သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောက်ပိုင်းခရိုင်အတွင်း Modern Mart များအလိုက် ရောင်းချလျက်ရှိသော လူသုံးကုန်၊ စားသောက်ကုန်ဈေးနှုန်းများ၏ အခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့ သည် (၂၂.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၁၃)၊ ၁-ခ (၃၉၉-က) အောက်မင်္ဂလာဒုံလမ်းမကြီး၊ အင်းစိန်မြို့နယ်ရှိ City Mart Super Market တွင် ရောင်းချလျက်ရှိသော လူသုံးကုန်၊ စားသောက်ကုန်ဈေးနှုန်းများ၏ အခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့စစ်ဆေးခဲ့ရာတွင် City Mart Super Market တာဝန်ခံ ဒေါ်မေပြည့်စုံအောင်မှ ပူးပေါင်း ပါဝင်လျက် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ချက်ပြည့်စုံမှုရှိ/မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှ တင်သွင်းသည့်လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ဈေးနှုန်းမြှင့်တင်မှုရှိ/မရှိနှင့် ပစ္စည်းများပြတ်လပ်မှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ယခင်အပတ် ဈေးနှုန်းနှင့် ယခုအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများကောက်ခံ၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မီလျံနာသောက်ရေသန့်စက်ရုံအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ၂၃.၁၀.၂၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်ရှိ မီလျံနာသောက်ရေသန့် စက်ရုံအား ဈေးကွက်စောင့်ကြည့်စစ်‌ခြင်းဆောင်ရွက်ခဲ့သည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မီလျံနာသောက်ရေသန့်ဗူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖော်ပြ ထားခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ စံချိန် စံညွှန်းများနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိကြောင်း သိရှိရပါသည်။

 

DOCA (မွန်)

ချောက်မြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

   မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို (၂၂.၁၀.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းမြရိပ်ညိုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

          ဦးစွာ လူငယ်အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “စားသုံးရန် မသင့်သော အစားအစာများနှင့် စားသုံးသူအခွင့်အရေးများ” အကြောင်းကိုလည်းကောင်း၊ မြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “လူငယ်နှင့်စာရိတ္တမဏ္ဍိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးစောမြဖောင်းက “သဘာဝဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများ” အကြောင်းကိုလည်း ကောင်း၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှိုင်ဝင်းအောင်က “မီးခိုးမြူငွေ့ကင်းစင်ရေး” အကြောင်းကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးဇော်လင်းအောင်က လူငယ်နှင့်အားကစားအကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြ သည်။

          ဆက်လက်၍ မြို့နယ်အားကစားမှူး ဦး‌ဇော်လင်းအောင်က ကျောင်းအတွက် အားကစားပစ္စည်း များပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်လွင်က လက်ခံရယူခဲ့ပြီး ကျောင်းအုပ် ဆရာကြီး ဦးခင်မောင်လွင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက်ဟောပြောပွဲအပြီးတွင် ဌာနဆိုင်ရာများက မိမိတို့ သက်ဆိုင်ရာဌာနအလိုက် ကျောင်းသား/ ကျောင်းသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ၊ စုစပေါင်း (၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

ဆီစက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းများနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၁၆.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ဒု-ခရိုင် ဦးစီးမှူးနှင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဝန်ထမ်းတို့သည် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ စက်မှုဇုန်ရှိ စန်းငွေယုန်ဆီစက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

       ထိုသို့တွေ့ဆုံရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးဆီအမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊  မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများ၊ Online Sale မှတ်ပုံတင်ခြင်းအကြောင်းများ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ ဗန္ဓုလဈေးတွင် စားအုန်းဆီရောင်းချပေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  မုံရွာခရိုင်ဦးစီးမှူးရုံးမှ၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ ဗန္ဓုလဈေးတွင် စားအုန်းဆီ ရောင်းချ‌ပေးခဲ့ပါသည်။ ထိုသို့ရောင်းချရာတွင် စားအုန်းဆီတစ်ပိဿာလျှင်ဘူးခွံပါပြီး (၈၃၂၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၅၀) ကျပ်သားဖြင့် စုစုပေါင်း (၄၄၀) ပိဿာရောင်းချပေးရာတွင် ဈေးသူဈေးသားများနှင့် ရပ်ကွက်နေပြည်သူများ အများအပြား ဝယ်ယူလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဒေါနခြံရပ်ကွက်ရှိ “ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း” တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီး၎င်းမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် အောက်တိုဘာ (၁၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းသို့သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ပါသည်။ ထိုဟောပြောပွဲသို့  သင်တန်းသား (၂၅) ဦးခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်တစ်ခု ကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့်အချက်များ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/ မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များ၊ စားသုံးသူနှစ်နာခြင်းနှင့် ပတ်သတ်၍ တိုင်ကြားနိုင်သည့်နည့်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)

“တက်နေဝင်း” ပဲချောင်းကြော်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည် (၁၆.၁၀.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁) နာရီအချိန်တွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ “တက်နေဝင်းအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် ပဲချောင်းကြော် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

        ထိုသို့ဆွေးနွေးရာတွင် ကုန်အညွှန်းအမှတ်အသား ပြုလုပ်ရာတွင် လိုအပ်သည်များကို ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖော်ပြမည့် အချက်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့် လျှောက်ထားခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ရွှေနံ့သာ” ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံ

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည် (၁၆.၁၀.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ “ရွှေနံ့သာအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

     ထိုသို့ဆွေးနွေးရာတွင် ကုန်အညွှန်းအမှတ်အသား ပြုလုပ်ရာတွင် လိုအပ်သည်များကို ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူ ကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖော်ပြမည့် အချက်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့် လျှောက်ထားခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

         (၂.၁၀.၂၀၂၅)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲရုံး မှ ဒေါ်ဖြူဖြူမြင့်၊ဒုကြီးကြပ်ရေးမှူးသည် မှော်ဘီမြို့နယ်၊အင်းလျှက်ရပ်ကွက်ရှိ စဉ့်အိုးကြီး စားသောက်ကုန်လုပ်ငန်းအား အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

       ထို့သို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများ အား  မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်  စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင်    လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင် လက်မှတ်ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။ 

 DOCA (ရန်ကုန်)

“ လှိုင်မြို့နယ်ရှိဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)ကုမ္ပဏီအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

          ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) ဆောင်ရွက်နေသော Myanmar APN Co.ltd အား  အောက်တိုဘာ လ(၂၂)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင် ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်နှင့်ဝန်ထမ်းများသည် အနောက်ပိုင်းခရိုင် လှိုင်မြို့နယ် No.204/ 3rd Floor, The Leaf Office Tower, Dhama Thuka Kyaung Street, Hlaing tsp,Ygn ရှိ Myanmar APN Co.ltd သို့ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိ သည့် လုပ်ငန်းရှင်လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများ အနေဖြင့် လိုက်နာဆောင်ရွက် ရမည့် အချက်(၁၁)ချက်နှင့်အညီ ဆောင်ရွက်နေခြင်းရှိ/မရှိနှင့် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများအားရယူခြင်း၊ စားသုံးသူများ၏ နေ့စဉ်လူမှုဘဝ ကိစ္စရပ် အဆင်ပြေချော မွေ့စေရန်အတွက် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးရာတွင် အမှန်တကယ် သုံးစွဲသူများ နစ်နာမှုမရှိစေရေး သိသင့်သိထိုက်သည့် အချက်အလက်များအား ပွင့်လင်းမြင်သာစွာ ဖော်ပြထား ခြင်းရှိ/မရှိတို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထို့အပြင် စားသုံးသူရေးရာဦးစီးဌာန ဒုခရိုင်ဦးစီးမှူးမှ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ၏ ညွှန်ကြားချက်များအား အလေးထားလိုက်နာဆောင်ရွက်ကြရန်၊ အင်တာနက်ဝန်ဆောင်မှုများ အား အမှန်တကယ်သုံးစွဲနေသည့် စားသုံးသူများအား နစ်နာမှုမရှိစေရေး သိသင့်သိထိုက်သည့် အချက်အလက်များအား မှန်ကန်ရှင်းလင်းစွာ ကြိုတင်အသိပေး ဆောင်ရွက်ကြရန်၊ စိတ်ကျေနပ် မှုများရှိပါက Call Center သို့ အလွယ်တကူ ခေါ်ဆိုနိုင်စေရေးဆောင်ရွက်ထားကြရန်နှင့် တိုင်ကြားလာမှုများရှိပါက အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူနှင့် တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ