သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲကျင်းပ

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားကို နေပြည်တော်ရှိ တပေါင်းကွင်းတွင် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁၀ ) ရက်နေ့မှ ( ၁၆ ) ရက်နေ့ထိ ကျင်းပသွားခဲ့ကြောင်း သိရသည်။

အဆိုပါပြပွဲနှင့် ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ MSME ထုတ်ကုန်များ ၊ ဒေသ ထွက်ကုန်များ၊ လယ်ယာလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများ၊ ရိုးရာအစားအစာများ ခင်းကျင်းပြသ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ဒေသထွက်ကုန်များ ဖြစ်သော အရာတော် သနပ်ခါး၊ Chin Hill Soote စပျစ်ဝိုင်၊ Snow white ချင်းရိုးရာအထည်၊ ပွဲတော်အုပ် လက်ဖက်နှင့် အကြော်စုံ၊ ကလေးမြို့ဒေသထွက် နေခြည်လင်း နေကြာဆီ များကို ပါဝင်ပြသခဲ့ကြောင်း သိရသည်။

ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို ဒေသထွက် MSMEလုပ်ငန်းများ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ စဉ်ဆက်မပြတ် မြှင့်တင်နိုင်စေရေး၊ တန်ဖိုးမြှင့် ထုတ်ကုန်အမယ်သစ်များ ပြည်တွင်းတွင် ပိုမိုသုံးစွဲနိုင်ရေး၊ ပြည်ပသို့ တင်ပို့နိုင်ရေး၊ ဒေသအလိုက် ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP) အားပေးမြှင့်တင်နိုင်ရေး၊ MSME လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ရည်ရွယ်၍ ကျင်းပခဲ့ ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် သား /ငါး ရောင်းချသောလုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် (၁၄.၂.၂၀၂၅)ရက်နေ့ နေလည်(၁၃း၀၀)အချိန် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်စီမံကိန်း ရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် စစ်ကိုင်းမြို့နယ် တာဝန်ခံတို့ ပါဝင်သောအဖွဲ့သည် စစ်ကိုင်းမြို့နယ်အတွင်း သား/ ငါး ကုန်ပစ္စည်းအမျိုးအစားနှင့် ကုန်ဈေးနှုန်းများအား ဈေးတင်ရောင်းချမှုမရှိစေရေးအတွက် သား /ငါး ရောင်းချသည့် လုပ်ငန်းရှင် (၅)ဦးနှင့် တွေ့ဆုံမေးမြန်း ခဲ့ကြောင်း သတင်းရရှိပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သားသတ်ခေါင်းခွန် လိုင်စင် ရရှိသူများအနေဖြင့် မိမိတို့မြို့နှင့် နီးစပ်ရာ ရွှေဘို၊ မုံရွာ၊ မန္တလေးမြို့များ၏ သား/ငါးဈေးနှုန်းများ လေ့လာ၍ ၎င်းတို့မြို့များ၏ သား/ငါးဈေးနှုန်းများထက် မြင့်တက်မှုမရှိအောင်ဆောင်ရွက်ကြရန်၊ ခေါင်းခွန်စနစ်ဖြစ်၍ ယှဉ်ပြိုင်လုပ်ကိုင်သူများရှိလာပါက ဈေးကွက်ယှဉ်ပြိုင်မှုအတွက် မိမိတို့ဘက်မှ စားသုံးသူများအား အသက်သာဆုံး ဈေးနှုန်းဖြစ်အောင်ဆောင်ရွက်ကြရန်နှင့် စစ်ကိုင်းမြို့နယ်တာဝန်ခံ ဒေါ်ကေသီအောင်က သား/ငါး ကုန်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမရှိစေရန် သား/ငါး ရောင်းချလျှက်ရှိသော ဈေးဆိုင်များအား ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းမြို့ရှိ ကလေးကစားစရာအရုပ်ရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ဝန်ထမ်း(၃)ဦးသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှတာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၈)ရက်နေ့တွင် စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ကွက် ရှိ ကလေးကစားစရာအရုပ်အရောင်းဆိုင်နှင့် သင်ထောက်ကူပစ္စည်းအရောင်းဆိုင်(၂)ဆိုင်အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ၊ ဥပဒေ အခန်း (၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက် များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများကို ‌ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များကို အွန်လိုင်းစနစ်ဖြင့် ရောင်းချမည်ဆိုပါက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်လက်မှတ်လျှောက်ထားရရှိပြီးမှသာ ရောင်းချခွင့်ရှိကြောင်း၊ မှတ်ပုံတင် လက်မှတ်မရှိဘဲ ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူခြင်းခံရနိုင်ကြောင်း အသိ ပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်ရှိ ကလေးကစားစရာပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ် ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ ၄၁ ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊  ဈေးကွက် အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာခရိုင်ဦးစီးမှူးရုံးမှ  ခရိုင်ဦးစီးမှူးရုံးနှင့် ဝန်ထမ်း (၃) ဦး တို့ သည် (၁၉.၂.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့ပေါ်ရှိ ကလေးကစား စရာပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြိုပေါ်ရှိ ကလေးကစားစရာပစ္စည်းအရောင်းဆိုင်များတွင် ကုန်အ ညွှန်းအမှတ်အသားနှင့် ပြည့်စုံမှု မရှိသော ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီးဆိုင်ပိုင် ရှင်များအား  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ် အသားပြည့်စုံမှုမရှိသော ကလေး ကစားစရာပစ္စည်းများအား တင်သွင်းရောင်းချခြင်းမပြုကြရန် ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များပေး ဝေခဲ့ ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုဒုံမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဥပဒေ အသိပညာပေးဟောပြောပွဲသို့ မုဒုံမြို့နယ်တာဝန်ခံတက်ရောက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (မုဒုံမြို့)တွင် ဥပဒေ အသိပညာပေး ဟောပြော ပို့ချခြင်းကို ၁၉.၂.၂၀၂၅ ရက်နေ့၊ နံနက် ၉ နာရီက သင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မွန်ပြည်နယ် ဥပဒေချုပ် ဦးမြင့်အောင်က ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့်အပြင် နိုင်ငံသားတိုင်းအနေဖြင့် သိရှိလိုက်နာ စောင့်ထိန်းကြရမည့် သတ်မှတ်ပြဋ္ဌာန်းချက် ကျင့်စဉ်ကြီးတစ်ခုပင်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း သည် နိုင်ငံတော်က ထုတ်ပြန်ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေကို လေးစားလိုက်နာကြပြီး ဥပဒေနှင့်ငြိစွန်းနိုင်သည့် ကိစ္စရပ်များကို အထူးအလေးထား ရှောင်ရှားကြရမည်ဖြစ်ကြောင်း၊ ဥပဒေအသိပညာပြန့်ပွားရခြင်းမှာ နိုင်ငံသားတိုင်း ဥပဒေ အသိပညာဗဟုသုတများ တိုးပွား စေရန်နှင့် ဥပဒေအသိအမြင်ရှိသူများ ပိုမိုပေါ်ထွန်းလာစေရေးတို့အတွက် ဥပဒေအသိပညာ ဗဟုသုတများဖြစ်ပွားစေမည့် ဥပဒေဆိုတာဘာလဲ၊ တရားဥပဒေအရေးကြီးပုံ၊ ကျင့်ဝတ်၊ စည်းကမ်း၊ ဓလေ့ထုံးစံ၊ ဥပဒေအမျိုးအစားများအကြောင်း၊ ကမ္ဘာကြီးတွင် ဥပဒေအရေးပါမှု၊ သိမှတ်ဖွယ်ရာ ဥပဒေရေးရာအဖြာဖြာတို့ကို ရုပ်ပြသရုပ်ဖော်ရုပ်ပုံများအကြောင်း၊ ဥပဒေပြုခြင်း၊ ဥပဒေပြဋ္ဌာန်းခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် အကြောင်းတို့ကို အသိပညာပေး ပြောကြားခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ် ဆရာမကြီးနှင့် နည်းပြဆရာမများ၊ သင်တန်းသူများ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မွန်)

သထုံမြို့နယ်တွင် (၁၀) ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          ၁၉.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့်ဝန်ထမ်းများသည် သထုံမြို့နယ်အတွင်းရှိ အလှကုန် ပစ္စည်းအမျိုးမျိုး ရောင်းချနေသော စတိုးဆိုင်များသို့ သွားရောက်၍ (၁၀) ဂရမ်အထက်ရှိသော အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် (၁၀) ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းများ ရောင်းချလျက်ရှိသော စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ သုံးစွဲသူများဘေးအန္တရာယ်ဖြစ် နိုင်ချေ ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားနှင့် ကြိုတင်သတိပေးချက်ဖော်ပြထားခြင်း မရှိသော ကုန်ပစ္စည်းများရောင်းချခြင်း မပြုရန်အသိပေးပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(မွန်)

ကျိုက်ထိုမြို့နယ်တာဝန်ခံသည် “စုစုဖြိုး” သကြားကတွတ်ယိုနှင့်သစ်သီးယိုစုံ ထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

          ၁၈.၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် တာဝန်ခံ ဦးဇော်ဦးသည် “ထွန်း” အမှတ်တံဆိပ် “စုစုဖြိုး” သကြားကတွတ်ယိုနှင့်သစ်သီးယိုစုံ ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါ သည်။

          ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ကျိုက်ထိုမြို့နယ်တာဝန်ခံ က လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာ တစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့နယ်တွင် စံမညီ‌ဆေးဈေးဝါး (၁၃) မျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေး

            ၁၇.၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်း၍ မော်လမြိုင်မြို့နယ်၊ သာယာအေးရပ်ကွက် အတွင်းရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအား ဝယ်ယူစားသုံးသူမိဘပြည်သူများ အန္တရာယ်မဖြစ်စေရန်နှင့် တရားဝင် ဆေးဝါးမှတ်ပုံတင်ထားသော ဆေးများတင်သွင်းရောင်းချခြင်း ရှိ/မရှိ၊ ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ၊ စံမမီဆေးဝါးများနှင့် တားမြစ်ထားသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ ဆိုင်ပိုင်ရှင်များ လိုက်နာရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် တရားဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကိုသာရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ဆေးဆိုင်(၅)ဆိုင်အား စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်၌ "အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show" ကျင်းပပြုလုပ်

(၂၀.၂.၂ဝ၂၅) ရက်နေ့၊ နံနက် (၀၉:၃ဝ) နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ပြန်ကြားရေးနှင့်ပြည်သူ ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ "အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show" ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

 ပထမဦးစွာ ချောင်းဆုံမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိသူဇာက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦး က အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်း အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်တိုင်း မှတ်ပုံတင်လျှောက်ထားပြီးမှသာ ရောင်းချရမည်ဖြစ်ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး (၆) လပြည့်သည့် နေ့ရက်မှစတင်၍ မှတ်ပုံတင်မရှိဘဲ ရောင်းချသည့် အွန်လိုင်းရောင်းချသူ များကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ (၅)ဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) လုပ်ငန်းများ မှတ်ပုံတင်ခြင်း အတွက် အင်တာနက်ရရှိသည့် မည်သည့်နေရာတွင်မဆို အွန်လိုင်းမှ လျှောက်ထားထုတ်ယူ နိုင်သော eComReg System ကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့တွင် စတင်၍ အသုံးပြုခဲ့ကြောင်း၊ မှတ်ပုံတင်ရာတွင် ပူးတွဲတင်ပြရမည့်အချက်များ၊ မှတ်ပုံတင်မည့်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ကျိုက်ထိုမြို့နယ်တွင် (၁၀) ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          ၁၈.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဇော်ဦးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်အတွင်းရှိ အလှကုန် ပစ္စည်းအမျိုးမျိုး ရောင်းချနေသော စတိုးဆိုင်များသို့ သွားရောက်၍ (၁၀) ဂရမ်အထက်ရှိသော အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျိုက်ထိုမြို့နယ်အတွင်း၌ (၁၀) ဂရမ်နှင့် အထက် အလှကုန်ပစ္စည်းများ ရောင်းချလျက်ရှိသော စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ သုံးစွဲသူများဘေးအန္တရာယ်ဖြစ်နိုင်ချေ ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားနှင့် ကြိုတင်သတိ ပေးချက်ဖော်ပြထားခြင်း မရှိသော ကုန်ပစ္စည်းများရောင်းချခြင်း မပြုရန် အသိပေးပြောကြားခဲ့ ကြောင်း သိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ