
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် တာဝန်ခံရုံးတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး (၁၈)ဦးအား ဌာနဆိုင်ရာလုပ်ငန်းစဉ်းများနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဝင်းမင်းစိုးက ရပ်ကွက်အုပ်ချုပ်ရေးမှုးများအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ သိကောင်းစရာ ကိစ္စရပ်များအကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းခြင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဖွဲ့စည်းထားခြင်းလုပ်ငန်းစဉ် သိကောင်းစရာများအကြောင်း၊ စားသုံးသူအခွင့်အရေးနစ်နာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားမှုအပေါ် စားသုံးသူရေးရာဦးစီးဌာနက လုပ်ထုံးလုပ်နည်းနှင့် အညီ လက်ခံဖြေရှင်းဆောင်ရွက်ချက် ကိစ္စရပ်များအကြောင်း၊ ဥပဒေအရ စစ်ဆေးရေးအရာရှိ၏ အခန်းကဏ္ဍများအကြောင်းကို ရှင်းလင်းခြင်းနှင့် အကတိလိုက်စားမှု ကင်းရှင်းစေရေးနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ဖို့ အလေးပေးဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ပြီး၊ ဥပဒေ၏ ပြစ်မှုပြစ်ဒဏ်များကိုပါ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများက ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြသည်။
ဓနုဖြူမြို့နယ်တွင် ရပ်ကွက် (၁၈) ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၃) အုပ်စုနှင့် ကျေးရွာခွဲပေါင်း (၃၈၉)ရွာရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)