သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူမြို့နယ်၌ ဆန်စက်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၁၀:၀၀ နာရီတွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်မီးသတ်စခန်းနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဇမ္ဗူကျော်ဆန်စက် လုပ်ငန်း အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန်တန်ချိန်(၂၅)တန်နှင့်အထက် သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုး ကိုပိုင်ဆိုင်သူသည် MyRO တွင်ဆန်စပါး သိုလှောင်ရုံများ မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ခဲ့ပြီး၊ ဆန်စပါးကြိတ်ခွဲမှုအခြေအနေ၊ ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေများ အားတွေ့ဆုံဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀) စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များပါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

စားသုံးကာကွယ်ရေးအသိပညာ‌ပေးTalk Show

             ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စားသုံးကာကွယ်ရေးအသိပညာ‌ပေးလုပ်ငန်း Talk Show ကို ၁၉.၂.၂၀၂၅ နေ့ (၁၃၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

              အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်ဦစီးမှူးရုံးမှ ဦးဝင်းမင်းစိုးက ရှင်းလင်း ပြောကြား ရာ ပြည်သူများသိရှိနိုင်ရန်အတွက် ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ စတင်ဖြစ်ပေါ်လာပုံအကြောင်း ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ အနောက်နိုင်ငံများတွင် ၁၉၆၀ ခုနှစ် နောက်ပိုင်း အရေးဆိုဆောင်ရွက်လာမှုအပေါ် အမေရိကန်သမ္မတ ဂျွန်အက်ဖ်ပနေဒီက ၁၉၆၂ခုနှစ် မတ်လ ၁၅ရက်နေ့တွင် ကွန်ကရက်လွှတ်တော်၌ စားသုံးသူအရေးကိစ္စနှင့် ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့ရာမှ အစပြု၍ “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” (WCRD) အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ အဆိုပါနေ့ကို ကမ္ဘာ့စားသုံးသူများအဖွဲ့ ကဦးဆောင်၍ နှစ်စဉ် မတ်လ ၁၅ ရက်နေ့တွင် စားသုံးသူများ၏ အခွင့်အလမ်းများကို ဂရုပြုမြှင့်တင်သည့်အနေဖြင့်  ကမ္ဘာ့စားသုံး သူအခွင့်အရေးများနေ့ အခမ်းအနားများကို နှစ်စဉ်ကျင်းပပြုလုပ်လျှက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် လည်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ၂၀၁၄ခုနှစ်တွင် စတင်လုပ် ဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှ စ၍ နှစ်စဉ်  မတ်လ ၁၅ ရက်နေ့ရောက်တိုင်း ကျင်းပဆောင်ရွက်လာရာ ယခုဆိုလျှင် မြန်မာနိုင်ငံတွင် ကမ္ဘာစားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့ရာ (၁၀)နှစ် သို့ ပြည့်မြောက် ခဲ့ပြီဖြစ်ပါသည်။ စားသုံးသူရေးရာဦးစီးဌာနကို ၂၀၁၆ခုနှစ် ဧပြီ ၁ရက်နေ့တွင် စတင်ဖွဲ့သည်းတည်ထောင်ခဲ့ပြီး စားသုံးသူအခွင့်အရေးအပြည့်အဝရရှိနိုင်ရန် ရည်ရွယ်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးဦ ကုန်သည် ဝန်ဆောင်မှုများ လုံခြုံစိတ်ချရ မှုရှိစေရေး ၊ စားသုံးသူပြည်သူများ၏ ရုပ်ပိုင်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုင်ရာ ဆုံးရှုံးနစ်နာမှုများကို ကာကွယ်ပေးရေး၊  စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ တိုင်ကြားမှုအပေါ် ဥပဒေပြဌာန်း ချက်နှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူဖြစ်ဖြစ်၊ မည်သည့် စီးပွားရေး လုပ်ငန်းရှင် ဖြစ်ဖြစ် စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ သိရှိလိုပါက Consumer Call Center နံပါတ် 1535 သို့ ရုံးချိန်အတွင်းလည်းကောင်းဆက်သွယ်မေးမြန်းနိုင်ကြောင်းနှင့် စားသုံးအခွင့် အရေး နစ်နာဆုံးရှုံး မှု ရှိလာပါက တိုင်ကြားနိုင်ကြောင်းကိုလည်း ပြည်သူများသိရှိနိုင်ရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။     

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်ရှိ စန်းသော်တာ ဖုန်းအပိုပစ္စည်းနှင့် အီလက်ထရောနစ်ပစ္စည်း ရောင်းချသည့်အရောင်းဆိုင်သို့OnlineSalesနှင့်ပတ်သတ်၍စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့်သတ်မှတ် ကြေညာခဲ့ပြီးဖြစ်ပါသည်။

           ထို့ကြောင့် Online Sales လုပ်ငန်းများအနေဖြင့် လုပ်ငန်းမှတ်ပုံတင်ခြင်း ကို www.ecomreg.gov.mm မှ တစ်ဆင့်ဝင်ရောက် လျှောက်ထားနိုင်ကြပြီး အဆိုပါလုပ်ငန်း များမှ လျောက်ထားလာသည့် လုပ်ငန်းဆိုင်ရာ အချက်အလက်များမှာ မှန်ကန်မှု ရှိ/ မရှိ ကို စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။

             (၁၉.၂.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှ စစ်ဆေးရေးအရာရှိ ဦးအောင်လွင်သည် ညောင်တုန်းမြို့နယ်ရှိ စန်းသော်တာ ဖုန်းအပို ပစ္စည်းနှင့် အီလက်ထရောနစ်ပစ္စည်း အရောင်းဆိုင်သို့ သွားရောက်၍ Online Sales ဆောင်ရွက်ခြင်း အတွက်လိုအပ်သော အချက်အလက်များကို မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးရေးအရာရှိသည် မြေပြင်ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များကို Online Sales application တွင် ဖြည့်သွင်းပေးပို့ခဲ့ပြီး အဆိုပါ စစ်ဆေးချက်များကို ကုန်သွယ်ရေးဦးစီးဌာနမှ ဆက်လက်စိစစ်ပေးပြီးပါက Online Sales လုပ်ငန်းမှတ်ပုံတင်လက်မှတ်ထုတ်ပေး ခြင်း(သို့)ပယ်ဖျက်ခြင်း တို့ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်ရှိ ရှင်းရှင်းဘွင်းဘွင်း Diamond,Gold & Jewellery ရောင်းချသည့်အရောင်းဆိုင်သို့OnlineSalesနှင့်ပတ်သတ်၍စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့်သတ်မှတ်ကြေညာခဲ့ပြီးဖြစ်ပါသည်။

          ထို့ကြောင့် Online Sales လုပ်ငန်းများအနေဖြင့် လုပ်ငန်းမှတ်ပုံတင်ခြင်း ကို www.ecomreg.gov.mm မှ တစ်ဆင့်ဝင်ရောက် လျှောက်ထားနိုင်ကြပြီး အဆိုပါလုပ်ငန်း များမှ လျောက်ထားလာသည့် လုပ်ငန်းဆိုင်ရာ အချက်အလက်များမှာ မှန်ကန်မှု ရှိ/ မရှိ ကို စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။

          (၁၉.၂.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူး ရုံးမှစစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦးသည် မအူပင်ခရိုင်ရှိ ရှင်းရှင်းဘွင်းဘွင်း Diamond,Gold & Jewellery အရောင်းဆိုင်သို့ သွားရောက်၍ Online Sales ဆောင်ရွက်ခြင်းအတွက် လိုအပ်သော အချက်အလက် များကို မြေပြင်ကွင်းဆင်းစစ်ဆေးမှု များ ဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးရေးအရာရှိသည် မြေပြင် ကွင်းဆင်းစစ်ဆေး တွေ့ရှိချက်များကို Online Sales application တွင် ဖြည့်သွင်းပေးပို့ခဲ့ပြီး အဆိုပါ စစ်ဆေးချက်များကို ကုန်သွယ်ရေးဦးစီးဌာနမှ ဆက်လက်စိစစ်ပေးပြီးပါက Online Sales လုပ်ငန်းမှတ်ပုံတင်လက်မှတ်ထုတ်ပေး ခြင်း(သို့)ပယ်ဖျက်ခြင်း တို့ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျုံပျော်မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် (၁၈.၂.၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကျုံပျော်မြို့နယ်၊ ဗိုလ်ချုပ်လမ်း၊ ပင်လုံရပ်ကွက်ရှိ စတိုးဆိုင်များတွင် ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိမှု ရှိ/မရှိနှင့် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များအား လိုက်နာမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျုံပျော်မြို့နယ်၊ သောင်ကြီးကျေးရွာရှိ ဓာတ်မြေဩဇာဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ကျုံပျော်မြို့နယ်၊ သောင်ကြီးကျေးရွာအတွင်း (၁၈.၂.၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စိုက်ပျိုးရေးအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်၍ ဈေးနှုန်းကြီးမြင့်စွာ ရောင်းချခြင်းရှိ/မရှိ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိသော တရားမဝင် ဓါတ်မြေဩဇာများ၊ ပိုးသတ်ဆေးများ ရောင်းချမှုမရှိစေရေးအတွက် ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း များသည် မြို့နယ်ယူရီးယားဓါတ်မြေဩဇာ ဖြန့်ဖြူးရောင်းချရေးကော်မတီအဖွဲ့နှင့်အတူ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရေကြည်မြို့နယ်၊ စည်ပင်သာယာဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ၁၉.၂.၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၁၅) အချိန်တွင်၊ ရေကြည်မြို့နယ် စည်ပင်သာယာဈေး အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်၍ ဈေးနှုန်းကြီးမြင့် ရောင်းချခြင်းရှိ/မရှိ၊ ဗူးသွပ်ဆီများတွင် ကုန်အညွှန်းအမှတ်အသားနှင့် FDA ထောက်ခံချက်ပါရှိခြင်း ရှိ/မရှိကို မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့များဖြစ်သော မြို့နယ်ထွေအုပ်၊ မြို့နယ်စည်ပင်၊ မြို့နယ်အခွန်ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စစ်ကိုင်းမြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

၁၉-၂-၂၀၂၅

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စားအုန်းဆီလက်ကား ကိုယ်စားလှယ်များဖြစ်သော စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ရှိ စစ်ကိုင်းဆီဆိုင်နှင့် မြနှင်းဆီဆီဆိုင်များ၏ ဖြန့်ဖြူးရောင်းချမှုအခြေအနေများကို ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ရာ ဆီဆိုင် တစ်ဆိုင်အနေဖြင့် တစ်ရက်လျှင် ရပ်ကွက်/ကျေးရွာတစ်ခုစီရှိ အိမ်ထောင်စုတစ်စုလျှင်(၁)ပိဿာ နှုန်းဖြင့်လည်းကောင်း၊တနင်္လာနေ့မှသောကြာနေ့ထိဌာနဆိုင်ရာဝန်ထမ်းများကို တစ်ဦးလျှင်(၂)ပိဿာ နှုန်းဖြင့်လည်းကောင်း တစ်ပိဿာလျှင် (၈၀၁ဝိ/-)နှုန်းဖြင့် အလှည့်ကျဖြန့်ဖြူး ရောင်းချလျက်ရှိပြီး လက်လီဆိုင်များသို့လည်း ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

                        DOCA(စစ်ကိုင်း)

သက်ဆိုင်ရာထောက်ခံချက် အမှတ်ပါဝင်မှု ရှိ/မရှိ ဗူးသွပ်ဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

           ၂၀.၂.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဓနုဖြူမြို့ရှိ ဘုရင့်နောင်လမ်းမပေါ်ရှိ ဒေါ်မြအေး ကုန်မျိုးစုံ၊ ဒေါ်အေးကုန်စုံဆိုင်၊ ပြည်စုံလှိုင်ကုန်စုံဆိုင်၊ ဦးအောင်သန်း ကုန်စုံဆိုင်သို့သွားရောက်၍ ကလေးအသုံးအဆောင် ပစ္စည်းအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချလျက်ရှိသော အမှတ်တံဆိပ်ပါ ဗူးသွပ်ဆီ စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံ အညွှန်းတို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရန် လိုအပ်ကြောင်း၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) အမျိုးအစားနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်အမျိုးအမည်ကို တိကျစွာမြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ/ ကျပ်သားတို့ဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ရှင်းလင်းပြောကြားခဲ့ပြီး Lotus ဗူးသွပ် ရောနှောဆီများတွင် ရောနှောဆီရောင၈်းချမှု သက်မှတ်ချက်များအတိုင်းဖော်ပြထားပြီး သက်ဆိုင်ရာထောက်ခံချက် အမှတ်များ ပါဝင်ကြောင်း နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း သိရှိရပါသည်

DOCA(ဧရာဝတီ)

ဂျင်း လ္ဘက်နှင့် အကြော်စုံ ရောင်းဝယ်ရေးဆိုင်အား အဖွဲ့စုံဖြင့်ဈေးကွက်စောင့်ကြည့်စစ်ဆေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၁၉.၂.၂၀၂၅)ရက်နေ့၊နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင် ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ ရွှေဘိုမြို့၊ စည်ပင်သာယာဈေးအတွင်းရှိ ကံ့ကော်ဝါ ဂျင်း၊ လ္ဘက်နှင့် အကြော်စုံရောင်းဝယ်ရေးဆိုင်အား အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ ဂျင်း၊ လ္ဘက်များအား မူလအတိုင်းရောင်းချရန်၊ ခွင့်မပြု ဓါတုဆိုးဆေးများနှင့် တာရှည်ခံပစ္စည်းများ ထည့်သွင်းရောနှောရောင်းချခြင်းမပြုရန်၊ ဓါတုဆိုးဆေးများနှင့် တာရှည်ခံပစ္စည်းများ စားသုံးမိခြင်းကြောင့် ဖြစ်ပွားတတ်သော ရောဂါများအကြောင်းကို ကျယ်ကျယ် ပြန့်ပြန့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြ ကြောင် သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ