သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မအူပင်မြို့နယ်ရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း Online Salesနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး

 

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိဦးအောင်ဇော်ဦးသည်  ecomreg system တွင် အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်း ဦးစိုးပိုင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း မှတ်ပုံတင်လျှောက်ထားမှု လုပ်ငန်းရှိသည့်အတွက်  လုပ်ငန်း၊ နေရပ်လိပ်စာနှင့် ကုန်စည်များသည် မြေပြင်တွင် အမှန်တကယ်ကိုက်ညီမှုရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို (၁၃.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် မှတ်ပုံတင်ထားသည့်လုပ်ငန်းသို့ သွားရောက် မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

              စစ်ဆေးဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိဦးအောင်ဇော်ဦးက အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်း ecomreg system  တွင် မှတ်ပုံတင်လှောက်ထားစဉ်က အချက်အလက်များ ပြည်စုံမှန်ကုန်မှု ရှိ/မရှိကို Online Sales application ဖြင့်စစ်ဆေးခြင်း၊ လုပ်ငန်းအမှန် တကယ်ဆောင်ရွက်မှု မှန်ကန်မှု ရှိ/မရှိကို စစ်ဆေးပြီး ဦးစီးဌာနသို့ ဆက်လက်တင်ပြနိုင်ရန် မြေပြင်စစ်ဆေးချက် မှတ်တမ်းရယူခြင်း များ ဆောင်ရွက်ခဲ့ပြီး အွန်လိုင်းမှတ်ပုံတင် certificate ရရှိနိုင်ရေး တက်လက်ဆောင်ရွက်ခဲ့ကြောင်းနှင့် လုပ်ငန်းရှင်အား အွန်လိုင်းရောင်းချမှု လုပ်ငန်းနှင့်စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်လျက်ရှိပြီး မှတ်ပုံတင်လက်မှတ်ရရှိပြီးနောက် တာဝန်ဖောက်ဖျက်မှုရှိ/မရှိကို မြေပြင် ကွင်းဆင်း ဆောင်ရွက်ခြင်းများ လုပ်ငန်းစဉ်အတိုင်း စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူ ဆောင်ရွက်နိုင်ကြောင်း၊ အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ရွှေဘိုမြို့၊ စည်ပင်သာယာရုံးခန်းမတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မိတ်ဘက် ဌာနများဖြစ်သည့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရွှေဘိုမြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ (၁၉.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် စည်ပင်သာယာရုံးခန်းမတွင်  ဈေးသူ/ဈေးသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်နှင်းနှင်းခိုင်က စားသုံသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့် သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Consumer Call Center 1535 အကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့် ပတ်သက်၍ သိကောင်းစရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ လည်း အသီးသီးအသိပညာပေးဆွေးနွေးခဲ့ကာ စားသုံးသူ ကာကွယ်ရေးအသိပညာပေး လက်ကမ်း  စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ဓနုဖြူမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဝင်များနှင့်စားအုန်းဆီလက်လီ၊လက္ကားရောင်းချသောဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေး

              ၁၉-၂-၂၀၂၄ရက်နေ့ နံနက် (၁၁:၀၀)အချိန်က ဓနုဖြူမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ဝင်များသည် ဓနုဖြူမြို့နယ် စားအုန်းဆီ လက်လီ/လက်ကား ရောင်းချနေသော ဆီအရောင်းဆိုင်များအား တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်ဆင့်တို့၏ လမ်းညွှန်ချက်များအရ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

              ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စားအုန်းဆီ လက်ကား/လက်လီ အရောင်းဆိုင်(၁၀)ဆိုင်ကို စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ဆိုင်ရှင်များကို ပြေကြားရာ ဝန်ကြီးဌာနအနေဖြင့် စားအုန်းဆီတင်သွင်းမှုအပေါ်အခြေခံပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်အလိုက် ဖြန့်ဖြူးရမည့်ပမာဏကို လျာထားသတ်မှတ်ပေးပြီး သတ်မှတ်ရည် ညွှန်းဈေးအပေါ် ဆီခွဲတမ်းထုတ်ယူမှု ကုန်ကျစရိတ် ထပ်ပေါင်း၍ အမြတ်၂ရာခိုင်နှုန်းဖြင့်သာ ဗီနိုင်းချိတ်၍ ရောင်းချရန်၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ ဖွဲ့စည်းထားသည့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့၊ စားသုံးဆီဖြန့်ဖြူး ရောင်းချမှုကြီး ကြပ်စစ်ဆေး ဆောင်ရွက်မည်ဖြစ်ကြောင်း  ဆီရောင်းချသူများမှ သတ်မှတ်ချက် များကို လိုက်နာ၍ သတ်မှတ်အရေအတွက်အတိုင်း သတ်မှတ်ဈေးနှုန်းဖြင့် စားသုံးသူလက်ဝယ်သို့ မဖြစ်မနေ ရောက်ရှိစေရေး၊ စနစ်တကျ ဖြန့်ဖြူးရောင်းချစေရေးနှင့် စားအုန်းဆီတင်သွင်းသည့် လုပ်ငန်းရှင် များ၊ လက်ကား၊ လက်လီများ၏ ဖြန့်ဖြူးရောင်းချမှုများကို နေ့စဉ် ရောင်းချမှု စာရင်းပြုစုထားပြီး စစ်ဆေးရေးအဖွဲ့မှ ဈေးကွက်စောင့်ကြည့် စစ်ဆေး မည်ဖြစ်ပြီး လိုက်နာဆောင်ရွက်မှု မရှိသော လုပ်ငန်းရှင်များကို ဥပဒေအရ အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် လုပ်ငန်းရှင်များက သိရှိလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုလက်မှတ်ရေးထိုးခဲ့ကြပြီး စစ်ဆေးတွေ ရှိချက်များကို ဦးစီးဌာနသို့ မှတ်တမ်းများနှင့်အတူ ပြန်လည် တင်ပြဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဝင်များနှင့်စားအုန်းဆီလက်လီရောင်းချသောဆိုင်များ အားကွင်းဆင်းဈေးကွက်စောင့်ကြည့်စစ်ဆေး

             ၁၉-၂-၂၀၂၄  ရက်နေ့ နံနက် ၁၁:၀၀ အချိန်တွင် ပန်းတနော်မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ပန်းတနော်မြို့နယ် စားအုန်းဆီလက်လီရောင်းချ သောဆိုင်များအား ကွင်းဆင်းဈေးကွက် စောင့်ကြည့် စစ်ဆေးမှု ကိုဆောင်ရွက်ခဲ့ပါသည်။

              ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပန်းတနော် စာအုန်းဆီ လက်လီ/လက်ကား အရောင်းဆိုင်(၃၃)ဆိုင် အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာ တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ စည်ပင်သာယာရေး ကော်မတီ၊ စားအုန်းဆီ ကုန်သည်များအသင်း၊ စားသုံးသူရေးရာဦးစီးဌာန အစရှိသော မြို့နယ် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့တို့ ပါဝင်ခဲ့ပြီး ဆိုင်များ၏ တစ်ဦးခြင်း ဆီထုတ်ယူ ရရှိမှုအပေါ် စားသုံးသူပြည်သူများ  နေ့စဉ်ရောင်းချပေးမှု နေ့စဉ် မှတ်တမ်း ရှိ/မရှိ၊ ဈေးနှုန်း ဗီနိုင်း ချိတ်ဆွဲရောင်းချမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ ဆီလက်ကား ရောင်းချသူဦးနေဝင်းစိုး ဆီခွဲတမ်းရရှိမှု ပိဿာ ၁၁၀ အပေါ် ပြည်သူ ၂၂၀ ဦးအား ရည်ညွှန်းဈေး (၇၆၅၀)ကျပ်ဖြင့် ရောင်းချပေးရမည့်အပေါ် ရောင်းချပြီး ပိဿာ လက်ကျန် ပိဿာတို့ကို စစ်ဆေးပြီး ရောင်းချမှု စာရင်းနေ့စဉ် မှတ်တမ်းရေးသွင်းထားရန်နှင့် ကျန်ရှိသော ဆီလက်ကားဆိုင်များကိုလည်း ထိုနည်းတူစွာ စစ်ဆေးခဲ့ပြီး လိုအပ်ချက်များ ရှိပါက လိုက်နာဆောင်ရါက်ရန် အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

              ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဝင်များက လုပ်ငန်းရှင်များကို  ဆီထုတ်ယူပြီး ပြန်လည်ရောင်းချသည့်အခါတွင် ကုန်ကျစရိတ် ထပ်မံဖြည့်သွင်း၍ ၂ရာနှုန်း အမြတ်ဖြင့်သာ ရောင်းချမှုရန်၊ သတ်မှတ်ချက်များကို လိုက်နာမှုမရှိသောပါက  အရေးကြီးကုန်စည် ဝန်ဆောင်မှုဥပဒေ စီမံခန့်ခွဲရေးနည်းလမ်းများအရ အရေးယူဆောင်ရွက်မည်ကို လိုက်နာဆောင်ရွက် မည်ဖြစ်ကြောင်း အဖွဲ့စုံရှေ့တွင် ဝန်ခံကတိပြု မှတ်တမ်းသွင်းခဲ့ကြပြီး သိရှိကြောင်း လက်မှတ်ရေး ထိုးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Online Shopping နှင့်ပတ်သက်၍ မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

       ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၂၀) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် Online Sale ရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် မရမ်းကုန်းမြို့နယ်ရှိ အောင်ပွင့်သစ် ဒစ်ဂျစ်တယ်ပရင်းတင်းဆိုင်နှင့်  Wai Yan Gold Land & Jewelry ဆိုင်သို့သွားရောက်၍ Online လုပ်ငန်းများအား မြေပြင်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်း လုပ်ငန်းနှင့်ပတ်သက်၍ အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေ အဖြစ်သတ်မှတ်ထားသည့်အတွက်  အခြားလိုအပ်ချက် အချက်အလက်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(ရန်ကုန်)

မအူပင်မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဝင်များနှင့်စားအုန်းဆီလက်လီရောင်းချသောဆိုင်များအားကွင်းဆင်းဈေးကွက်စောင့်ကြည့်စစ်ဆေး

                ၁၉-၂-၂၀၂၄  ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် မအူပင်မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားအုန်းဆီလက်လီရောင်းချ သောဆိုင်များအားကွင်းဆင်းဈေးကွက်စောင့်ကြည့်စစ်ဆေးမှုကိုဆောင်ရွက်ခဲ့ပါသည်။

           ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မအူပင်မြို့နယ်အတွင်း ဆီရောင်းချသည့် လက်ကား/လက်လီအရောင်းဆိုင်(၂၈)ဆိုင်မှ စားအုန်းဆီရောင်းချနေမှု အခြေအနေများကို စစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်များကို အဖွဲ့စုံဖြင့်  စားအုန်းဆီ ပြည်သူများ လက်ဝယ်အရောက် ဝယ်ယူရရှိရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့်  ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် စစ်ဆေး ဆောင်ရွက်ခြင်းဖြစ်ပြီး၊ စစ်ဆေးတွေ့ရာတွင် ဆီအရောင်းဆိုင်ရှင်များကို တစ်ဦးခြင်း ဆီထုတ်ယူရရှိသည့် ပိဿာကို စစ်ဆေးခြင်း၊ ဈေးနှုန်းများ ဗီနိုင်းချိတ်ရောင်းချမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ နေ့စဉ် ခွဲတမ်းရရှိသော ဆီများကို စားသုံးသူဝယ်ယူမှု ကျန်ရှိပိဿာများကို တိုက်ဆိုင်စစ်ဆေးခြင်း၊ ဆီရောင်းချမှု ပိဿာစာရင်းများကို Reg စာအုပ်ဖြင့် ရေးသွင်းထားခြင်း မရှိသည့် ဆိုင်များကို စစ်ဆေးခြင်း၊ ဆီထုတ်ယူပြီး ကုန်ကျစရိတ် ထပ်မံဖြည့်သွင်း၍ ၂ရာနှုန်းအမြတ်ဖြင့်သာရောင်းချမှု ရှိ/မရှိကို စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ပြီး သတ်မှတ်ချက်များကို လိုက်နာမှု မရှိသော ဆိုင်များကို ပထမအကြိမ် သတိပေးခြင်း၊ ဒုတိယအကြိမ် ဝန်ခံကတိလက်မှတ်ရေးထိုးခြင်း၊ နောက်ဆုံးအကြိမ် ဥပဒေအရ အရေးယူ ဆောင်ရွက်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီး၊ ဆီအရောင်းဆိုင်များမှ သိရှိလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်းကို အဖွဲ့စုံရှေ့တွင် ဝန်ခံကတိပြု မှတ်တမ်းသွင်းခဲ့ကြပြီး ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်မည်ဖြစ်၍ လိုက်နာမှု မရှိကြောင်း စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည် ဝန်ဆောင်မှုဥပဒေ စီမံခန့်ခွဲရေးနည်းလမ်း များအရ အရေးယူဆောင်ရွက်မည်ကို လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ဆိုင်ရှင်များက သိရှိကြောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။

              မအူပင် စာအုန်းဆီအရောင်းဆိုင်(၂၆)တိုင်အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ စည်ပင်သာယာရေး ကော်မတီ၊ စားအုန်းဆီကုန်သည်များအသင်း၊ စားသုံးသူရေးရာဦးစီးဌာန အစရှိသော မြို့နယ် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့တို့ ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Online Shopping နှင့်ပတ်သက်၍ မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

       ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၉) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် Online Sale ရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် မရမ်းကုန်းမြို့နယ်ရှိ Lady Boss Gold & Jewelry ဆိုင် ၊ လမ်းမတော် မြို့နယ်ရှိ ဂရေ့စ်နှင်းပါတိတ်ဆိုင်၊ ဗဟန်းမြို့နယ်ရှိ တောက်ပသောမီးပွင့်လေး ကလေးအဝတ် အထည်အသုံးအဆောင်ဆိုင်နှင့် ဒဂုံမြို့နယ်ရှိ မီ အဝတ်အထည်ဆိုင်သို့ သွားရောက်၍ Online လုပ်ငန်းများအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေး အရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် Online စနစ်နှင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေ အဖြစ်သတ်မှတ်ထားသည့်အတွက်  အခြားလိုအပ်ချက် အချက်အလက်များအား အသိပညာ ပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

အီလက်ထရောနစ်ပစ္စည်းများအား အွန်လိုင်းဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

၁၉.၂.၂၀၂၅ ရက်နေ့  နေ့လည်(၁၂:၀၀)အချိန်တွင် လှိုင်သာယာမြို့နယ်၊ အမှတ်(H-24) FMI Housing ရှိ San Brotherhood Air-Con Sale&Service အွန်လိုင်းလုပ်ငန်းသို့ စားသုံးသူ ရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြေပြင်စစ်ဆေးခြင်း လုပ်ငန်း များ ဆောင်ရွက် ခဲ့ပါသည်။

ထိုသို့စစ်ဆေးရာတွင် အွန်လိုင်းမှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ခြင်းအတွက် လိုအပ်သော အချက်အလက်များ၏ မြေပြင်စစ်ဆေးတွေ့ရှိချက်များကို Online Sale Application တွင် ဖြည့်သွင်း ခြင်းများဆောင်ရွက်ခဲ့ပြီး အဆိုပါ မြေပြင်စစ်ဆေးတွေ့ရှိချက်များကို ကုန်သွယ်ရေး ဦးစီးဌာနမှ ဆက်လက်စိစစ်ပြီးပါက လုပ်ငန်းမှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း (သို့) ပယ်ဖျက်ခြင်း တို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုပေးသည့်လုပ်ငန်း ဖြစ်သည့် အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၃)တွင် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံ ချက်ပေးခြင်းကို လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ရွှေပြည်သာမြို့နယ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချမှုနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချ သည့် လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၁၉.၂.၂၀၂၅ ရက်နေ့  နံနက်(၁၁:၂၅)အချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိတို့သည် အမှတ်(၅၄၁)၊ တော်ဝင်လမ်းသွယ်(၃)လမ်း၊ ရွှေပြည်သာမြို့နယ်ရှိ First Step ELV Engineering Online Business လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင် ဒေါ်နွေဦးအား စားသုံးသူများကို  အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်း စနစ်နဲ့ ရောင်းချ ခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး လုပ်ငန်း မှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ ယခုစက်မှုလုပ်ငန်းသုံး၊ အီလက်ထရောနစ်ပစ္စည်း လုပ်ငန်းဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပညာပေးခဲ့ပြီး မြေပြင်စစ်ဆေးရမည့်အချက်(၁၈) ချက်နှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

TK Steel အွန်လိုင်းမှတ်ပုံတင်ထားသည့်လုပ်ငန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေး

၁၉.၂.၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် အမှတ်(၃၄)၊ ကျောက်စိမ်း(၄)လမ်း၊ စော်ဘွားကြီး ကုန်း၊ အင်းစိန်မြို့နယ်ရှိ TK Steel အွန်လိုင်းလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံ တင်ထားရှိသည့်အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိနှင့် အခြားလိုအပ် သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်တာဝန် များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ