သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

MyRO တွင်မှတ်ပုံတင်ထားသည့် တစ်နှစ်ပြည့် သိုလှောင်ရုံများ သက်တမ်းတိုးလာရောက်လျှောက်ထား

          မြန်မာဆန်စပါးအွန်လိုင်း(MyRO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (MyRO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန် အခြေအနေများကို ထည့်သွင်းပေးနိုင်ရေး မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

          မြင်းခြံမြို့နယ်တွင် လက်ရှိအချိန်ထိ (MyRO)တွင် မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံ အလုံး (၂၀)ရှိပြီး ယခင်နှစ် ဇူလိုင်လ၌ (MyRO)မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံများသည် တစ်နှစ်ပြည့်မြောက်ပြီးသည့်အတွက် ခရိုင်ဦးစီးမှူးရုံးသို့ သက်တမ်းတိုးဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များအား လာရောက်မေးမြန်းဆောင်ရွက်လျက်ရှိရာ(၂၂.၈.၂၀၂၅)ရက်နေ့တွင် အမှတ်(၈)ရပ်ကွက်ရှိ ဆန်သိုလှောင် ပိုင်ရှင်ဦးဝင်းမောင်သည် ၎င်း၏သိုလှောင်ရုံအား မှတ်ပုံတင်သက်တမ်းတိုးနိုင်ရေးအတွက် လာရောက် တွေ့ဆုံမေးမြန်းလျှောက်ထားလာသဖြင့် ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေးက သက်တမ်းတိုး လျှောက်ထားမှုလုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများအား ထည့်သွင်းပေးရန် ရှင်းလင်းဆွေးနွေး၍ မှတ်ပုံတင်သက်တမ်းတိုးခြင်းအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဖျာပုံမြို့ (အ.လ.က -၂ ) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်မှ ဒေါ်အေးသီတာဇော်သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၉)ရက်နေ့တွင် (အ.လ.က-၂)ကျောင်းရှိ ကျောင်းသူ/ကျောင်းသား(၄၃၁)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရပါသည်။

    အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၏ ဖြစ်ပေါ်လာပုံအကြောင်း ပြောကြားခြင်း၊ ကျောင်းသူ/သားများသည်  ဘေးအန္တရာယ် ကင်းရှင်းစေရေး၊  ကုန်စည်/ဝန်ဆောင်မှုများ ရွေးချယ်ဝယ်ယူရာတွင် စိတ်ကျေနပ်မှု ရရှိစေရေးအတွက်  ကုန်အညွှန်းအမှတ်အသား  ဖော်ပြချက်များ ကြည့်၍ ဝယ်ယူရမည် ဖြစ်ကြောင်း၊  ဝယ်ယူသည့် ကုန်စည်/ဝန်ဆောင်မှု့ အတွက်  လက်ခံပြေစာ ယူဆောင်ရမည်ဖြစ်ကြောင်း၊ စားသုံးသူများ အနေဖြင့် စိတ်ကျေနပ်မှုမရှိပါက စားသုံးသူရေးရာဦးစီးဌာနရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊၁၅၃၅သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။

(Doca ဧရာဝတီ)

ဒေးဒရဲမြို့ ကမ်းနားလမ်းရှိ၊ မိဘမေတ္တာ ဆန်စက် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်း ဆောင်ရွက်

      ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊  ဩဂုတ်လ (၁၉)ရက်နေ့တွင် ဒေးဒရဲမြို့  ကမ်းနားလမ်းရှိ၊ မိဘမေတ္တာဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး MSMEs လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်/စပါး အရည်အသွေးနှင့် ဈေးနှုန်း၊ဈေးကွက်အခြေအနေ၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုနှင့် ခေတ်မီစက်ကိရိယာများ တပ်ဆင်မှု အခြေအနေ၊ အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးတို့ကိုလည်းကောင်း၊ မေးမြန်းဆွေးနွေးခြင်း၊ ဆန်စက်လုပ်သားများ လုပ်ခလစာပေးအပ်မှုနှင့် စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်မှုရှိကြောင်း၊ ပတ်ဝန်းကျင် ထိခိုက်မှုမရှိပဲ လုပ်ငန်း လည်ပတ်လျက် ်ရှိကြောင်း တို့ကို ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ခဲ့သည်ဟု သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဘိုကလေးမြို့နယ်အတွင်းရှိ “ရွှေမင်း” ပူတင်းပေါင်မုန့်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်း စိစစ်

      စားသုံးသူရေးရာဦးစီးဌာနမှ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၂) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် (၉) ရပ်ကွက်ရှိ “ရွှေမင်း” ပူတင်းပေါင်မုန့်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

     “ရွှေမင်း” မုန့်မျိုးစုံ လုပ်ငန်းမှ တစ်နေ့ထုတ်လုပ်မှုအနေဖြင့် အထုပ် (၆၅၀) ထုတ်လုပ်နိုင်ပြီး ပါဝင်ပစ္စ္စးများမှာ ဂျုံ၊ သကြား၊ ကြက်ဥ၊ ဆီ၊ ရေသန့်၊ ဆား တို့ဖြစ်ပါ သည်။ မုန့်တစ်ထုပ်လျှင် (၁၃၀၀) ကျပ်နှုန်းဖြင့် လက်ကားရောင်းချပေးလျက်ရှိပါသည်။လုပ်သားဦးရေး(၄) ဦးခန့်ရှိပြီး လုပ်ခ နှုန်းထား အနေဖြင့် နေ့တွက်စရိတ် (၈၀၀၀) ကျပ်နှုန်း ပေးရပါသည်။ ဈေးနှုန်းဈေးကွက်အနေဖြင့် ဒေသအတွင်းနှင့် ကဒုံဧရာ၊ မြင်းကကုန်း ကျေးရွာများအထိ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

     ထို့နောက် မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သော ကုန်စည်နှင့်ပက်သက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ထုပ်ပိုးမှုနည်းစနစ်များနှင့် သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်နိုင်မှု အခြေအနေများကိုပါ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဘိုကလေးမြို့ အင်တာနက် ဝန်ဆောင်မှုများအား ကွင်းဆင်းဆောင်ရွက်ခြင်း

     ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် မြို့မ(၁) ရပ်ကွက် ၊ အမှတ်(၁၄)၊ ဗိုလ်ဗထူးလမ်းရှိ CHINLAND NETWORK အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစိစစ်မှုတွင် မြို့နယ်တာဝန်ခံမှ CHINLAND NETWORK တာဝန်ခံ ဦးဗန်အုပ်မန်းအား ဝန်ဆောင်မှု ကဏ္ဍများအကြောင်း ပြောကြားခဲ့ပါသည်။ ပြည်သူသုံးစွဲမှုမှ တစ်လလျှင် 23 Mbps ကို (၃၇၀၀၀) ကျပ်၊ 28 Mbps ကို (၄၀၅၀၀) ကျပ် နှင့် 34 Mbps လျှင် (၄၈၅၀၀) ကျပ် တို့အား လစဉ်ပေးဆောင်ရသည်။ ဝန်ဆောင်မှုအနေဖြင့် စက်ဖိုး၊ကြိုးဖိုး၊ အင်တာနက်တပ်ဆင်ကြေး အားလုံးအခမဲ့ တပ်ဆင်ပြီး ဘိုကလေးမြို့နယ်အနေဖြင့် အလုံး(၅၀၀) တပ်ဆင်ထားကြောင်းသိရသည်။ လုပ်သား(၇) ဦးရှိပြီး ဝန်ဆောင်မှုကဏ္ဍ အနေဖြင့် စက်ပျက်စီး၊ လိုင်းပြတ်တောက်၊ ချို့ယွင်းမှုရှိပါက ဖုန်းဆက်လျှင် ချက်ချင်းသွားရောက်ဆောင်ရွက်ပေးကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဖျာပုံမြို့(၁၉)ရပ်ကွက်ရှိ၊ ပြည်သူများထံဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေး

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၂၂)ရက်နေ့၊နံနက်(၈:၀၀) နာရီအချိန်တွင် ဖျာပုံမြို့(၁၈)ရပ်ကွက်ဈေးအနီးတွင်အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချို သာစွာ ဖြင့်ရောင်းချခဲ့ပါသည်။

    အဆိုပါအခြေခံစားသောက်ကုန်များကိုဈေးနှုန်းချိုသာစွာဖြင့်ရောင်းချရာတွင်ဝက်သား(၂၀)သားတစ်ထုပ်လျှင်(၄၇၀ဝိ/-)ကျပ်၊အမဲသား(၂၀)သားတစ်ထုပ်လျှင်(၃၉၀ဝိ/)၊ကျပ်နှင့် စားသုံးဆီတစ်ဗူးလျှင် ( ၃၄၇၅/- )ကျပ်ဖြင့် သက််သာဈေးနှုန်းဖြင့်ရောင်းချပေးသောကြောင့် စားသုံးသူပြည်သူများဝယ်ယူမှု  များခဲ့ကြောင်း၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ရပ်ကွက်အုပ်ချုပ်ရေး မှုးနှင့်တာဝန်ရှိသူများမှ ပြည်သူများအဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

 

ဖျာပုံမြို့(၁၇)ရပ်ကွက်ရှိ၊ ပြည်သူများထံဈေးနှုန်းချိုသာစွာဖြင့်အခြေခံစားသောက်ကုန်များရောင်းချပေး

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၂၀)ရက်နေ့၊နံနက်(၈:၀၀) နာရီအချိန်တွင် ဖျာပုံမြို့(၁၈)ရပ်ကွက်ဈေးအနီးတွင်  အခြေခံစားသောက်ကုန်များကိုဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခဲ့ပါသည်။

     အဆိုပါ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချရာတွင် ဝက်သား(၂၀)သား တစ်ထုပ်လျှင်(၄၇၀ဝိ/-)ကျပ်၊အမဲသား(၂၀)သားတစ်ထုပ်လျှင်(၃၉၀ဝိ/)၊ကျပ်နှင့် စားသုံးဆီတစ်ဗူးလျှင် ( ၃၄၇၅/- )ကျပ်ဖြင့် သက်သာဈေးနှုန်းဖြင့်ရောင်းချပေးသောကြောင့် စားသုံးသူပြည်သူများဝယ်ယူမှု  များခဲ့ကြောင်း၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ရပ်ကွက်အုပ်ချုပ်ရေး မှုးနှင့်တာဝန်ရှိသူများမှ ပြည်သူများအဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဖျာပုံခရိုင် ဖျာပုံမြို့နယ်ရှိ မြို့မဈေးကြီးအတွင်း ကုန်အမျိုးစုံအရောင်းဆိုင်များအားဈေးကွက် စောင့်ကြည့်စစ်ဆေး

    ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ (၂၀-၈-၂၀၂၅)ရက်နေ့နံနက်(၁၁:၀၀)နာရီအချိန်တွင် ဖျာပုံမြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်အတွင်း ရောင်းချလျှက်ရှိသောကုန်စည်များကို စားသုံးသူများဘေးအန္တရာယ်မရှိစေရန် စောင့်ကြည့်စစ်ဆေးခြင်း၊ သတ်မှတ်ထားသောကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆိုင်ပိုင်ရှင်များအား မြန်မာဘာသာဖြင့် ဖော်ပြထားမှုမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန်၊စားသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဖျာပုံမြို့(၁၈)ရပ်ကွက်ရှိ၊ ပြည်သူများထံဈေးနှုန်းချိုသာစွာဖြင့်အခြေခံစားသောက်ကုန်များရောင်းချပေး

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၂၀)ရက်နေ့၊နံနက်(၈:၀၀) နာရီ အချိန်တွင် ဖျာပုံမြို့(၁၈)ရပ်ကွက်ဈေးအနီးတွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခဲ့ပါသည်။

   အဆိုပါ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချရာတွင် ဝက်သား(၂၀)သား တစ်ထုပ်လျှင်(၄၇၀ဝိ/-)ကျပ်၊အမဲသား(၂၀)သားတစ်ထုပ်လျှင်(၃၉၀ဝိ/)၊ကျပ်နှင့် စားသုံးဆီတစ်ဗူးလျှင် ( ၃၄၇၅/- )ကျပ်ဖြင့် သက်သာဈေးနှုန်းဖြင့်ရောင်းချပေးသောကြောင့် စားသုံးသူပြည်သူများ ဝယ်ယူမှုများခဲ့ကြောင်း၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေး မှုးနှင့်တာဝန်ရှိသူများမှ ပြည်သူများအဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဘိုကလေးမြို့ ဇွဲထက်မာန် သုံးထောင့်မုန့်လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

    ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ဇွဲထက်မာန် သုံးထောင့်မုန့် လုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

    အဆိုပါကွင်းဆင်းစိစစ်ရာတွင် ဇွဲထက်မာန် မုန့်လုပ်ငန်းမှ  သုံးထောင့်မုန့်များ ထုတ်လုပ် လျက်ရှိပြီး ပါဝင်ပစ္စည်းအနေဖြင့် (သကြား၊ဂျုံ၊ ဘဲဥ၊ ဆီ၊ ရေသန့်) ဖြစ်ပြီး တစ်နေ့ထုတ်လုပ်မှုအနေဖြင့် ဘူးအရေအတွက် (၁၅၀) ဘူးခန့် ထုတ်လုပ်ပြီး ဈေးကွက်အတွင်း ရောင်းဝယ်မှုအခြေအနေပေါ် မူတည်၍ နေ့စဉ်ထုတ်လုပ်လျက်ရှိပါသည်။ မုန့်တစ်ဘူးလျှင် သုံးထောင့် မုန့် (၆) ခုပါရှိပြီး တစ်ဘူးလျှင် (၂၇၀၀) ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပါသည်။ ဈေးကွက်အရ ဒေသတွင်းနှင့် အော်ဒါများကိုသာ ဖြန့်ဖြူးရောင်းချပေးပြီး မိသားစုဝင်(၃)ဦးဖြင့် တပိုင်တနိုင် လုပ်ကိုင်လျက်ရှိပါသည်။

    ထို့နောက် ထုတ်လုပ်သော ကုန်စည်နှင့် ပက်သက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ ၄၁ ၊ ၄၂ ၊ ၄၃ အရ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါ သည်။

(Doca ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ