သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပဲခူးမြို့အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်းနှင့် တာဝန်ရှိသူများသည် (၁၇-၆-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် ရေနံထွက်ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနဦးဆောင်၍ ပူးပေါင်းအဖွဲ့ဖြင့် ပဲခူးမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်ကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

       စက်သုံးဆီဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ပဲခူးမြို့အတွင်းရှိ Max၊ ကျွန်းသာယာ၊ မြတ်မေတ္တာမွန်၊ Moon  Sun နှင့် မိုးထက် စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ ရောင်းချနေမှု အခြေအနေများ၊ ဈေးနှုန်းနှင့် လက်ကျန်အခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် လိုအပ်သည်များမှာကြားခဲ့ပါသည်။

         စားသုံးသူရေးရာဦးစီးဌာန၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက စက်သုံးဆီရောက်ရှိမှုအခြေအနေ၊ အမှန်တကယ်ဖြန့်ဖြူးရောင်းချမှုရှိ/မရှိ၊ ရောင်းချရာတွင် အလေးချိန်အချင်အတွယ်မှန်ကန်စွာရောင်းချမှုရှိ/မရှိနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချခြင်းဖြင့် စက်သုံးဆီဝယ်ယူသုံးစွဲသူများ ထိခိုက်နစ်နာမှုမရှိစေရေး ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်းနှင့် အဆိုပါပူးပေါင်းအဖွဲ့တွင် ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းကို Talk Show အစီအစဉ်ဖြင့် ဆောင်ရွက်

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင် သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းနှင့်အတူ မတ်လ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက အုတ်တွင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို Talk Show အစီအစဉ်ဖြင့် ဆောင်ရွက်ပါသည်။

              Talk Show အစီအစဉ်တွင် မြို့နယ်တာဝန်ခံက စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြား နိုင်ရန် ဌာနမှဆောင်ရွက်ထားရှိမှုများ၊ တိုင်ကြားလာခြင်းများကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်း၊ စီမံ ခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းများ၊ ဥပဒေနှင့်အညီ တရားစွဲဆိုရန်ဖြစ်လာပါက တရားရုံးက ချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ရှင်းလင်းပြောကြားပါသည်။

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေးခြင်းကို တက္ကသိုလ်၊ ကောလိပ်၊ သက်မွေးပညာကျောင်းများ၊ အခြေခံပညာ ကျောင်းများ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်၍ ဟောပြောပွဲများ ကျင်းပ သည့်အပြင် သက်ဆိုင်ရာမြို့နယ်များမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ညှိနှိုင်း၍ Talk Show အစီအစဉ်ဖြင့်လည်း ဆောင်ရွက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်ဦးစီးမှူး အုတ်တွင်းမြို့နှင့် ဖြူးမြို့များတွင် စားသုံးဆီရောင်းချဖြန့်ဖြူးသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

              စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၀၂၄ခုနှစ် ဇွန်လ  ၁၉ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လည်းကောင်း၊ မွန်းလွဲပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံရုံး အစည်းအဝေး ခန်းမ၌လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်များမှ စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဥပဒေပြဌာန်းချက်များ၊ အမိန့်နှင့်ညွှန်ကြားချက်များကို အသိပညာ ပေး ရှင်းလင်းပြောကြားပါသည်။

              အခမ်းအနားတွင် ခရိုင်ဦးစီးမှူး ဦးမျိုးအောင်က အမှတ်တံဆိပ်ပါစားသုံးဆီများ ထုတ်လုပ်ရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များ၊ အမိန့်၊ ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်ရန်ကိုလည်းကောင်း၊ ရည်ညွှန်းဈေးဖြင့် ဝယ်ယူရရှိသော စားအုန်း ဆီများအား ဈေးနှုန်းမြှင့်တင် ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း များမပြုရန်ကိုလည်းကောင်း ရှင်းလင်းပြောကြားပါသည်။

              ဆက်လက်၍ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်စည်ပင်သာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် လိုအပ်သည်များကို ရှင်းလင်းပြောကြားပြီး လုပ်ငန်းရှင်များ၏ ဆွေးနွေးမေးမြန်းချက်များကို စားသုံးသူရေးရာဦးစီးဌာန၊ ခရိင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပါသည်။

              အုတ်တွင်းမြို့၌ ကျင်းပပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲသို့ လုပ်ငန်းရှင် ၃၆ ဦးနှင့် ဖြူးမြို့၌ ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲသို့ လုပ်ငန်းရှင် ၃၇ ဦး တက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူခရိုင်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့သွားရောက်၍ အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်လျက်ရှိ ရာ ၂၀၂၄ခုနှစ်၊ ဇွန်လ ၁၇ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့အားကွင်းဆင်းစိစစ်ခဲ့ရာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ဘိလပ်မြေတို့ကို မန္တလေးမြို့မှဝယ်ယူရောင်းချကြောင်း၊ ဈေးနှုန်းအနေဖြင့် “CROWN” အမှတ်တံဆိပ် ဘိလပ်မြေ‌တစ်အိတ်လျှင် ၁၄၀၀၀ကျပ်နှင့် “ကြံ့နှစ်ကောင်” အမှတ်တံဆိပ်ဘိလပ်မြေဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ်၁၃၀၀၀ဖြင့်ရောင်းချကြောင်း၊ ဇွန်လ ဒုတိယပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် အရောင်းအဝယ်အေး၍ ဈေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ (၁၇-၆-၂၀၂၄)ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ “သိန်းကမ္ဘာ”စက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီများပြတ်လပ်မှုရှိ/မရှိ၊ တရားမဝင်စက်ဆီ၊ ချောဆီများရောင်းချမှုရှိ/မရှိ၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ရည်ညွှန်းဈေးနှုန်းများအပေါ် ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခဲ့ပြီး အချင်အတွယ်မှန်ကန်စွာရောင်းချပေးရန်၊ ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုလုပ်ရန် အသိပေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်ကွပ်ကဲမှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၄ခုနှစ်၊ ဇွန်လ (၁၇)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်များရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ အပတ်စဉ်သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာ ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသောဘိလပ်မြေအရောင်းဆိုင်များ၌   ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ ဘိလပ်မြေအမျိုးအစားများ၊ တစ်အိတ်ချင်းစီ၏ တစ်အိတ်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ကုန်ပစ္စည်းလက်ကျန်အခြေအနေမျာကိုမေးမြန်းခဲ့ရာ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းနှင့် ဈေးနှုန်းအနေဖြင့် CROWN အမှတ်တံဆိပ် 525 အမျိုးအစားတစ်အိတ်လျှင် ကျပ်၁၅၀၀၀၊ CROWN အမှတ်တံဆိပ် 425 အမျိုးအစားတစ်အိတ်လျှင် ကျပ်၁၄၅၀၀ဖြင့် ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ရောင်းချပေးလျက်ရှိကြောင်းနှင့် ဘိလပ်မြေဆိုင်များတွင် ပစ္စည်းပြတ်လပ်မှုမရှိကြောင်း၊ ကုန်ပစ္စည်းလက်ကျန်ရှိကြောင်း၊ ဇွန်လ၊ ဒုတိယအပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုဇွန်လ၊ တတိယအပတ် ဘိလပ်မြေဈေးနှုန်းများမှာ  ယခင်အပတ်ထက် ကျပ်(၁၀၀၀)ခန့်ကျဆင်းလျက်ရှိကြောင်းသိရှိခဲ့ရပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့”စမိုင်းလ်”ကိတ်နဲ့မုန့်မျိုးစုံလုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးခြင်း

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၄ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ” စမိုင်းလ် “ကိတ်နဲ့မုန့်မျိုးစုံလုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံက စားသောက်ကုန်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်များနှင့်ပတ်သက်၍ စားသုံးသူအကာအကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များအကြောင်း၊ အခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်ပစ္စည်းများပေါ်တွင် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များဖော်ပြထားခြင်းရှိ/မရှိတို့အတွက် ” စမိုင်းလ် “ကိတ်နဲ့မုန့်မျိုးစုံလုပ်ငန်းသို့ သွားရောက် ကွင်းဆင်းစစ်‌ဆေးခဲ့ပါသည်။ အသင့်စားရသောမုန့်များဖြစ်သည့်အတွက်  သန့်ရှင်းမှုရှိစေရေး၊ မုန့်များထုတ်လုပ်မှုအဆင့်ဆင့်တွင်လည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်စေရေးနှင့် ဒေသတွင်းထုတ်လုပ်သည့် ထုတ်ကုန်များထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြရန်အတွက် ဌာနအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မိမိတို့မြို့နယ်အတွင်း ထုတ်လုပ်နေသော လုပ်ငန်းရှင်များ၊ မုန့်မျိုးစုံလုပ်ငန်းများနှင့် အစားအသောက်ထုတ်လုပ်နေသည့် လုပ်ငန်းရှင်များကိုလည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းနှင့်ပတ်သက်၍ ဌာနက အခမဲ့ဆောင်ရွက်ပေးနေကြောင်းနှင့်  ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသေးသည့် လုပ်ငန်းရှင်များကို ကုန်အညွှန်းအမှတ်အသားပြည့်စုံအောင်ထည့်သွင်း၍ ကုန်အညွှန်းအမှတ်အသားလျှောက်ထားရန် စကားလက်ဆင့်ကမ်းတိုက်တွန်းပြောကြားပေးရန်နှင့် ၎င်းနောက် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ပေးရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်အကြောင်းကိုရှင်းလင်းပြောကြားခဲ့ပြီး မိမိတို့စာသုံးသူအခွင့်အရေးများကို သိရှိနားလည်ပြီး စားသုံးသူအခွင့်အရေးများကိုလည်း တောင်းဆိုတတ်ရန်လည်းလိုအပ်ကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြောကြားပြီး (၂/၂၀၁၉)ပါ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျိုက်ထိုမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

      မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍  ၁၃-၆-၂၀၂၄ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

    အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က Talk Show အစီအစဉ်ပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုပြောကြားခဲ့သည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းက အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်သည့် အမိန့်ထုတ်ပြန်ခြင်း၊ အခွင့်အာဏာအပ်နှင်းခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ထုတ်ပြန်ခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆောင်ရွက်ရာတွင် တင်ပြရမည့်အထောက်အထားများ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကျိုက်ထိုမြို့နယ်တွင် ဆန်ဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍   ၁၄-၆-၂၀၂၄ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်ဆိုင်များ၌ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်သိုလှောင်ထားသောဂိုထောင်များနှင့် ဆန်ဆိုင်ကြီးများတွင် ဆန်အမျိုးအစားအလိုက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်း၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ ဆန်များသိုလှောင်ထားမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)

Royal Jasmine ဆေးဆိုင်သို့သွားရောက်စစ်ဆေးခြင်း

     ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိဝန်ထမ်းများသည် မြောက်ဒဂုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆေးအသင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၁၇-၆-၂၀၂၄ ရက်နေ့၊  နေ့လယ် (၁၂:၃၀) နာရီအချိန်တွင်  အမှတ် (၁၂၂၈)၊ ဗိုလ်ချုပ်လမ်း၊ (၃၇) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်ရှိ Royal Jasmine ဆေးဆိုင်အား   ဆိုင်တာဝန်ခံနှင့် သွားရောက်တွေ့ဆုံကာ ဆေးဆိုင်အတွင်းရှိ ဆေးဝါးများရောင်းချမှုအခြေအနေတို့ကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့စစ်ဆေးရာတွင် ဆေးဆိုင်အတွင်း၌ ဆေးဝါး (၈၀) ကျော်ရှိကြောင်း၊ အဆိုပါဆေးများကို Grace Win Co., Ltd မှ ဝယ်ယူရောင်းချကြောင်း၊ ဝယ်ယူသည့်ဈေးနှုန်းအပေါ် ၅%အမြတ်တင်ရောင်းချခြင်းဖြစ်ကြောင်း၊ ပစ္စည်းပြတ်လပ်မှုမရှိမရှိကြောင်း၊ ယခင်ကာလဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဈေးအဆမတန်မြင့်တက်ခြင်းမရှိကြောင်း တာဝန်ခံက ဖြေကြားခဲ့ပြီး ဖြစ်သင့်ဖြစ်ထိုက်သည့်‌ ဈေးနှုန်းထက်ဈေးနှုန်းမြှင့်တင်ရောင်းချမှုကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ