သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

PMH အမှတ်တံဆိပ် (သောက်ရေသန့်) လုပ်ငန်းသို့ ကွင်းဆင်းဆောင်ရွက်ခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းနိုင် (ဦးစီးအရာရှိ) နှင့် ဝန်ထမ်းများသည်  ဒေါပုံမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း၍ အမှတ်(၂၉၇) ၊  ရတနာသီရိလမ်း ၊ မြို့သစ်ရပ်ကွက် ၊ ဒေါပုံမြို့့နယ်ရှိ   PMH အမှတ်တံဆိပ် (သောက်ရေသန့်) လုပ်ငန်းသို့ (၃-၃-၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃:00) နာရီတွင် သွားရောက်၍ ကွင်းဆင်းခဲ့ကြ ကြောင်း သိရှိရပါသည်။

ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဝင်းနိုင်က ယခုလုပ်ငန်းသည် ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့်အတွက်  စားသုံးသူကာကွယ်ရေးဥပဒေပါ  အခန်း(၁၇)၊ ရှိ ကုန်စည်  (သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် စီးပွားရေးလုပ်ငန်းရှင်၏ အာမခံချက် များပါ အချက်အလက်များ စားသုံးသူကာကွယ်ရေးဥပဒေပါ   အခန်း(၁၈)ရှိ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သတ်၍အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

BT အမှတ်တံဆိပ် (ရေသန့်) လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်           (ဒု- ကြီးကြပ်ရေးမှူး) နှင့် ဝန်ထမ်းများသည်  ဒေါပုံမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့်   ့ပူးပေါင်း၍ အမှတ်(၂၁၄) ၊ အောင်သီရိလမ်း ၊ မြို့သစ်ရပ်ကွက်၊ ဒေါပုံမြို့့နယ်ရှိ  BT  အမှတ် တံဆိပ် (ရေသန့်) လုပ်ငန်းသို့ (၃-၃-၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃:00) နာရီတွင် သွားရောက်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အေးအေးမော်က ယခုလုပ်ငန်းသည် စားသောက်ကုန်လုပ်ငန်းဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ  အခန်း(၁၁)၊ ပုဒ်မ (၂၃)ပါ စီးပွားရေးလုပ်ငန်းရှင်၏ အာမခံချက်များပါ အချက်အလက်များ စားသုံးသူကာကွယ် ရေးဥပဒေပါ   အခန်း(၁၈)ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သတ်၍ အသိပေးပြော ကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

MSME အဖွဲ့ဝင်များဖြင့် အောင်ပွင့်သစ် (အင်္ကျီတံဆိပ်ရိုက်)လုပ်ငန်းသို့ ကွင်းဆင်းဆောင်ရွက်ခြင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာ MSME  အေဂျင်စီများအနေဖြင့် နိုင်ငံတော်မှ မတည်ရင်းနှီးထားသည့် ငွေကြေးအရင်းအနှီးကို Quality Loan အဖြစ်အမှန်တကယ်လိုအပ် သည့် MSME လုပ်ငန်းရှင်များထံသို့ အပြည့်အဝရရှိစေရေးနှင့် အကျိုးထိရောက်စွာ အသုံးပြု နိုင်ရေးစီမံကြပ်မတ်ဆောင်ရွက်လျက်ရှိရာ အမှတ်(အေ-၃၉) ဦးဝိစာရလမ်း၊(၃၄) ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ အောင်ပွင့်သစ် (အင်္ကျီတံဆိပ်ရိုက်) လုပ်ငန်းသို့ (၄-၃-၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၃:00) နာရီတွင် MSME ဌာနမှ ဦးဆောင်၍ ဒဂုံမြို့သစ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စက်မှုကြီးကြပ်ဦးစီးဌာန၊ မြောက်ဒဂုံမြို့နယ်စည်ပင်သာယာရေးကော်မတီ၊ အရှေ့ပိုင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးနေလင်း(ဌာနခွဲစာရေး) တို့ပါဝင်သည့် အဖွဲ့ဝင်များမှ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးနေလင်းက  ယခုလုပ်ငန်း သည် လူသုံးကုန်လုပ်ငန်းဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်း ရှင်၏ တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ဒလမြို့နယ်ဈေးကွက်တွင်ဆန်ဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း”

ဒလမြို့နယ် ၊ မတ်  () ရက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ကမာကဆစ်ဈေး အတွင်း/အပြင်ရှိ ဆန်ဆိုင်များတွင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း စသည့်ဆန်ချောများတွင် ဆန်ကြမ်းများ ရောနှောရောင်းချခြင်းရှိ/မရှိကို မတ်လ (၄)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ဆန်စပါးနှင့်ဆန်ကုန်သည်ကြီးများအသင်းမှ ဥက္ကဌနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ဝန်ထမ်းများစသည့်ပူးပေါင်းအဖွဲ့ဖြင့် ဆန်ကြမ်း၊ ဆန်ချောရောင်းချသည့် ဆန်ဆိုင်များဖြစ်သည့် ရတနာထွန်းဆန်ဆိုင်၊ ကိုကိုနိုင်ဆန်ဆိုင်များသို့ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းများတွင် ဆန်ကြမ်းများ ရောနှော ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆန်အမျိုးအစားအမျိုးမျိုးအား သတ်မှတ်ရည်ညွှန်းဈေး ထက်ပိုမိုရောင်းချခြင်းမရှိစေရေး အသိပညာပေး ဆောင်ရွက်ခဲ့ပြီး ရောင်းချလျက်ရှိသောဆန်များမှ မြို့နယ်အတွင်း ဆန်စက်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

                   DOCA(ရန်ကုန်)

“ တွံတေးမြို့နယ်တွင်ဆန်ဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း”

တွံတေးမြို့နယ် ၊ မတ်  () ရက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စည်ပင်သာယာဈေး အတွင်း/ အပြင်ရှိ ဆန်ဆိုင်များတွင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း စသည့်ဆန်ချောများတွင် ဆန်ကြမ်းများ ရောနှောရောင်းချခြင်းရှိ/မရှိကို မတ်လ (၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ဆန်စပါးနှင့်ဆန်ကုန်သည်ကြီးများအသင်းမှ ဥက္ကဌနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ဝန်ထမ်းများ စသည့်ပူးပေါင်းအဖွဲ့ဖြင့် ဆန်ကြမ်း၊ ဆန်ချောရောင်းချသည့် ဆန်ဆိုင်များဖြစ်သည့် မလှလှဝင်း ဆန်ဆိုင်၊ နေဦးဆန်ဆိုင်များသို့ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းများတွင် ဆန်ကြမ်းများရောနှော ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆန်အမျိုးအစားအမျိုးမျိုးအား သတ်မှတ်ရည်ညွှန်းဈေး ထက်ပိုမိုရောင်းချခြင်းမရှိစေရေး အသိပညာပေး ဆောင်ရွက်ခဲ့ပြီး ရောင်းချလျက်ရှိသောဆန်များမှ မြို့နယ်အတွင်း ဆန်စက်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်စိုက်ပျိုးထားသည့်ပဲမျိုးစုံ (၆၀၄၆၁)ဧက ခူးဆွတ်ပြီးစီး ”

ခရမ်းမြို့နယ်၊ မတ်  () ရက်

          ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ယခုဆောင်းသီးနှံစိုက်ပျိုးရာသီ တွင် ပဲမျိုးစုံ (၁၀၅၀၉၉)ဧက စိုက်ပျိုးခဲ့ပြီး စောလျင်စွာ စိုက်ပျိုးခဲ့သည့် ပဲစိုက်ခင်းများကို ဖေဖော်ဝါရီလမှ စတင်ခူးဆွတ်လျက်ရှိရာ လက်ရှိအချိန်ထိ ပဲမျိုးစုံ (၆၀၄၆၁)ဧက ခူးဆွတ်ပြီးစီး သွားပြီးဖြစ်ကြောင်း သိရသည်။

          ခရမ်းမြို့နယ်ရှိ ပဲစိုက်တောင်သူများအနေဖြင့် “သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်အောင် ပဲမျိုး စုံတိုးချဲ့စိုက်ပျိုးကြစို့၊ စိုက်နည်းစနစ်မှန်ကန်စေဖို့၊ စိုက်ပျိုးရေးသွင်းအားစုတွေ စနစ်တကျ သုံးစွဲဖို့နဲ့ ပိုးမွှားရောဂါကင်းဝေးစေဖို့ တောင်သူပညာပေးလုပ်ငန်းတွေ မြို့နယ်စိုက်ပျိုးကြီးကြပ်မှု အဖွဲ့အနေ ဖြင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း” သိရသည်။

          ပဲမျိုးစုံစိုက်ပျိုးပြီးစီးမှုအနေဖြင့် ပဲတီစိမ်း (၁၀၄၄၉၄)ဧက၊ ပဲလွန်းဖြူ (၆၈)ဧက၊ မတ်ပဲ(၅၃၇) ဧက စုစုပေါင်း (၁၀၅၀၉၉)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း အဆိုပါပဲမျိုးစုံအနက် ပဲတီစိမ်း (၆၀၄၄၁)ဧက၊ ပဲလွန်းဖြူ (၂၇)ဧက စုစုပေါင်း (၆၀၄၆၈)ဧက ခူးဆွတ်ပြီးစီး ပြီးဖြစ်ကြောင်း အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပဲတီစိမ်း (၅၆.၆၉)တင်း၊ ပဲလွန်းဖြူ (၅၀.၅၉)တင်းခန့် ထွက်ရှိကြောင်း သိရှိရပြီး ပဲမျိုးစုံကို တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသအတွင်းစားသုံးမှု ဖူလုံစေမည့်အပြင် ပြည်ပပို့ကုန်အဖြစ်ပါ ထုတ်လုပ်နိုင်မည်ဖြစ်သောကြောင့် ပြည်ပပို့ကုန်ကဏ္ဍ တိုးတက်လာနိုင်မည်ဖြစ်သည်။ ထို့ပြင် ဝယ်လိုအားမျှတလာပြီး ပဲမျိုးစုံဈေးကွက်၌ ဈေးနှုန်းတည်ငြိမ်စေ ရေးတို့ကိုလည်း အထောက် အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။

DOCA(ရန်ကုန်)

 

အလှကုန်ပစ္စည်းအမျိုးမျိုးနှင့် လူသုံးကုန်ပစ္စည်း အမျိုးမျိုးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်၊  လုံခြုံစိတ်ချရမှုရှိစေရန်၊ လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ ဈေးကွက်အတွင်းသို့ မရောက်ရှိစေရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်သွားစေရန် စသည့်ရည်ရွယ်ချက်၍ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ အလှကုန်နှင့် လူသုံးကုန်များကို (၄.၂.၂၀၂၅) ရက်နေ့တွင် နံနက် (၁၀း၀၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

              စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် တာဝန်ခံ ဦးအောင်ကျော်သက်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် ပန်းတနော်မြို့ပေါ်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များ၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊ စတိုးဆိုင်များသို့ သွားရောက်၍ ဈေးကွက်အတွင်း ရောင်းချနေသော စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ဖြင့်ထုတ်ပြန်ထားသော ကုန်စည်အုပ်စုအလိုက် မဖြစ်မနေဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပြီးနောက် ဆိုင်ရှင်များအား  ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံသော ကုန်စည်များကိုသာ ရောင်းချကြရန်၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်ပတ်သက်၍ အာမခံပေးရမည့် အချက်များကို ရှင်းလင်းဆွေးနွေးကာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီ အရောင်းဆိုင်များ သတ်မှတ်ချက်များနှင့်အညွ ရောင်းချခြင်းရှိ/မရှိတို့ကို မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်း အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေး

             ၄-၃-၂၀၂၅ ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဝင်များနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ စားအုန်းဆီလက်လီရောင်းချသောဆိုင် (၁၀)ဆိုင်အား ကွင်းဆင်းဈေးကွက်စောင့်ကြည့် စစ်ဆေးမှုကိုဆောင်ရွက်ခဲ့ပါသည်။

              စောင့်ကြည့်စစ်ဆေးရာတွင် ဓနုဖြူမြို့နယ် (၁၂)ရပ်ကွက်၊ (၇)ရပ်ကွက်၊ (၅)ရပ်ကွက်အတွင်း လက်ကားရောင်းချနေသော စားအုန်းဆီအရောင်းဆိုင်(၁၀)ဆိုင်သို့ ဓနုဖြူမြို့နယ်ကုန် ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်း အဖွဲ့ဝင်များနှင့် မြို့နယ်ဦးစီးမှူး ဦးဝင်မင်းစိုးတို့မှ သွားရောက်၍ ဆိုင်များတွင် ဆီရောင်းချနေသည့်ပိဿာ၊ သတ်မှတ်ရည်ညွှန်းဈေး၊ ၁တစ်လအတွင်း ဆီစာအုပ်ဖြင့် ဝယ်ယူသူများ နေ့စဉ်စာရင်များ ရေးသွင်းထားမှုရှိ/ မရှိကိုစစ်ဆေးခြင်း၊ စားအုန်းဆီအရောင်းဆိုင်များမှ သတ်မှတ်ချက်များနှင့်အညီ ရောင်းချမှုရှိမရှိကိုစစ်ဆေးခြင်း၊ ၁လအတွင်း စားသုံးသူမှ ၁ပိဿာ ၅၀ တိတိကို ရောင်းချပေးရန်၊ နာရေးအရ စားသုံးသူပြည်သူများ ဆီလိုအပ်ပါက ရောင်းချပေးရန်ကို မှာကြားခဲ့ပြီး စားအုန်းဆီဝယ်ယူမှုနှင့် စပ်လျဉ်း၍ တိုင်ကြားချက်များမရှိစေရန် စိစစ်ဆောင်ရွက်သွာရန်ကို ဆိုင်ရှင်များအား အဖွဲ့မှမှာကြားခဲ့ပြီး သတ်မှတ်ချက်များအတိုင်းလိုက်နာမှုမရှိပါက စီးမံခန့်ခွဲမှု နည်းလမ်းအရအရေးယူဆောင်ရွက်ခံရမည်ဖြစ်၍ လုပ်ငန်းရှင်များက သိရှိလိုက်နာဆောင်ရွက်သွားမည်ဖြစ်၍  လက်မှတ်ရေးသွင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

“ ကော့မှူးမြို့နယ်ရှိဆေးဆိုင်များတွင်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသောဆေးဝါးများ၏ ဈေးနှုန်းအခြေအနေကွင်းဆင်းစစ်ဆေးခြင်း ”

ကော့မှူးမြို့နယ်၊ မတ်  () ရက်

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက် နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရှိ ဆေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိသော ဆေးဝါးများ၏ ဈေးနှုန်းအခြေအနေအား မတ်လ(၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် ရပ်ကွက်များနှင့် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ဆေးဆိုင်များသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံတို့သည် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ အေးမင်းစိုး ဆေးဆိုင်၊ ဝင်းလဲ့စိုးဆေးဆိုင်၊ မေခလာဆေးဆိုင်များနှင့် ဗိုလ်ချုပ်လမ်းမြို့မရပ်ကွက်ရှိ အောင်သစ္စာဆေးဆိုင်၊ မကျီးတန်း ရပ်ကွက်ရှိ ဇာနည်ဆေးဆိုင်တို့တွင် ဖြန့်ဖြူးရောင်းချ လျက်ရှိသော စားသုံးသူပြည်သူများ အသုံးများသော ဆေးဝါများအနေဖြင့် ယခင်လဈေးနှုန်း၊ ယခုလဈေးနှုန်း အခြေအနေ အတက်၊ အကျဈေးနှုန်းတို့အား စာရင်းကောက်ယူကွင်းဆင်း စစ်ဆေးခဲ့ပြီး ဆေးဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား စံမညီဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများ ဆရာဝန်ညွှန်ကြားမှုမရှိသည့် စပ်ဆေးများအား ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိ စေရေးတို့အတွက် လစဉ်လတိုင်းဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ စဉ်ဆက်မပြတ် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

ရပ်ကွက်အုပ်ချုပ်ရေးမှူးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် တာဝန်ခံရုံးတွင်  ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး (၁၈)ဦးအား  ဌာနဆိုင်ရာလုပ်ငန်းစဉ်းများနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

           ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဝင်းမင်းစိုးက ရပ်ကွက်အုပ်ချုပ်ရေးမှုးများအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ သိကောင်းစရာ ကိစ္စရပ်များအကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းခြင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဖွဲ့စည်းထားခြင်းလုပ်ငန်းစဉ် သိကောင်းစရာများအကြောင်း၊ စားသုံးသူအခွင့်အရေးနစ်နာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားမှုအပေါ် စားသုံးသူရေးရာဦးစီးဌာနက လုပ်ထုံးလုပ်နည်းနှင့် အညီ လက်ခံဖြေရှင်းဆောင်ရွက်ချက် ကိစ္စရပ်များအကြောင်း၊ ဥပဒေအရ စစ်ဆေးရေးအရာရှိ၏ အခန်းကဏ္ဍများအကြောင်းကို ရှင်းလင်းခြင်းနှင့် အကတိလိုက်စားမှု ကင်းရှင်းစေရေးနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ဖို့ အလေးပေးဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ပြီး၊ ဥပဒေ၏ ပြစ်မှုပြစ်ဒဏ်များကိုပါ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများက ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြသည်။

            ဓနုဖြူမြို့နယ်တွင် ရပ်ကွက် (၁၈) ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၃) အုပ်စုနှင့် ကျေးရွာခွဲပေါင်း (၃၈၉)ရွာရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ