သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေဘိုခရိုင် (၈/၂၀၂၅)လအတွင်း စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲလုပ်ငန်း ဆောင်ရွက်ခဲ့မှုများ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ် ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူပြည်သူများသည် စားသုံးသူအခွင့် အရေးနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ကျောင်း၊ ဈေး၊ ရပ်ကွက်၊ ကျေးရွာ  များ၊ ဌာနဆိုင်ရာရုံးများ၊ တက္ကသိုလ်/ကောလိပ်များ၊ တပ်ရင်းတပ်ဖွဲ့များကို စားသုံးသူကာကွယ်ပေးရေး အသိ ပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဈေးကွက်အတွင်းစားသုံးသူများအနေဖြင့် ကုန်စည် နှင့်ဝန် ဆောင်မှုများကို အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးသောကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များ ဆောင်ရွက်လျက်ရှိရာ စားသုံးသူများ၏အခွင့်အရေး (၈)ချက်အနက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင် မှုများနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာ နိုင်ရန်၊ နစ်နာဆုံးရှုံးမှုများကို ရှင်းလင်းတင်ပြနိုင်ရန်၊ တိုင်ကြားနိုင်ခြင်းကို သိရှိစေရန် ရည်ရွယ်၍ ရွှေဘိုမြို့ နယ်အတွင်းရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေး ဉပဒေ ၂၀၁၉ပါ အကြောင်းများကို သိရှိလေ့လာ နိုင်စေရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး  ဦးဆောင်၍ ၂၀၂၅ခုနှစ်၊ ဩဂုတ်လအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ (၂) ကြိမ် ဆောင်ရွက်ခဲ့ပါ သည်။

          (၁၅.၈.၂၀၂၅)ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပ‌သော တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင် တန်းတွင် သင်တန်းသား/သင်တန်းသူများအား ဉပဒေ၊ စားသုံးသူအခွင့်အရေး နှင့် လိုက်နာရမည့် တာဝန် များ၊ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းနှင့် ကုန်အညွှန်းအမှတ်အ သား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းများ၊ စားသုံးသူအခွင့်အရေနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင် ကြောင်းနှင့် တိုင်ကြားနိုင်သည့် နေရာများ၊ ဌာနနှင့် သက်ဆိုင် သောအကြောင်းများကို မေးမြန်းစုံစမ်း နိုင်သည့် Concumer  Call Center NO 1535 အကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်း ပေးသည့် အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

ရွှေဘိုခရိုင် (၈/၂၀၂၅)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်မှု အခြေအနေ

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက် ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ အပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင် ဦးစီးမှူး ဦးဆောင်၍ ၂၀၂၅ခုနှစ်၊ ဩဂုတ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းအား (၄)  ကြိမ် ဆောင်ရွက်ခဲ့ပါသည်။

      ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၅ခုနှစ် ဩဂုတ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံခြင်း (၄) ကြိမ် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၅.၈.၂၀၂၅)စားသောက်ဆိုင်လုပ်ငန်းရှင် ၊ (၁..၂၀၂၅)ရက်နေ့တွင် မုန့်မျိုးစုံလုပ်ငန်းရှင်၊ (၁..၂၀၂၅) ရက်နေ့တွင် မြတ်မေတ္တာမွန် (စက်သုံးဆီ)ရောင်းဝယ်ရေးလုပ်ငန်းရှင်၊(၈.၈.၂၀၂၅)ရက်နေ့တွင် စားသောက်ကုန်လုပ် ငန်းရှင်တို့နှင့်  တွေ့ဆုံ ဆွေးနွေးပြီး စားသုံးသူ ကာကွယ်ရေးဥပဒေ၊  အမိန့် ၊  ညွှန်ကြားချက်များကို  ဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

 

ဈေးကွက်အတွင်း တရားဝင်ဖြန့်ဖြူးရောင်းချနေသော အလှကုန်၊ လူသုံးကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံရေးအတွက် စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကျင်းပ

           ဈေးကွက်အတွင်း တရားဝင်ဖြန့်ဖြူးရောင်းချနေသော အလှကုန်၊ လူသုံးကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံရေးအတွက် စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရန်ကုန်ရုံးရှိ ပဥ္စမထပ် အစည်းအဝေးခန်းမတွင် ဩဂုတ်လ ၂၇ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။  အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်တကွ အရာထမ်း အမှုထမ်းများ၊ ဖိတ်ကြားထား‌သောမိတ်ဖက်ဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအလှကုန်အသင်းမှ တာဝန်ရှိသူများ ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း ၁၂၉ ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားစတင်ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးဦးကျော်ကျော်လွင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မိတ်ဆက်နှင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သတ်၍အဖွင့် စကားပြောကြားခဲ့ကြောင်း သိရပါသည်။ ထို့နောက်မြန်မာနိုင်အလှကုန်အသင်းဒုတိယဥက္ကဌ ဒေါ်နီနီအောင်က အသင်း၏သမိုင်းကြောင်းနှင့် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြား ခဲ့ကြောင်းသိရပါသည်။ ဆက်လက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ‌ဒေါက်တာမင်းဝန်က ဆွေးနွေးပြောကြားခဲ့ပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက ဌာနမိတ်ဆက်နှင့်  MSME လုပ်ငန်းများ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦသိုက်စိုးက လိုင်စင်ဆိုင်ရာသိကောင်းစရာများနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ‌ဒေါ်ဝါဝါခိုင်က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာများနှင့် အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါသည်။ ထို့နောက်အခမ်းအနားတက်ရောက်လာကြသူများက သိလိုသည်များကိုမေးမြန်းခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကာ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

                                                                                               

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် သက်သာဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၂၉.၈.၂၀၂၅)ရက်နေ့၊ နံနက်(၇:၃၀)အချိန်တွင် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းရုံးရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥတို့ကို သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

    ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံးကို(၃၅၀)ကျပ်၊ ဆန်တစ်ပြည်ကို (၂၀၀၀)ကျပ်၊ ဆီတစ်ပိဿာကို(၇၀၀၀)ကျပ် အစရှိသည့် ဈေးနှုန်းများဖြင့် စားသုံးသူပြည်သူများအား မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၁.၉.၂၀၂၅)ရက်နေ့၊ နံနက်(၈:၀၀)အချိန်တွင် မြို့နယ်ကုန်ဈေူနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သာသနာဗိမာန်ကျောင်းတွင် ဆန်၊ စားအုန်းဆီ၊ကြက်ဉတို့ကို သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

            ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံးကို(၃၅၀)ကျပ်၊ ဆန်တစ်ပြည်ကို (၂၀၀၀)ကျပ်၊ ဆီတစ်ပိဿာကို(၇၀၀၀)ကျပ် အစရှိသည့် ဈေးနှုန်းများဖြင့် စားသုံးသူပြည်သူများအား မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၂၉.၈.၂၀၂၅)ရက်နေ့၊ နံနက်(၈:၀၀)အချိန်တွင် မြို့နယ်ကုန်ဈေူနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သာသနာဗိမာန်ကျောင်းတွင် ဆန်၊ စားအုန်းဆီ၊ကြက်ဉတို့ကို သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

    ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံးကို(၃၅၀)ကျပ်၊ ဆန်တစ်ပြည်ကို (၂၀၀၀)ကျပ်၊ ဆီတစ်ပိဿာကို(၇၀၀၀)ကျပ် အစရှိသည့် ဈေးနှုန်းများဖြင့် စားသုံးသူပြည်သူများအား မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီးနှင့် စားသုံးသူရေးရာဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်တို့ ဦးဆောင်၍ ပုသိမ်ခရိုင် အတွင်းရှိ ဆီလက်ကား/လက်လီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

     ဧရာဝတီတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ၊ ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်တို့ဦးဆောင်၍ (၃၀.၈.၂၀၂၅) ရက်နေ့ ၊ နံနက် (၉:၀၀) နာရီ၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ပုသိမ်ခရိုင်အတွင်းရှိ ပုသိမ်မြို့နယ် ၊ ကန်ကြီးထောင့်မြို့နယ်၊ ငပုတောမြို့နယ်နှင့် သာပေါင်းမြို့နယ်ရှိ ဆီလက်ကား/လက်လီကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ ၊ ဧရာဝတီတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး ၊ ဧရာဝတီတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး အဖွဲ့ဝင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ဆီလက်လီ/လက်ကား ကိုယ်စားလှယ် (၂၀၀) ဦး တက်ရောက်ခဲ့ပါသည်။

          ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးမှ ဧရာဝတီတိုင်းအတွင်းကို စားအုန်းဆီဖြန့်ဖြူးသည့် ကုမ္ပဏီ (၁၄) ခုက (၁) လကို စားအုန်းဆီ တန်ချိန် (၃၆၀၀) ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပြီး၊ လက်ကား၊ လက်လီ ကိုယ်စားလှယ်များမှ စားသုံးသူပြည်သူများထံသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါကြောင်း၊ စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းများ စနစ်တကျ မှန်ကန်မှုရှိစေရေးအတွက်ရည်ရွယ်ကြောင်း အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။ စားသုံးသူဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ရှင်းလင်းဆွေးနွေးရာတွင် စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရောင်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများ  ဆန်၊ ဆီ ကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်နေရပါကြောင်း၊ စားသုံးဆီအား အခြေခံ စားသုံးသူများ လုံလောက်စွာသုံးစွဲနိုင်စေရန် နိုင်ငံတော်အကြီးအကဲမှ ဖြန့်ဝေပေးခြင်း ဖြစ် ကြောင်း၊ စားအုန်းဆီ သုံးစွဲမှုအပေါ်တွင် စားသုံးသူများ ကျန်းမာရေးအန္တရာယ်ရှိသည့်အတွက် ဆီသုံးစွဲမှု လျော့ချနိုင်စေဖို့ စားအုန်းဆီ အစားထိုးဆီထွက်သီးနှံများလည်း စိုက်ပျိုးရန် လိုအပ်ပါကြောင်းနှင့် ပြည်သူ့အတွက် ဖြန့်ဖြူးတဲ့ စားအုန်းဆီဈေးနှုန်း ချိုသာစွာဖြင့် ပြည်သူ့လက်ထဲရရှိရန်လိုအပ်ပကြောင်း၊ စက်မှု ကုန်ကြမ်းဆီအနေနဲ့ လွယ်ကူစွာရရှိအောင် ဆောင်ရွက်နေပါကြောင်း၊ စားသုံးသူပြည်သူ့လက်ထဲသို့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ရောက်ရှိဖို့ လိုအပ်ပါကြောင်း၊ စားသုံးသူပြည်သူလက်ထဲသို့ ဈေးနှုန်းအမြင့်ဖြင့် ရောက်ရှိပါက ဥပဒေတွင် ပြဌာန်းထားသော အရေးကြီးကုန်စည်ဥပဒေနှင့် တရားစွဲဆိုမည် ဖြစ်ကြောင်း၊ ဆီစာအုပ်များ စနစ်တကျ စစ်ဆေးဆောင်ရွက်ပြီး ဧရာဝတီတိုင်းမှ အခြားတိုင်းသို့ ပြောင်းပြီး စစ်ဆေးမည်ဖြစ်ပြီး၊ အခြားတိုင်းမှ ဧရာဝတီတိုင်းသို့ စစ်ဆေးရမည်ဖြစ်ကြောင်းပြောကြားခဲ့ ပါသည်။

          မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌမှ ဆွေးနွေးပြောကြားရာ တွင် ကုမ္ပဏီများမှ လက်လီ၊ လက်ကား ကိုယ်စားလှယ်များခန့်အပ်ကာ ဖြန့်ဖြူးဆောင်ရွက် လျက်ရှိပါကြောင်း၊ လက်ကားမှ လက်လီသို့ ဖြန့်ဖြူးသည့်အခါ သတ်မှတ်အရေအတွက် အတိုင်း မှန်မှန်ကန်ကန် ဖြန့်ဖြူးပေးဖို့ အဓိက လိုအပ်ပါကြောင်း၊ နိုင်ငံခြားငွေလဲလှယ်ဝယ်ယူရခြင်း ဖြစ်ပါကြောင်း၊ ကုမ္ပဏီများမှ တင်သွင်းလာသည့်ဆီများအား စေတနာထားပြီး ရိုးသားစွာ ရောင်းချပေးလျင် လူဦးရေ (၃၅) သန်းခန့်မှ လောက်ငှပါကြောင်း ပြောကြားခဲ့ပြီးနောက် မြန်မာ နိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌမှ ဆွေးနွေးပြောကြားရာတွင် ဆီလုပ်ငန်းရှင်များအသင်းအဖွဲ့များအား ဖွဲ့စည်းဆောင်ရွက်ထားပါကြောင်း၊ ဆီရောင်းချသည့် သူတိုင်း အသင်းဝင်ရပါမည်ဖြစ်ပါကြောင်း၊ အသင်းဝင်အားလုံးကို ဆီခွဲတမ်းပေးခြင်း မဟုတ်ပါ ကြောင်း၊ အသင်းအဖွဲ့များ ဖွဲ့စည်းထားရှိတဲ့အတွက် မိမိတိုင်း/ ခရိုင်ကို ဆီမည်မျှ အဝင်ရှိကြောင်း သိရှိနိုင်မှာဖြစ်ပါကြောင်း၊ ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်ရန်အတွက် အသင်းတာဝန် ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

          တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီးမှ နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် အစည်းအဝေးကို တက်ရောက်လာကြသည့် စားအုန်းဆီ လက်ကား/ လက်လီအရောင်း ကိုယ်စားလှယ်များ အနေဖြင့်လည်း မိမိတို့ရရှိသည့် စားအုန်းဆီခွဲတမ်းအရေအတွက်များကို  စားသုံးသူ ပြည်သူများထံသို့ သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချကြ ပေးစေလိုပါကြောင်းနှင့် စားအုန်းဆီဖြန့်ဖြူးမှုလုပ်ငန်းစဉ် တလျောက် စနစ်တကျ မှန်ကန်စွာ ဆောင်ရွက် ပေးစေလိုပါကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ အစည်းအဝေးခန်းမ (၂) တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ၊ ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးနှင့် စားသုံးသူရေးရာဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်တို့ဦးဆောင်၍ (၂၉.၈.၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၄:၀၀) နာရီ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ ၊ ဧရာဝတီတိုင်းဒေသကြီးစားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ၊ ဧရာဝတီတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

      ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ၊ ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးမှ အဖွင့်အမှာ စကားပြောကြားခြင်း ၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်မှ ဆွေးနွေး ခြင်း ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌမှ ဆွေးနွေး ပြောကြားခြင်းနှင့် စားသုံးရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ တိုင်းဒေသကြီးအတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချမှု ကိစ္စရပ်များနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူရေးရာဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်သည် (၂၉.၈.၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၆:၀၀) နာရီတွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ရောက်ရှိခဲ့ပြီး အရာထမ်း ၊ အမှုထမ်းတစ်ဦးချင်းအား တွေ့ဆုံ နှုတ်ဆက်စကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးရှိ ကုန်သွယ်လယ်ယာဓမ္မာရုံတွင် အရာထမ်း ၊ အမှုထမ်းများနှင့် ထပ်မံတွေ့ဆုံ၍ ညွှန်ကြားရေးမှူးချုပ်မှ နိုင်ငံဝန်ထမ်းကျင့်ဝတ် အပါး (၃၀) နှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် မိမိတို့အိတ်ဆောင်အတွင်းအမြဲထားရှိရန်  လမ်းညွှန်မှာကြား ခဲ့သည့်အပြင် တိုင်းဒေသကြီးဦးစီးမှူးရုံးဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

    ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်သည် တိုင်းဒေသကြီးဦးစီးမှူး ၊ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူးများ ၊ စီမံရေးရာဌာနခွဲ ၊ ငွေစာရင်းဌာနခွဲ ၊ မူဝါဒ/ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုဌာနခွဲ ၊ သတင်းအချက်အလက်နည်းပညာဌာနခွဲ ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ၊ စားသုံးသူရေးရာဌာနခွဲတို့မှ ဌာနခွဲတာဝန်ခံများနှင့်တွေဆုံခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးမှ ၂၀၂၅ ခုနှစ် ၊ ဧပြီလမှ ဇူလိုင်လကုန်ထိ (၄) လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် စနစ်တကျရောင်းချစေရေး လမ်းညွှန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊မော်ကျွန်းမြို့နယ်ဗိုလ်ချုပ်ဈေးရှိလက်လီ/လက်ကား ရောင်းချနေသောသူရလင်းဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (..၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀) အချိန်တွင် မော်ကျွန်းမြို့နယ်ဗိုလ်ချုပ်ဈေးရှိ လက်လီ/လက်ကားရောင်းချနေသောသူရလင်းဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံမှ မော်ကျွန်းမြို့နယ်ဗိုလ်ချုပ်ဈေးရှိ လက်လီ/လက်ကား ရောင်းချနေသော သူရလင်းဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်း မြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ်မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)                                                                                                                           

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ