင်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ တက်ရောက်သူ စုစုပေါင်း(၁၄၀)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော စားသုံးသူကာကွယ်ရေးဥပဒေအသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)