သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းအားမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ မှတ်ပုံတင်လျှောက်ထားသည့် အထကလမ်း၊ရပ်ကွက်(၂)၊ လွိုင်လင်မြို့ရှိ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ ရောင်းချလျက်ရှိသည့် အွန်လိုင်းလုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင်မှတ်ပုံတင်ထားရှိသည့် အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိနှင့် အခြားလိုအပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆေင်ရွက်ရမည့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများနှင့်ပတ်သက်၍လည်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍အသိပညာပေးခြင်း

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၉)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် နမ့်စန်မြို့ပေါ်ရှိ စားသုံးသူပြည်သူ များအား အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုဟောပြောပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုများအကြောင်း၊ မည်သူမဆို အွန်လိုင်းဖြင့်ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မှတ်ပုံတင်လက်မှတ် ရရှိသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းမှတစ်ဆင့်ဝယ်ယူရာတွင် လိမ်လည်မှုမခံရအောင် သိရှိရမည့်အချက်များကို ရှင်းလင်းဆွေးနွေး အသိပညာ‌ပေးဟောပြောခဲ့ပါသည်။

DOCA(ရှမ်း)

 

သာယာဝတီမြို့၌ အသိပညာပေးTalk Show ဟောပြောခြင်း

          ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင်  သာယာဝတီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ ( ၁၇.၂.၂၀၂၅ )ရက်‌နေ့ နံနက် ( ၁၀:၀၀ )နာရီအချိန်တွင်  ပြန်ဆက်ဦးစီးဌာန     Community  Centerတွင် ဦးစီးမှူး  ဒေါ်ခိုင်ခိုင်ရီက အွန်လိုင်စနစ်ဖြင့်လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခဲ့ပါသည်။

          ဦးစီးမှူး ဒေါ်ခိုင်ခိုင်ရီက အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sale) လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃)ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ရက်နေ့တွင်ထုတ်ပြန်ခဲ့ ပါကြောင်း အွန်လိုင်းစနစ်မှတ်ပုံတင်ရာတွင် ကုန်စည်အုပ်စုနှင့် ဝန်ဆောင်မှုအုပ်စု နှစ်မျိုးသတ်မှတ် ထားရှိပါကြောင်း ကုန်စည်အုပ်စုတွင် အမျိုးအစား (၂၂)မျိုးနှင့် ဝန်ဆောင်မှုအုပ်စုတွင် အမျိုးအစား(၁၄)မျိုးပါရှိကြောင်း၊ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်လျှောက်ထားရာတွင် ကုမ္ပဏီ(သို့) စီး  ပွားရေးအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တစ်ဦးချင်းဖြင့်လျှောက်ထားနိုင်ကြောင်း၊.ပြည်သူများအနေဖြင့် အွန်လိုင်းစနစ်ဖြင့်ဈေးဝယ်ထွက်မယ်ဆိုရင် မိမိဝယ်ယူမည့် ကုန်စည်ကိုလေ့လာပြီးစိတ််ချရမှုရှိသည့်   Online  Shopping များတွင် ဝယ်ယူကြရန်၊ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော Website များ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ လိပ်စာတို့ကိုတိကျစွာဖော်ပြထားသော ကတိကဝတ်အတိုင်း ဝန်ဆောင်မှု  ပေးသူများထံတွင်ဝယ်ယူသုံးစွဲကြရန်နှင့် Social Media များမှကြော်ငြာရောင်းချသော ကုန်ပစ္စည်းများနှင့် ပတ်သက်ပြီးအလွယ်တကူ မဆုံးဖြတ်ဘဲ ယုံကြည်စိတ််ချဖွယ်ရာ အချက်အလက်  များအား သေချာစွာ စိစစ်ပြီးဝယ်ယူရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

             စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ (၁၅) ရက်နေ့ အတွင်းတွင် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယွန်းတန်းရပ်ကွက်ရှိ သောက်ရေသန့်အမျိုးမျိုး ရောင်းချသည့် ကုန်မျိုးစုံဆိုင်များသို့လည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် ဥသျှစ်ပင်ဈေးအတွင်းရှိ သောက်ရေသန့်အမျိုးမျိုးရောင်းချသည့် ကုန်မျိုးစုံဆိုင်များသို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ် တွင်  အမှတ် (၃) နှင့် အမှတ် (၅) ရပ်ကွက်ရှိ ဘူးသွပ်စားသုံးဆီ အရောင်းဆိုင်များသို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်းရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါကြောင်းနှင့် စောင့်ကြည့် စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရှိ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ် မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရေး ရည်ရွယ်၍ ခရိုင်အတွင်း မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံ ပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်မှ (၁၅) ရက်အတွင်း ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ ခေတ္တရာရပ်ကွက်နေပြည်သူများ၊ ဝက်ထီးကန်မြို့ရှိ တောင်သူများ၊ ပေါင်းတလည်မြို့ရှိ တောင်သူများအားလည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် အ.မ.က (ညောင်ဝိုင်း) နှင့် အ.မ.က (ဘယ်လက်) ကျောင်းများသို့လည်းကောင်း၊ ရွှေတောင်မြို့နယ်ပြန်ဆက်ရုံးနှင့် ပူးပေါင်း ၍ စားသုံးသူအသိပညာပေး (Talk Show)ပွဲ ပြုလုပ်ဆောင်ရွက်ခြင်းများကိုလည်းကောင်း၊ ပန်းတောင်းမြို့တွင် အ.ထ.က (ဥသျှစ်ပင်) နှင့် အ.မ.က(ယင်းရွာ) ကျောင်းများသို့လည်းကောင်း၊ ပန်းတောင်းမြို့နယ်ပြန်ဆက်ရုံးနှင့် ပူးပေါင်း၍ စားသုံးသူအသိပညာပေး (Talk Show) ပွဲပြုလုပ် ဆောင်ရွက်ခြင်းများကိုလည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တွင် ပေါက်ခေါင်းပြည်သူ့ဆေးရုံးကြီး အတွင်းရှိ ဆရာဝန်/ သူနာပြုများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ၍ စားသုံးသူအသိပညာပေး ဟောပြောခြင်းများကိုလည်းကောင်း၊ မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

             အဆိုပါ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မြို့နယ် တာဝန်ခံများမှ စားသုံးသူ အခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ် ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာဖေါ်ပြမှုရှိစေရေးရှင်းလင်းဆွေးနွေး

             စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျှက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျှက် ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်မှ(၁၅)ရက်အတွင်း ပြည်ခရိုင်၊  ပြည်မြို့နယ်တွင် ခေတ္တရာမြို့သစ်ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးဘေးရှိ  ဦးဟိန်းသူရရွှေ၏ “Smart Lady” အထည်လုပ်ငန်းဆိုင်သို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် ကြာနီကန်ရပ်ကွက် ရန်ကုန်-ပြည်လမ်းရှိ ဦးဇော်မင်းထွန်း၏ “ဇော်မင်းထွန်း”ဆီစက်သို့လည်းကောင်း၊ ပန်းတောင်း မြို့နယ်တွင် ဥသျှစ်ပင်မြို့ရှိ ဦးနေလင်းထွန်း၏ “ဆယ်စု” ဆန်/ဆီရောင်းဝယ်ရေးဆိုင်နှင့် ဒေါ်နီနီမာ ၏ “သန်းကြွယ်” ဆန်/ဆီရောင်းဝယ်ရေးဆိုင်သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အမှတ် (၅) ရပ်ကွက်ရှိ ဦးသန်းနိုင်၏ “ချမ်းမြေ့ပါစေ” ဣစ္ဆိတံနှင့် မုန့်ကြိုးလိမ်လုပ်ငန်းသို့လည်းကောင်း၊  သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ မိမိတို့ ဖြန့်ဖြူးရောင်းချလျက်ရှိ သော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာ ဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ် ရောင်းချ မှုရှိစေရေး၊ ကုန်စည်အလိုက် ဖေါ်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ၊ ပြည့်စုံ မှန်ကန်စွာ ဖေါ်ပြ မှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့် အတူ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်သွားမှာဖြစ်သည့် အတွက် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

“မန္တလေးတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပ”

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၉ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူအသိပညာပေးခြင်း များကို စားသုံးသူနယ်ပယ်အသီးသီးသို့ ဟောပြောဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက် လျှက်ရှိ ရာတွင် တက္ကသိုလ်/ကောလိပ်များရှိ ကျောင်းသား/သူများသို့လည်း စားသုံးသူအသိပညာပေး ခြင်းများ ကိုအခါအားလျော်စွာ ဆောင်ရွက်လျက်ရှိပါသည်။

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၂၀-၂-၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မဟာအောင်မြေ မြို့နယ်ရှိ မန္တလေးတက္ကသိုလ် ၊ အင်းဝ(၉)ခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မန္တလေးတက္ကသိုလ်ဒုတိယ ပါမောက္ခချုပ် ဒေါက်တာခင်မာရီ က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ဦးရဲလင်းထက် ဟောပြောပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး၊  ဒေါ်ဖြူသဲနွယ်က တက္ကသိုလ် ကျောင်းသား/ သူ များသိသင့်သည့် စားသုံးသူကာကွယ်ရေး အကြောင်းသိကောင်းစရာများနှင့် ပတ်သက်ပြီး စားသုံးသူ များ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၏တာဝန်နှင့် တားမြစ်ချက်များကို အကျယ်တဝင့် ဟောပြော ဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲတက်ရောက်လာသည့် ဆရာ/မများနှင့် ကျောင်းသား/ သူများက စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းခဲ့ရာ ဒုတိယတိုင်း ဒေသကြီးဦးစီးမှူး၊ ဦးရဲလင်းထက်နှင့် တာဝန်ရှိသူများမှ  ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှလည်းတက်ရောက်၍ သတင်းမှတ်တမ်း ရိုက်ကူးခဲ့ကြပါသည်။

              စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ မန္တလေးတက္တသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့်ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ ကျောင်းသား/သူ (၃၅၀)ခန့် တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိခဲ့ပါသည်။

DOCA(မန္တလေး)       

“မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပ”

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၉ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူအသိပညာပေးခြင်း များကို စားသုံးသူနယ်ပယ်အသီးသီးသို့ ဟောပြောဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျှက်ရှိ ရာတွင် တက္ကသိုလ်/ကောလိပ်များရှိ ကျောင်းသား/သူများသို့လည်း စားသုံးသူအသိပညာပေးခြင်းများ ကိုအခါအားလျော်စွာ ဆောင်ရွက်လျက်ရှိပါသည်။

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၁၉.၂.၂၀၂၅)ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင်၆၂လမ်း၊၂၂×၂၃လမ်း ကြား၊ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ သီရိရတနာခန်းမ၌ စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် စားသုံးသူရေးရာ ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးရဲလင်းထက်က အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ လ/ထညွှန်ကြားရေးမှူး ဒေါ်ဖြူသဲနွယ်က စားသုံးသူအခွင့်အရေးများအကြောင်း တိုင်ကြားမှုဖြစ်စဉ်နှင့်ပတ်သက်သည့် အကြောင်းအရာများ ဆက်သွယ်တိုင်ကြားရန် နည်းလမ်းများအကြောင်းရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

              ထိုနောက် ဟောပြောပွဲအခမ်းအနား၌ (၇၈) ကြိမ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားကဗျာ၊ ပန်းချီနှင့် ဆောင်းပါးပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ နှင့် တတိယဆု အသီးသီး ရရှိခဲ့ကြသည့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ ကျောင်းသား/သူများအား  ပါမောက္ခချုပ် ဒေါက်တာတင့်တင့်၊ ဒုတိယပါမောက္ခချုပ်ဒေါက်တာ အေးသက်သက်ဝင်း နှင့်ပါမောက္ခဌာနမှူးများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပါသည်။ ဟောပြောပွဲတက်ရောက်လာသူများ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းခဲ့ရာ ဒုတိယတိုင်းဒေသကြီးဦးစီး မှူးဦးရဲလင်းထက်မှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှလည်း တက်ရောက်၍ သတင်း မှတ်တမ်းရိုက်ကူးခဲ့ကြပါသည်။ ဟောပြောဆွေးနွေးပြီးနောက် တက္ကသိုလ်ဝန်းအတွင်း ဖွင့်လှစ်ထား သည့် စားသောက်ဆို်ငများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေး ဟောပြောဆွေးနွေးပွဲသို့ မန္တလေးနိုင်ငံခြားဘာသာတက္တသိုလ်ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူ (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(မန္တလေး)       

“အခြေခံစားသောက်ကုန်များကွင်းဆင်းစစ်ဆေး”

          ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန်များရောင်းချနေသော မြို့မစျေး၊ Electric ဆိုင်များ၊စတိုးဆိုင်ကြီးများသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာန ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်စားသုံးသူရေးရာဦးစီးဌာတို့မှ ၂၀၂၅ခုနှစ်၊ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် အဖွဲ့စုံဖြင့် ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ အဓိကအနေဖြင့် ပြည်သူ များစားဝတ်နေရေးပြေလည်စေဖို့အတွက် ဝက်သား ၊ အမဲသား လိုင်စင်ရသတ်မှတ်စျေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ ၊ စားသုံးသူရေးရာဦးစီးဌာနမှလည်း လအလိုက်ထုတ်ပြန်ထားသော ဆန်စျေးနှုန်း များအပေါ်သတ်မှတ်ရည်ညွှန်းစျေးတို့ဖြင့်ရောင်းချစေရေး၊စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားမှုမရှိစေရေး၊နေ့စဉ်သယ်ယူရောင်းချနေသည့် အခြေအနေပေါ်မူတည်၍ ကုန်စည်စီးဝင်/စီးထွက်မှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)       

 

မြင်းခြံမြို့၊စံပြဈေးအတွင်း ကုန်မျိုးစုံဆိုင်များရှိ မုန့်မျိုးစုံနှင့်အလှကုန်ပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး

စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲရာ တွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဥပဒေပြဌာန်းချက်များနှင့်ကိုက်ညီ မှုမရှိဘဲ မမှန်မကန်ထုတ်လုပ် ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များနှင့် လုံခြုံစိတ်ချရမှု မရှိသော ကုန်စည်များ လျော့နည်းပပျောက်သွားစေရေးတို့အတွက် နေရာစုံ၌ နည်းလမ်းပေါင်းစုံဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံးကို အသိပညာပေးလျက်ရှိသလို တဖက်မှလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။

 စားသုံးသူရေးရာဦးစီးဌာန မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး၊ ဦးတင်ဇော်ထွေး (ဦးစီးမှူး)ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးအရာရှိ ဒေါ်အေးအေးမြင့် (ဒု-ဦးစီးမှူး) ၊ ဈေးခေါင်း ဦးတိုးဝင်းနှင့် ဈေးအကျိုးတော်ဆောင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် (၁၇.၂.၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြင်းခြံမြို့၊ စံပြဈေးရှိ မုန့်မျိူးစုံနှင့် အလှကုန်ပစ္စည်း အမျိုးမျိုးရောင်းချသော ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် လူကို ဘေးဥပဒ်အန္တရာယ်ဖြစ်စေနိုင်မှုများသည့် ကုန်ပစ္စည်းများအား ဦးစားပေး၍  ပူးပေါင်းအဖွဲ့ ဝင်များသည် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံစွာပါဝင်မှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှု ရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့်ထိခိုက်နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး တို့အတွက် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍စဉ်ဆက်မပြတ် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)       

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ