MSME အဖွဲ့ဝင်များဖြင့် အောင်ပွင့်သစ် (အင်္ကျီတံဆိပ်ရိုက်)လုပ်ငန်းသို့ ကွင်းဆင်းဆောင်ရွက်ခြင်း

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာ MSME  အေဂျင်စီများအနေဖြင့် နိုင်ငံတော်မှ မတည်ရင်းနှီးထားသည့် ငွေကြေးအရင်းအနှီးကို Quality Loan အဖြစ်အမှန်တကယ်လိုအပ် သည့် MSME လုပ်ငန်းရှင်များထံသို့ အပြည့်အဝရရှိစေရေးနှင့် အကျိုးထိရောက်စွာ အသုံးပြု နိုင်ရေးစီမံကြပ်မတ်ဆောင်ရွက်လျက်ရှိရာ အမှတ်(အေ-၃၉) ဦးဝိစာရလမ်း၊(၃၄) ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ အောင်ပွင့်သစ် (အင်္ကျီတံဆိပ်ရိုက်) လုပ်ငန်းသို့ (၄-၃-၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၃:00) နာရီတွင် MSME ဌာနမှ ဦးဆောင်၍ ဒဂုံမြို့သစ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စက်မှုကြီးကြပ်ဦးစီးဌာန၊ မြောက်ဒဂုံမြို့နယ်စည်ပင်သာယာရေးကော်မတီ၊ အရှေ့ပိုင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးနေလင်း(ဌာနခွဲစာရေး) တို့ပါဝင်သည့် အဖွဲ့ဝင်များမှ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးနေလင်းက  ယခုလုပ်ငန်း သည် လူသုံးကုန်လုပ်ငန်းဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်း ရှင်၏ တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)